Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 25, 2017

အလံတရာနယ္ေျမအတြင္းမွာ ပန္းဦးလႊတ္တဲ့ကိစၥ ျဖစ္ရပ္မွန္

 သထုံခရိုင္ အလံတရာဘုရားနယ္ေျမအတြင္းမွာ ပန္းဦးလႊတ္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး အမ်ားလဲသိျပီးသားပါ။ မိန္းခေလး အေယာက္ေပါင္း ၂၆၀ ေက်ာ္ရွိခဲ့ျပီလို႔လဲသိရပါတယ္။
 ဒါနဲ႔ပတ္သက္ျပီး ျဖစ္ရပ္မွန္တခုကိုတင္ျပခ်င္ပါတယ္။ဖခင္ျဖစ္သူေျပာျပတဲ့ျဖစ္ရပ္မွန္ပါ။

ေမးခဲ႔တဲ့ မူရင္းအသံဖိုင္ေတြရွိေပမဲ႔ အခုခ်ိန္မွာ ဖခင္ျဖစ္သူရဲ႕လုံၿခံဳေရးကို ဘယ္အဖြဲ႕စည္း ဘယ္အစိုးရမွ တာဝန္ယူမထားလို႔ တင္မေပးေတာ့ပါဘူး။ နံမယ္အရင္းေတြလဲ မေဖာ္ျပေတာ့ပါဘူး။

** ျဖစ္ရပ္မွန္ **

သထုံ အလံတရာ နယ္ေျမအတြင္းက ပ်ဥ္းကတိုးကုန္းဆိုတဲ႔ ရြာတစ္ရြာမွာ . . .။

တရက္မွာေတာ့ ဦးလွမင္းအိမ္ေရွ႕ကို ခြန္တန္႔လူေတြေရာက္လာတယ္။

” ဦးလွမင္း . . .. ခင္ဗ်ားသမီး အငယ္မကို ဘဘုရားက သိဒၶိတင္ဖို႔ အေခၚလႊတ္လိုက္တယ္”ဒီရက္ဘယ္ေန႔ေရာက္လာမလဲ

ဆိုျပီး ဦးလွမင္း ရင္တထိတ္ထိတ္နဲ႔ ေစာင့္ေနခဲ့ရတာ ၾကာပါျပီ။” ဘာ . .က်ုဳပ္သမီးက ၁၅နွစ္ဘဲရွိေသးတယ္။ ေက်ာင္းသူဘဲ

ရွိေသးတယ္။ အသက္လဲ မျပည့္ေသးဘူး ။ မထဲ႔နိုင္ဘူးဗ် ”ဒီလိုနဲ႔ ဖခင္ျဖစ္သူ ဦးလွမင္း နဲ႔ ခြန္တန္႔ဆီကလူေတြနဲ႔ ဒုတ္ဆြဲ ဒါး

ဆြဲျဖစ္ၾကပါေလေရာ။ မိခင္အရင္းနဲ႔ အမျဖစ္သူက ခြန္တန္႔ ဘက္က။ အမျဖစ္သူကလဲ ပအိုဝ့္ေက်ာင္းဆရာမ။ ဖခင္ဦးလွမ

င္း ယိုးဒယားမွာ အလုပ္သြားလုပ္ ေနတုံး မိခင္အရင္းကိုယ္တိုင္ ခြန္တန္႔ဆီမွာ သိဒၶိတင္ျပီးသား။

” ဒီမွာ ကိုလွမင္း ရွင္ ဘဘုရားရဲ႕အလိုမ လိုက္ရင္ ရွင္ကို ဘုရားက ဒဏ္ခတ္လိမ့္မယ္။

ရွင္သေဘာမတူေပမဲ႔ က်မသေဘာတူတယ္။ က်မထဲ့လိုက္မယ္ ” မိန္းမျဖစ္သူ ေဒၚလွစိန္က ဝင္ေျပာတယ္။

” ဘာ. .ကြ “

ဦးလွမင္းရဲ႕အသံဟာ ေႏြေခါင္ေခါင္မိုးႀကိဳး ပစ္ခ်လိုက္သလို က်ယ္ေလာင္ ပူခ်စ္ေနပါေတာ့တယ္။



လာေခၚတဲ့လူေရာ လာၾကည့္တဲ့သူေရာ မိသားစုေတြပါ အေတာ္လန္႔ျဖန္႔ သြားၾကတယ္။

သားသမီးကို ခ်စ္လြန္းလွျပီး ကာကြယ္ေပးခ်င္တဲ့ ဦးလွမင္း ခမ်ာ ဘာမွ မျမင္နိုင္ေတာ့ဘူး။ ေသြးရူးေသြးတန္းနဲ႔။ ဒီအခ်ိန္မွာ

လူသတ္ဘို႔လဲ ဝန္မေလးေတာ့ပါဘူး။

အဲဒီေန႔က

အေျခအေနမဟန္တာနဲ႔ ခြန္တန္႔ လူေတြလဲ တပ္ျပန္ေခါက္သြားေတာ့တယ္။

– – x – – x – –

ဒီလိုနဲ႔ေနလာလိုက္တာ တရက္က်ေတာ့ သားျဖစ္သူက လာေျပာတယ္။” အေဖ . . အေဖ့သမီး အငယ္မေက်ာင္းမတက္တာ

ေလးငါးရက္ရွိေနျပီ အေဖ “သမီးငယ္က ပ်ဥ္းကတိုးကုန္းရြာမွာ ကိုယ္ပိုင္ေက်ာင္းလာဖြင့္တဲ႔ ပအို႔ဝ္ေက်ာင္းမွာ တက္ေနပါတယ္။

“ေဟ . .ဟုတ္ရဲ႕လား သားရဲ႕။ မင္းညီမ မနက္တိုင္း ေက်ာင္းသြားေနတာဘဲေလ”

သားျဖစ္သူက ျမိဳ႕ေက်ာင္းတက္ဖူးတယ္။ ရြြာထဲမွာ ဘာျဖစ္ျဖစ္ သူအကုန္သိတယ္။ အျမင္လဲက်ယ္တယ္။ ေျပာရင္းနဲ႔ ဦးလွ

မင္း စဥ္းစားလိုက္တယ္။ ဒါဆိုေသခ်ာျပီ ခြန္တန္႔ လက္ခ်က္ဘဲ။

ေတြ႔ရာတုတ္တေခ်ာင္းဆြဲၿပီး ခြန္တန္႔ဆီ ဂမူးရွဴးထိုး ထြက္လာခဲ့တယ္။ သမီးငယ္ကို လူယုတ္မာလက္ထဲက ကယ္တင္ဖို႔ ဦး

လွမင္းရင္ထဲမွာ မီးေတာက္ေနျပီ။ ဝမ္းနည္းေၾကကြဲရတဲ့ ေဝဒနာကို ဦးလွမင္း ေကာင္းေကာင္းခံစားေနရၿပီေလ။

ခြန္တန္႔လူေတြက ဆက္မသြားဘို႔ တားၾကတယ္။

” ငါ့ သမီးငယ္ ျပန္ေပး ျပန္ေပးၾကပါကြာ “

အႀကိမ္ႀကိမ္ေအာ္ေနမိေတာ့တယ္။

ဆို႔နင့္ အက္ကြဲတုန္ရီေနတဲ့ ဦးလွမင္းရဲ႕ အသံဟာ ၾကားရတဲ့သူေတြအားလုံးကို နာက်င္ေစပါတယ္။ သူကိုယ္တိုင္လဲ ႏွလုံး

သားေတြ တစစီျဖစ္ကုန္ျပီေလ။

ႏွလုံးးသားမဲ့တဲ့ လူယုတ္မာေတြရဲ႕ အားကို မလွန္နိုင္လို႔ ေနာက္ဆုံးေတာ့ အိမ္ျပန္ခဲ႔ရတယ္။

ဆို႔နင့္ေၾကကြဲျခင္းမ်ားစြာနဲ႔ တညလုံးအိပ္မရဘူး။ မ်က္ရည္ေတြလည္းစီးလို႔။

ႏွလုံးသားေတြ တုန္ခါေနတယ္။

ဒါကို ဦးလွမင္းတေယာက္ဘဲ သြက္သြက္ခါေအာင္ခံစားေနရတယ္။။



သမီးၾကီးနဲ႔ မိ္န္းမျဖစ္သူကေတာ့ တရွဴးရွဴးနဲ႔ အိပ္ေမာၾကေနတယ္။ သူတို႔ကေတာ့ ဘဘုရား အတြက္ဆို အသက္ေရာ အရွ

က္ပါ ေပးဆပ္ထားျပီးသားဆိုေတာ့ ဘာမွမခံစားရဘူး ထင္ပါတယ္။

– – x – -x – –



မနက္မိုးလင္းေတာ့ အိမ္ေရွ႕ကို ခြန္တန္႔ ေမြးစားအေဖ ေရာက္လာတယ္။

” ဒီမွာ ကိုလွမင္း ခင္ဗ်ားက ဘုရားနယ္ေျမမွာေနျပီး ဘာမွနားမလည္ဘူးလား။ ခင္ဗ်ားေၾကာင့္ ဘဘုရား စိ္တ္ဆင္းရဲရတ

ယ္။ အခု ဆြမ္းေတာင္ မစားေတာ့ဘူး။ ခင္ဗ်ားကို ဘုရားရို္က္မယ္ “

” ဘာ ဘုရားလဲ။ သူမ်ားအသိုက္အၿမံဳကို ၿပိဳကြဲေအာင္ လုပ္တာ ဘုရားလား။ ဘုရားက ဒီလို အလုပ္မိ်ဳး မလုပ္ဘူးး။ ဘ

ဘုရားက က်ဳပ္ေၾကာင့္ ဆြမ္းမစားဘူးဆ္ို က်ဳပ္လိုက္ေမးမယ္ “



” ဘဘုရား အလုပ္မ်ားတယ္။ မင္းလိုက္ေတြ႕လို႕ မရဘူး။ ဘဘုရားစိတ္ခ်မ္းသာေအာင္္။ ခင္ဗ်ားသမီးကို ေခၚထားရလိမ့္မ

ယ္။ အဲဒါ က်ဳပ္လာေျပာတာ “

” ဘယ္မွာလဲ က်ဳပ္သမီး။ မေပးနိုင္ဘူး။ ျပီးရင္ ခင္ဗ်ားတို႔ စြန္႔ပစ္ရင္ က်ဳပ္သမီး ေသာင္ျပင္လႊတ္တဲ့ေခြးလို ဒုကၡေရာက္မွာ။

က်ဳပ္ သိတယ္ မေပးနိုင္ဘူး “



ေျပာရင္း ဦးလွမင္း ေဒါသလည္းျဖစ္ မ်က္ရည္ ေတြလည္း က်လို႔ ေနပါျပီ။ အသားေတြလဲ တဆတ္ဆတိတုန္လို႔ ေနတယ္။


က်ဳပ္က ဘုရားအလိုက် လာေျပာတာ ဦးလွမင္း ။ ခင္ဗ်ား စဥ္းစားပါ ”ခြန္တန္႔ေမြးစားအေဖရဲ႔ အသံ ဦးလွမင္းနာထဲ ခါး

လို႔သာ ေနပါေတာ့တယ္။

ေဒါသက ငယ္ထိပ္ေရာက္ျပီ ။

” က်ဳပ္ ဘာမွစဥ္းစားစရာ မလိုဘူး။ တခါထဲ အေျဖေပးလိုက္မယ္ ။ ဒီည၈နာရီမေက်ာ္ ေစနဲ႔။ က်ဳပ္သမီးကို ျပန္ပို႔။ မပို႔လို႔ကေတာ့ က်ဳပ္ ရဲတိုင္မယ္။ က်ဳပ္အေၾကာင္းသိေစရမယ္ “

သမီးေဇာမႊန္ေနတဲ႔ ဦးလွမင္းရဲ႕ ေဒါသအျပည့္နဲ႔ စကားသံ ။ တကယ္လုပ္မဲ႔ပုံေၾကာင့္ ခြန္တန္႔ေမြးစားအေဖလဲ ေမြးစားအေဖ

လဲ လွည့္ ျပန္သြားေတာ့တယ္။

– -x – -x – -x – –



ည၈ နာရီေလာက္မွာ သမီးငယ္ အိမ္ျပန္ေရာက္လာပါတယ္။

အခုမွဘဲ သက္ျပင္းခ်နိုင္ေတာ့တယ္။

သမီးငယ္ကိုၾကည့္ျပီး ဦးလွမင္း ရင္ထဲ ေၾကကြဲေနတယ္ ရင္ထဲမွာ မ်က္ရည္က်ေနတာ ဘယ္သူမွ မသိနိုင္ပါဘူး။

မၾကာလိုက္ပါဘူး

မိသားစုေတြ စကားမ်ားၾကပါေတာ့တယ္။

“ဒီမွာ ကိုလွမင္း ရွင္ ဘုရားမႀကိဳက္တာလုပ္လို႕

ရွင့္ကို က်မ မေပါင္းနိုင္ေတာ့ဘူး ကြာမယ္ “

ဇနီးသည္ ေဒၚလွစိန္က တစခန္းထလာပါေတာ့တယ္။

” ေအး – ကြာ – ရတယ္။ ငါ့သမီးကို လူယုတ္မာ လက္ထဲ မထဲ့ ရ႐င္ ၿပီးေရာ ။ ကြာ ခ်င္သေလာက္ ကြာ “

ီဦးလွမင္း ေပါက္ကြဲေနပါျပီ။ မိန္းမနဲ႔ သူတခြန္း ငါတခြန္းျဖစ္ၾကျပီ။ သမီးကို ခ်စ္လြန္းတ့ဲ ဦးလွမင္း ေဒါသေရခ်ိန္တက္ျပီ။ ေဒၚ

လွစိန္ကို ရိုက္ပုတ္ဖို႔ ဝန္မေလးေတာ့။

“အေဖ သမီးလဲ ခြန္တန္နဲ႔ ေတာင္ႀကီးကို လိုက္သြားမယ္

လက္ဟန္ျပင္ေနတုံး ၾကားလိုက္ရတဲ့ သမီးငယ္ရဲ႕ အသံ

” ဘ ာ. . . “

ငယ္ထိပ္ ေျမြေပါက္လိုက္သလို ပါဘဲ။ ဒိန္းကနဲၾကယ္ေတြ လေတြျမင္ျပီး ဦးလွမင္း ခမ်ာအ

ရုပ္ႀကိဳးျပတ္ လဲက် သြားပါေတာ့တယ္ ခင္ဗ်ား။ ။

– – x – -x – –



အခ်ဳပ္ေျပာရ႐င္ . .

ဦးလွမင္းကို သူ႔မိန္းမကမေပါင္းေတာ့ပါဘူး။ မိသားစုကလဲ လက္မခံေတာ့ဘူး။ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ( ပအို႔ဝ္ အုပ္ႀကီး)

ဦးဝင္ေရႊ(နံမယ္ အမွန္) ကိုယ္တိုင္က ခြန္တန္႔ဘက္က ။ ခြန္တန္႔လူဆိုေတာ့ သြားၿပီေပါ့ဗ်ာ ။ တရြာလုံးနဲ႔ တေယာက္ဆိုေ

တာ့ ရြာမွာလဲ မေနရဲေတာ့ဘူး။ ေျပးေနရၿပီ။

ဦးလွမင္းကလဲ ဒီျဖစ္ရပ္ေတြကို အကုန္ေျပာျပခ်င္ေနပါတယ္။သူေျပာလို႔လဲ က်ေနာ္ ျပန္ရွယ္နိုင္တာပါ။

ဒီဇတ္လမ္းကို တာဝန္ရွိတဲ့ ပုဂၢိဳလ္ေတြ သိျပီးသား ျဖစ္လို႔ထင္တယ္။ အခုဆို ဦးလွမင္းက သူ႔အသက္အႏၲရာယ္ စိုးရိမ္ေနရ

လို႔ ရြာစဥ္လွဲ႕ၿပီ ေနေနရတယ္။ ဘုန္းႀကီးေက်ာင္း ေတြမွာလွဲ႔ၿပီး ညအိပ္ေနရတယ္။

၂၀၁၇ ေအာက္တိုဘာ ၂၃ ေန႔အထိ သူ႔လုံၿခံဳေရးကို ကာကြယ္ေပးမဲ့ အစိုးရအဖြဲအစည္း မရွိေသးဘူး။တာဝန္ရွိတယ္လို႔ ထ

င္ရတဲ့ အစိုးရ လူႀကီးမင္းေတြနဲ႔ အမတ္မင္းေတြကေတာ့ ဘာလုပ္ရမယ္ဆိုတာ အေျဖရေသးပုံမေပၚေသးဘူး။ ေခါင္းကို

က္ေနတုံးထင္ပါတယ္။

ဒါနဲ႔ဘဲ လူသတ္မွဳ တခုတိုးလာေတာ့မယ္။ ဦးလွမင္းသာ အသတ္ခံခဲ့ရ႐င္ တရားခံက ” အစိုးရ ” ဘဲ ျဖစ္လိမ့္မယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး . . .ေမးစရာရွိတယ္။

(1) အဓိသက္ေသမရွိလို႔ ရဲက အမွဳမဖြင့္နိုင္ဘူး လို႔ သိရတယ္။ မိန္းခေလးေတြကလဲ ေၾကာက္ၾကလို႔ သက္ေသ မထြက္တာ

လဲ ရွိနိုင္တယ္။ လုံၿခံဳေရး တာဝန္မယူေပးနိုင္ဘူးလား

(2) တိုင္းသိ ျပည္သိကိစၥ ျဖစ္ေနျပီ။ ေၾကာက္လို႔ မတိုင္ရဲ သက္ေသမလိုက္ရဲရင္ ဒီလိုဘဲ ထားလိုက္မွာလား။ အစိုးရက စုံစ

မ္းေဖာ္ထုတ္ဘို႔ တာဝန္မရွိဘူးလား ။

2005 ထဲက ျဖစ္ေနတာေနာ္ ။ ရဲက ဘာသတင္းမွ မရဘူးလား။

(3) တိုင္တဲ႔သူ မရွိလို႔ ဘာမွမလုပ္တာပါ ဆိုရင္ တာဝန္ေက်သြားျပီလား။

( 4) ဘာမဟုတ္တဲ့လူမိုက္တစု လုပ္တာကို

ဟိုဟာဒီဟာ အေၾကာင္းျပျပီး မထိရဲ မကိုင္ရဲတာ အစိုးရက ေၾကာက္ေနလို႔လား။

ေၾကာက္ေနရင္လဲ အစိုးရ လုပ္မေနနဲ႔ေတာ့။

စာျပီးခ်ိန္- ၂၀၁၇ ေအာက္တိုဘာ ၂၅ က္ မနက္ ၄နာရီ ၅ မိနစ္

Credit Ko Ko Mg

Unicode

သထုံခရိုင် အလံတရာဘုရားနယ်မြေအတွင်းမှာ ပန်းဦးလွှတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အများလဲသိပြီးသားပါ။ မိန်းခလေး အယောက်ပေါင်း ၂၆၀ ကျော်ရှိခဲ့ပြီလို့လဲသိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန်တခုကိုတင်ပြချင်ပါတယ်။ဖခင်ဖြစ်သူပြောပြတဲ့ဖြစ်ရပ်မှန်ပါ။

မေးခဲ့တဲ့ မူရင်းအသံဖိုင်တွေရှိပေမဲ့ အခုချိန်မှာ ဖခင်ဖြစ်သူရဲ့လုံခြုံရေးကို ဘယ်အဖွဲ့စည်း ဘယ်အစိုးရမှ တာဝန်ယူမထားလို့ တင်မပေးတော့ပါဘူး။ နံမယ်အရင်းတွေလဲ မဖော်ပြတော့ပါဘူး။

** ဖြစ်ရပ်မှန် **
သထုံ အလံတရာ နယ်မြေအတွင်းက ပျဉ်းကတိုးကုန်းဆိုတဲ့ ရွာတစ်ရွာမှာ . . .။

တရက်မှာတော့ ဦးလှမင်းအိမ်ရှေ့ကို ခွန်တန့်လူတွေရောက်လာတယ်။

” ဦးလှမင်း . . .. ခင်ဗျားသမီး အငယ်မကို ဘဘုရားက သိဒ္ဓိတင်ဖို့ အခေါ်လွှတ်လိုက်တယ်”ဒီရက်ဘယ်နေ့ရောက်လာမလဲ

ဆိုပြီး ဦးလှမင်း ရင်တထိတ်ထိတ်နဲ့ စောင့်နေခဲ့ရတာ ကြာပါပြီ။” ဘာ . .ကျုပ်သမီးက ၁၅နှစ်ဘဲရှိသေးတယ်။ ကျောင်းသူဘဲ

ရှိသေးတယ်။ အသက်လဲ မပြည့်သေးဘူး ။ မထဲ့နိုင်ဘူးဗျ ”ဒီလိုနဲ့ ဖခင်ဖြစ်သူ ဦးလှမင်း နဲ့ ခွန်တန့်ဆီကလူတွေနဲ့ ဒုတ်ဆွဲ ဒါး

ဆွဲဖြစ်ကြပါလေရော။ မိခင်အရင်းနဲ့ အမဖြစ်သူက ခွန်တန့် ဘက်က။ အမဖြစ်သူကလဲ ပအိုဝ့်ကျောင်းဆရာမ။ ဖခင်ဦးလှမ

င်း ယိုးဒယားမှာ အလုပ်သွားလုပ် နေတုံး မိခင်အရင်းကိုယ်တိုင် ခွန်တန့်ဆီမှာ သိဒ္ဓိတင်ပြီးသား။

” ဒီမှာ ကိုလှမင်း ရှင် ဘဘုရားရဲ့အလိုမ လိုက်ရင် ရှင်ကို ဘုရားက ဒဏ်ခတ်လိမ့်မယ်။

ရှင်သဘောမတူပေမဲ့ ကျမသဘောတူတယ်။ ကျမထဲ့လိုက်မယ် ” မိန်းမဖြစ်သူ ဒေါ်လှစိန်က ဝင်ပြောတယ်။

” ဘာ. .ကွ “

ဦးလှမင်းရဲ့အသံဟာ နွေခေါင်ခေါင်မိုးကြိုး ပစ်ချလိုက်သလို ကျယ်လောင် ပူချစ်နေပါတော့တယ်။



လာခေါ်တဲ့လူရော လာကြည့်တဲ့သူရော မိသားစုတွေပါ အတော်လန့်ဖြန့် သွားကြတယ်။

သားသမီးကို ချစ်လွန်းလှပြီး ကာကွယ်ပေးချင်တဲ့ ဦးလှမင်း ခမျာ ဘာမှ မမြင်နိုင်တော့ဘူး။ သွေးရူးသွေးတန်းနဲ့။ ဒီအချိန်မှာ

လူသတ်ဘို့လဲ ဝန်မလေးတော့ပါဘူး။

အဲဒီနေ့က

အခြေအနေမဟန်တာနဲ့ ခွန်တန့် လူတွေလဲ တပ်ပြန်ခေါက်သွားတော့တယ်။

– – x – – x – –

ဒီလိုနဲ့နေလာလိုက်တာ တရက်ကျတော့ သားဖြစ်သူက လာပြောတယ်။” အဖေ . . အဖေ့သမီး အငယ်မကျောင်းမတက်တာ

လေးငါးရက်ရှိနေပြီ အဖေ “သမီးငယ်က ပျဉ်းကတိုးကုန်းရွာမှာ ကိုယ်ပိုင်ကျောင်းလာဖွင့်တဲ့ ပအို့ဝ်ကျောင်းမှာ တက်နေပါတယ်။

“ဟေ . .ဟုတ်ရဲ့လား သားရဲ့။ မင်းညီမ မနက်တိုင်း ကျောင်းသွားနေတာဘဲလေ”

သားဖြစ်သူက မြို့ကျောင်းတက်ဖူးတယ်။ ရွာထဲမှာ ဘာဖြစ်ဖြစ် သူအကုန်သိတယ်။ အမြင်လဲကျယ်တယ်။ ပြောရင်းနဲ့ ဦးလှ

မင်း စဉ်းစားလိုက်တယ်။ ဒါဆိုသေချာပြီ ခွန်တန့် လက်ချက်ဘဲ။

တွေ့ရာတုတ်တချောင်းဆွဲပြီး ခွန်တန့်ဆီ ဂမူးရှူးထိုး ထွက်လာခဲ့တယ်။ သမီးငယ်ကို လူယုတ်မာလက်ထဲက ကယ်တင်ဖို့ ဦး

လှမင်းရင်ထဲမှာ မီးတောက်နေပြီ။ ဝမ်းနည်းကြေကွဲရတဲ့ ဝေဒနာကို ဦးလှမင်း ကောင်းကောင်းခံစားနေရပြီလေ။

ခွန်တန့်လူတွေက ဆက်မသွားဘို့ တားကြတယ်။

” ငါ့ သမီးငယ် ပြန်ပေး ပြန်ပေးကြပါကွာ “

အကြိမ်ကြိမ်အော်နေမိတော့တယ်။

ဆို့နင့် အက်ကွဲတုန်ရီနေတဲ့ ဦးလှမင်းရဲ့ အသံဟာ ကြားရတဲ့သူတွေအားလုံးကို နာကျင်စေပါတယ်။ သူကိုယ်တိုင်လဲ နှလုံး

သားတွေ တစစီဖြစ်ကုန်ပြီလေ။

နှလုံးသားမဲ့တဲ့ လူယုတ်မာတွေရဲ့ အားကို မလှန်နိုင်လို့ နောက်ဆုံးတော့ အိမ်ပြန်ခဲ့ရတယ်။

ဆို့နင့်ကြေကွဲခြင်းများစွာနဲ့ တညလုံးအိပ်မရဘူး။ မျက်ရည်တွေလည်းစီးလို့။

နှလုံးသားတွေ တုန်ခါနေတယ်။

ဒါကို ဦးလှမင်းတယောက်ဘဲ သွက်သွက်ခါအောင်ခံစားနေရတယ်။



သမီးကြီးနဲ့ မိ်န်းမဖြစ်သူကတော့ တရှူးရှူးနဲ့ အိပ်မောကြနေတယ်။ သူတို့ကတော့ ဘဘုရား အတွက်ဆို အသက်ရော အရှ

က်ပါ ပေးဆပ်ထားပြီးသားဆိုတော့ ဘာမှမခံစားရဘူး ထင်ပါတယ်။

– – x – -x – –



မနက်မိုးလင်းတော့ အိမ်ရှေ့ကို ခွန်တန့် မွေးစားအဖေ ရောက်လာတယ်။

” ဒီမှာ ကိုလှမင်း ခင်ဗျားက ဘုရားနယ်မြေမှာနေပြီး ဘာမှနားမလည်ဘူးလား။ ခင်ဗျားကြောင့် ဘဘုရား စိ်တ်ဆင်းရဲရတ

ယ်။ အခု ဆွမ်းတောင် မစားတော့ဘူး။ ခင်ဗျားကို ဘုရားရိ်ုက်မယ် “

” ဘာ ဘုရားလဲ။ သူများအသိုက်အမြုံကို ပြိုကွဲအောင် လုပ်တာ ဘုရားလား။ ဘုရားက ဒီလို အလုပ်မျိုး မလုပ်ဘူး။ ဘ

ဘုရားက ကျုပ်ကြောင့် ဆွမ်းမစားဘူးဆိ်ု ကျုပ်လိုက်မေးမယ် “



” ဘဘုရား အလုပ်များတယ်။ မင်းလိုက်တွေ့လို့ မရဘူး။ ဘဘုရားစိတ်ချမ်းသာအောင်။ ခင်ဗျားသမီးကို ခေါ်ထားရလိမ့်မ

ယ်။ အဲဒါ ကျုပ်လာပြောတာ “

” ဘယ်မှာလဲ ကျုပ်သမီး။ မပေးနိုင်ဘူး။ ပြီးရင် ခင်ဗျားတို့ စွန့်ပစ်ရင် ကျုပ်သမီး သောင်ပြင်လွှတ်တဲ့ခွေးလို ဒုက္ခရောက်မှာ။

ကျုပ် သိတယ် မပေးနိုင်ဘူး “



ပြောရင်း ဦးလှမင်း ဒေါသလည်းဖြစ် မျက်ရည် တွေလည်း ကျလို့ နေပါပြီ။ အသားတွေလဲ တဆတ်ဆတိတုန်လို့ နေတယ်။


ကျုပ်က ဘုရားအလိုကျ လာပြောတာ ဦးလှမင်း ။ ခင်ဗျား စဉ်းစားပါ ”ခွန်တန့်မွေးစားအဖေရဲ့ အသံ ဦးလှမင်းနာထဲ ခါး

လို့သာ နေပါတော့တယ်။

ဒေါသက ငယ်ထိပ်ရောက်ပြီ ။

” ကျုပ် ဘာမှစဉ်းစားစရာ မလိုဘူး။ တခါထဲ အဖြေပေးလိုက်မယ် ။ ဒီည၈နာရီမကျော် စေနဲ့။ ကျုပ်သမီးကို ပြန်ပို့။ မပို့လို့ကတော့ ကျုပ် ရဲတိုင်မယ်။ ကျုပ်အကြောင်းသိစေရမယ် “

သမီးဇောမွှန်နေတဲ့ ဦးလှမင်းရဲ့ ဒေါသအပြည့်နဲ့ စကားသံ ။ တကယ်လုပ်မဲ့ပုံကြောင့် ခွန်တန့်မွေးစားအဖေလဲ မွေးစားအဖေ

လဲ လှည့် ပြန်သွားတော့တယ်။

– -x – -x – -x – –



ည၈ နာရီလောက်မှာ သမီးငယ် အိမ်ပြန်ရောက်လာပါတယ်။

အခုမှဘဲ သက်ပြင်းချနိုင်တော့တယ်။

သမီးငယ်ကိုကြည့်ပြီး ဦးလှမင်း ရင်ထဲ ကြေကွဲနေတယ် ရင်ထဲမှာ မျက်ရည်ကျနေတာ ဘယ်သူမှ မသိနိုင်ပါဘူး။

မကြာလိုက်ပါဘူး

မိသားစုတွေ စကားများကြပါတော့တယ်။

“ဒီမှာ ကိုလှမင်း ရှင် ဘုရားမကြိုက်တာလုပ်လို့

ရှင့်ကို ကျမ မပေါင်းနိုင်တော့ဘူး ကွာမယ် “

ဇနီးသည် ဒေါ်လှစိန်က တစခန်းထလာပါတော့တယ်။

” အေး – ကွာ – ရတယ်။ ငါ့သမီးကို လူယုတ်မာ လက်ထဲ မထဲ့ ရရင် ပြီးရော ။ ကွာ ချင်သလောက် ကွာ “

ီဦးလှမင်း ပေါက်ကွဲနေပါပြီ။ မိန်းမနဲ့ သူတခွန်း ငါတခွန်းဖြစ်ကြပြီ။ သမီးကို ချစ်လွန်းတဲ့ ဦးလှမင်း ဒေါသရေချိန်တက်ပြီ။ ဒေါ်

လှစိန်ကို ရိုက်ပုတ်ဖို့ ဝန်မလေးတော့။

“အဖေ သမီးလဲ ခွန်တန်နဲ့ တောင်ကြီးကို လိုက်သွားမယ်

လက်ဟန်ပြင်နေတုံး ကြားလိုက်ရတဲ့ သမီးငယ်ရဲ့ အသံ

” ဘ ာ. . . “

ငယ်ထိပ် မြွေပေါက်လိုက်သလို ပါဘဲ။ ဒိန်းကနဲကြယ်တွေ လတွေမြင်ပြီး ဦးလှမင်း ခမျာအ

ရုပ်ကြိုးပြတ် လဲကျ သွားပါတော့တယ် ခင်ဗျား။ ။

– – x – -x – –



အချုပ်ပြောရရင် . .

ဦးလှမင်းကို သူ့မိန်းမကမပေါင်းတော့ပါဘူး။ မိသားစုကလဲ လက်မခံတော့ဘူး။ ကျေးရွာအုပ်ချုပ်ရေးမှူး ( ပအို့ဝ် အုပ်ကြီး)

ဦးဝင်ရွှေ(နံမယ် အမှန်) ကိုယ်တိုင်က ခွန်တန့်ဘက်က ။ ခွန်တန့်လူဆိုတော့ သွားပြီပေါ့ဗျာ ။ တရွာလုံးနဲ့ တယောက်ဆေို

တာ့ ရွာမှာလဲ မနေရဲတော့ဘူး။ ပြေးနေရပြီ။

ဦးလှမင်းကလဲ ဒီဖြစ်ရပ်တွေကို အကုန်ပြောပြချင်နေပါတယ်။သူပြောလို့လဲ ကျနော် ပြန်ရှယ်နိုင်တာပါ။

ဒီဇတ်လမ်းကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ သိပြီးသား ဖြစ်လို့ထင်တယ်။ အခုဆို ဦးလှမင်းက သူ့အသက်အန္တရာယ် စိုးရိမ်နေရ

လို့ ရွာစဉ်လှဲ့ပြီ နေနေရတယ်။ ဘုန်းကြီးကျောင်း တွေမှာလှဲ့ပြီး ညအိပ်နေရတယ်။

၂၀၁၇ အောက်တိုဘာ ၂၃ နေ့အထိ သူ့လုံခြုံရေးကို ကာကွယ်ပေးမဲ့ အစိုးရအဖွဲအစည်း မရှိသေးဘူး။တာဝန်ရှိတယ်လို့ ထ

င်ရတဲ့ အစိုးရ လူကြီးမင်းတွေနဲ့ အမတ်မင်းတွေကတော့ ဘာလုပ်ရမယ်ဆိုတာ အဖြေရသေးပုံမပေါ်သေးဘူး။ ခေါင်းကို

က်နေတုံးထင်ပါတယ်။

ဒါနဲ့ဘဲ လူသတ်မှု တခုတိုးလာတော့မယ်။ ဦးလှမင်းသာ အသတ်ခံခဲ့ရရင် တရားခံက ” အစိုးရ ” ဘဲ ဖြစ်လိမ့်မယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး . . .မေးစရာရှိတယ်။

(1) အဓိသက်သေမရှိလို့ ရဲက အမှုမဖွင့်နိုင်ဘူး လို့ သိရတယ်။ မိန်းခလေးတွေကလဲ ကြောက်ကြလို့ သက်သေ မထွက်တာ

လဲ ရှိနိုင်တယ်။ လုံခြုံရေး တာဝန်မယူပေးနိုင်ဘူးလား

(2) တိုင်းသိ ပြည်သိကိစ္စ ဖြစ်နေပြီ။ ကြောက်လို့ မတိုင်ရဲ သက်သေမလိုက်ရဲရင် ဒီလိုဘဲ ထားလိုက်မှာလား။ အစိုးရက စုံစ

မ်းဖော်ထုတ်ဘို့ တာဝန်မရှိဘူးလား ။

2005 ထဲက ဖြစ်နေတာနော် ။ ရဲက ဘာသတင်းမှ မရဘူးလား။

(3) တိုင်တဲ့သူ မရှိလို့ ဘာမှမလုပ်တာပါ ဆိုရင် တာဝန်ကျေသွားပြီလား။

( 4) ဘာမဟုတ်တဲ့လူမိုက်တစု လုပ်တာကို

ဟိုဟာဒီဟာ အကြောင်းပြပြီး မထိရဲ မကိုင်ရဲတာ အစိုးရက ကြောက်နေလို့လား။

ကြောက်နေရင်လဲ အစိုးရ လုပ်မနေနဲ့တော့။

စာပြီးချိန်- ၂၀၁၇ အောက်တိုဘာ ၂၅ က် မနက် ၄နာရီ ၅ မိနစ်

Credit Ko Ko Mg

1 comment:

  1. စာေရးအကူအညီေတာင္းတာက ၂၀၁၇ ေအာက္တိုဘာ ၂၅ဆိုေတာ့အခုဆိုေတာ့ ကာ ၄ ႏွစ္ေက်ာ္ ၅ ႏွစ္ေလာက္ရွိျပီေပါ့။ ဇတ္လမ္းကိုစိတ္ဝင္စားတယ္ ။ရဲ တပ္ဖြဲ႔က အကူအညီရျပီလား။ လိုအပ္ရင္ က်ဳပ္ကိုေျပာပါ ကူညီႏိုင္တာဆို ကူညီမယ္။ ရဲမာန္စိန္(ဗမာ့ရိုးရာလက္ေဝွ႔ဇာတိမာန္ ကလပ္)09401038997

    ReplyDelete