Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 11, 2013

ရောဂါပိုးနှိမ်နင်းနိုင်သော လူသိနည်းသည့်ပစ္စည်းများ






(၁) လူ့မျက်လုံး
မျက်လုံးတွင်းရှိ keratin  ဟုခေါ်သော ပရိုတင်းများသည် မျက်လုံးတွင်း ၀င်ရောက်လာသော ဘက်တီးရီးယားများကို ဖမ်းယူထားနိုင်သည်။ ထိုသို့ ပရိုတင်းအမျိုးအစားကို ဖန်တီးယူ၍ ဓါတ်ခွဲခန်း၌ ရောဂါပိုးများနှင့် ထိတွေ့စေသည့်အခါ ဘက်တီးရီးယားများကို ချေမှုန်းနိုင်သည်ကိုတွေ့ရသည်။ keratin  ပရိုတင်းကို ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ရန်ပင် တီထွင်လျက်ရှိကြသည်။

(၂) ဖားဦးနှောက်
ဖား၏အရေပြားနှင့်ဦးနှောက်တွင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ကာကွယ်ရေးပစ္စည်းများ ကြွယ်ဝစွာ ပါရှိသည်။ ဖားဦးနှောက်တွင် ပိုးသတ်ပရိုတင်း (၇၉) ခုတွေ့ရှိခဲ့ရာ (၁၉) ခုမှာ သိပ္ပံပညာနယ်ပယ်တွင် ယခင်ကတစ်ကြိမ်မှ မတွေ့ဖူးသည့် ပရိုတင်းများဖြစ်ကြသည်။

(၃) အုန်းဆီ
အုန်းဆီမှထုတ်လုပ်ထားသည့် Monolaurin  ဓါတ်သည် ပိုးသတ်အာနိသင်ရှိရာ အစားအစာများ တာရှည်ခံစေရန် အသုံးပြုလေ့ရှိကြသည်။ အစားအစာ တာရှည်ခံစေသည့် အခြားဓါတုပစ္စည်းများနှင့် နှိုင်းယှဉ် ကြည့်လျှင် အုန်းဆီက E.coli  ကဲ့သို့သော ပိုးများကို ပိုမိုထိရောက်စွာကာကွယ်နိုင်သည်ကို တွေ့ရ သည်။
(၄) အိမ်သုတ်ဆေး
အိမ်သုတ်ဆေးသည် ဘက်တီးရီးယား၊ မှိုနှင့် ဗိုင်းရပ်စ်များကို သေစေနိုင်သည်။ N-halamine polymer  ပါဝင်သော အိမ်သုတ်ဆေးများကို အိမ်၊ ရုံး၊ ဆေးရုံဆေးခန်းများတွင် ရောဂါပိုးကာကွယ်ရန် သုတ်လိမ်းထားနိုင်သည်။

(၅) သံလိုက်
သံလိုက်အကာ၊ သံလိုက်သုတ် ဆေးများသည် ဘက်တီးရီးယားများကို နှိမ်နင်းနိုင်သည်။ ၀က်အူလှည့်ကဲ့သို့ ပစ္စည်းများတွင် သုတ်လိမ်းထားသည့် သံလိုက်ဆေးရည်သည် လျှပ်မဓါတ်ဆောင်သည်ဖြစ်ရာ လျှပ်ဖိုဓါတ်ဆောင်ထားလေ့ရှိသည့် ဘက်တီးရီးယားများကို ဖမ်းယူထားနိုင်သည်။

Health Updates Journal

No comments:

Post a Comment