Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 19, 2014

နှင်းခူအတွက်အိမ်တွင်းဆေးနည်းများ

RELATED NEWS



RELATED TOPICS

512x512_20140319_004440_406.jpg
နှင်းခူဆိုတာ အရေပြား ရောင်ရမ်းတဲ့ အခြေနေ တစ်ရပ်ပါ။ လက္ခဏာ အနေနဲ့ အရေပြားနီးမြန်းတာ ၊ရောင်တာ ၊ ယားတာ ၊ ခြောက်တာနဲ့ အဖက်တွေလန် တာတို့ ဖြစ်တတ်သလို ပြင်းထန်တဲ့ ပိုးဝင်မှုကြောင့် အရည်ကြည် စိမ့်ထွက်တာနဲ့ သွေးထွက်တာတို့ ဖြစ်တတ်ပါတယ် ။ နှင်းခူ ဖြစ်ရင် သက်သာစေဖို့ အိမ်တွင်း ကုသနည်းတစ်မျိုးကိုလိုက်နာသင့်ပါတယ်။ 
၁။ ဂျုံမှုန့်သုံးပြီး ရေချိုးပါ 
နှင်းခူကြောင့် ယားယံနေရင် ဂျုံမှုန့်အကြမ်းကိုသုံးပြီး ရေချိုးလိုက်ပါ။ အရေပြားရောင်ရမ်းမှုနဲ့ ယာယံမှုကို သက်သာစေပါတယ်။ ဂျုံမှုန့်ထည့်ထားတဲ့ ရေနဲ့ ချိုးတာကြောင့် အယားပြေစေရုံမက အရေးပြားကို စိုပြေစေပါတယ် ။
၂။ ပင်လယ်ဆားဖြင့် ရေချိုးပါ
ပင်လယ်ဆားဟာ အကောင်းဆုံးအရေပြား ကြေး(ဂျီး)ချွတ်ပစ္စည်းတစ်မျိုးပါ။ အရေပြား ဆဲလ်သေတွေကို ကင်းကွာစေရုံမက အရေပြားဆဲလ်တွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ ပင်လယ်ဆားမှာပါတဲ့ မရှိမဖြစ် သတ္တုဓာတ်တွေက အရေပြား ရောင်ရမ်းမှုကိုကျစေပြီး စိုပြေစေပါတယ်။ သုံးရမယ့် နည်းက ပင်လယ်ဆားနဲ့ ရေကိုရောပြီး နှင်းခူနာကိုလိမ်းပေးရမှာပါ။ ပြီးမှရေချိုးလိုက်ပါ ။
၃။ သံလွင်ဆီ သုံးပါ ။
ဗီတာမင်အီး များစွာပါဝင်တဲ့ သံလွင်ဆီဟာ နှင်းခူလက္ခဏာကို သက်သာစေပြီး ၊ အစိုဓာတ်ကိုပြန်ထိန်းပေးကာ အရေပြား ခြောက်သွေ့ တာနဲ့ အက်ကွဲတာကို သက်သာစေပါတယ် ။ ရေချိုးပြီးချိန်မှာ သံလွင်ဆီကို နှင်းခူနာပေါ်ချက်ချင်းလိမ်းပေးရမှာ ဖြစ်ပါတယ် ။
၎။ လက်ဖက်ဆီကို လိမ်းပါ 
လက်ဖက်ဆီမှာ တာပင်နွိုက်ပါဝင်တာကြောင့် အရေပြားရောင်ရမ်းမှုနဲ့ ယားယံမှုကို အမြန်သက်သာစေပါတယ် ။ ကြိတ်ခြေထားတဲ့ လက်ဖက်ရွက်ကိုလဲ လိမ်းပေးနိုင်ပါတယ် ။
၅။ နှမ်းကြတ်စေ့ဆီကို သုံးပါ
နှမ်းကြတ်စေ့ဆီမှာ အိုမီဂါ ၃ဖက်တီး အက်စစ်များစွာ ပါဝင်တာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေပြီး အရေပြားကို ကျန်းမာစိုပြေပါတယ် ။
(နှင်းခူနာ ရှိသူတိုင်း အမြန်သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် …။)
Credit: Good Health






နွယ်မြက်သစ်ပင်ဆေးဖက်ဝင်

တိုင်းရင်းဆေး

Herbal






No comments:

Post a Comment