Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 15, 2013

ကိုကိုး (cocoa)နှင့် ကျန်းမာရေး



ကိုကိုးဆိုတာဘာလဲ

ကိုကိုး (cocoa)ဟာ သီးနှံထွက် အစေ့ကရပြီး ချောကလက်မှာ အဓိက ပါဝင်သလို ကိုကိုးဖျော်ရည်အဖြစ် လည်း ရနိုင်ပါတယ်။ ကိုကိုးမှုန့် တစ်ဇွန်းမှာ ငါးကယ်လိုရီနှင့်ညီမျှတဲ့ စွမ်းအင်ပါဝင်ပြီး အမျှင်ဓါတ် (fibre)၊ ဓါတ်တိုးဆန့်ကျင် (antioxidant) အာနိသင်ရှိတဲ့ polyphenol ၊ ပရို တင်း၊ oleic acid ၊ ဗိုက်တာမင်ဘီနှင့် သံဓါတ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကြေးနီ၊ ဖော့စ်ဖရပ်နှင့် ဇင့် စတဲ့ သတ္တုဓါတ်တွေ ပါဝင်ပါတယ်။

ဘာကောင်းကျိုးတွေရနိုင်လဲ

- ဓါတ်တိုးဆန့်ကျင်အာနိသင်ကြောင့် အဆိပ်အတောက်များနှင့် ဖရီးရယ်ဒီ ကယ်များကို ကာကွယ်ပေးပါတယ်။
- အမျှင်ဓါတ်ကြောင့် အစာချေအင်ဇိုင်း တွေ အထွက်များပြီး အစာကျေ ညက်စေဖို့ လွယ်ကူစေသလို ဝမ်းအကျင့် လည်းမှန်စေပါတယ်။
- ကိုကိုးစားသုံးတဲ့အခါ အင်ဒိုဖင် (endorphin) ဟော်မုန်းနှင့် ဆီရို တိုနင် (serotonin) ဟော်မုန်းတို့ ထွက်ရှိစေပါတယ်။ အင်ဒိုဖင်က နာကျင်မှုနှင့် စိတ်ဖိစီးမှုသက်သာ စေသလို ဆီရိုတိုနင်က စိတ်ပျော်ရွှင် စေပါတယ်။

ဇော်ကို
Source:hivehealthmedia
Health Updates Journal
Vol.2, No.27

Health Updates Journal

No comments:

Post a Comment