Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, December 25, 2013

"အောင်မဲညို"

 
ဂန့်ဂေါနယ်မှဆေးဝင်ပင်များ... "အောင်မဲညို" butterfly pea . Botanical name: Clitonia ternatea ( Family . Fabaceae ) အမည်ကသာ အောင်မဲညိုလို့ခေါ်ကြပေမဲ့ တကယ်တန်းအပွင့်အရောင်က တော့ အပြာရောင်ဖြစ်ပါတယ် အောင်မဲညို ရှိသလို အောင်မဲဖြူဆိုတာလည်းရှိပါသည် ၂ ပင်စလုံး Genus တူကြပြီး အပွင့်အရောင်သာကွဲပြားပါသည်။ မာကြောသောနွယ်ပင်ဖြစ်ပြီး အခြားသောအပင်များကို မှီတွယ်ပေါက်သော နွယ်ပင်တမျိုးဖြစ်ပါသည်။ အရွက်မှာရွက်ပေါင်းဖြစ်ပြီး ၅ ရွက်ပါပါသည်။ အပွင့်ပုံစံကအခြားပဲပွင့်များ နှင့်မတူ ထူးခြားလှပါသည်။ အခုလထဲမှာ တောလမ်း ရွာဝင်းထရံ လယ်ကွင်းစပ်များတွင် တပင်လုံးဝေစာနေအောင်ပွင့်တတ်ပါသည်။ အညာဒေသမှာတော့ အတော်ထင်ရှားသော အပင်တပင်ပါ ချင်းတောင်မှာတော့မတွေ့နိုင်ပါဘူး။ အောင်မဲညိုပင် လေးတွေဟာ တိုင်းရင်းဆေးဖက်ဝင်အပင်လေးတွေပါ အဖြူ အညို 2 မျိုးစလုံး၏ ဆေးဝင်ပုံကတော့ အတူတူပင်ဖြစ်ပါသည်။ အရှင်နာဂသိန်ဆေးကျမ်းမှာလေ့လာနိုင်ပါတယ်။ အောင်မဲညိုပင်လေးတွေဟာ ပဉ္စငါးပါးအသုံးဝင်ကြပါတယ်။ အထူးသဖြင့် အမြစ်ဟာ ကာမကိုတိုးပွားစေတာကတောမှတ်ဖွယ်ရာပါဘဲ။ ပန်းနာ ရင်ကြပ် ရေဖျဉ်းရောဂါ တွေကိုလည်းကုသနိုင်တယ်လို့ဆိုထားပြန်ပါတယ်။ ဂန့်ဂေါနယ်တဝိုက်မှာတော့ အရမ်းကို အတွေ့များတဲ့အပင်ပါ။ တခါတလေ အပင်အမည်ကိုတော့ကြားဖူးပြီး မူရင်းပင်ကို မမြင်ဖူးတဲ့သူတွေအတွက်ပါ။ ရယ်စရာလားဘာလားတော့မသိ ဘူး ငယ်က ဆရာကြီးတဦးသင်ခဲ့တာကတော့ တသက်တာမှတ်ဖွယ်ရာပါဘဲ zoology ဘာသာရပ်မှာ female reproductive system of rabbit မှာ clitoris အသံထွက်ဟာ အောင်မဲညိုရဲ့ genus name ဖြစ်နေတာကတော့ မှတ်ရတာလွယ်ကူစေတာပေါ့ဗျာ။ 
kothetnaing kalay uni 2013
 

No comments:

Post a Comment