Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 14, 2013

ပျားတုပ်ခံရောဂါကုထုံးတရုတ်တွင်ရေပန်းစား



သြဂုတ်(၁၃) ၊ပေကျင်း
Ref:AFP
ရန်ကုန် တိုင်းနေ့စဉ်သတင်းစာ
=====================
တရုတ် နိုင်ငံတွင် အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုပြုနေသည့် နာမ ကျန်းဖြစ်မှုအား ပျားတုပ်ခံရောဂါ ကုထုံးဖြင့် ကုသမှု ခံယူလျက်ရှိ ကြောင်း သိရသည်။
ပျားတုပ်ခံကုထုံးကို တရုတ် အပ်စိုက်ကုဆေးခန်းများတွင် လူ နာများကို ကုသပေးနေခြင်းဖြစ် ပြီး ပျားတုပ်ခံကုထုံးဖြင့် ကုသ သည့်ဆေးခန်းတွင် လူအများ အပြား လာရောက်ကုသလျက်ရှိ ကြောင်း သိရသည်။
ပျားတုပ်ခံကုထုံးဖြင့် ကုသ မှုခံယူနေသူပေါင်း ၂၇၀၀ဝကျော် ခန့်သည် ပေကျင်းမြို့ရှိ Wang Menglin ဆးခန်းတွင် ကုသမှုခံ ယူနေခြင်းဖြစ်သည်။ ပျားတုပ်ခံ ကုထုံးကုသမှုနှင့်ပတ်သက်သော ဆေးပညာဆိုင်ရာ အထောက်အ ထားမရှိသော်လည်း ပျားဆိပ်က နာမကျန်းဖြစ်မှုကို ထိရောက်စွာ ကုသပေးနိုင်ကြောင်း apitherapy ဟုခေါ်သော အနောက်နိုင်ငံရှိ ဝက်ဘ်ဆိုက်တို့တွင် ဖော်ပြထား သည်ဟု သိရသည်။
ပျားတုပ်ခံကုထုံးဖြင့် ကုသ ရာတွင် ကုသသူများက ပျားတစ် ကောင်၏
ဦးခေါင်းကို လက်ညှိုးနှင့်လက်မ တို့ဖြင့်ဖိညှပ်ကာ ကုသမှုခံယူသူ ၏ ခန္ဓာကိုယ်နေရာတွင် နေရာယူ စေခဲ့သည်။ ဦးခေါင်းကိုဖိညှပ်မှု ကြောင့် အဆိပ်ဆူးထွက်လာကာ လူနာ၏ခန္ဓာကိုယ်ကို စူးကြောင်း၊ ပျားတုပ်သည့်အလုပ်ပြီးသည်နှင့် ထိုပျားမှာ သေဆုံးသွားခဲ့သည်။ ဆေးကုသရာတွင် အသုံးပြုသည့် ပျားများကို အီတလီနိုင်ငံမှတင် သွင်းကြောင်း သိရသည်။ ပျား တုပ်ခံကုထုံးဖြင့် ကုသရာတွင် အ ဆစ်ရောင်ရောဂါမှ ကင်ဆာရောဂါ အထိ ရောဂါအထွေထွေကို ကုသ ပေးပြီး ရလဒ်ကောင်းများထွက် ပေါ်ခဲ့ကြောင်း တရုတ်အပ်စိုက် ကုထုံးဆရာဝမ်က ပြောကြားခဲ့ သည်။
ဝမ်၏ဆေးခန်း ပျားတုပ်ခံ ကုထုံးဖြင့် ကုသမှုခံယူနေသူ လူ နာတစ်ဦးက ပြောကြားရာတွင် အနောက်တိုင်းဆေးပညာဆရာ ဝန်တို့က သူ့တွင် အဆုတ်နှင့် ဦး နှောက်ကင်ဆာဖြစ်ပွားနေသည့် အတွက် တစ်နှစ်ထက်ပို၍အသက် ရှည်စွာနေရမည်မဟုတ်ကြောင်း ပြောကြားခဲ့ကြသည်။
Yangon Media Group 

No comments:

Post a Comment