Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 10, 2013

သက်သတ်လွတ်စားသူများ သတိပြုစရာ



  • (၁) ပရိုတင်းလျော့နည်းစွာစားသောက်ခြင်း

    အသားမစားတဲ့အတွက် ပရို တင်းချို့တဲ့တတ်ပါတယ်။ တို့ဟူးနှင့် ပဲမျိုးစုံစားသင့်ပါတယ်။ ပဲဟင်းတစ် မျိုးတည်းနှင့်မရဘဲ ပဲမျိုးစုံစားမှသာ ပရိုတင်းလုံလောက်စွာရမှာဖြစ်ပါ တယ်။ အပင်နှင့်ဟင်းသီးဟင်းရွက်
    များကို အခြေခံတဲ့အစားအစာများ စားသုံးခြင်းဟာကင်ဆာရောဂါနှင့် နှလုံးရောဂါတို့မှ ကာကွယ်ပေးပါ တယ်။

    (၂) ဗိုက်တာမင်ချို့တဲ့ခြင်း

    ခန္ဓာကိုယ်တွင် သွေးနီဆဲလ်များ ဖွဲ့စည်းရန်၊ နဗ်ဆဲလ်များဖွဲ့စည်းရန်၊ ဒီအင်အေတည်ဆောက်ရန် ဗိုက်တာ မင်များလိုအပ်သည်။ အသားတွင် ပမာဏ များများပါဝင်သော ဗိုက်တာ မင် B12
    ချို့တဲ့လျှင်စိတ်ကျခြင်း၊ ခံတွင်းပျက်ခြင်း၊ အနံ့ခံအာရုံပျက် ခြင်း၊ ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း၊ ထုံ ကျဉ်ခြင်းတို့ဖြစ်တတ်သည်။ နွားနို့နှင့် နို့ထွက်ပစ္စည်းများသောက်သုံး၍ဖြစ်စေ၊ ဗိုက်တာမင် B12 အားဆေးများ မှီဝဲ၍ဖြစ်စေ
    ဗိုက်တာမင်မချို့တဲ့ အောင် ထိန်းသိမ်းပါ။

    (၃) ကယ်လိုရီလျော့နည်းခြင်း

    သက်သတ်လွတ်စားသူများ သည် အစုံစားသူများထက် ကယ်လိုရီ လျော့နည်းစွာ စားသုံးမိတတ်သည်။ အခွံမာသီးအစေ့များ၊ သစ်သီးများ စားသုံးခြင်းဖြင့် ကယ်လိုရီပါဝင်မှုကို မြှင့်တင်ပါ။

    (၄) သတ္တုဓါတ်များအားနည်းခြင်း

    သံဓါတ်ချို့တဲ့လျှင် သွေးအား နည်းသည်။ ကယ်လ်ဆီယမ်ချို့တဲ့ လျှင် အရိုးပါးတတ်သည်။ ဇင့်ဓါတ်က အမျိုးသားဟော်မုန်းကို ထိန်းညှိပေး သည်။ သံဓါတ်ပြည့်ဝသော ကွေကာ အုတ်၊ အစားအစာမှ
    သံဓါတ်စုပ်ယူမှု အားကောင်းစေရန် လိမ္မော်ဖျော်ရည် တစ်ခွက်နှင့်တွဲစားပါ။ အစိမ်းရင့် ရောင် ဟင်းသီးဟင်းရွက်များ၌ သံဓါတ်နှင့် သတ္တုဓါတ်များ ကြွယ်ဝ စွာပါဝင်သည်။

    သီဟ
    Source:RD

    Health Updates Journal
    Vol.2, No.22

No comments:

Post a Comment