Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 3, 2013

ကျန်းမာစေသည် မုန်ညင်းစေ့ ၊ ဆီ




မုန်ညင်းဆီသည် အနွေးဓာတ် ကို ပေးနိုင်ပြီး အစာချေဖျက်မှုစနစ် ကိုလည်း ပို၍ကောင်းစေသည်။ မုန်ညင်းဆီက အစားအစာများကို ပို၍ အရသာရှိစေပြီး မြောက်အမေရိက တိုက်တွင် ဟော့ဒေါ့၊ နွေရာသီ အသားကင်များတွင် အသုံးပြုကြ သည်။ ရှေးဟောင်း ဂရိခေတ်ကတည်း က ဂရိလူမျိုးများက ဆေးဝါးအဖြစ် အသုံးပြုကြသည် ။

မုန်ညင်းစေ့မှ ထုတ်လုပ်ရရှိ သောမုန်ညင်းစေ့ဆီသည် ခန္ဓာကိုယ် နှင့် အဆုတ်တို့၏လုပ်ငန်းများအတွက် အထောက်အကူပြုသည်။ ယင်း၏ ရနံ့က အသက်ရှုလမ်းကြောင်းကို ရှင်းလင်းစေပြီး လေထုညစ်ညမ်းမှု ကြောင့်ဖြစ်ပေါ်လာသောရောဂါ ပိုးမွှားများကို အသက်ရှုလမ်းကြောင်း တွင်းသို့ မဝင်စေရန် ရှင်းထုတ်ပေး သည်။

မုန်ညင်းဆီကို ရင်ပတ်၊ ကျော တို့တွင် လိမ်းပေးခြင်းဖြင့် အဆုတ် အအေးမိခြင်း၊ ချွဲကျပ်ခြင်းတို့ကို ကာကွယ်နိုင်ပြီး အရိုးအဆစ်ကိုက်ခဲ ခြင်း၊ကြွက်တတ်ခြင်း၊ အကြောရော ဂါများအတွက် အသုံးဝင်သက်သာ စေသည်။
ခြေထောက်ကို ရေနွေး၊ မုန်ညင်းစေ့ရောစပ်စိမ်ခြင်းဖြင့် ရက် ရှည်အအေးမိခြင်း၊ ရုတ်တရက်ချမ်း စိမ့်ခြင်း၊ သွေးလှည်ပတ်မှုအား မကောင်းခြင်းတို့အတွက် ထိရောက် စေသည်။
HT

အေးချမ်းမွန် Credit To >Health Updates Journal

No comments:

Post a Comment