Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 15, 2013

ကြက်သွန်ဖြူဆီကကင်ဆာဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးတို့၏



လေ့လာမှုအသစ် တစ်ခုအရ ကြက်သွန်ဖြူအဆီ စားသုံးခြင်း အားဖြင့် ကင်ဆာဓာတုကုထုံးများ၊ ဓာတ်ရောင်ခြည်ကုထုံးများကြောင့် သွေးဖြူဥလျော့နည်းလာသည့်ပြဿ နာဖြစ်ပွားမှုအား သက်သာစေ ကြောင်း ကြွက်များတွင် စမ်းသပ်တွေ့ ရှိခဲ့ကြသည်။ ယင်းတွေ့ရှိချက်မှ အတွေးအခေါ်များအရ ကင်ဆာ ဝေ ဒနာရှင်များအနေဖြင့် ကြက်သွန်ဖြူ အဆီအား ဖြည့်စွက်ဓာတ်စာအနေ ဖြင့် စားသုံးပေးခြင်းအားဖြင့် ကျန်းမာ ရေးအတွက် ကောင်းကျိုးများရလာ နိုင်သည်ဟု ယူဆရသည်။ ကြက်သွန် ဖြူဆီက ကင်ဆာဝေဒနာ ရှင်များတွင် ကုထုံးများ၏ ဘေးထွက်ဆိုးကျိုးများ ကို သက်သာစေနိုင်ကြောင်း အတည် ပြုရန် ဆက်လက်စမ်းသပ်မှုများ ပြုလုပ်ဖို့ လိုသေးသော်လည်း ကြက် သွန်ဖြူသည် သဘာဝပစ္စည်းဖြစ်ကာ ဘေးထွက် ဆိုးကျိုးလည်းမရှိသဖြင့် ကင်ဆာဝေ ဒနာရှင်များအနေဖြင့် စမ်းသပ်စားသုံးကြည့်သင့်သည်

ဖိုးသောကြာ
ref:ANI
Health Updates Journal
Vol.2, No.27

Health Updates Journal

No comments:

Post a Comment