Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 26, 2013

~အစာမကျေရင်ပူခြင်း နှင့်အိမ်တွင်းကုထုံး~


Tuesday, August 27, 2013

အစာအိမ်မှအက်ဆစ်အထွက်များပြီး၊ ပိုလျှံသောအက်ဆစ်များက လည်ချောင်းသို့  ဆန်တက်လာခြင်းကြောင့် အစာမ ကျေရင်ပူလာရသည်။ အစာအိမ်နှင့် အူတို့ တွင် ပြင်းထန်စွာနာကျင်စေတတ်ပြီး
၊ အီလည်လည်ဖြင့် အလွန်ခံစားရခက် သော ဝေဒနာဖြစ်သည်။

ဘာကြောင့်ဖြစ်….

အစပ်လွန်ကဲစွာစားခြင်း။
အစာကိုကျေညက်အောင်ဝါးမစားဘဲ အမြန်မြိုချခြင်း။
ဝမ်းနည်းငိုကြွေးစဉ် အစာမျိုချခြင်း။
အအိပ်အနေမမှန်ခြင်း။
အရက်သေစာသောက်းစားခြင်း။
ကိုယ်ဝန်သည်များတွင် သန္ဓေသားလောင်းကြီးထွားလာခြင်းကြောင့် အစာခြေအင်္ဂါအပိုင်းသို့ သားအိမ်မှ အားညှစ်ထုတ် ရခြင်း။
အ၀လွန်သူများတွင် အစာချေအင်္ဂါပေါ်သို့  ဖိအားသက်ရောက်ခြင်းကြောင့်လည်း အစာမကျေရင်ပူစေသည်။

သဘာဝကုထုံး….

ဌက်ပျောသီးက အက်ဆစ်အထက်ဆန်ခြင်းကို ကာကွယ်ပေးသဖြင့် တစ်နေ့ တလုံးမှန်မှန်စားပေးပါ။ ပြင်းထန် စွာ ခံစားရပါက ဌက်ပျောသီး (သို့ မဟုတ်) ဖရဲသီး (သို့ မဟုတ်) သခွားသီးတို့ ကို တစ်နာရီကြား တစ်ခါစား ပါ။

ရေ ၁ ဖန်ခွက်ထဲတွင် ပန်းသီးဖျော်ရည် စားပွဲတင်ဇွန်း ၁-ဇွန်း နှင့် ပျားရည် ၂-ဇွန်းရော၍ ထမင်းမစားခင် သောက်ပါ။ အစာမကျေရင်ပူခြင်းအတွက် အလွန်ထိရောက်မှုရှိသည်။

ဆီအကြွတ်ကြော်များ၊ လ္ဘက်ရွက်၊ စပ်သောအစားအစာများ၊ ရှာလကာရည်၊ ချောကလက်တို့  မစားပါနှင့်။

ကြက်သွန်နီ၊ ဂေါ်ဖီထုပ်တို ဖြင့် သုပ်ထားသောဟင်းရွက်သုပ်များ နှင့် ပန်းငရုပ်သီးပွတို့  ကို ဝေးဝေးကရှောင် ပါ။

ပန်းသီးနုနုတို့ ထဲတွင် အမြောက်အများပါရှိသော pectin ဓာတ်က အစာမကျေရင်ပူစေတတ်သည်။

စားသောက်ချိန်မှန်ပါစေ အစာမခံပါနှင့်။ အစာခံပြီးနောက် တနင့်တပိုးစားသောအခါ လေခံတတ်သည်။

တစ်နေ့ လျှင် အနည်းဆုံး ရေ ၈-ခွက်သောက်ပါ။

အိပ်ယာမ၀င်ခင် အစာမစားပါနှင့်။

ဆေးလိပ် နှင့် အရက်ဖြတ်ပါ။

ထမင်းစားပြီးနောက် ပင်စိမ်းရွက်ဝါးစားခြင်းကလည်း 

အကောင်းဆုံးအိမ်တွင်းကုထုံးပါ။

ဝေဒနာခံစားရပါက၊ပါးဆောင်(ခံတွင်း)ထဲတွင်ထန်းလျက်ငုံ၍ဖြည်းဖြည်းချင်းမျိုချပေးပါ။

အစာမကျေရင်ပူသည့် လက္ခဏာပြသည်နှင့် ဗာဒီသီး စားပေးလိုက်ပါ။

ရောဂါခံစားရမှုပေါ်မူတည်၍ အုန်းရေကို တစ်နေ့  ၄ ကြိမ် (သို့ မဟုတ်) ၅ကြိမ်သောက်ပါ။

နို့ အေးသောက်ခြင်းကလည်း အစာမကြေ ရင်ပူခြင်းကို တမဟုတ်ချင်း သက်သာလာစေသည်။

post by နှင်းဆီဖူးလေးများ-Love BUDS

No comments:

Post a Comment