Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 12, 2013

မှတ်ဥာဏ်ချို့ယွင်းခြင်းကို သက်သာစေမည့် မြေထဲပင်လယ် အစားအစာများ

မြေထဲပင်လယ်ပုံစံ အစားအစာများဟာ ငါး၊ ကြက်သားနဲ့ သံလွင်ဆီကို အခြေခံထားပြီး အဆီပါဝင်မှုနည်း ပါးပါတယ်။ အဲဒီအစားအစာတွေဟာ အသက်ကြီးလာရင်ဖြစ်တတ်တဲ့ မှတ်ဥာဏ်ချို့ယွင်းမှုပြဿနာတွေကို ကာကွယ်ပေးနိုင်တယ်လို့ အမေရိကန်နိုင်ငံက ပြုလုပ်ထားတဲ့ သုတေ သနတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် အိုမီဂါ၃ အဆီဓာတ် ကြွယ်ဝတဲ့ မြေထဲပင်လယ် အစား အစာတွေဟာ ဆီးချို သွေးချိုရောဂါ ရှင်တွေနဲ့တော့ သင့်တော်မှုမရှိဘူးလို့ ယခုသုတေသနမှာ ဖော်ပြထားပါ တယ်။ မြေထဲပင်လယ် အစားအစာကို စားသုံးသူ မြေထဲပင်လယ်သားများ၊ အမေရိကန်လူဖြူများနဲ့ အမေရိကန် နိုင်ငံသား အာဖရိကန်နွယ်ဖွား ဦးရေ စုစုပေါင်း၁၇၄၇၈ဦးရဲ့ စားသုံးမှုအ လေ့အထကို လေ့လာခဲ့ရာကနေ ထွက်ပေါ်လာတဲ့ ရလဒ်များပဲဖြစ်ပါ တယ်။ မြေထဲပင်လယ် အစားအစာ တွေကို ပုံမှန်စားသုံးသူတွေဟာ မှတ် ဥာဏ်ချို့ယွင်းမှု ပြဿနာကြုံတွေ့ရမှု ကနေ ၁၉%ခန့်လျော့နည်းတယ်လို့ အခုသုတေသနက နေတွေ့ရှိခဲ့ပါတယ်။ လူမျိုး၊နိုင်ငံသားစတဲ့ အချက် အလက်တွေနဲ့တော့ သက်ဆိုင်မှုမ ရှိပါဘူး။
သုတေသနကို ဦးဆောင်ခဲ့တဲ့ ဂရိနိုင်ငံ၊ အေသင်တက္ကသိုလ်၊ အစား အစာဗေဒဌာနမှ
သုတေသီ Dr. Georgios Tsivgoulis“နေ့စဉ်စားသုံး တဲ့အစားအစာ (diet)ဟာ သိမြင်မှု စွမ်းရည်၊ မှတ်ဥာဏ်တွေကို ထိန်း သိမ်းမြှင့်တင်တဲ့နေရာမှာ အရေးပါပါတယ်။ ဘ၀နေထိုင်မှုတွေအပြင် မြေထဲပင်လယ် အစားအစာတွေကလဲ မှတ်ဥာဏ်စွမ်းရည်ကို ထိန်းသိမ်းပေး နိုင်တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ ပါတယ်”လို့ ရှင်းပြထားပါတယ်။
အခုလေ့လာမှုကို Journal of American Academy of Neurology မှာ ဖော်ပြထားတာဖြစ်ပါတယ်။


သန့်စင်
Ref: AFP

No comments:

Post a Comment