Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 4, 2014

ဆေးဖက်ဝင် ပိတ်သင်းကပ်

ဆေးဖက်ဝင် ပိတ်သင်းကပ် Botanical name Senna auriculata (L.) Roxb. Fl. Ind.ed.2,2:349.1832 Family Caesalpiniaceae ..English name Tanner' tea. Matara tea , Tanner's Cassia ..Flowering and fruiting February to June. မိတ်ဆွေတဦးရဲ့ အမျိုးသမီးမှာ သွေးနဲ့ဆိုင်တဲ့ရောဂါတခုအတွက် ပိတ်သင်းကပ်ပင်ရှာဖို့ ကျနော့်ကို အကူညီတောင်းလာပါတယ် တကယ်တော့ ချင်းပြည်ဖက်မှာ ဒီအပင်မပေါက်ပါဘူး ဒီအပင်က မန်းလေး မကွေး ပခုကူ မုံရွာ ပုဂံ စစ်ကိုင်းဖက်တွေမှာ အလေ့ကျပေါက်ပါတယ် အဲဒီဖက်ကိုရှာပါလို့ညွှန်းရပါတယ် အပင်ကိုတတ်သိနိုင်တဲ့ လခဏာများကိုလည်းပြောပြ လိုက်ပါတယ် ဒီအပင်က လူတရပ်ကျော်ကျော်မြင့်တဲ့ခြုံပင်ကြီးတွေပါ ပင်စည်တွေက yellowish green ဖြစ်ပြီး အရွက်တွေက တဆင့်ငှက်မွှေးရွက်ပေါင်း unipinnate compound တွေပါ ထူးခြားတာက ကြီးမားလှတဲ့stipules ရွက်စွယ်တွေပါ auriculate ပုံစံဖြစ်နေပြီး ပင်စည်ကို ခွလျက်တည်နေပါတယ် ဒါ့ကြောင့်လည်း သိပံအမည်ကို auriculata လို့ပေးခြင်းဖြစ်ပါတယ် stipules ပုံစံတွေက reniform ကျောက်ကပ်ပုံစံဖြစ်နေပုံကလည်း ထူးခြားလှပါတယ် leaflets ရွက်မွှာလေးတွေက ၁၂ စုံလောက်ရှိပြီးမာကြောလှပါတယ် အပွင့်ကကြီးမားပြီးပုံမှာအတိုင်း တောက်ပလွှန်းတဲ့ အဝါရောင်ပါ stamens 10 ခုပါပြီး ၇ ခုသာ fertile ဖြစ်ပါတယ် anthers ဝတ်မှုံအိပ်တွေ ရင့်မဲ့လို့ကွဲရင် apical pore dehiscence ထိပ်ပေါက်နဲအက်ကွဲကြတယ် အသီးတောင့်တွေကပြားပြီး ရင့်မဲ့ရင် အညိုရင့်ရောင်ပြောင်းပြီး အက်ကွဲကြတယ် အစေ့ ၇ စေ့လောက်သာအများဆုံးပါတတ်ကြတယ် ဒီအပင်ကို အရင် က Cassia auriculata L.,Sp.Pl.379.1753 ဆိုပြီး Kress et al 2003 က Checklist of Myanmar ထဲမှာပေးခဲ့ဖူးသလို အရှင်နာဂသိန်ဆေးကျမ်းမှာလည်း C. auriculata နဲ့ဘဲဖေါ်ပြထားပါတယ် အခုနောက်ပိုင်းမှာတော့ ကွဲပြားလှတဲ့ characters တွေကြောင့် Genus name ကို Cassia မှ Senna အဖြစ် ပြောင်းလွဲ သတ်မှတ်ခဲ့ပြီဖြစ်ပါတယ် တကယ်တော့ Duke 1980 တင်ပြချက်အရ ပိတ်သင်းကပ်အပင်တွေဟာ India, Ceylon နဲ့ မြန်မာနိုင်ငံရဲ့ native plants တွေလို့မှတ်သားရပါတယ် ဆေးဖက်ဝင်လှတဲ့ ပိတ်သင်းကပ်အပင်လေးတွေကိုအမည်သာကြားဖူးပြီး အပင်ကိုမရင်းနှီးတဲ့ သူတွေအတွက် taxonomic knowledge ဝေငှပေးတဲ့သဘောပါ kothetnaing Kalay Uni 2014

No comments:

Post a Comment