Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 25, 2013

နနွင်းမှာ ကျန်းမာရေးအကျိုးပြုအာနိသင် ဘာရှိသလဲ



နနွင်းဟာ အာရှတိုက်မှာတည် ရှိတဲ့ နိုင်ငံအတော်များများမှာ ဟင်း လျာအဖြစ်ရော၊ တိုင်းရင်းဆေးအဖြစ် နဲ့ပါ အသုံးများပါတယ်။ ဆေးဖက်ဝင် အာနိသင်တွေလဲကြွယ်ဝစွာပါဝင်နေ ပါတယ်။ ကင်ဆာရောဂါ၊ ဆီးချိုသွေး ချိုရောဂါနဲ့ ရောင်ရမ်းခြင်းတွေကို ကုသနိုင်တယ်လို့ သုတေသနပေါင်း များစွာမှာဖော်ပြခြင်းခံရတဲ့ ဆေး ဖက်ဝင်အမြစ် တစ်မျိုးလည်းဖြစ်ပါ တယ်။
ကာကူမင်(curcumin)ဆိုတာ နနွင်းရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်ပြီး အဝါရောင်ခြယ်ပါဝင်ပါတယ်။ ဆေး ဖက်ဝင် အာနိသင်တွေဟာလည်း ကာကူမင်ကြောင့်အဓိကရရှိတာပါ
-နနွင်းဟာ အစာအိမ်နဲ့ အူ လမ်းကြောင်း အနာဖြစ်ခြင်း၊ ရောင် ရမ်းခြင်းတွေကို သက်သာစေပါတယ်။
-ကာကူမင်ဟာ ဓာတ်ရောင် ခြည်ကုထုံးတွေကြောင့် အရေပြား ပျက်စီးခြင်းတွေကို ပြန်လည်ကုသ ပေးနိုင်ပါတယ်။
- နနွင်းဟာ သွေးခဲဖြစ်ခြင်းနဲ့ သွေးခဲပိတ်ဆို့ခြင်းတွေကို လျော့ပါး စေပြီး လေဖြတ်ခြင်းမှာ အသုံးဝင်ပါ တယ်။ ဆီးကျိတ်ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
-အဆစ်အမြစ်ရောင် ရောဂါ များကို သက်သာစေတယ်။
-အင်ဆူလင် ဟော်မုန်းပမာဏ ကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။
-အနာကျက်မြန်စေပြီး သဘာ ဝ ပိုးသတ်ဆေးအဖြစ်လည်း အသုံးပြု နိုင်ပါတယ်။
-အစာ ကျေညက်လွယ်စေပါ တယ်။
သက်ကို
ref:PTI
Health Updates Journal
Vol.2, No.28
Health Updates Journal

No comments:

Post a Comment