Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

ပီရူးဘိုင်ဂရာ(Peruvian Viagra)

အသက်အရွယ်...ကိုဟန့်တားပေးနိုင်မယ့်..အကောင်းဆုံး နုပျိုဆေး........ ပီရူး(Peru)နိုင်ငံက အကောင်းဆုံး ဖျော်ရည် 
 
ပီရူးဘိုင်ဂရာ(Peruvian Viagra)လို့လည်း တင်စားပြီး ခေါ်ပါတယ်...
နာတာရှည် ပန်းနာရင်ကျပ်၊ ချောင်းဆိုး စတဲ့ ရောဂါတွေအပြင်.. ခန္ဒာကိုယ်လေးလံထိုင်းမှိုင်း တာတွေကို လည်း ကုသပျောက်ကင်းစေတယ်လို့ ဆိုပါတယ်...
လိင်ပိုင်းဆိုင်ရာလှုံ့ဆော်မှု အားနည်းနေတဲ့သူတွေအတွက် အလွန်ထိရောက်တဲ့ အကောင်းဆုံး အားတိုးဆေး(best aphrodisiac) တလတ်ဖြစ်တယ်လို့ ဆိုပါတယ်...

ဇရာ ကိုလွန်ဆန်နိုင်ပြီး တော်ဝင် ပီရူး ဘုရင်အဆက်ဆက် သုံးဆွဲလာခဲ့ သော ဆေးဖျော်ရည်
တစ်ခွက်ဖြစ်ကြောင်း ဖော်ပြထားပါတယ်...

ဖားဖျော်ရည်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့...

(၁)အရေခွံခွာပြီး သန့်စင်ထားတဲ့ ဖားတစ်ကောင်...
(၂)ပျားရည်...
(၃)ပြုတ်ထားတဲ့ အဖြူရောင်ပဲစေ့...
(၄)Aloe vera ခေါ်တဲ့ ဆေးဖက်ဝင်အပင်...
(၅)Lepidium Meyenii (aka) Maca လို့ခေါ်တဲ့ ဆေးမြစ်...စတာတွေ ဖြစ်ပါတယ်...

အဲဒါတွေအားလုံးကို ဖျော်စက်(Blender)ထဲကို အချိုးကျထည့်ပြီး မွှေလိုက်ရင် အလွန်အရသာရှိတဲ့ ဖားဖျော်ရည်တခွက် ရရှိပြီလို့ ဆိုပါတယ်...

လက်ရှိ ဈေးကွက် မှာတစ်ခွက်ကို ကန်ဒေါ်လာ $1800 မှ3500 ကျော် အထိ အစားစား
ရှိနေကြောင်း......
ဒီဖားဖျော်ရည်ဟာ ပီရူးနိုင်ငံရဲ့ အကြီးဆုံးမြို့တော်ဖြစ်တဲ့ လီမာ(Lima) ဈေးကွက်မှာတော့ ရောင်းအားအကောင်းဆုံး ဆေးစွမ်းတလတ်ဖြစ်တယ်လို့ ဆိုကြောင်းပါ...ခင်ဗျား......။

စိတ်ဝင်စား ရင်တော့ ပီရူးသွားပြီး သွားသောက်ပေါ့ဗျာ.....

Wikipedia, internet
Post.. #BumarPyiThar

No comments:

Post a Comment