Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 11, 2013

ဖရဲသီး၏ ကျန်းမာရေးအကျိုးကျေးဇူးများ




... ဖရဲသီးတွေဟာ ဗီတာမင်အမျိုးမျိုးပြည့်စုံကြွယ်ဝတဲ့ အသီးဖြစ်ပါတယ်... မျက်စိကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ ဗီတာမင်-A၊ ကိုယ်ခံအားစနစ်တွေကို ကြံ့ခိုင်သန်စွမ်းစေဖို့၊ အနာတွေကျက်စေဖို့၊ ဆဲလ်ထိခိုက်မှုတွေက ကာကွယ်ပေးဖို့၊ သွားနဲ့သွားဖုံးတွေကို ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးနိုင်တဲ့ ဗီတာမင်-C နဲ့ ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကိုအထောက်အကူပြုပြီး အသားဓာတ်ကနေ စွမ်းအင်အဖြစ်ပြောင်းလဲဖို့ ကူညီလုပ်ဆောင်ပေးတဲ့ ဗီတာမင်-B6 တို့ပါဝင်ပါတယ်....

ဖရဲသီးဟာ တခြားဘယ်သီးနှံတွေထက်မဆို lycopene ပါဝင်မှုအမြင့်မားဆုံးဖြစ်ပါတယ်... lycopene ဟာ စွမ်းအားမြင့် antioxidant ဖြစ်ပြီး နှလုံးရောဂါနဲ့ ကင်ဆာရောဂါအမျိုးမျိုးကို တိုက်ဖျက်ပေးနိုင်ပါတယ်... အထူးသဖြင့် သုတ်ရည်ဂလင်း (ပရော့စတိတ်) ကင်ဆာကို ပျောက်ကင်းစေပါတယ်...

ဒါ့အပြင်ဖရဲသီးမှာ ကြွက်သားနဲ့ အာရုံကြောတွေရဲ့ လုပ်ဆောင်မှုကို အထောက်အကူပြုတဲ့ ပိုတက်စီယမ်အများအပြားပါဝင်ပါတယ်... ပိုတက်စီယမ်ဟာ ကိုယ်ခန္ဓာကို သင့်လျော်တဲ့ အီလက်ထရိုလိုက်နဲ့ acid-base မျှခြေကို ထိန်းထားပေးပါတယ်... ပြီးတော့ သွေးဖိအားမြင့်မားမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်...
 https://www.facebook.com/?ref=logo#!/photo.php?fbid=590048197673316&set=a.544153038929499.130627.543836485627821&type=1&theater

No comments:

Post a Comment