Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label tech. Show all posts
Showing posts with label tech. Show all posts
Tuesday, September 10, 2019
iPhone 11 series
ကိုယ့်အနေနဲ့ ... iPhone ကို တစ်နှစ်ထက်တစ်နှစ် စိတ်ပျက်လာတယ်။
အလွန်လျှင်မြန်တဲ့ Competitive and innovative ဖြစ်လွန်းတဲ့ ခေတ်ကြီးမှာ iPhone ဟာ Andriod ဖုန်းတွေကို ပြတ်ကျန်ခဲ့ပြီ။
ဖုန်းအသစ်ထွက်တိုင်း လိုက်ဝယ်ရမယ်လို့ မယူဆထားတဲ့ ကိုယ့်အတွက် လက်ရှိသုံးနေတဲ့ 6s လေးဟာ ရုပ်ဆင်းရူပကာအားဖြင့် ဂျုံးနေပြီ ဖြစ်လို့ ဒီနှစ်ထွက်တဲ့ iPhone 11 series ကို ခါတိုင်းနှစ်တွေထက် စောင့်နေမိတာ အမှန်ပဲ။
သို့သော် ... iPhone 11 series ကို အလွန်စိတ်ပျက်မိတယ်။
၁။ ဈေးကွက်ထဲက နောက်ဆုံးပေါ် A13 Chip နဲ့ ကင်မရာ ၃ လုံး သုံးထားသည့် တိုင်အောင် 4K 60fps အထိပဲ အထောက်အပံ့ပေးနိုင်သေးတယ်။ သူများတွေလို 960fps မထည့်နဲ့ဦး။ 120fps လောက်ထည့်ပေးရင် သူ့ဖုန်းကြီး Hang သွားမှာ စိုးလို့လား။ အဲ့လောက် ခက်ခဲနေသလား။
၂။ မျှော်လင့်ထားတဲ့ Type C charging port ပါမလာဘူး။
၃။ Notch ကြီးကိုလည်း မဖယ်ရှားနိုင်သေးဘူး။ notch ကြီးရှိနေသရွေ့ ဘယ်တော့မှ fully wide screen ဆိုတဲ့ စကားကို မသုံးပါနဲ့။
၎။ Fully wide screen လုပ်ချင်လို့ Home button ကို ဖြုတ်ခဲ့ပြီး အခုချိန်အထိ on screen fingerprint မလုပ်ပြနိုင်သေးဘူး။
၅။ တအား မ wow စေတဲ့ Night mode တွေကို ချပြလိုက်တာ Andriod က ဘာပြောလဲ။
၆။ Rumour တွေ ထွက်လာထဲက အဲ့ Monster look နဲ့ ကင်မရာဒီဇိုင်းကြီး ထွက်မလာပါစေနဲ့ လို့ ဆုတောင်း ခဲ့တာ ဆုတောင်းတွေ မပြည့်ခဲ့ဘူး။
၇။ အရောင်တွေဆိုတာလည်း ပါဝါရိန်းဂျားအရောင် တွေ ထုတ်လို့ မပြီးတော့ဘူး။
၈။ ရေစိုခံတာကြီးကိုတော့ innovative ဖြစ်တယ် ဆိုပြီးခေါင်းစဉ် မတပ်သင့်ပါ။
၉။ AI ခေတ်ကြီးထဲမှာ Apple အနေနဲ့ AI innovative ဖြစ်မနတော ပိုရင်နာတယ်။
၁၀။ ဈေးကြီးတယ်။
အနှစ်ချုပ်ရင် ... iPhone 11 ဟာ ပေးရတဲ့ ဈေးနဲ့ မတန်တဲ့ ဖုန်းတစ်လုံးလို့ပဲ ကိုယ့်အနေနဲ့ မြင်တယ်။
အခုလောလောဆယ်တော့ Steve ရဲ့ နောက်ဆုံးအငွေ့အသက်တွေပါတဲ့ iPhone 6s လေးကို တအားချစ်မိနေတယ်။Toe Aung Lwin
Thursday, June 13, 2019
Android Q နှင့် မြန်မာစာ
ဆိုတော့ ?
ပြဿနာက
ဖြေရှင်းဖို့က
Thiha Aye Kyaw‎Myanmar Unicode Area
.....................
Android Q နှင့် မြန်မာစာ
အရင်ဆုံး သိထားရမှာက ဖုန်းတွေ၊ ကွန်ပျူတာတွေပေါ်က မြန်မာစာကို ရေးတာနဲ့ ဖတ်တာ ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။
ဖတ်ဖို့က ZawgyiOne.ttf တို့ Pyidaungsu.ttf တို့လို font ဖိုင်တွေရှိမှ၊ သွင်းထားမှ ဖတ်လို့ရပါမယ်။
ရေးဖို့ကတော့ Frozen တို့ Bagan တို့၊ Manic တို့ GBoard တို့ TTKeyboard တို့လို Keyboard App တွေ လိုပါတယ်။
အခုပြောမယ့် ဟာတွေ ဖတ်ဖို့ သင့်ဆီမှာ ဇော်ဂျီနဲ့ ယူနီကုဒ် ကွာခြားပုံကို အနည်းအကျဉ်း သိထားမယ်လို့ ယုံကြည်ပါတယ်။
အခုတလော ဂယက်ရိုက်နေတာက Android နဲ့ နောက်ဆုံး ဗားရှင်းဖြစ်တဲ့ Android Q မှာ ဇော်ဂျီ အထောက်အပံ့ပေးပြီ ဆိုတဲ့ ကိစ္စပါပဲ။
ANDROID Q မှာ ပါတဲ့ ဖောင့်
Android 5.0 (Lollipop) ကနေစပြီးတော့ မြန်မာ ယူနီကုဒ်ဖောင့် တစ်ခုကို Google က သူတို့ကိုယ်တိုင် ရေးပြီး ထည့်သွင်းခဲ့ပါတယ်။ အဲဒါကတော့ Noto Sans Myanmar ဖောင့်ပါ။
အခု Android 10 (Q) မှာတော့ ဘယ်သူ ချွန်လိုက်တယ် မသိ၊ Noto Sans Manmar ZawDecode ဖောင့်ဆိုပြီးတော့ ပြောင်းပြီး ပါလာပါတယ်။
ZAWDECODE ဖောင့် ဆိုတာ ဘာလဲ
ဇော်ဒီကုဒ် ဆိုတာ ဇော်ဂျီရော၊ ယူနီကုဒ်ပါ နှစ်မျိုး စလုံးကို တစ်နေရာထဲမှာ၊ ဖောင့်တစ်ခုထဲနဲ့ ဖတ်လို့ရအောင် လုပ်ထားတဲ့ ဖောင့်ပါ။ သူနဲ့ ဖတ်ရင် ဇော်ဂျီကို ၈၅% မှန်ပြီး ယူနီကုဒ်ကို ၁၀၀% အမှန် မြင်ရပါလိမ့်မယ်။
ဆိုတော့ ?
ဒီတော့ Android Q မှာ မြန်မာစာကို ဖတ်ရတာ အနည်းနဲ့ အများတော့ အဆင်ပြေလာကြပါလိမ့်မယ်။
ပြဿနာက
ရေးတဲ့ နေရာမှာ တိုင်ပတ်ကြပါလိမ့်မယ်။ ဇော်ဒီကုဒ်ဖောင့်တွေက ယူနီကုဒ်ဖောင့်တွေဖြစ်တဲ့ အတွက် ယူနီကုဒ်နဲ့ ရိုက်မှ အမှန်အတိုင်း ပြပါလိမ့်မယ်။
ဒါပေမယ့် နောက်ထပ် ချွန်တဲ့ လူတွေ ရှိသေးတော့ Google ရဲ့ တရားဝင် ကီးဘုတ် ဖြစ်တဲ့ GBoard မှာ ဇော်ဂျီ ရိုက်လို့ ရသွားပါတယ်။ (စာရိုက်ရင် ဇော်ဂျီ စာလုံးတွေ ထုတ်ပေးတာကို ပြောတာပါ။) Frozen တို့ Bagan တို့မှာလည်း ယူနီကုဒ် ရိုက်လို့ရပါတယ်၊ ရွေးချယ်စရာ Option နဲ့ လက်ကွက်တွေ ပေးထားပါတယ်။ GBoard မှာတော့ ရွေးလို့ မရဘဲ၊ စာရိုက်တာနဲ့ ဇော်ဂျီ စာလုံးတွေ ထုတ်ပေးပါတယ်။
ဒီတော့ GBoard နဲ့ Android Q မှာ စာရိုက်ရင် သောက်တလွဲ ဖြစ်ပါတော့တယ်။
ဖြေရှင်းဖို့က
ဒီပြဿနာက ရှင်းရတာလွယ်ပါတယ်၊ GBoard မှာ ဇော်ဂျီ ကို Option တစ်ခု၊ ကီးဘုတ် လက်ကွက် တစ်ခုအနေနဲ့ သီးသန့်ထားလိုက်ရင် ရှင်းသွားပါလိမ့်မယ်။ နောက်ပိုင်း ထွက်မယ့် GBoard update တွေမှာ ဖြေရှင်းလိုက်လို့ ရပါတယ်။
လောလောဆယ် အနေနဲ့ကတော့
GBoard မသုံးသေးဘဲနဲ့ တခြား ကီးဘုတ်တွေ (Manic, Frozen, Bagan, TTKeyboard, etc.) သုံးပြီး ယူနီကုဒ် လက်ကွက်တွေနဲ့ ရိုက်လို့ရပါတယ်။
GBoard နဲ့ပဲ ရိုက်ချင်သပ ဆိုရင် Font Converter တွေ (Rabbit, MM Font Converter, etc.) ထဲမှာ ဇော်ဂျီ နေရာမှာ ဝင်ပြီး ရေးမယ်ဆိုရင် အမှန်မြင်ရပါလိမ့်မယ်။
အနာဂတ်မှာ ဘာဆက်ဖြစ်နိုင်လဲ
အခု အရွေ့ကတော့ အရှေ့ကို နည်းနည်းလေး ရွေ့တယ်လို့ မြင်မိပါတယ်။ Facebook ရော Google ရောက သာမန် သုံးစွဲသူ တစ်ယောက် အနေနဲ့ Font တွေ ကီးဘုတ် တွေ သိစရာ မလိုဘဲ မြန်မာစာကို ဖတ်နိုင်ပြီလို့ ပြောလို့ရအောင် လုပ်နေတာပါ။ ကျွန်တော့် ကိုယ်ပိုင် အမြင်အရတော့ Facebook သုံးတဲ့ ဖြေရှင်းနည်း (ဘာလာလာ ယူနီကုဒ် ပြောင်း) ကို ပိုကြိုက်ပါတယ်။ Google နဲ့ Apple ကိုတော့ နည်းမှန်လမ်းမှန် ချွန်နိုင်တဲ့လူတွေ ရှိရင် အနှေးနဲ့ အမြန် အဆင်ပြေသွားပါလိမ့်မယ်။
Tuesday, May 21, 2019
ဂူဂယ်လ် ပိတ်လိုက်တာက ဟွာဝေး သုံးသူတွေကို ဘယ်လို ထိခိုက်နိုင်သလဲ
 Chesnot
ဂူဂယ်လ်က ဟွာဝေးကို ပေးနေတဲ့ နည်းပညာ ဝန်ဆောင်မှုတွေကို အမေရိကန် အစိုးရ အမိန့်အရ ဆက်ပေးတော့မှာ မဟုတ်တော့တဲ့အတွက် ဟွာဝေးကုမ္ပဏီနဲ့ သုံးစွဲသူတွေမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
အဲလို ပိတ်ပင်လိုက်လို့ ဟွာဝေးရဲ့ နောက်ထပ်ထုတ်မယ့် ဖုန်းဒီဇိုင်းအသစ်တွေမှာ ဂူဂယ်လ် နည်းပညာတွေနဲ့ အက်ပလီကေးရှင်းတွေ သုံးလို့ ရတော့မှာ မဟုတ်တော့ပါဘူး။
ဒါပေမဲ့ လောလောဆယ်မှာတော့ နိုင်ငံတကာမှာ လက်ရှိ ဟွာဝေး Huawei နဲ့ Honor စမတ်ဖုန်းနဲ့ တက်ဘလက် သုံးနေသူတွေကို လုံခြုံရေး အဆင့်မြှင့်တင်မှုတွေနဲ့ ရောင်းချပြီး ဝန်ဆောင်မှုတွေ ဆက်ပေးသွားမယ်လို့ ဟွာဝေးကပြောပါတယ်။
ပြီးတော့ တရုတ်အစိုးရကလည်း ဟွာဝေးကို ဥပဒေအရ ကာကွယ်နိုင်မယ့် ကိစ္စတွေ အထောက်အပံ့ ပေးမယ်လို့လည်း ပြောထားပါတယ်။
ဟွာဝေးသုံးသူတွေကို ဘယ်လိုထိခိုက်နိုင်သလဲ
လက်ရှိဟွာဝေး စမတ်ဖုန်း သုံးနေသူတွေအနေနဲ့ အက်ပလီကေးရှင်း တွေကို အဆင့်မြှင့်တာနဲ့ ဂူဂယ်လ် ပလေးစတိုးရဲ့ ဝန်ဆောင်မှုတွေကို ဆက်ပြီး အဆင့်မြှင့်လို့တော့ ရဦးမှာပါ။
ဒါပေမဲ့ ဂူဂယ်လ်က အခုနှစ် နောက်ပိုင်းမှာ အသစ်ထုတ်မယ့် အန်းဒရိုက်စနစ် အသစ်ကိုတော့ ဟွာဝေး ပစ္စည်းတွေမှာ သုံးလို့ ရတော့မှာ မဟုတ်ပါဘူး။
ဟွာဝေးက နောက်ထပ်ထုတ်မယ့် ဖုန်းတွေ၊ တက်ဘလက်တွေမှာ ယူကျု (YouTube)တို့၊ ဂူဂယ်မြေပုံစနစ်တို့လည်း ပါလာမှာ မဟုတ်တော့ပါဘူး။
ဟွာဝေးဖုန်းကသုံးထားတဲ့ ဆော့ဖ်ဝဲ အန်းဒရိုက်စနစ်ကတော့ (open source lincence အရ) ဆက်သုံးလို့ ရမှာ ဖြစ်ပါတယ်။
အခု ဂူဂယ်လ်ရဲ့ ပိတ်ပင်မှုဟာ ဟွာဝေးရဲ့ ဈေးကွက်ကို ကြီးကြီးမားမား ရိုက်ခတ်သွားစေနိုင်တယ်လို့ CCS Insight အကြံပေးအဖွဲ့အစည်းက ဘန်ဝုဒ်က သုံးသပ်ပါတယ်။
Getty Images
ဟွာဝေးကရော ဘယ်လို တုံ့ပြန်နိုင်သလဲ
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ အမေရိကန် အစိုးရ ခွင့်ပြုချက်မရဘဲ အမေရိကန် ကုမ္ပဏီတွေဆီက နည်းပညာ ရယူခွင့်မရှိတဲ့ စာရင်းထဲမှာ ဟွာဝေးကို ထည့်လိုက်တာ ဖြစ်ပါတယ်။
အဲလို စာရင်းထဲမှာ ပါလာတာနဲ့ ပတ်သက်ပြီး ဟွာဝေးရဲ့ အမှုဆောင်ချုပ် ရန် ကျန်းဖေ့က သူတို့ ကြိုပြင်ထားပြီး ဖြစ်တယ်လို့ ဂျပန် မီဒီယာတွေကို စနေနေ့က ပြောပါတယ်။
နီကေး စီးပွားရေး သတင်းစာ အဆိုအရ တစ်နှစ် နည်းပညာ ပစ္စည်းဝယ်ယူစရိတ် ၆၇ ဘီလျံ ဒေါ်လာလောက် သုံးတဲ့ ဟွာဝေးဟာ သူတို့ ကိုယ်ပိုင် နည်းပညာ အစိတ်အပိုင်းတွေ ထုတ်လုပ်နိုင်အောင် ပိုတွန်းအားပေးမယ့် သဘောရှိပါတယ်။
5G မိုဘိုင်းလ် ကွန်ရက်တွေမှာ ဟွာဝေးပစ္စည်းတွေသုံးရင် လုံခြုံရေး အန္တရာယ်ရှိတယ်ဆိုပြီး အမေရိကန် ဦးဆောင်တဲ့ အနောက်နိုင်ငံတွေရဲ့ အတားအဆီးတွေနဲ့ ဟွာဝေး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
တရုတ်အစိုးရက ထောက်လှမ်းရေးအတွက် ဟွာဝေး ပစ္စည်းတွေကို သုံးနေတယ်ဆိုပြီး နိုင်ငံတော်တော်များများမှာ စိုးရိမ်မှုတွေ တိုးလာနေတာပါ။ ဒါကိုလည်း ဟွာဝေးက ခါးခါးသီးသီး ငြင်းဆိုထားပါတယ်။
Getty Images
ဟွာဝေးကတော့ သူတို့က ဘယ်လို လုံခြုံရေးအန္တရာယ်မှ မရှိသလို တရုတ်အစိုးရနဲ့လည်း ကင်းကင်းရှင်းရှင်း ရှိတယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ တချို့နိုင်ငံတွေမှာတော့ 5G မိုဘိုင်းလ် ကွန်ရက်တွေမှာ ဟွာဝေးပစ္စည်းတွေမသုံးဖို့ တယ်လီကွန်း ကုမ္ပဏီတွေကို တားမြစ်ထားပါတယ်။
ယူကေမှာတော့ တရားဝင် တားမြစ်တာမျိုးကို လုပ်ဖို့ ဆိုင်းငံ့ထားဆဲ ဖြစ်ပါတယ်။
ဟွာဝေးက သူတို့ကိုယ်ပိုင် အက်ပလီကေးရှင်းတွေနဲ့ သူတို့ ချစ်ပ်တွေမှာ သုံးနိုင်မယ့် တခြား ဆော့ဖ်ဝဲတွေကို လုပ်နိုင်ဖို့ အပြင်းအထန် ကြိုးစားနေပါတယ်။ အဲဒီလို အားထုတ်မှုတွေက သူတို့ ရပ်တည်မှုကို သူတို့ကိုယ်တိုင် အလုံးစုံ ကိုင်တွယ် ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ သံသယ ရှိစရာ မလိုပါဘူးလို့ ဝုဒ်က ပြောပါတယ်။
ဟွာဝေးအတွက် ရေတို ဆုံးရှုံးမှုလား
လီယို ကယ်လီယန် - ဘီဘီစီ နည်းပညာ အယ်ဒီတာ
ရေတိုကာလမှာဆိုရင် အခု ဂူဂယ်လ်ရဲ့ ပိတ်ပင်မှုက ဟွာဝေးကို အနောက်နိုင်ငံဈေးကွက်မှာ အင်မတန် အထိနာစေနိုင်ပါတယ်။
ဂူဂယ်လ် ပလေးစတိုး၊ virtual assistant နဲ့ လုံခြုံရေး အဆင့်မြှင့်တဲ့ ဝန်ဆောင်မှုတွေ သုံးလို့မရတဲ့ အန်းဒရိုက်ဖုန်းတစ်လုံးကို စမတ်ဖုန်း ဝယ်တဲ့သူတွေက လိုချင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ရေရှည်မှာဆိုရင်တော့ အခုလို ပိတ်လိုက်တာက စမတ်ဖုန်း ထုတ်လုပ်သူတွေအနေနဲ့ ဂူဂယ်လ် နည်းပညာ အစား တခြား စနစ် ပြောင်းသုံးဖို့ သေချာ စဉ်းစားစရာ အကြောင်းပြချက် ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် ဂူဂယ်လ်အနေနဲ့ သူတို့ ထုတ်တဲ့ Pixel ဖုန်းကို ထုတ်လုပ် ရောင်းချနေချိန်မျိုးမှာ ဖြစ်ပါတယ်။
လက်ရှိ အခြေအနေတွေအရ နောက်ဆုံးမှာ ဟွာဝေးအနေနဲ့ အမေရိကန် နည်းပညာတွေကို လုံးဝ ဆက်မသုံးတော့ဖို့ ပြင်ဆင်နေတာကို တွေ့ရပါတယ်။
ပြီးတော့ ဟွာဝေးက သူတို့ကိုယ်ပိုင် ဆော့ဖ်ဝဲ (OS) ပြင်ဆင်နေပါတယ်။ အဲဒါက သူတို့အတွက် တခြား ရွေးစရာ လမ်းကြောင်းဖြစ်ပါတယ်လို့ ဟွာဝေးက ပြောထားပါတယ်။
ဒါပေမဲ့ အခုလို ပိတ်ပင်တားဆီးလာတာတွေကြောင့် ဟွာဝေးက ၂၀၂၀ မှာ ဆမ်ဆောင်းကို ကျော်တက်ပြီး ကမ္ဘာ့အရောင်းရဆုံး ဖုန်းဖြစ်လာအောင် မျှော်မှန်းထားတဲ့ ရည်ရွယ်ချက်ကိုတော့ ထိခိုက်စေမှာ သေချာပါတယ်။
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ
အခုနောက်ဆုံး ဟွာဝေးကို ပစ်မှတ်ထား ပိတ်ပင်လိုက်တဲ့ ကိစ္စက ဟွာဝေးကုမ္ပဏီနဲ့ အမေရိကန်ကြား တင်းမာမှုတွေ မြင့်တက်လာတယ်ဆိုတာကို ပြလိုက်တာဖြစ်ပါတယ်။
အဲဒီကုမ္ပဏီဟာ အမေရိကန်အစိုးရ အဖွဲ့အစည်းတွေရဲ့ တရားစွဲဆိုမှု နှစ်ဒါဇင်လောက်နဲ့ ရင်ဆိုင်နေရပါတယ်။ နောက်ပြီး အမေရိကန်ရဲ့ တောင်းဆိုမှုနဲ့ ဒီဇင်ဘာလတုန်းက ကနေဒါမှာ ဖမ်းဆီးခံထားရတဲ့ ဟွာဝေးရဲ့ ဘဏ္ဍာရေး အကြီးအကဲ မန်ဝန်ကျိုး ကို လွှဲပြောင်း ရယူနိုင်ဖို့လည်း အမေရိကန် အစိုးရက နည်းလမ်းရှာနေပါတယ်။
အဲဒါလို ဖမ်းဆီးခံရတာက တရုတ်နဲ့ အမေရိကန် အစိုးရကြား ကုန်သွယ်ရေး တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ဖြစ်ပေါ်လာခဲ့တာပါ။
ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေတဲ့ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ကြီးနှစ်ခုဟာ ပြီးခဲ့တဲ့ နှစ်မှာ ဘီလျံနဲ့ ချီတဲ့ ကုန်သွယ်ခွန်တွေ အပြန်အလှန် ကောက်ခံခဲ့ကြပါတယ်။
အခုလ အစပိုင်းမှာ အမေရိကန် အစိုးရက ဒေါ်လာ ဘီလျံ ၂၀၀ တန်ဖိုးရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေကို အခွန် နှစ်ဆမက တိုးလိုက်ပါတယ်။ လက်တုံ့ပြန်တဲ့ အနေနဲ့ တရုတ်ကလည်း အမေရိကန် ထုတ်ကုန်တွေကို အခွန် တိုးမြှင့်လိုက်ပါတယ်။
ကမ္ဘာ့ဈေးကွက်ကို ရိုက်ခတ်ခဲ့တဲ့ အံ့အားသင့်စရာ လုပ်ဆောင်ချက်တွေ အဆုံးသတ်ဖို့ နီးစပ်လာတဲ့ အခြေအနေလို့လည်း ယူဆစရာ ရှိပါတယ်။
အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲက ကမ္ဘာ့ ဈေးကွက်ကို ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ရိုက်ခတ်ခဲ့ပြီး စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေအတွက် မသေချာ မရေရာမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
BBC Burmese
https://www.bbc.com
Monday, May 20, 2019
Huawei ဖုန်း နည်းပညာအထောက်အကူ Google ရပ်ဆိုင်းမည်
Huawei smartphone တွေမှာ Google ရဲ့ Android operating စနစ်အပါအဝင် software၊ hardware နဲ့ နည်းပညာ အထောက်အကူအားလုံး အသုံးပြုခွင့် လိုင်စင်ကို Google မိခင်ကုမ္ပဏီ Alphabet က ရပ်ဆိုင်းလိုက်ပါတယ်။
နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေတဲ့ ကုမ္ပဏီတွေကနေ ထုတ်လုပ်တဲ့ နည်းပညာနဲ့ ဆက်သွယ်ရေးပစ္စည်းတွေကို အမေရိကန်ကုမ္ပဏီတွေ မသုံးရလို့ အမေရိကန်သမ္မတ Donald Trump အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်မှာ ခုလို Google ကဆောင်ရွက်တာ ဖြစ်ပါတယ်။
ဒါကြောင့် လိုင်စင်မလိုတဲ့ Open source software တွေက လွဲလို့ Google ရဲ့နည်းပညာတွေကို Huawei က အသုံးပြုနိုင်တော့မှာ မဟုတ်ပါဘူး။ Smartphone တွေမှာ Android operating system ကိုအဓိကအသုံးပြုတဲ့ Huawei အတွက် အတော်လေး အထိနာစရာ ဖြစ်ပါတယ်။
Open source ဖြစ်တဲ့အတွက် Android operating system ကို Huawei ကဆက်သုံးနိုင်မှာ ဖြစ်ပေမဲ့ သူနဲ့ ပါတ်သက်တဲ့ နည်းပညာဆိုင်ရာ အထောက်အကူတွေအပြင် Android နဲ့ Google ဝန်ဆောင်မှုတွေကို Huawei နဲ့ ပူးတွဲလုပ်ပေးတော့မှာ မဟုတ်ပါဘူး။ Google app တွေကို လက်ရှိ အသုံးပြုနေတဲ့ Huawei smartphone တွေအနေနဲ့တော့ အဲဒီ App တွေကို Update လုပ်နိုင် လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှုတွေကို ဆက်လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနှစ်နှောင်းပိုင်းကျရင် Google က Android software အသစ်ကို ထုတ်ရင်တော့ Huawei ဖုန်းတွေမှာ သုံးလို့ရတော့မှာ မဟုတ်ပါဘူး။ အစိုးရထုတ်ပြန်ချက်အတိုင်း လိုက်နာတာဖြစ်တယ်လို့ Google ကုမ္ပဏီကပြောပြီး နောက်ဆက်တွဲ ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာနိုင်သလဲဆိုတာကို သုံးသပ်နေတယ်လို့ ပြောပါတယ်။
လက်ရှိ Huawei smartphone နဲ့ Tablet computer သုံးနေသူအားလုံးအတွက်ရော ကမ္ဘာတဝန်း ဈေးကွက်တွေထဲ ရောက်နေတဲ့ Huawei ပစ္စည်းတွေမှာပါ လုံခြုံရေးဆိုင်ရာ Update အပါအဝင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ဆက်ပေးသွားမှာ ဖြစ်တယ်လို့ Huawei က ပြောကြားထားပါတယ်။
Huawei ထုတ် နည်းပညာနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေကတဆင့် တရုတ်အစိုးရက ထောက်လှမ်းနိုင်တယ်လို့ အမေရိကန်အစိုးရက ပြောကြားနေတာပါ။ Huawei ကုမ္ပဏီကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆန်ပြီး သူ့ပစ္စည်းတွေကို သုံးမယ်ဆိုရင် ထောက်လှမ်း မခံရစေဘူးဆိုတဲ့ အာမခံချက် လက်မှတ်ထိုးမယ်လို့ Huawei ဥက္ကဋ္ဌ Liang Hua ကပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Sunday, January 6, 2019
အမေရိကန်ရဲ့ နာမည်ကြီး iPhone ကို တရုတ်မှာ ထုတ်လုပ်နေရခြင်းရဲ့ အကြောင်းအရင်း
တရုတ်က မိုဘိုင်းစက်ရုံတစ်ခုကို အလည်လာတဲ့ လက်ရှိ Apple CEO
မှတ်ချက်။
ဗန်းမော်သိန်းဖေ
........................
အမေရိကန်ရဲ့ Iphone ကို တရုတ်မှာ ထုတ်လုပ်နေရခြင်းရဲ့ အကြောင်းအရင်း (unicode)
ရေးသားသူ – ဗန်းမော်သိန်းဖေ
သိတဲ့မိတ်ဆွေများသိကြမှာ ဖြစ်ပေမယ့် မသိသေးတဲ့သူတွေကတော့ ကမ္ဘာ့နာမည်ကြီး အိုင်ဖုန်းကို တရုတ်က ထုတ်တယ်ဆိုတော့ ပေါက်ကရလို့ထင်မိမှာပါ။ အဲလိုထင်မိရင် အရင်ဆုံး မိတ်ဆွေ အိုင်ဖုန်း ရဲ့ ကျောဘက်ကို လှန်ကြည့်ကြည့်ပါ။ အဲဒီမှာ
– Designed by Apple in California Assembled in China ဆိုတဲ့ ကယ်လီဖိုးနီးယားမှာ ဒီဇိုင်းဆွဲပြီး တရုတ်မှာထုတ်လုပ်တပ်ဆင်တယ် လို့ အဓိပ္ပါယ်ရတဲ့ စာကြောင်းကို ထင်ထင်ရှားရှား မြင်ရပါလိမ့်မယ်။ ဘာကြောင့် အိုင်ဖုန်းတွေကို တရုတ်မှာ ထုတ်လုပ်ရသလဲ ဆိုတဲ့အကြောင်း ဆရာ ဗန်းမော်သိန်းဖေရေးထားတဲ့ ပိုစ့်ကို ပြန်လည်ဝေမျှလိုက်ပါတယ်။
၂၀၁၀ ခုနှစ်မှာ အမေရိကန်သမ္မတ အိုဘားမားက ညစာစားပွဲတခုမှာ Apple ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Steve Jobs(စတိဗ်ဂျော့) ကိုမေးပါတယ်။
Apple ရဲ့ Productsတွေဖြစ်ကြတဲ့ iPhone, iPadတို့ကို တရုတ်ပြည်မှာ သွားထုတ်လုပ်နေတာကို (အမေရိကန်လူမျိုးတွေ အလုပ်ရအောင်) အမေရိကန်ကို ပြောင်းလာရင် ဖြစ်မလားလို့ မေးတယ်။ စတိဗ်က မဖြစ်နိုင်ဘူးလို့ ပြောလိုက်တယ်။
နောက်ပိုင်းမှာ သူ့ရဲ့လက်အောက်က Apple ကုမ္ပဏီအရာရှိတစ်ဦးက စတိဗ်ဘာကြောင့် အဲဒီလိုပြောခဲ့ရသလဲဆိုတာကို မီဒီယာကို အခုလို ရှင်းပြခဲ့ပါတယ်။
အချိန်က၂၀၀၇ ခုနှစ်။ ပထမဆုံးပေါ်တဲ့ iPhone ကမ္ဘာကိုဖြန့်ဖို့ (၂)လ လောက်ပဲ လိုတော့တဲ့ တစ်နေ့မှာ စိတ်ဆိုးနေပုံရတဲ့ စတိဗ်က သူ့လက်ထောက်တွေအားလုံးကို သူ့ရုံးခန်းထဲလာဖို့ခေါ်လိုက်ပါတယ်။
အားလုံးရောက်လာတာနဲ့ စတိဗ်က သူစမ်းသုံးကြည့်ဖို့ယူထားတဲ့ iPhone နမူနာတစ်လုံးကို သူ့ဘောင်းဘီ ဘေးအိတ်ထဲကနေ ဆွဲထုတ်ယူလိုက်ပြီး အားလုံးမြင်သာအောင်ထောင်ပြရင်း အခုလိုပြောလိုက်ပါတယ်။
“ဒီဖုံးရဲ့မှန်သားပြင်(screen)ကို ကြည့်စမ်းပါ။ ခြစ်ရာတွေပေါ်နေတယ်။ လူတွေဟာ လက်ကိုင်ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်တတ်ကြတယ်။
ဘောင်းဘီအိပ်ထဲမှာ သော့တွဲ ၊ ပိုက်ဆံ၊ အကြွေစေ့တွေလည်း ထည့်တတ်ကြတယ်။ ဒါတွေနဲ့ထိလို့ ခြစ်ရာပေါ်နေတဲ့ဖုန်းမျိုး ငါ ကမ္ဘာကိုမဖြန့်ချင်ဘူး။ ဒီ Plastic screen ကို ခြစ်ရာမထင်နိုင်တဲ့ မှန်သား Glass_screenနဲ့ လဲပစ်ရမယ်။ အခုထုတ်ပြီးသား ဖုန်းတွေအားလုံးကို(၆)ပတ်အတွင်း ပြီးအောင်လဲလိုက်ကြ။ ကဲ သွားကြတော့”လို့ပြောလိုက်တယ်။
သူ့လက်ထောက်တွေအားလုံး အရမ်းခေါင်းခြောက်သွားကြတယ်။ စတိဗ်အကြောင်း သူတို့ကောင်းကောင်းသိတယ်။ စတိဗ်ဟာ သူပြောပြီးတဲ့စကားကို ဘယ်တော့မှအလျှော့မပေးတတ်ဘူး။ သူလိုချင်တာဖြစ်အောင် လုပ်ကြရတော့မယ်။
ခက်တာက iPhone စတင်ရောင်းမယ့်ရက်ကို ကမ္ဘာသိကြေငြာပြီးပြီ။ ၂လပဲကျန်တော့တယ်။ ကမ္ဘာကိုမဖြန့်ခင် ဖုန်းတွေကို Glass_Screen နဲ့ အစားထိုးလဲဖို့ အချိန်(၆)ပတ်ပဲ ပေးတယ်။ လုပ်ပြီးသား ဖုန်းအလုံးသိန်းချီပြီးကို (၆)ပတ်အတွင်း screen လဲတပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အရင် Screenလုပ်ပေးနေကျ အမေရိကန်ကုမ္ပဏီ Corning ကို မေးကြည့်တော့ အချိန်(၆)လကြာမယ်တဲ့။
သူတို့အထဲက လက်ထောက်တစ်ယောက်က စဉ်းစားတယ်။ ဒီလောက်အချိန်တိုတိုနဲ့ စတစ်ဗ်ဖြစ်ချင်တာရဖို့ အမေရိကန်နိုင်ငံမှာ တော့မဖြစ်နိုင်ဘူး။
ဒါကြောင့် သူဟာ(၃)ရက်အကြာမှာ တရုတ်ပြည်က မှန်ဖြတ်စက်ရုံအများအပြားရှိတဲ့ Shenzhenပြည်နယ်ကို လေယာဉ်နဲ့ထွက်ခွာသွားတယ်။ Shenzhenပြည်နယ်က စက်ရုံမှူးတွေနဲ့တွေ့ပြီး သူလိုချင်တဲ့ Glass_screen ကို iPhone တွေမှာ သတ်မှတ်ရက်အတွင်းပြီးအောင် လုပ်ပေးနိုင်ရင် အလုပ်အပ်မယ်လို့ ကမ်းလှမ်းတယ်။
နောက်ဆုံး တရုတ်ကုမ္ပဏီ Foxconn နဲ့ သဘောတူညီမှုရတယ်။ သဘောတူစာချုပ်တောင် မချုပ်ရသေးဘူး Foxcoon က iPhone အတွက် screen လဲတပ်ဖို့ စက်ရုံအသစ်တခုကို အားချင်းဆောက်လိုက်တယ်။
စတိုကြီးထဲမှာလဲ စမ်းသပ်ဖို့ မှန်ချပ်တွေဝယ်ပြီး အမျိုးအစားအလိုက် ခွဲခြားသိုလှောင်ထားလိုက်တယ်။ စက်ရုံမှူးက သူ့အင်ဂျင်နီယာတွေကို စက်ရုံဝင်းထဲက ဘားတိုက်တွေမှာ လာနေခိုင်းလိုက်တယ်။ အရေးကြီးရင် အချိန်မရွေး ခေါ်လို့ရအောင်ပေါ့။ မှန်တွေကို ပိုက်ဆံမယူပဲ ကြိုက်သလောက် စမ်းကြည့်နိုင်တယ်လို့ပြောပါတယ်။
စတိဗ်လက်ထောက်ဟာ အဲဒီစက်ရုံမှာ တစ်လကြာအောင်နေပြီး တရုတ်အင်ဂျင်နီယာတွေနဲ့ မှန်မျိုးစုံကိုဖြတ်ကြည့်တယ်။ iPhone_Screen ဖြစ်လာအောင်လုပ်ကြတယ်။ ခြစ်ရာပေါ်မပေါ်စမ်းကြည့်တယ်။
နောက်ဆုံး screenလုပ်နိုင်မယ့် စိတ်ကြိုက်မှန်တွေ့ပြီဆိုတော့ Foxconn ကို အလုပ်အပ်တဲ့ စာချုပ်ချုပ်လိုက်တယ်။ အမေရိကန် ကယ်လီဖိုးနီးယားမှာရှိတဲ့ Apple ကုမ္ပဏီကို screenလဲတပ်ဖို့ iPhone ပထမတစ်သုတ်ကို Foxconn စက်ရုံကို ပို့လိုက်ဖို့ အကြောင်းကြားလိုက်တယ်။
တစ်ပတ်ကြာတော့ မှာထားတဲ့ iPhone တွေ ထည့်ထားတဲ့ ကုန်သေတ္တာတွေ စက်ရုံကိုရောက်လာတယ်။ ရောက်တဲ့အချိန်က မိုးအတော်ချုပ်နေပြီ။
iPhone သေတ္တာတွေကို စက်ရုံထဲချအပြီးမှာ စက်ရုံမှူးဟာ ဝီစီကိုတတွီတွီနဲ့ မှုတ်လိုက်တယ်။ စက်ရုံဝန်းထဲက ဘားတိုက်တွေမှာ အနားယူနေကြတဲ့ ထောင်နဲ့ချီတဲ့ အင်ဂျင်နီယာတွေ အလုပ်သမားတွေ ဘားတိုက်ပေါ်က ပြေးဆင်းလာကြပြီး စက်ရုံရှေ့မြေကွက်လပ်မှာ တန်းစီလိုက်ကြတယ်။ စက်ရုံမှူးက အခုအချိန်ကစပြီး မှန်ချပ်တွေကိုဖြတ်ပြီး iPhone Screen တွေ လုပ်ဖို့တစ်ညလုံး အလုပ်ဆင်းကြရမယ်လို့ပြောလိုက်တယ်။ စကားပြောပြီးတာနဲ့ အားလုံးကို စားပွဲတွေပေါ်က လက်ဖက်ရည်တခွက်နဲ့ ပေါင်မုန့်တချပ်စီကိုတန်းစီယူစားခိုင်းလိုက်တယ်။ အားလုံး ကမန်းကတန်းယူစားကြပြီး စက်ရုံထဲဝင်သွားကြတယ်။
စက်ရုံတခုလုံး ထောင်နဲ့ချီတဲ့အလုပ်သမားတွေဟာ ချက်ချင်းပဲ အလုပ်စတင်လုပ်ကြတယ်။ နေ့ဆိုင်း ညဆိုင်းတွေနဲ့လုပ်လိုက်ကြတာ ၃ရက်အတွင်းမှာ iPhone အလုံး တစ်သောင်းရဲ့ plastic_screen တွေကို glass_screenတွေနဲ့ လဲတပ်ပြီးသွားတယ်။
နောက်၃လအကြာမှာ Appleကုမ္ပဏီ ဟာ iPhoneအလုံးပေါင်းတစ်သန်း ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာ iPhone ကို အမေရိကန် ကယ်လီဖိုးနီးယားမှာ ဒီဇိုင်းပဲဆွဲပြီး ကုန်ကြမ်းကနေ iPhone ဖြစ်တဲ့အထိ တရုတ်ပြည်မှာပဲ လုပ်ပါတော့တယ်။ ၄နစ်ကြာတော့ Appleဟာ iPhone အလုံးပေါင်းသန်း(၂၀၀)ရောင်းချနိုင်ခဲ့ပါတယ်။
မီဒီယာကိုပြောပြနေတဲ့ Appleကုမ္ပဏီအရာရှိက ဆက်ပြောပြပါသေးတယ်။ ကုန်ကြမ်းကနေ iPhoneတွေဖြစ်လာတဲ့အထိ ထုတ်လုပ်ဖို့ အင်ဂျင်နီယာပေါင်း(၈,၇၀၀)နဲ့အလုပ်သမားပေါင်း ၂ သိန်းလိုအပ်ပါတယ်။ အင်ဂျင်နီယာ(၈,၇၀၀)ရအောင်စုဖို့အမေရိကန်မှာ ၉လကြာမြင့်မှာဖြစ်ပြီး တရုတ်ပြည်မှာ (၁၅)ရက်ပဲကြာပါလိမ့်မယ်။
အမေရိကန်မှာ iPhone လုပ်ရင် လုပ်ခဈေးကြီးတာရယ် လူမရလို့ အချိန်ပိုကြာအောင် လုပ်ရမှာတွေကြောင့် iPhone ကို အခုတရုတ်ပြည်မှာထုတ်ပြီး ရောင်းတာထက် အများကြီးဈေးကြီးနေမှာမို့ ဘယ်သူမှဝယ်ကြမှာ မဟုတ်ပါဘူးတဲ့။
ဒီလောက်ဆိုရင် iPhone ကို တရုတ် မှာ ဘာကြောင့်ထုတ်လုပ်နေတယ်ဆိုတာ သိနိုင်ပါပြီ။
လုပ်ခဈေးနှုန်း သက်သာတယ်။ မြန်မြန်ဆန်ဆန် လုပ်တတ်တယ်။ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင် လုပ်နိုင်တာတွေကြောင့် တရုတ်ပြည်ဟာ ယနေ့ကမ္ဘာမှာ စီးပွားရေးထိပ်တန်း နိုင်ငံတစ်ခုဖြစ်နေပါပြီ။
မှတ်ချက်။
၁။ အမေရိကန်နိုင်ငံထုတ် “The_New_York_Times” သတင်းစာမှာပါတဲ့ သတင်းတပုဒ်ကိုမှီငြမ်းရေးထားတာပါ။
၂။ Steve Jobs ဟာ(၂၀၁၁) ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ဗန်းမော်သိန်းဖေ
Saturday, January 5, 2019
Unicode
ဖုန်းတွေရဲ့ ဘောင်မှာပါတဲ့ အနက်ရောင်အစက်လေးတွေဟာ ဘာအတွက် အသုံးပြုတာလဲ
ဖုန်းမကိုင်ပဲနေတဲ့နေ့ဆိုတာက လုံးဝကို မရှိသလောက်ဖြစ်သွားပါပြီ ။ တစ်နေ့တစ်နေ့ Facebook ၊ Emails ၊ ဗီဒီယိုတွေ ၊ သီချင်းတွေနားထောင်ဖို့အတွက် ဖုန်းကိုနေ့တိုင်းလိုလိုကိုင်ဆောင်အသုံးပြုနေကြရပါတယ်။
စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေကလည်း ဖုန်းတွေကို ပိုမိုအသုံးဝင်နိုင်စေဖို့အတွက် ဖန်ရှင်အသစ်အသစ်တွေထည့်သွင်းလေ့ရှိပါတယ် ။ ဒီတော့ ဖုန်းတွေမှာ အနက်ရောင် အစက်လေးတွေကဘာတွေလဲ ။
တကယ်တော့ အဲ့ဒီအနက်ရောင်အစက်လေးတွေဟာ မိုက်ခရိုဖုန်းတွေပါ ။ အိုင်ဖုန်းမှာဆိုရင် ကင်မရာဘေးမှာ အနက်ရောင် အစက်လေးတစ်ခုပါလေ့ရှိပါတယ် ။ အထက်နဲ့ အောက် ဘောင်မှာရှိနေတဲ့အမဲရောင်အစက်နှစ်ခုကတော့ အသံဖမ်းတဲ့ မိုက်ခရိုဖုန်းတွေဖြစ်ပြီး ကင်မရာဘေးက အစက်လေးကတော့ ဆူညံသံတွေကို စစ်ထုတ်ပေးတဲ့ မိုက်ခရိုဖုန်းဖြစ်ပါတယ် ။
ဖုန်းပြောနေတဲ့အခါ သို့မဟုတ် ဗီဒီယိုကော ပြောနေတဲ့အချိန် မျိုးမှာ ဆူညံသံတွေကို စစ်ထုတ်ပေးတဲ့အတွက် တစ်ဖက်က အသံကိုကြည်ကြည်လင်လင်ကြားနိုင်တာပဲဖြစ်ပါတယ်။ ထို့အပြင် ဗီဒီယိုရိုက်ကူးတဲ့အခါမျိုးမှာလည်း ဆူညံသံတွေကိုစစ်ထုတ်ပေးတဲ့အတွက် စတူဒီယိုတစ်ခုမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုကွာလတီမျိုးရရှိနိုင်ပါတယ် ။
Writer – Min Thu (Daily Hot News )
Monday, December 24, 2018
ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုအတွက် သင့် FB ပေါ်မှ ဖျက်ပစ်သင့်သော အချက်အလက် ၁၂ မျိုး
Zawgyi
(1)မွေးနေ့
(2)ဖုံးနံပါတ်
(3) credit card အသေးစိတ်
(5)အပြင်မှာမသိသောသူငယိချင်းများ
(8)သင့်သူဌေးအကြောင်း
(9)check in များ
သင်ခရီးထွက်ဖို့ဘယ်နှရက်သာလိုကြောင်း ရေတွက်ပြနေခြင်းဟာ သင့်အလစ်ကိုချောင်းနေသူအတွက် သင်အိမ်မှာမရှိမယ့်ရက်ကို ကြိုတွက်ဆနိုင်ပါတယ်။
unicode
ပုဂ္ဂိုလ်ရေးရာ လုံခြုံမှုအတွက် သင့် Facebook ပေါ်မှ ဖြတ်ပစ်သင့်သော အချက်အလက် ၁၂မျိုး
သင့်Facebookက လုံခြုံမှုရှိရဲ့လား? ယနေ့ခေတ်မှာ Facebookဟာ အင်အား အကြီးမားဆုံး social media တွေထဲမှ တစ်ခုဖြစ်လာပါတယ်။လူတွေဟာ နေ့စဉ်အဖြစ်အပျက် လှုပ်ရှားမှုတိုင်းကိုfacebookပေါ်မှာ မျှဝေကြပါတယ်။ဒါပေမယ့် သင့်လုံခြုံမှုအတွက် facebookပေါ်မှာ မဖော်ပြသင့်တာတွေလဲရှိပါတယ်။အင်္ဂလန်နိုင်ငံ Cambridge Analytica Sandal ကိုအင်တာဗျူးပြုလုပ်တဲ့အခါမှာ ကျွနု်ပ်တို့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက်facebookပေါ်မတင်သင့်သော အချက်အလက်၁၂မျိုးကိုသုံးသပ်ပြခဲ့ပါတယ်။
(1)မွေးနေ့
သင်ဟာမွေးနေ့ကိုဖော်ပြထားခြင်းဖြင့် သင့်သူငယ်ချင်းတွေက နှစ်စဉ် မွေးနေ့ဆုတောင်းတွေတောင်းပေးကြမှာဖြစ်ပေမယ့်သင့်နာမည် လိပ်စာနဲ့အတူ သင့်မွေးနေ့ကိုသိရှိသွားပါက သင့်ဘဏ်အကောင့်နဲ့အခြားအရေးကြီးကိစ္စများမှာလုံခြုံရေးအားနည်းသွားမှာ ဖြစ်လို့ မွေးနေ့ကို ပဟေဠိအနေဖြင့်သိုဝှက်ထားသင့်ပါတယ်။
(2)ဖုံးနံပါတ်
သင်မလိုလားသူများ သို့မဟုတ် သူစိမ်းများဆီက ဖုန်းတွေဝင်လာနိုင်လို့ ဖုံးနံပါတ်ကိုမဖော်ပြသင့်ပါဘူး။
(3) credit card အသေးစိတ်
သင့်ခရက်ဒစ်ကတ်ပေါ်က နာမည်,နံပါတ်,လျှိ့ဝှက်ကုတ်စသည်ဖြင့် တစွန်းတစတောင်မဖော်ပြသင့်ပါဘူး။ဘဏ်ကတ်,ခရက်ဒစ်ကတ်,သင့်ငွေကြေးစာရင်း များနှင့်ပတ်သက်ပြီး facebookမှာ လျိူ့ဝှက်ထားသင့်ပါတယ်
(4)သင့်Relationship Status
သင့်ရဲ့ချစ်သူသစ်အကြောင်း သူငယ်ချင်းတွေကို ကြွားချင်တာမှန်ပေမယ့် မကြာခဏ ပြတ်လိုက်ဆက်လိုက်အသစ်တွဲလိုက်လုပ်နေမယ်ဆို RS Status တင်တာမကောင်းပါဘူးတဲ့
(5)အပြင်မှာမသိသောသူငယ်ချင်းများ
စိတ်ရောဂါ ပါမောက္ခ Rosie Dunbarက facebook user 3000ကျော်ကိုလေ့လာရာမှာမိတ်ဆွေစာရင်းရဲ့တဝက်ကျော်က အပြင်မှာတကယ်ရင်းနှီးခြင်းမရှိသူများဖြစ်တယ်လို့ဆိုပါတယ်။အပြင်မှာရင်းနှီးခြင်းမရှိတဲ့facebook friendsများကိုဖယ်ထုတ်လိုက်တာလဲ ကိုယ့်အတွက်လုံခြုံစေပါတယ်
(6)သင့်ကလေးငယ်ရဲ့ဓာတ်ပုံများ
ယနေ့ခေတ်မှာfacebookပေါ် မှာ ကိစ္စတိုင်းကိုဖော်ပြကြပါတယ်။ဒါပေမယ့် သင့်ကလေးကြီးပြင်းလာတဲ့အခါမှာ သူလမ်းလျှောက်ကာစအရွယ်ကပုံလေးတွေ တင်ထားခြင်းကိုနှစ်သက်ပါ့မလားဆိုတာ စဉ်းစားသင့်ပါတယ်
(7)သင့်ကလေးရဲ့ ကျောင်းလိပ်စာ
ပိုသတိထားသင့်တဲ့အချက်ပါ။သင် ကလေးငယ်ရဲ့မူကြိုလိပ်စာ,စာသင်ကျောင့်းလိပ်စာကိုဖော်ပြခြင်းဟာ သင့်ကို ဒုက္ခပေးဖို့ိုစောင့်ကြည့်နေတဲ့သူစိမ်းတွေကိုအခွင့်အရေးပေးသလိုဖြစ်နိူင်ပါတယ်။
(8)သင့်သူဌေးအကြောင်း
သင်နဲ့သင့်သူဌေးအဆင်ပြေနေစဉ်ကာလမှာ သူ့ပုံတင်ခြင်းဟာကိစ္စမရှိပေမယ့် နောင်တချိန်သင်သူ့အပေါ်စိတ်ပျက်လာတဲအခါသို့ အလုပ်နဲ့ပတ်သက်ပြီ်းညည်းညူတာတွေ တင်တဲ့အခါ အရှေ့မှာသူ့အကြောင်းဖော်ပြထားတာဟာ သူ့privacy ကိုမလေးစားသလိုဖြစ်ပါတယ်
(9)check in များ
ယခုခေတ်မှာ အိုင်ဖုန်းများနှင့်androidဖုန်းများကိုသုံးပြီး ကိုယ်ရောက်တဲ့နေရာတွေကို check inတင်လေ့ရှိပါတယ်။လူပေါင်း၅၀၀မီလီယန်ကျော်ကထိုသို့ပြုလုပ်လျက်ရှိနေပါတယ်။သင်ရှိတဲ့နေရာအတိအကျကို လူတကာသိအောင်လုပိခြင်းဟာ တကယ်တော့ သင့်လုံခြုံရေးအတွက်စိတ်မချရပါဘူး။
(10)သင့်အိမ်လိပ်စာ အလုပ်လိပ်စာကို Tagတွဲခြင်း
သင့်အိမ်လိပ်စာအတိအကျကို လူအများသိအောင်ဖွင့်လှစ်ပြခြင်းဖြစ်လို့အလွန်အန္တရာယ်များပါတယ်။
(11)သင့်အားလပ်ရက်ခရီးများအကြောင်း
သင်ခရီးထွက်ဖို့ဘယ်နှရက်သာလိုကြောင်း ရေတွက်ပြနေခြင်းဟာ သင့်အလစ်ကိုချောင်းနေသူအတွက် သင်အိမ်မှာမရှိမယ့်ရက်ကို ကြိုတွက်ဆနိူင်ပါတယ်။
(12)သင့်Passportစာအုပ်များ
သင့်passportနံပါတ်, Boarding Passက ဘားကုတ်များအကြောင်းမတင်သင့်ပါဘူး။မလိုလားအပ်တဲ့ပြဿနာများကိုဖိတ်ခေါ်သလိုဖြစ်စေလိူ့ပါ။
Credit – Writer Dr Jue(Daily Hot News)
Sunday, December 23, 2018
အင်တာနက်မသုံးဘဲ ငွေဖြတ်ခံနေရပါသလား ၊ မဖြစ်အောင် ဒါတွေလုပ်ပါ
နည်းလမ်း (၁၀) ချက်
သတိပြုပါ။
အွန်လိုင်းကြော်ငြာများမှာ မိမိတို့၏ အင်တာနက်ဒေတာအများအပြားကို ကုန် ဆုံးသွားနိုင်စေသည်ကို သတိပြုမိရန်လို အပ်ပါတယ်။
မိမိတို့၏ ဖုန်းများအတွင်း ဒေတာကို မည်မျှသာ အသုံးပြုမည်ဖြစ်ကြောင်း လွယ် လွယ်ကူကူ ကန့်သတ်သတ်မှတ်ထားနိုင် ပြီး ၄င်းက မက်ဂါဘိုက်များ ပိုမိုသက်သာ သွားစေမှာဖြစ်ကာ အပိုအသုံးပြုခြင်းများ အတွက် မတန်တဆငွေပေးချေရခြင်းများ ကနေ  သက်သာသွားစေနိုင်မှာပါ။
သည့် ပက်ကေ့ခ်ျများကို သုံးပါ။
ဒေတာပက်ကေ့ခ်ျများမှာ သုံးစွဲသူ များ၏ ဖုန်းဘီလ်ကို များစွာ သက်သာနိုင် စေသကဲ့သို့ အော်ပရေတာများအနေဖြင့် လည်း သုံးစွဲသူအမျိုးမျိုးအပေါ်မူတည်၍ သင့်လျော်မည့် ဒေတာပက်ကေ့ခ်ျအမျိုး အစားများစွာကို ဆောင်ရွက်ပေးလျက်ရှိ ပါသည်။ အဆိုပါ ပက်ကေ့ခ်ျများမှာ သုံးသ လောက်ပေးစနစ်ထက် ကုန်ကျစရိတ်များ စွာသက်သာစေနိုင်ပြီး မိမိတို့၏ ကုန်ကျမှု များကို  လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
Author_တုံတုံ
......................
unicode
မိုဘိုင်းလ်ဖုန်းအသုံးပြု သူတွေ အင်တာနက် ဘယ်လိုသုံးလိုက် တယ်။ အင်တာနက်အသုံးပြုမှု နှုန်းထား ကို  တိကျစွာ သိရှိဖို့အပြင် အင်တာနက် သုံးစွဲချိန်တိုင်းမှာ သတ်မှတ်ထားတဲ့ အင်တာနက်အသုံးပြုမှု ပမာဏများအ တွင်းမှ ဒေတာများလျော့နည်းသွားခြင်း သို့မဟုတ် အသုံးမပြုပေမဲ့ ဖုန်းဘီလ်တွေ ဖြတ်တောက်ခံရခြင်းတွေက ကင်းဝေးနိုင် စေဖို့မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေကို အသိ ပညာပေးမြှင့်တင်ရေး လှုပ်ရှားမှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
သည်အစီအစဉ်ကို မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေးအော်ပရေတာတွေဖြစ်တဲ့ MPT,Ooredoo,Telenor နဲ့ My Tel တို့ ပူးပေါင်းပြီး ဆောင်ရ∑က်မှာ ဖြစ်ပါတယ်။
အင်တာနက်ချိတ်ဆက်အသုံးပြုရာတွင် မလိုလားအပ်ဘဲ ဒေတာများ
ကုန်ဆုံးခြင်းမှ လျှော့ချနိုင်စေရေး
နည်းလမ်း (၁၀) ချက်
၁။အလိုအလျောက် update ပြုလုပ် ခြင်းကို ပိတ်ထားပါ။
ဖုန်းအတွင်းမှ အလိုအလျောက် update ပြုလုပ်ခြင်းကို ပိတ်ထားရန် လို အပ်ပြီး ၄င်းက သင့်ဖုန်းအတွင်းမှ ဒေတာ တွေကို သင်သတ်မှတ်ထားသကဲ့သို့ မဟုတ်ဘဲ လိုအပ်သည်ထက်ပို၍ အသုံး ပြုလိုက်နိုင်သည်ကို သတိပြုပါ။
၂။ အပလီကေးရှင်းများကို WiFi ဖြင့် သာ update လုပ်ပါ။
များစွာသော မိုဘိုင်းလ်အသုံးပြုသူ များက၄င်းတို့ရဲ့ အပလီကေးရှင်းများကို မိုဘိုင်းလ်ဖုန်းဒေတာဖြင့် update ပြု လုပ်ရန်အဆင်ပြေသော်လည်း ထိုသို့ပြု လုပ်ခြင်းက ဖုန်းအတွင်းရှိ အပလီကေး ရှင်းများကို အလိုအလျောက ် update ပြု လုပ်ခြင်းများဖြစ်တတ်ပြီး ဖုန်းအတွင်းမှ ဒေတာပမာဏများစွာကို အသုံးပြုလိုက် နိုင်ပါတယ်။
၃။ Background  ဒေတာများကို ကန့် သတ်ထားပါ။
အချို့သော အပလီကေးရှင်းများ သည် ဖုန်းအသုံးမပြုသည့်အချိန်များ၌ပင် ဒေတာ ပမာဏများစွာကို အသုံးပြုနေ လျက်ရှိခြင်းကြောင့် မိမိတို့အသုံးမပြုတော့ သည့် အပလီကေးရှင်းဟောင်းများကို ဖုန်းအတွင်းမှ ဖျက်ပစ်ရန်လိုအပ်ပါတယ်။
၄။ မိမိတို့၏ အကောင့်များ တစ်ခုနှင့်တစ်ခု ဒေတာများ ထပ်တူကူးယူနေမှုရှိ/မရှိ
သတိပြုပါ။
အများအားဖြင့် အပလီကေးရှင်းများ နှင့် ဝန်ဆောင်မှုအများစုမှာ ဒေတာများ အားတစ်ခုမှ တစ်ခုသို့ ထပ်တူကူးယူမှု လုပ် ဆောင်ချက်မှာ မိမိတို့ အသုံးမပြုသော် လည်း ကနဦးကတည်းကပင် ပါဝင်လေ့ရှိ ပါတယ်။
၅။ အွန်လိုင်းကြော်ငြာ (Ads) များကို ရှောင် ရှားပါ။
အွန်လိုင်းကြော်ငြာများမှာ မိမိတို့၏ အင်တာနက်ဒေတာအများအပြားကို ကုန် ဆုံးသွားနိုုင်စေသည်ကို သတိပြုမိရန်လို အပ်ပါတယ်။
၆။   ပေါ့ပါးပြီး ဒေတာအသုံးပြုမှုနည်းသော Browser များကိုသုံးပါ။
ဖုန်းအတွင်း အလိုအလျောက်ပါဝင် သည့်အင်တာနက်ရှာဖွေရေးဆိုက် (Browser)များမှာ ဒေတာ အသုံးပြုမှုများပြား တတ်ခြင်းကြောင်း ဒေတာအသုံးပြုမှုနည်း သည့် Browser များကို ထည့်သွင်းအသုံး ပြုပါ။
၇။ အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုမှုများ အ တွက် သတိရှိပါ။
အွန်လိုင်းမှ ဗီဒီယိုများ၊သီချင်းများနှင့် အရည်အသွေးမြင့် ဓာတ်ပုံများ၊ အသံဖိုင် များ တိုက်ရိုက်ကြည့်ရှုခြင်းဖြင့် မိုဘိုင်းလ် ဒေတာ အများအပြားကို ကုန်ဆုံးသွားစေ နိုင်သောကြောင့် ဖုန်းအတွင်းခံစားမှု အရည်အသွေးကို ထိခိုက်ခြင်းမရှိသည့် အရည်အသွေးလျှော့ချထားသည့် ဗီဒီယို များကို တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။
၈။ ဒေတာမည်မျှ အသုံးပြုမည်ကို ဖုန်း အတွင်း ကန့်သတ်သတ်မှတ်ထားပါ။
မိမိတို့၏ ဖုန်းများအတွင်း ဒေတာကို မည်မျှသာ အသုံးပြုမည်ဖြစ်ကြောင်း လွယ် လွယ်ကူကူ ကန့်သတ်သတ်မှတ်ထားနိုင် ပြီး ၄င်းက မက်ဂါဘိုက်များ ပိုမိုသက်သာ သွားစေမှာဖြစ်ကာ အပိုအသုံးပြုခြင်းများ အတွက် မတန်တဆငွေပေးချေရခြင်းများ ကနေ  သက်သာသွားစေနို်င်မှာပါ။
၉။ ဖေ့စ်ဘုတ်ခ်တွင် ဗီဒီယိုများ အလိုအ လျောက်ပြသခြင်းစနစ်ကို ပိတ်ထားပါ။
ဖေ့စ်ဘုတ်ခ်၏ စာမျက်နှာကို အောက် သို့ ဆွဲလိုက်စဉ် ဗွီဒီယိုများ အသံနှင့်တကွအလိုအလျောက် ပြသနေခြင်းစနစ်မှာ ဒေ တာများ ကုန်ဆုံးခြင်းသာမက ရုတ်တရက် စိတ်အနှောင့်အယှက် ဖြစ်စေနိုင်သော ကြောင့် ၄င်းစနစ်ကို ပိတ်ထားခြင်းဖြင့်ဒေ တာများ ကုန်ဆုံးခြင်းကို လျှော့ချနိုင်မှာ ဖြစ် ပါတယ်။
၁၀။ ဒေတာပမာဏ သတ်မှတ်ပေးထား
သည့် ပက်ကေ့ချ်များကို သုံးပါ။
ဒေတာပက်ကေ့ချ်များမှာ သုံးစွဲသူ များ၏ ဖုန်းဘီလ်ကို များစွာ သက်သာနိုင် စေသကဲ့သို့ အော်ပရေတာများအနေဖြင့် လည်း သုံးစွဲသူအမျိုးမျိုးအပေါ်မူတည်၍ သင့်လျော်မည့် ဒေတာပက်ကေ့ချ်အမျိုး အစားများစွာကို ဆောင်ရွက်ပေးလျက်ရှိ ပါသည်။ အဆိုပါ ပက်ကေ့ချ်များမှာ သုံးသ လောက်ပေးစနစ်ထက် ကုန်ကျစရိတ်များ စွာသက်သာစေနိုင်ပြီး မိမိတို့၏ ကုန်ကျမှု များကို  လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းလ်သုံးစွဲ သူများအားလုံးအနေဖြင့် မိမိတို့၏ စမတ် ဖုန်း setting များကို ပြန်လည်စစ်ဆေး ရန်နှင့် အင်တာနက်ကွန်ရက်ချိတ်ဆက် ထားစဉ် ဒေတာအသုံးပြုမှုနဲ့ ပတ်သက် ပြီး သတ်မှတ်တိုင်းထွာသည့် အလေ့ အကျင့် မျိုး ထားရှိတတ်စေရန် အော်ပရေ တာ အားလုံးက တိုက်တွန်းလိုက်ပါ တယ်။
ဖုန်းဘီလ်ဖြတ်တောက်မှုများ၊ လက် ကျန်ငွေပမာဏကိစ္စများ၊ ဒေတာအသုံး ပြုမှုတွေနဲ့ပတ်သက်ပြီး ထပ်မံသိရှိလိုရင် သက်ဆိုင်ရာ အော်ပရေတာအသီးသီးရဲ့ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာများ ဒါမှ မဟုတ်ဝက်ဘ်ဆိုက်တွေနဲ့ Call Center တွေကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။
Author_တုံတုံ
Saturday, December 22, 2018
Facebook မှာ Marketing ဘယ်လိုဝင်ရမလဲ မသိသေးတဲ့သူတွေအတွက် အထွေထွေလမ်းညွှန်
Facebook ဟာ အခုဆိုရင် လူသုံးအများဆုံး social media တစ်ခုဖြစ်လာတဲ့အပြင် Marketing သမားတွေအတွက် customer ကောင်းတွေရနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။
အဓိက စဉ်းစားစရာတစ်ခုက သင့်ရဲ့ Marketing စွမ်းရည်နဲ့ Facebook user တွေထဲက customer ကောင်းတွေရအောင် ဘယ်လို ဆွဲဆောင်ရမလဲဆိုတာပါ။
သတင်းကောင်းကတော့ Facebook ရဲ့ Advertising platform ဟာ သင်တစ်ကယ်ရှာနေတဲ့သူတွေကို နေရာဒေသအလိုက်၊ စိတ်ဝင်စားမှုအလိုက် စတာတွေနဲ့ ရွေးထုတ်ပေးနိုင်ပါတယ်။
ဒီလမ်းညွှန်ကတော့ ကမ္ဘာ့အကြီးဆုံး social media ပေါ်မှာ ကိုယ့်ရဲ့ business ကို စတင်မိတ်ဆက်ပေးချင်သူတွေအတွက် ရည်ရွယ်ပါတယ်။
Facebook ပေါ်မှာ ဘယ်သူတွေရှိလဲ?
Facebook ကတော့ သူ့ကို အသုံးအများဆုံးက ဘယ်သူတွေပါလို့ တရားဝင်ထုတ်ပြန်တာမျိုးမရှိပါဘူး။
ဒါပေမယ့် survey တစ်ခုအရ social networking ဟာ အသက် 18 နဲ့ 29 အရွယ်လူငယ်တွေကြားမှာ ရေပန်းအစားဆုံးပါတဲ့။ အသက် 65 နဲ့ အထက် လူကြီးတွေကြားမှာတော့ အသုံးမရှိသလောက်နည်းပါတယ်။
Facebook မှာ ဘယ်လို ဈေးကွက်တိုးချဲ့မလဲ?
Facebook မှာ ဘယ်သူမဆို အသုံးချနိုင်တဲ့အရာ 3 ခုကတော့ - Pages, Ads နဲ့ Groups တွေပဲဖြစ်ပါတယ်။
1. Pages
Pages တွေကတော့ စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေနဲ့ public figure (နာမည်ကြီးကျော်ကြားသူ) တွေအတွက် Profile သဘောမျိုးပါပဲ။
Facebook user တွေအနေနဲ့ page တစ်ခုကို like လုပ်ထားရင် အဲဒီ page က information မှန်သမျှကို news feed မှာတွေ့နေရမှာပါ။
ဒါမှမဟုတ် like ပဲလုပ်ထားပြီး follow မလုပ်လို့လဲရပါတယ်။
အားသာချက် - Page တစ်ခုကို လွယ်ကူစွာနဲ့အခမဲ့ဖန်တီးလို့ရပါတယ်။
အားနည်းချက် - Page တစ်ခုထောင်ရုံနဲ့ အသေအချာ ခြေကုပ်ယူဖို့နဲ့ Fan များများရဖို့က သိပ်မလွယ်လှပါဘူး။
2. Ads
Facebook မှာ သင့်အနေနဲ့ နေရာဒေသ၊ အသက်အရွယ်၊ ပညာအရည်အချင်း စတာတွေနဲ့ Facebook user တွေအသုံးပြုတဲ့ device တွေအပေါ်မှာတောင် မူတည်ပြီး ကိုယ်လိုချင်တဲ့ customer ရဖို့ ads တွေသုံးလို့ရပါတယ်။
Facebook က user တွေကို ကိုယ်မကြိုက်တဲ့ ads ကို ပိတ်ခွင့်လည်းပေးထားပါတယ်။
အားသာချက် - Ads တွေဟာ တကယ် target ထားတဲ့ customer တွေရဖို့ အရမ်းအသုံးဝင်ပါတယ်။
အားနည်းချက် - Ads တွေသုံးတဲ့ ကုန်ကျစရိတ်ဟာ သင့်ရဲ့ ရည်ရွယ်ချက်အပေါ်မူတည်ပြီး ဈေးများနိုင်ပါတယ်။
3. Groups
Group ဆိုတာကတော့ ဆွေးနွေးချင်တာ ဆွေးနွေးလို့ရတဲ့ ဖိုရမ် သဘောမျိုးပါပဲ။
ဒါ့အပြင် page တွေ profile တွေက feature တွေလည်း အပိုပါပါသေးတယ်။
သင့်အနေနဲ့ ကိုယ့်အလုပ်နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို customer တွေသိအောင် group တစ်ခု ဖန်တီးလို့ရပါတယ်။
အားသာချက် - Group တွေကို အခမဲ့ထောင်လို့ရပြီး customer တွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့အခွင့်အရေးလည်း ပိုများပါတယ်။
အားနည်းချက် - Group တွေသုံးရတာ အချိန်တော့ကုန်ပါတယ်။
_____________________________________
Page တွေသုံးပြီး ဘယ်လိုဈေးကွက်တိုးချဲ့မလဲ?
Page တွေကိုသုံးတာကတော့ marketing စဖို့အတွက် အရိုးရှင်း အလွယ်ကူဆုံးနည်းလမ်းပါ။
Page တွေကို ကောင်းကောင်းအသုံးချနိုင်ဖို့ အောက်ပါအချက်တွေကို ဂရုပြုပါ။
1. Profile Picture နဲ့ Cover Photo
Profile picture ကတော့ သင့်ရဲ့ အမှတ်တံဆိပ်ဖြစ်ရပါမယ်။
Cover photo ကိုတော့ သင့်ရဲ့ page ကို ကြည့်မယ့်သူတွေအတွက် ဆွဲဆောင်မှုဖြစ်စေမယ့် ပုံမျိုး ရွေးချယ်ပါ။
2. About Section
About section ကတော့ သင့်ရဲ့ page logo အောက်မှာနေရာယူထားပါတယ်။
ဒီနေရာဟာ သင့်ရဲ့ business အကြောင်းရှင်းပြဖို့ အခွင့်အရေးကောင်းတစ်ခုပါ။
ကိုယ်ရေးမယ့်စာသားကိုတော့ ထိထိမိမိနဲ့ ရင်းရင်းနှီးနှီးပြောဆိုနေပုံမျိုးရေးဖို့ သတိပြုပါ။
3. Tabs
Tabs တွေကိုတော့ about section ရဲ့အောက်မှာတွေ့ရပါမယ်။
Facebook က application tabs (10) ခုအထိသုံးဖို့ ခွင့်ပြုထားပါတယ်။
Admin တွေ အကြိုက်ဆုံး photo တွေ ဒါမှမဟုတ် link တွေကို tabs တွေရဲ့ ထိပ်ဆုံးမှာထားလို့ရပါတယ်။
4. သင့်ရဲ့ wall မှာ အရေးပါတဲ့ information တွေကိုပဲတင်ပါ
သင်တင်တဲ့ post က fan တွေအတွက် အသုံးဝင်အရေးပါတာမျိုးဖြစ်ပါစေ။
post တွေ ခဏခဏတင်တာမျိုး၊ အကြောင်းအရာတစ်ခုတည်းကိုပဲ ထပ်တလဲလဲတင်တာမျိုး စတာတွေကို ရှောင်ပါ။
သင့်ရဲ့ page မှာ တင်သင့်တဲ့အရာတွေနဲ့ ပတ်သက်ပြီး idea နည်းနည်းပေးချင်ပါတယ်။
- သင့်ရဲ့ business နဲ့ပတ်သက်ပြီးရေးထားတဲ့ article တွေရှိမယ့် link
- သင့်ရဲ့ blog post တွေရှိမယ့် link
- Fan တွေအတွက် သင့်ရဲ့ product နဲ့ပတ်သက်တဲ့ coupon codes တွေ
- Product အသစ်နဲ့ပတ်သက်တဲ့ ကြော်ငြာချက်
- သင့်ရဲ့ fan တွေအတွက် အသုံးဝင်နိုင်တဲ့ tools တွေရှိမယ့် link
ဒါတွေကိုအဓိကထားပြီး တင်ပါ။
5. သင့်ရဲ့ fan တွေကို မေးခွန်းတွေမေးပါ
သင့်ရဲ့ post တွေမှာ မေးခွန်းလေးတွေမေးတာမျိုးဟာ fan တွေနဲ့ရင်းနှီးကျွမ်းဝင်မှုပိုစေပါတယ်။
မေးခွန်းမေးတဲ့နေရာမှာလည်း သင့်ရဲ့ business နဲ့ ဆက်စပ်တာမျိုး ကိုယ့်ရဲ့ product နဲ့ ပတ်သက်ပြီး အကြံဥာဏ်တောင်းတာမျိုးဟာ ကိုယ့်ဘက်ကလည်း fan တွေကို ပိုအလေးထားကြောင်း ပြသနည်းတစ်မျိုးပါ။
6. ရိုးသားပါ
သင့်ဘက်က post တစ်ခုခုတင်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ရိုးသားမှုရှိရဲ့လား ဆန်းစစ်ပါ။ မဟုတ်ရင် မတင်ပါနဲ့။
အလိမ်အညာတွေပါလာတာဟာ fan တွေ မြန်မြန်လျော့ကျမယ့် အချက်ဖြစ်ပါတယ်။
7. သင်တင်တဲ့ post နဲ့ပတ်သက်တဲ့ ရလာဒ်တွေကို လေ့လာပါ
သင့်ရဲ့ page မှာ fan တွေ အရမ်းတိုးလာတာပဲဖြစ်ဖြစ် လျော့ကျသွားတာပဲဖြစ်ဖြစ် တစ်ခုခုဆိုရင် သင်နောက်ဆုံးတင်ခဲ့တဲ့ post တွေကိုလေ့လာသုံးသပ်ပါ။
Fan တွေကြိုက်တတ်တဲ့ content ကြောင့်ဆိုရင် ဒီလို content မျိုးတွေ များများတင်ပါ။
8. Targeted Advertising
သင့်အနေနဲ့ Facebook user တွေရဲ့ profile မှာပေါ်နေတဲ့ အချက်တွေအလိုက် customer တွေကို targetထားလို့ရပါတယ်။
9. Facebook ads အမျိုးအစားများ
Facebook ads အမျိုးအစားတွေကိုတော့ အရင်တစ်ခေါက်ကလည်း ပြောပြပြီးပြီ ဆိုတော့ အထွေအထူး ရှင်းပြစရာမလိုလောက်တော့ဘူးထင်ပါတယ်။
10. သင့်ရဲ့ Ad ကို user တွေက မမြင်အောင်လုပ်ထားလို့ရပါတယ်။
Facebook မှာ ad တစ်ခုကို like လို့ရသလို hide လုပ်ထားလို့လည်းရပါတယ်။
Facebook က ဒီ ad ကို မပိတ်ပေးခင်မှာ ဘာလို့မကြိုက်တာလဲလို့ မေးလေ့ရှိပါတယ်။
ဒါဟာ သင့်ရဲ့ ads နဲ့ပတ်သက်ပြီး ဘာတွေလိုအပ်သလဲဆိုတာသိနိုင်တဲ့ အဖိုးတန် information တစ်ခုဖြစ်လာမှာပါ။
11. တကယ်မိုက်တဲ့ target ထားနည်းတွေ
အရင်ကပြောထားသလိုပဲ Facebook မှာ customer targeting အတွက် အစွမ်းအထက်ဆုံး tools တွေရှိပါတယ်။
ဒါ့အပြင် သင့်အနေနဲ့ ကိုယ် target ထားချင်တဲ့ သူတွေရဲ့ email address စာရင်းရှိပြီး သူတို့ကိုပဲ အဓိက ဆက်သွယ်ချင်ရင် Facebook ads manager ကို သုံးနိုင်ပါတယ်။
12. သင့်ရဲ့ ads တွေကို လိုအပ်သလိုပြုပြင်အသုံးပြုပါ
Ads တွေရဲ့ အကြီးဆုံး အားသာချက်တွေထဲက တစ်ခုကတော့ မတူညီတဲ့ နေရာက လူအုပ်စုတစ်ခုချင်းစီအတွက် မတူညီတဲ့ adsတွေ ဖန်တီးလို့ရတာပါ။
target ထားတာ ပိုတိကျလေလေ ရလာဒ်ကလည်း ပိုကောင်းလေလေပါပဲ။
နိဂုံးချုပ်
သင့်ရဲ့ business အမျိုးအစားဟာ ဘာပဲဖြစ်နေနေ Facebook မှာ မတူညီတဲ့ Marketing နည်းလမ်းတွေရှိပြီးသားပါ။
Facebook ရဲ့ features တွေအားလုံးကို သိဖို့ အချိန်ယူရတယ်ဆိုပေမယ့် ဒါက တကယ်သိဖို့တန်ပါတယ်။
အခုအချိန်မှာ Facebook ဟာ သင့်ရဲ့ Marketing မှာ တစ်စိတ်တစ်ဒေသနေရာယူမထားသေးဘူးဆိုရင် ကျွန်တော့်ရဲ့အကြံကတော့.......
အခုပဲ စလိုက်ကြပါစို့ !
CD-MyanmarOnlineEntrepreneur
Monday, November 19, 2018
၁။ F1
၂။ F2
၃။ F3
၎။ F4
၅။ F5
၆။ F6
၇။ F7
၈။ F8
၉။ F9
၁၀။ F10
၁၁။ F11
၁၂။ F12
#Unicode Version#
ကျမတို့တွေ ကွန်ပျူတာအသုံးပြုကြတဲ့အခါမှာ F key တွေကို အသုံးပြုမိရဲ့လားဆိုတာ စဉ်းစားကြည့်လိုက်ရအောင်။ များသောအားဖြင့် F5 key ကိုတော့ သုံးဖြစ်ကြလိမ့်မယ် ထင်ပါတယ်။ F5 key ကို တစ်ချက်နှိပ်လိုက်ရုံနဲ့ refresh လုပ်ဆောင်ချက်ကို ရရှိနိုင်ပြီး မောက်စ်မှာလို အဆင့်ဆင့် နှိပ်နေစရာမလိုတော့ ပိုပြီးလွယ်ကူအဆင်ပြေတယ် မဟုတ်ပါလား။ F5 key လိုပဲ အခြားသော F key တွေကလည်း အသုံးပြုသူတွေကို လွယ်ကူအဆင်ပြေအောင် အသီးသီးစွမ်းဆောင်ပေးနိုင်ကြပါတယ်။ ဒါဆိုရင် ဘယ် F key တွေက ဘာတွေ လုပ်ပေးနိုင်လဲဆိုတာကို ကြည့်ကြည့်လိုက်ကြရအောင် လား ။
၁။ F1
ကိုယ်က အပ်ပလီကေးရှင်းတစ်ခုခု သုံးနေတယ်ဆိုပါစို့။ ရုတ်တရက် Help menu ကို လိုအပ်လာတဲ့အခါ menu တစ်ခုလုံးကို မျက်စိအနောက်ခံပြီး ပတ်ကြည့်နေတော့မလို့လား။ F1 key တစ်ချက်နှိပ်ရုံနဲ့ Help menu ပွင့်လာမှာမို့ အလွယ်တကူသာ နှိပ်လိုက်ပါ။
၂။ F2
ကိုယ့်ဖိုင်ရဲ့ နာမည်ကို ပြောင်းချင်ရင် အရင်လို မောက်စ်ကနေ အဆင့်ဆင့် “Rename” ဆိုတာကို လိုက်ရှာနေဦးမှာလား။ ပြောင်းချင်တဲ့ဖိုင်ကို ရွေး၊ F2 နှိပ်ပြီး ဖိုင်နာမည်ကို အမြန်ဆုံးပြောင်းပစ်နိုင်ပါပြီ။
၃။ F3
ကီးဘုတ်ရဲ့ F key တွေကို ဘယ်လိုသုံးကြမလဲ 2
အင်တာနက် browsers ထဲမှာ search box ကျလာစေချင်ရင် F3 ကို နှိပ်လိုက်ပါ။ ထို box ထဲမှာ သိချင်တာဖြည့်ပြီး အလွယ်တူ ရိုက်ရှာနိုင်ပါပြီ။
၄။ F4
My Computer မှာ F4 ကို နှိပ်လိုက်မယ်ဆိုရင် Address bar list ကို ပြပေးမှာ ဖြစ်ပါတယ်။ အပ်ပလီကေးရှင်းတစ်ခုခုကို အမြန်ပိတ်ချင်တဲ့အခါမျိုးမှာတော့ Alt key နဲ့ F4 key ကို တွဲနှိပ်ပေးပါ။
၅။ F5
အပေါ်မှာ ပြောသွားသလိုပဲ သူ့ရဲ့လုပ်ဆောင်ချက်ကတော့ refresh လုပ်ပေးတာပါ။ ဒါ့အပြင် Microsoft PowerPoint အပ်ပလီကေးရှင်းမှာဆိုရင် slideshow ကို လုပ်ဆောင်စေပါတယ်။
၆။ F6
Microsoft PowerPoint အပ်ပလီကေးရှင်းမှာ F6 ကို နှိပ်လိုက်ရင် slide ကို နောက်တစ်ချက် ရွေ့ပေးပါတယ်။ Browsers ထဲမှာဆိုရင်တော့ Address bar မှာ ပေါ်နေတဲ့ URL Address တစ်ခုလုံးကို အလွယ်တကူ select လုပ်ပေးနိုင်ပါတယ်။
၇။ F7
Microsoft Office အပ်ပလီကေးရှင်းတွေဖြစ်တဲ့ Microsoft Word၊ Microsoft PowerPoint၊ Microsoft Excel အစရှိတဲ့ အပ်ပလီကေးရှင်းတွေမှာ F7 key ကို နှိပ်ပေးမယ်ဆိုရင် ကိုယ်ရေးထားတဲ့စာတွေကို စာလုံးပေါင်း မှန်၊မမှန် စစ်ပေးတဲ့ Spelling and Grammar Check လုပ်ဆောင်မှုကို လုပ်ဆောင်ပေးပါတယ်။
၈။ F8
Microsoft Office အပ်ပလီကေးရှင်းတွေမှာ တစ်ခုခုမှတ်သားထားတာကို တိုးပြီးမှတ်ချင်တဲ့အခါ F8 key တစ်ခုတည်းနဲ့ အလွယ်တကူလုပ်ဆောင်နိုင်ပါတယ်။
၉။ F9
F9 key ကို Microsoft Office အပ်ပလီကေးရှင်းတွေမှာ Update လုပ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။
၁၀။ F10
F10 key ကတော့ Menu bar options ကို ပွင့်စေပါတယ်။ အလွယ်တကူ menu ထဲကအရာတွေကို ရွေးချယ်ချင်တဲ့အခါမျိုးမှာ အသုံးဝင်တဲ့ key အမျိုးအစား ဖြစ်ပါတယ်။
၁၁။ F11
ကိုယ်ကြည့်နေ၊အသုံးပြုနေတဲ့အရာကို Full screen ဖြစ်ချင်တဲ့အခါမျိုးမှာ F11 key နဲ့ လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် Microsoft Office အပ်ပလီကေးရှင်းတွေမှာ Visual Basic Editor ကို ပွင့်စေပါတယ်။
၁၂။ F12
သူကတော့ ဖိုင်တွေကို တခြားနာမည်တစ်ခုနဲ့ သိမ်းစေချင်တဲ့အခါမျိုးမှာ အသုံးဝင်ပါတယ်။ F12 key ကို နှိပ်မယ်ဆိုရင် “Save as” ဆိုတဲ့ box တစ်ခု ထွက်ပေါ်လာပါလိမ့်မယ်။
အခုလောက်ဆိုရင်တော့ F key တွေကို ဘယ်လိုမျိုး သုံးလို့ရမလဲဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။
Computer Normal User Kyar Phyu
Wednesday, March 28, 2018
မိတ်ဆွေများ ဂျင်းအထည့်မခံကြရစေလို(bff,You’re The Best Best Wishes You Got This Congratulations)
Facebook အသုံးပြုသူတိုင်း ကိုယ့် account ကို ကိုယ်စစ်နိုင်ပါပြီ
Facebook ပိုင်ရှင် CEO Mark Zukerburgဟာ BFFဆိုတဲ့စာလုံး ပြုလုပ်ထားပါတယ်။ hackerတွေရဲ့ အန္တာရယ်က လွတ်အောင်ပါ။
ကွန်မန့်မှာ BFF ကို ရိုက်ကြည့်ပြီး ကိုယ့်account ရဲ့ security ကောင်းမကောင်းကြည့် လို့ရပါတယ်
အဆိုပါ BFF လေးဟာ အစိမ်းရောင်ပြောင်းသွားပါက ကိုယ့် FB account လုံခြုံကြောင်းသိရမှာပါ...
အကယ်၍ မီးစိမ်းမပြောင်သွားပါက မိမိ Password ကိုချက်ချင်း ပြောင်းလဲရန် Facebook ပိုင်ရှင် Mark Zukerberg ကိုယ်တိုင်ပြောဆိုထားပါတယ်။
သင့်သူငယ်ချင်းများသိအောင်လဲ ရှယ်ပေးပါ။
...............
နောက်ဆက်တွဲကတော့
 You’re The Best
Best Wishes
You Got This
 Congratulations
 XOXOကိုရိုက်လို့ အရောင်တွေ ပြောင်းမပြောင်းလဲ
စစ်ဆေးကြည့်ကြပါဦး။
.....................................
မိတ်ဆွေများ ဂျင်းအထည့်မခံကြရစေလို။
အစိမ်းရောင်ပြောင်ခြင်းနှင့် ကောင်လုံခြုံရေးဘာမျှ မသက်ဆိုင်ပါကြောင်း..........
Tuesday, March 20, 2018
Facebook ကျဆုံးခြင်း
ကမ္ဘာပေါ်မှာ လူ သန်း ၁၀၀၀ ကျော် အသုံးပြုနေတဲ့ Facebook ဟာ အခုအခါမှာတော့ အကြပ်အတည်းဆုံးအချိန်ကို ဖြတ်သန်းနေရပီဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ထရန့်ရဲ့ အကြံပေး ဘန်နွန်ကနေတဆင့် ကန်းဘရစ်အန်နာလိုင်တစ်ကာလို့ခေါ်တဲ့ သုတေသန Companyတခုဟာ ၂၀၁၆ ရွေးကောက်ပွဲမှာ ထရန့်အနိုင်ရဖို့ Facebook က တဆင့် ပြင်ဆင်ခဲ့ကြပါတယ်။ Facebook ဟာ လူ သန်း ၅၀ ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပေးခဲ့တယ်လို့ တချို့ကဆိုသလို တချိုံ့က အဟက်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Facebook ဟာ ဒီအကြောင်းကို ထိန်ချန်ထားခဲ့ပီး မထုတ်ဖော်ခဲ့ပါဘူး။ ဒါကြောင့် ဒီအဖွဲ့တွေဟာ ရွေးကောက်ပွဲမှာ အဆိုပါ လူတွေဆီ နိုင်ငံရေးကြေညာတွေ တောက်လျှောက်ပို့ဆောင်ပီး မဲဆွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် Brexit မှာလဲ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အခုနောက်ဆုံး အင်္ဂလန်မှာ ပြသနာတွေ ဖြစ်လာတဲ့အချိန်မှာ The Guardian က ဒီအကြောင်းကို ထုတ်ဖော်တင်ပြလိုက်လို့ ဟိုးလေးတကြော်ဖြစ်နေပါတယ်။ အမေရိကန်က နာမည်ကြီးသတင်းစာ New York Times ကလဲ ထုတ်ဖော်ရေးသားခဲ့သလို စုံစမ်းရေးကော်မတီက မာ့ခ်ဇူကာဘက်ကို လာရောက်ရှင်းလင်းဖို့ ဆင့်ခေါ်နေပါပီ။
ဒါ့အပြင် ဒေါသထွက်နေတဲ့ လူတွေက သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားမှုအတွက် ဇူကာဘက်ကို ဒေါသတကြီး ဝေဖန်နေကြပီး ဒီနေ့မှာတော့ Twitter မှာ #Deletefacebook ဆိုတဲ့ ကမ်ပိန်းကို ပြုလုပ်နေပီး Facebook အကောင့်ပေါင်းများစွာကို ဖျက်သိမ်းနေကြပါပီ။ ဒါကြောင့် Facebook ရဲ့ ရှယ်ယာတွေဟာလဲ ဆက်တိုက်ထိုးဆင်းနေပါတယ်။ မိတ်ဆွေတို့လဲ ကိုယ်ရေးဓာတ်ပုံတွေ၊ အချက်အလက်တွေ၊ စကားပြောဆိုမှုတွေမှာ လျို့ဝှက်အပ်သော မည်သည့်အရာတွေ Facebook ပေါ်မှာ ပြောဆိုသိမ်းဆည်းမိပီလဲဆိုတာ ပြန်လည်သုံးသပ်သင့်ပါပီ။ အဆုံးသတ်ရရင်တော့ Facebook ဟာ ယုံကြည်စိတ်ချရတဲ့နေရာတခုမဟုတ်ပဲ မိမိကိုယ်ရေးအချက်အလက်တွေဟာ ပေါက်ကြားခံရနိုင်ချေရှိနေလို့ အလွန်သတိထားသင့်တဲ့ အနေအထားကို ရောက်ရှိလာနေပါပီလို့ ဆိုလိုက်ပါရစေ။
Credit Nay Thway
Wednesday, January 24, 2018
Facebook အပြောင်းအလဲ
f စာလုံးဖြင့် စသော Facebook သည် f စာလုံးများနှင့် စသည့် Family နှင့် Friends တို့က တင်သည်ကိုသာ သူ၏ News Feed တွင် ဦးစားပေးပြတော့မည်။ ယင်းသတင်းထွက်လာအပြီး ကမ္ဘာတစ်လွှားတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားသည်။ မြန်မာနိုင်ငံသားအများအပြားအတွက် အင်တာနက်သည် Facebook ဖြစ်သည်။ ထို့ကြောင့် Facebook အပြောင်းအလဲသည် မြန်မာနိုင်ငံအတွက် ကြီးမားသောအပြောင်းအလဲလည်း ဖြစ်သည်။
ဆိုလိုသည်က သတင်းမီဒီယာများအပါအဝင် လုပ်ငန်းများက တင်သည်တို့ကို နောက်နားပို့တော့မည်။ Page ထောင်ထားသော လုပ်ငန်းမှန်သမျှ ထိမည့်သဘော။ စီးပွားရေးလုပ်ငန်းများ၊ သတင်းမီဒီယာများ၊ နာမည်ကျော်ပုဂ္ဂိုလ်များ Celebrities များက တင်သည်တို့ကို နည်းနည်းသာ မြင်ရတော့မည်။ မိမိ၏ Newsfeed တွင် Page များကတင်သည့် Post များအစား မိမိ၏ Friend List သူငယ်ချင်းစာရင်းထဲမှ သူငယ်ချင်းများ၏ Post များအား ပိုပြီးမြင်တွေ့ရတော့မည်ဖြစ်သည်။ ထိုသို့ သတင်းမီဒီယာများ၊ လုပ်ငန်းများမှတင်သော Post များကို နည်းနည်းသာ မြင်တွေ့ရတော့မည်ဖြစ်သည့်အတွက် လူတို့ Facebook ပေါ်တွင် နေချိန် နည်းလာမည်ဖြစ်သော်လည်း ထိုနေချိန်သည် အရသာပိုရှိနေလို့ ကောင်းလာမည့် Quality Time ဟု Facebook က မျှော်လင့်သည်။
သတင်းမီဒီယာအချို့ကမူ Facebook နှင့် သတင်းမီဒီယာတို့ ကွာရှင်းပြတ်စဲခြင်းဟု ကင်ပွန်းတပ်ကြသည်။ သတင်းမီဒီယာများသည် Facebook ပေါ်တွင် Page များထားရှိကြပြီး Facebook မှသည် သူတို့၏ Website များသို့ လွှဲပို့ပေးသည့်ပရိသတ်ကို အားကိုးနေကြရသည်။ နောင်တွင် Facebook ပေါ်တွင် သတင်းမီဒီယာများမှ သတင်းများကို အမြင်အတွေ့နည်းသွားတော့မည်။ Facebook ပေါ်တွင် အပြောင်းအလဲများသည် လုပ်နေကျဖြစ်သော်လည်း ယခုအခေါက်သည် ယခင်အခါများနှင့်မတူ၊ ကြီးမားသော အပြောင်းအလဲဖြစ်သည်။
Facebook ပေါ်မှာသာ တည်ရှိသော သတင်းမီဒီယာတို့ ပိုနာမည်။ သတင်းစာ၊ ဂျာနယ်ကဲ့သို့ အပြင်မှာ ထုတ်ဝေသော သတင်းမီဒီယာများ၊ သမားရိုးကျ ရုပ်သံမီဒီယာတို့သည် တစ်ဖက်တွင် တက်လာနိုင်သေးသည်ဟု ပြောသူကပြောကြသည်။
အထိဆုံးက Video ဖြစ်မည်ဟု ပြောကြသည်။ Video သည် Passive Content ထိုင်၍အကြည့်များသော အရာဖြစ်သောကြောင့်ဟုဆိုသည်။ Video ကြည့်နေလျှင် Facebook ပေါ်တွင် Live လုပ်ခြင်း၊ comment ပေးခြင်းများ နည်းသွားသည်ဟု Facebook က သုတေသနပြုချက်များဖြင့် ပြောသည်။ Facebook တွင် ပြသရန် ရည်ရွယ်ထားသော Video ထုတ်လုပ်သူများ နာမည့်သဘော။
အမှန်တွင် Facebook သည် ကုန်တိုက်ကြီးနှင့်တူသည်။ သူ့ထံတွင် အခန်းငှားနေသည့်အတွက် သူ့စည်းကမ်းလိုက်နာရသည်။ သူ အခန်းခတိုးတောင်းလျှင်လည်း ပေးရသည်၊ နှင်ချလည်းထွက်ရသည်။
CNBC လားမသိ၊ သတင်းမီဒီယာတစ်ခုတွင်မူ ‘သတင်းမီဒီယာကို လုံးဝကန်ထုတ်လိုက်လျှင် ကောင်းမည်ဟု’ ဆောင်းပါးတစ်စောင်က ရေးသားသည်။ သို့မဟုတ်လျှင် သတင်းမီဒီယာများသည် ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ Facebook ခိုင်းသည့်အတိုင်းပဲ လိုက်လုပ်နေသောကြောင့်တဲ့။ Like များများရမည့်အရာများနောက်လိုက်နေသဖြင့် ပြည်သူအတွက် တကယ်အရေးကြီးသည့်အရာများနောက် မလိုက်ဖြစ်တော့၊ Facebook က ကန်ထုတ်လိုက်မှ တကယ်အရေးကြီးတာတွေ လိုက်ဖော်ပြသည့်အတွက် တကယ့်သတင်းမီဒီယာပြန်ဖြစ်လာမည်ဟု ရေးသူက ဆိုလိုခြင်းဖြစ်သည်။ သတင်းကောင်း၊ သတင်းဗီဒီယိုကောင်း၊ သတင်းဆောင်းပါးကောင်းတို့ကို Facebook တွင် Like အရေအတွက် comment အရေအတွက်ဖြင့် တွက်နေကတည်းက သတင်းမီဒီယာတို့၏ မူလရည်ရွယ်ချက် ပျောက်ဆုံးခဲ့ပြီဟု လွန်ခဲ့သော ၂ နှစ် သုံးနှစ်ကတည်းက စိုးရိမ်ခဲ့ကြသည်။
ဘာ့ကြောင့်
လောလောဆယ်တွင် Facebook ရှယ်ယာဈေးကျသွားသည့်အတွက် တည်ထောင်သူ Zuckerberg ၏ ချမ်းသာကြွယ်ဝမှုပင် ဒေါ်လာ သုံးဘီလီယံခွဲနီးနီး လျော့ကျသွားသည်။ နောင်တွင် လူတို့ Facebook ပေါ်တွင်နေချိန်၊ သုံးစွဲချိန်နည်းသွားလိမ့်မည်။ စင်စစ် လူတို့ Facebook ပေါ်တွင် ကြာကြာနေအောင် လုပ်နိုင်ခြင်းသည် Facebook ၏ အောင်မြင်မှုဖြစ်သည်။ ထို့ကြောင့် လူတို့နေချိန် ကြော်ငြာထိုးရန် ကြော်ငြာရှင်တို့ ရောက်လာကြခြင်းဖြစ်သည်။ Facebook သည် ကိုယ့်သေတွင်းကိုယ် ဘာကြောင့်တူးရပါသလဲ။
ထိုမေးခွန်းကိုဖြေရန် Facebook တည်ထောင်သူ Zuckerberg ၏ နှစ်သစ်ကူးအဓိဋ္ဌာန်က စရမည်။ တစ်နှစ်အတွင်းလုပ်ရန် သူ့ကိုယ်သူ စိန်ခေါ်သည့်အဓိဋ္ဌာန်ကို နှစ်သစ်ကူးတိုင်း လူသိရှင်ကြား ချမှတ်လေ့ရှိသည်။ တစ်နေ့ တစ်မိုင်ပြေးမည်၊ တရုတ်ဘာသာစကားသင်မည် စသည်ဖြင့် နှစ်စဉ်အဓိဋ္ဌာန်များချမှတ်လေ့ရှိသော Zuckerberg သည် ၂၀၁၈ အတွင်း လုပ်ဆောင်ရန် အဓိဋ္ဌာန်ကို ‘Facebook ကို ပြင်ဆင်ရန်’ ဟု ၂၀၁၈ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကြေညာလိုက်သည်။ ထိုသို့ ကြေညာပြီး တစ်ပတ်မျှအကြာတွင် Page များအစား Friend နှင့် Family များ၏ Post များကို ဦးစားပေးတော့မည်ဟူသော Facebook ကြေညာချက်ကို Zuckerberg က ကြေညာလိုက်ခြင်းဖြစ်သည်။
Facebook ကို ဝေဖန်ချက်များသည် ယခုနှစ်များအတွင်း အထူးမြင့်တက်လာသည်။ Facebook သည် စိတ်ကျရောဂါ ဖြစ်ပွားစေသည်၊ ဖုန်းကို စွဲလမ်းမှုဖြစ်ပေါ်စေသည်၊ မှတ်ဉာဏ်ကို ထိခိုက်စေသည်၊ အမုန်းတရား ပြန့်ပွားစေသည်၊ Fake News ခေါ် သတင်းတုသတင်းယောင်များ ပျံ့နှံ့စေသည် စသည်ဖြင့် ဝေဖန်ချက်များစွာရှိသည်။ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲကို Page များမှတစ်ဆင့် Facebook တွင်တင်သောကြော်ငြာများ၊ Post များမှတစ်ဆင့် ရုရှားဘက်က လွှမ်းမိုးရန် ကြိုးစားခဲ့သည်ဟူသော စွပ်စွဲချက်သည် အဆိုးရွားဆုံးဖြစ်ပြီး ယင်းကို Facebook သည် အသည်းအသန်ဖြေရှင်းခဲ့ရရာမှ ယခုအခါ ထိုကဲ့သို့ ဖြစ်ခဲ့ကြောင်း ဝန်ခံလိုက်ပြီဖြစ်သည်။ သို့သော် ထိုသို့ ရုရှားဘက် သုံးစွဲခဲ့သည့်ပမာဏသည် ၂၀၁၆ရွေးကောက်ပွဲအတွက် Facebook ပေါ်တွင် သုံးခဲ့သောငွေ၏ မဖြစ်စလောက် ပမာဏသာဖြစ်ရာ သက်ရောက်မှုကို ခန့်မှန်းရန်မလွယ်။
ပြဿနာ၏ အဓိကမှာ Facebook အနေနှင့်မူ Social Media ဟု သူ့ကိုယ်သူကြွေးကြော်ခဲ့ရာမှ Media ဖြစ်မှန်းမသိ ဖြစ်လာခဲ့ခြင်းကြောင့်ဖြစ်သည်။ Facebook သည် စထောင်သည်ကိုက Social Media။ လူမှုရေးအတွက် အဓိက။ သူငယ်ချင်းများ မိတ်ဆွေများကြားထဲ ကူးလူးဆက်ဆံနိုင်ရန် ထူထောင်ခြင်းဖြစ်သည်။ နောက်တွင် သူ့ Business Model က စီးပွားရေးလုပ်ငန်း ဦးစားပေးဖြစ်သွားသည့်အတွက် မူလရည်ရွယ်ချက် ပြောင်းသွားခြင်းဖြစ်သည်။ သတင်းမီဒီယာ ပေါင်းစုံကတင်သည့် သတင်းများလည်ပတ်နေသဖြင့် Facebook သည် သတင်းအစုံဆုံး၊ အမြန်ဆုံး၊ အကြီးဆုံး မီဒီယာသဖွယ်ဖြစ်လာခဲ့သည်။ Facebook သည် မီဒီယာဖြစ်လာသော်လည်း Media တစ်ခု ကျင့်ကြံသင့်သည်များကို မကျင့်ကြံဟု Facebook ကို ဝိုင်းဝန်းဝေဖန်မှု များပြားလာသည့်အခါတွင် “Facebook သည် စင် Platform သာဖြစ်သည်။ စင်ပေါ်တွင် လူပေါင်းစုံ၊ အဖွဲ့ပေါင်းစုံက လာတင်ထားကြသည်များကို အခြားသူများက မြင်ရခြင်းသာဖြစ်သည်” ဟု တုံ့ပြန်သည်။ Facebook သည် မီဒီယာလုပ်ငန်းမဟုတ် နည်းပညာလုပ်ငန်းသာဖြစ်သည် ‘Facebook is not a media company. Facebook is a Technology Company’ ဟုလည်း တုံ့ပြန်လေ့ရှိသည်။
Facebook ကို Zuckerberg က ကယ်လိုက်ခြင်းဟု ဆိုသူက ဆိုကြသည်။ Facebook သည် Fake News များကြောင့်လည်းကောင်း၊ အခြားသောဝေဖန်ချက်များ ပြင်းထန်လာသည့်အတွက်လည်းကောင်း အစိုးရက အရေးယူခံရမည့်၊ တင်းကျပ်ခံရမည့် Regulation Risk ရှိနေရာ ယခုကဲ့သို့ဆောင်ရွက်ချက်ကြောင့် Regulation Risk လျော့ပါး သွားသည်ဟု အကဲခတ်များက ဆိုကြသည်။
ယခု Facebook လုပ်လိုက်ခြင်းသည် တကယ့်တစ်ချက်ခုတ် နှစ်ချက်ပြတ်ဟုလည်း ပြောသည်။ facebook သည် လူတို့ ရေးသည်သားသည်၊ သူတို့အကြောင်းသူတို့ ပြောကြသည်ကိုကြည့်ပြီး ထိုသူ ဘာကြိုက်သလဲအကဲခတ်၊ ပြီးလျှင် သူကြိုက်မည့် ကြော်ငြာကိုပစ်ချင်သည်။ သတင်းများ၊ လုပ်ငန်းများက တင်သည်တို့က များလာသည့်အတွက် လူတို့က သိပ်မရေးကြတော့၊ လုပ်ငန်းများက တင်သည်ကိုပဲ ကြည့်ကြသည်။။ အချင်းချင်း Post ကို အခြေခံပြီး အပြန်အလှန်ပြောဆိုခြင်း နည်းလာသည်။ Video ကမူ Facebook ၏ ရန်သူဖြစ်သွားသည်။ Video ကြည့်လိုက်လျှင် ကျန်သည်များ မကြည့်ဖြစ်တော့။ Video ကချည်း အချိန်စားသွားသည်ဟု Facebook က ယူဆသည်။
ငွေကြေးရရှိမှုအားဖြင့်လည်း ကြော်ငြာပမာဏနည်းလာလျှင်ပင် ကြော်ငြာခ ဈေးတင်လိုက်ရုံ။ ကြော်ငြာခဈေးတင်လို၍ တစ်ဖက်လှည့်ဖြင့် လုပ်ခြင်းဟုပင် အချို့က ဆိုကြသည်။ Facebook ပေါ်တွင် ကြော်ငြာခ ဈေးတက်သွားနိုင်သည့်အတွက် လုပ်ငန်းငယ်လေးများ၊ ငွေသိပ်မသုံးချင်သူများသည် အခြားနေရာတို့ကို ရှာရတော့မည်။
ပရိသတ်များထံသို့ Facebook တွင် ကိုယ်ပိုင် Page ဖြင့် ရောက်ချင်ကြသည့် လုပ်ငန်းများအဖို့ Facebook ၏ လုပ်ရပ်သည် ရင်ဝကို ဆောင့်ကန်လိုက်သကဲ့သို့ ဖြစ်သည်။ ယခင်လောက် ပရိသတ်ထံသို့ များများနှင့် မြန်မြန်မရောက်နိုင်တော့သည့်အတွက် Facebook သည် လုပ်ငန်းများအတွက် ယခင်ကလောက် သာယာနေပျော်ဖွယ်နေရာ မဟုတ်တော့ပေ။ အင်တာနက်အားဖြင့် ပရိသတ်များဆီကို ရောက်ရန် Website များကို ပိုအားကိုးလာရဖွယ်ရှိသလို သတင်းစာဂျာနယ်များနှင့် ရုပ်သံလွှင့်မီဒီယာများကိုလည်း ဆက်အားထားရဖွယ်ရှိသည်။ မြန်မာအစိုးရအနေနှင့်မူ Facebook တွင် သတင်းအချက်အလက်များ လျော့ပါးသွားမည်ဖြစ်သည့်အတွက် Facebook ပေါ်မှနေပြီး Google ပေါ်သို့ မြန်မာများ ပိုရောက်အောင် ကြိုးစားသင့်သည်။
Fake News များကြောင့် Facebook ပျက်ရသည်ဆိုပြီး သတင်းဌာနကြီးများ၏ သတင်းများကို ပယ်လိုက်လျှင် သတင်းတုများ ပိုကြီးစိုးလာမည်ဟုလည်း ပြောဆိုနေကြသည်။ အထူးသဖြင့် ကောလာဟလကို ယုံကြည်ကြသည့် မြန်မာနိုင်ငံတွင် ယခုအပြောင်းအလဲကို မျက်စိဒေါက်ထောက် ကြည့်ရှုရန်လိုအပ်သည်။
ယခုအပြောင်းအလဲကြောင့် Facebook ပေါ်တွင် နေရသည့်အချိန်သည် သာသာယာယာပြန်ဖြစ်လာမည်၊ အမုန်းတရားများ လျော့ပါးလာမည်ဟု Facebook က မျှော်လင့်သည်။ သို့သော် Facebook စွဲလမ်းခြင်းသည် မူးယစ်ဆေးဝါးစွဲလမ်းခြင်းနှင့် အလားတူ ဦးနှောက်၏ နေရာများပေါ် သက်ရောက်ကြောင်း သုတေသနအချို့က ဆိုသည်။ ပြည်သူ့ကျန်းမာရေးနှင့် ပြည်သူတို့၏ အချိန်များသည် Facebook ကြောင့် ကုန်ဆုံးနေကြသည်ဟု ဝေဖန်ချက်များကိုလည်း ယခုအပြောင်းအလဲက ဖြေရှင်းနိုင်မည်လားဟု မေးခွန်းထုတ်နေကြသည်။
အရေးကြီးသည်မှာ မြန်မာနှင့်ပတ်သက်သည့် မေးခွန်းဖြစ်သည်။ မြန်မာတွင် အင်တာနက်မရှိဟု ဖြေချင်ဖြေမည်။ Facebook ကို နေ့တိုင်းသုံးသည်ဟုဖြေမည့်သူ များလှသည်။ Facebook နိုင်ငံသား များပြားလာသည့် မြန်မာနိုင်ငံတွင် Facebook အပြောင်းအလဲကြောင့် မည်သို့ ဖြစ်လာနိုင်မည်နည်း။
ဇေယျသူ - The Voice.