CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label WorldNews. Show all posts
Showing posts with label WorldNews. Show all posts
Saturday, May 18, 2019
ခိုလှုံခွင့်လျှောက်ထားသူ ရာနဲ့ချီ တက္ကဆက်ကနေ ကယ်လီဖိုးနီးယားကို လေယာဉ်နဲ့ပို့
အမေရိကန်ပြည်ထောင်စုမှာ ရွှေ့ပြောင်းအခြေချနေထိုင်ဖို့ကြိုးစားသူ ရာပေါင်းများစွာကို လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းစဉ်တွေ လုပ်ဆောင်ဖို့အတွက် အမိမြေလုံခြုံရေး ၀န်ကြီးဌာနက တက္ကဆက်ပြည်နယ်တောင်ပိုင်းကနေ ကယ်လီဖိုးနီးယားပြည်နယ် San Diego မြို့ကို လေယာဉ်နဲ့ ပို့ဆောင်ပေးနေတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ ရွှေ့ပြောင်းအခြေချသူ အရေအတွက်များလွန်းတာကြောင့် အမေရိကန်အကောက်ခွန် နဲ့ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေဟာ အလုပ်တွေ မနိုင်မနင်းဖြစ်နေကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကစပြီး အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားသူ ၅ သိန်းကျော်ကို မက္ကဆီကိုနိုင်ငံနဲု့ ထိစပ်နေတဲ့ အမေရိကန်တောင်ပိုင်း နယ်စပ်တလျှောက်မှာ နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေက ထိန်းသိမ်းခဲ့ပြီး အဲဒီလူတွေအတွက် လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို တဦးချင်းစီအလိုက်ရော၊ မိသားစုအလိုက်ပါ အချိန်မီပြီးအောင်လုပ်ပြီး ပြန်လွှတ်ပေးဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တပတ်မှာ ၃ ကြိမ် San Diego မြို့ကို လေယာဉ် နဲ့ ပို့ဆောင်ပေးသွားမှာဖြစ်ပြီး၊ လေယာဉ် ၁ စင်းကို လူ ၁၃၀ ထက်မနည်းဆန့်တယ်လို့ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေးကိစ္စတွေကို မလုပ်ရသေးတဲ့ တခြားရွှေ့ပြောင်းအခြေချနေထိုင်သူတွေကို ၊ အမေရိကန်နိုင်ငံတ၀ှမ်းက တခြားမြို့တွေကို ပို့ဆောင်ပြီး လုပ်သွားဖို့အတွက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာနက စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Sunday, April 21, 2019
ဗုံးခွဲခံရမှု နောက်ဆုံးသတင်း.. သေဆုံးသူ ၂၀၀ ကျော် ဒဏ်ရ ၄၅၀ ရှိလာ..
သီရိလင်္ကာ ဘုရားကျောင်းများနှင့် ဟိုတယ်များ ဗုံးခွဲတိုက်ခိုက်ခံရမှု့ အတွက် သေဆုံးသူ ၂၀၇ ဦးနှင့်ဒဏ်ရာရသူ ၄၅၀ ဦးရှိသည်ဟု သိရှိရ
ယနေ့ (ဧပြီ ၂၁) အီစတာပွဲတော်ရက်တွင် သီရိလင်္ကာရှိ ခရစ္စယာန်ဘုရားကျောင်းများနှင့် ဟိုတယ်များတွင် ဗုံး ၈ ကြိမ်ဆက်တိုက်ပေါက်ကွဲခဲ့ရာလူပေါင်းရာချီသေဆုံးခဲ့ပြီး ဒဏ်ရာရသူလွန်စွာများပြားခဲ့သည်။
သေဆုံးသူနှင့်ဒဏ်ရာရသူအရေအတွက်မှာ အချိန်နှင့်အမျှထပ်တိုးလာဖွယ်ရှိနေသည်ဟု ခန့် မှန်းထားကြသလို သီရိလင်္ကာအစိုးရကလည်း ညနေ ၆ နာရီမှ နံနက် ၆ နာရီအိမ်ပြင်မထွက်ရ အမိန့် ထုတ်ပြန်လိုက်သည်။
မြန်မာစံတော်အချိန် ဧပြီ ၂၁ ညနေ ၆း၃၀ နာရီ ဗြိတိန်မှ ဂါးဒီးယန်းသတင်းစာ၏ Live ထုတ်လွင့်မှု့ သတင်းအရ သေဆုံးသူအရေအတွက် ၂၀၇ ဦး အထိရှိလာပြီဖြစ်သလို ဒဏ်ရာရသူ ၄၅၀ ဦးရှိခဲ့ပြီး တိုက်ခိုက်မှု့ များအတွက် ၇ ဦးကိုဖမ်းဆီးထားလိုက်ပြီဟု ဖော်ပြထားသည်။
ယခုတိုက်ခိုက်မှု့ မှာ အသေခံဗုံးခွဲတိုက်ခိုက်မှု့ ဖြစ်သည်ဟုသီရိလင်္ကာရဲတပ်ဖွဲ့ က အတည်ပြုလိုက်ပြီဖြစ်သော်လည်း မည်သည့်အဖွဲ့ အစည်းကမှ၎င်းတို့ ၏တိုက်ခိုက်မှု့ ဖြစ်သည်ဟု ထုတ်ပြန်ကြေညာလာခြင်းမရှိသေးပေ။ Credit – Aung Myo Thu
Saturday, April 20, 2019
ဖူးခက်ကမ်းလွန် ပင်လယ်ပြင်မှာ ပင်လယ်အိမ်လေး ဆောက်ပြီး နေထိုင်တဲ့ အမေရိကန်စုံတွဲကို သေဒဏ်ပေးနိုင်ဖို့ ထိုင်းရေတပ် လိုက်လံရှာဖွေနေ
BBC
#Unicode Version# ဖြင့်ဖတ်ပါ ။
ထိုင်းကမ်းလွန်မှာ ပင်လယ်အိမ်ရာ တည်ဆောက်နေထိုင်တဲ့ စွပ်စွဲချက်နဲ့ အမေရိကန်အမျိုးသားနဲ့ ၎င်းရဲ့ အဖော်မိန်းကလေးတို့ဟာ သေဒဏ်ချခံရဖို့ ရင်ဆိုင်နေရပါတယ်။
ဒီလို ပင်လယ်တွင်း အိမ်ရာတည်ဆောက်နေထိုင်တာဟာ နိုင်ငံရဲ့ အချုပ်အခြာကို ထိပါးခြိမ်းခြောက်တာပဲလို့ ထိုင်းရေတပ်က ထုတ်ပြန်လာပြီးနောက်မှာ အမေရိကန်အမျိုးသား ချက်အီဝတ်တောစကီးနဲ့ အဖော်မိန်းကလေး ဆူပရာနီသက်ဒက်တို့ဟာ ထွက်ပြေးပုန်းအောင်းနေကြပါတယ်။
သူတို့ရဲ့ ပင်လယ်အိမ်လေးကတော့ ဖူးခက်ကမ်းလွန် ရေမိုင် ၁၂ မိုင်ဝန်းကျင်မှာ တည်ရှိနေပြီး ပေ ၆၅ ပေရှိ ဒေါက်တိုင်ပေါ်မှာ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အီဝတ်တောစကီးကတော့ ကမ်းခြေကနေ ၁၃ မိုင်မှာ အိမ်ရှိနေတာဖြစ်တာကြောင့် ထိုင်းရဲ့ တရားစီရင်ပိုင်ခွင့် အပြင်ဖက်မှာ ဖြစ်တယ်လို့ အတိအလင်း ပြောပါတယ်။
“ရေတပ်နဲ့ အဖွဲ့ဟာ ပင်လယ်မျက်နှာထက်မှာ ပေါ်နေတဲ့ ကွန်ဂရစ်အဆောက်အအုံလေးကို တွေ့ပေမယ့် အဲအပေါ်မှာတော့ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ပါဘူး။”လို့ ရဲမှူး နစ်ခွန်ဆွမ်ဆက်က ပြောပါတယ်။
နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာအတွက် ရေတပ်ဟာ ဌာနေတာဝန်ရှိသူတွေနဲ့ တွေ့ဦးမှာဖြစ်တယ်လို့လည်း ၎င်းက ပြောပါတယ်။ အဲဒီ ပင်လယ်အိမ်ကလေးကို တည်ဆောက်ဖို့ ထိုင်းနိုင်ငံဆီက သူတို့စုံတွဲဟာ ခွင့်ပြုချက် မတောင်းခဲ့ဘူးလို့လည်း ရေတပ်က ဆိုပါတယ်။
သူတို့ စုံတွဲဟာ ထိုင်းအချုပ်အခြာကို ချိုးဖောက်ကြောင်း အပြစ်တွေ့ရှိရင် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ် ချမှတ်ခံရဖို့ ရှိနေပါတယ်။
အီဝတ်တောစကီးဟာ အမေရိကန်စစ်တပ်အတွက် ဆော့ဖ်ဝဲအင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့ဖူးတယ်လို့ သိရပြီး နောက်ပိုင်းမှာ ဒီဂျစ်တယ်ငွေကြေး Bitcoin ရင်းနှီးမြုပ်နှံသူတစ်ဦး ဖြစ်လာခဲ့သူပါ။
သူတို့စုံတွဲဟာ ဘယ်နိုင်ငံရဲ့ ဥပဒေမှ မသက်ရောက်တဲ့ နိုင်ငံတကာရေပြင်မှာ အိမ်ရာဆောက် နေထိုင်တာကို တွန်းအားပေးတဲ့ seasteading လှုပ်ရှားမှုကို ဆောင်ရွက်နေကြတာပဲ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဒီလို ပင်လယ်အိမ်လေးတွေ တည်ဆောက်တဲ့ စွန့်ဦးအုပ်စုဖြစ်တဲ့ Ocean Builders အဖွဲ့ဝင်တွေလည်း ဖြစ်ကြပါတယ်။
BBC
Tuesday, April 16, 2019
ပါရီမြို့တော် ရှေးဟောင်း Notre Dame ဘုရားကျောင်းမီးအပျက်အစီးကြီးမား
![]() |
| ပါရီမြို့လယ်က သမိုင်းဝင် Notre Dame Cathedral ဘုရားကျောင်းကြီး မီးလောင်နေစဉ် ၁၅ ဧပြီလ ၂၀၁၉ |
၁၂ ရာစုနှစ်ကတည်းက တည်ဆောက်ခဲ့တဲ့ ဒီဘုရားကျောင်းကြီးမှာ ခေါင်မိုးကနေစတင်လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် အမိုးတခုလုံး ပျက်စီးသွားပြီး အဆောက်အဦးရဲ့အမြင့်ဆုံးအပိုင်းဖြစ်တဲ့ စုလစ်မုချွန်း ပြိုကျသွားခဲ့တာပါ။ ဘုရားကျောင်းပြောခွင့်ရ Andre FInot ကတော့ ဘုရားကျောင်း အတွင်းပိုင်းက သစ်သားတွေ ပျက်စီးနိုင်ချေရှိတယ်လို့ ပြောပါတယ်။ ပါရီမြို့တော်ဝန် Anne Hidalgo ကတော့ ဘုရာကျောင်းထဲက ထူးခြားတဲ့ အနုပညာလက်ရာတွေနဲ့ ဘာသာရေးဆိုင်ရာ အထိန်းအမှတ် ပစ္စည်းတွေကို ပြန်ရပြီဖြစ်ကြောင်း ပြောပါတယ်။ မီးသတ်တပ်ဖွဲ့ဝင် ၄၀၀ လောက်ဝိုင်းဝန်းညှိမ်းသတ် ခဲ့ရတာ ဖြစ်ပါတယ်။
မီးဘယ်လိုစတင် လောင်ကျွမ်းရတယ် ဆိုတာကို အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် ပြင်သစ်သတင်းတွေမှာတော့ အခုမီးလောင်ကျွမ်းမှုဟာ ဘုရားကျောင်း အဆောက်အဦီး ပြန်လည်ပြုပြင်မွန်းမံမှုတွေနဲ့ ဆက်စပ်မှုရှိနေ နိုင်တယ်လို့ မီးသတ်သမားတွေက ပြောကြောင်း ဖေါ်ပြထားပါတယ်။ ဘုရားကျောင်းရဲ့ အစိတ်အပိုင်း အတော်များများမှာ ငြမ်းတွေ ဆင်ထားတာဖြစ်ပြီး အထဲက ကြေးရုပ်တုတွေကို ပြန်လည်မွန်းမံဖို့ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကပဲ ပြောင်းရွှေ့ထားကြောင်း တာဝန်ခံ အရာရှိတွေက ပြောပါတယ်။
ဒေသစံတော်ချိန် ည ၇ နာရီမတိုင်ခင်ကလေးမှာ စတင်လောင်ကျွမ်းခဲ့တဲ့ မီးကိုအမြန်ညှိမ်းသတ်နိုင်ဖို့ မီးသတ်ကားတွေ အလျှင်အမြန် သွားရောက်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ မီးလောင်တဲ့မြင်ကွင်းကို ကြည့်ရှုဖို့အတွက် Seine မြစ်ပေါ်က ပါရီတံတား တွေပေါ်မှာ ရာနဲ့ချီတဲ့ ပြည်သူတွေ စုဝေးကြည့်ရှုခဲ့ကြတာပါ။
အခုလို မီးလောင်ကျွမ်းမှုကို တွေ့မြင်ရတာ စိတ်မကောင်း ဖြစ်ရကြောင်း ပြင်သစ်သမ္မတ Emmanuel Macron က တွစ်တာကနေ ပြောခဲ့သလို ပြင်သစ်နိုင်ငံရဲ့ အမျိုးသားရေး မူဝါဒဆိုင်ရာ ရုပ်သံမိန့်ခွန်း ပြောကြားမယ့် အစီအစဉ်ကိုပါ ဆိုင်းငံ့လိုက်ပါတယ်။
အမေရိကန်သမ္မတ Donald Trump က ပါရီက Notre Dame Cathedral ဘုရားကျောင်း မီးအကြီးအကျယ် လောင်ကျွမ်းနေတာကို မြင်တွေ့ ရတဲ့အတွက် စိတ်မချမ်းမသာ ဖြစ်ရကြောင်းနဲ့ သူ့တွစ်တာ ကနေ ရေးသားပြောကြားခဲ့ပါတယ်။
အလယ်ခေတ်က ဆောက်လုပ်ခဲ့တဲ့ ဒီ ကက်သလစ်ဘုရားကျောင်းကြီးဟာ ဥရောပမှာ ကမ္ဘာလှည့်ခရီးသွား အများဆုံး သွားရောက်ကြည့်ရှုတဲ့ သမိုင်းဝင်အဆောက်အဦး တွေထဲက တခုဖြစ်ပြီး နှစ်စဉ်လူပေါင်း ၁၃ သန်းလောက် သွားရောက်ကြည့်ရှုတဲ့ နေရာလည်း ဖြစ်ပါတယ်။ ၁၂ ရာစုက စတင်တည်ဆောက်ခဲ့တဲ့ ဒီဘုရားကျောင်းကြီးဟာ နာမည်ကျော် စာရေးဆရာ Victor Hugo ရဲ့ ဂန္ဒဝင်မြောက် ဝတ္တုတပုဒ်ဖြစ်တဲ့ Hunchback of Notre-Dame ဇာတ်အိမ်တည်ရာ နေရာလည်း ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
Thursday, March 14, 2019
တရုတ်ကျောင်းမီးဖိုချောင်မှာ 'ရွံစရာ' အစားအသောက်တွေ တွေ့လို့ ဒေါသထွက်
![]() |
| မီးဖိုထဲမှာ တွေ့တဲ့ ပေါင်မုန့်မှိုတက် |
မှိုတက်နေတဲ့ ပေါင်မုန့်၊ အသားပုပ်နဲ့ ပင်လယ်စာတွေကို ချန်ဒူးမြို့က အမှတ် ၇ အထက်တန်းကျောင်းမှာ တွေ့ခဲ့တာ ဖြစ်ပါတယ်။
အစားအသောက်တွေ ပုပ်စော်နံပြီး ရွံစရာ ကောင်းလှကြောင်း၊ ဝက်စာနဲ့ တူကြောင်းလည်း မိဘတယောက်က ဘီဘီစီကို ပြောပါတယ်။
ကျောင်းဘက်က တောင်းပန်ခဲ့ရပြီး အင်မတန် အရှက်ရကြောင်းလည်း ပြောပါတယ်။
တရုတ်ပြည်မှာ ဒီလို အစားအသောက် ဘေးကင်းလုံခြုံမှု မရှိတာက မထူးဆန်းလှပါဘူး။ ဒီလိုပြဿနာတွေ တက်တိုင်း အာဏာပိုင်တွေက ဒိုင်ခံ ဖြေရှင်းနေကြရပါတယ်။
ဘယ်လိုရှာတွေ့
တရုတ်ပြည် ဇီချွမ်ပြည်နယ်ရဲ့ မြို့တော် ချန်ဒူးက ပုဂ္ဂလိက အထက်တန်းကျောင်းမှာ မိဘတစုကို သစ်ပင်စိုက်ပွဲ တက်ဖို့ ဖိတ်တာကနေ ဒီပြဿနာ စပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ကျောင်းမှာ ရောက်နေတဲ့ မိဘတွေက ပေါင်မုန့်မှိုတက်တွေ၊ အသားပုပ်နဲ့ ပင်လယ်စာပုပ်တွေကို ကျောင်းမီးဖိုထဲမှာ သွားတွေ့ခဲ့တာ ဖြစ်ပါတယ်။
မီးဖိုထဲ သူတို့ဘယ်လိုရောက်သွားတယိ ဆိုတာ သေချာမသိရပါဘူး။ ဒါပေမဲ့ မနှစ် နိုဝင်ဘာလကစပြီး ကျောင်းသားကလေးတွေမှာ ဗိုက်နာတာ၊ ဝမ်းချုပ်တာ စတဲ့ ရောဂါတွေ ထွေလာတာ သတိထားမိတယ်လို့ မိဘတယောက် ပြောပါတယ်။
![]() |
| ပုံးတွေထဲက ပင်လယ်စာနဲ့ အသားတွေ |
"ဝက်သားက နမ်းကြည့်တော့ ပုပ်စော်နံတယ်၊ ချင်းတက်တွေကလည်း ရွံစရာကြီး"
![]() |
| ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ သစ်အယ်သီးတွေ |
![]() |
| ဝမ်းတွင်းသားပုပ်တွေလည်းတွေ့ |
"ကလေးတွေကို အိမ်မှာ အစားအသောက်ကျန်တာဆို မစားခိုင်းဘူး၊ ခုတော့ ကလေးတွေကို ဒီမှာ ဝက်စာ ကျွေးဖို့ ဒေါ်လာသောင်းချီ ကုန်ခဲ့တာပေါ့ " လို့လည်း အဲဒီကျောင်းသား ဖခင်က ပြောပါတယ်။
" ကျွန်တော်သားလေးကို မပြောရဲဘူး၊ ကလေးက ကျောင်းက အစားအသောက်တွေ မစားရဲတော့မှာ စိုးတယ်၊ သမီးက သူဗိုက်နာတယ်လို့ ပြောနေတာ ကြာပြီ၊ ကျွန်တော်က သူ လေ့ကျင့်ခန်း လုပ်တာ များသွားလို့ ဖြစ်နိုင်တယ် လို့ပဲ ပြောခဲ့မိတာ။
"ကျွန်တော် ရင်နာပါတယ် "
မိဘတွေ တုံ့ပြန်
ဒေါသထွက်နေတဲ့ မိဘအုပ်စုက ဒီဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ တင်တဲ့အခါ တခြား ကျောင်းသားမိဘတွေလည်း တွေ့သွားကြပါတယ်။
ကျောင်းက ဒီအစားအသောက်ပုပ်တွေကို ထရပ်ကား နှစ်စီးနဲ့ ချက်ချင်း ဖယ်ပစ်တယ်လို့လည်း စောစောက ကျောင်းသားဖခင်က ပြောပါတယ်။
ဒီထရပ်ကားတစီးကို ကျောင်းရှေ့မှာ ဆန္ဒပြနေတဲ့ ဒေါသထွက်နေတဲ့ မိဘအုပ်စုက တွေ့သွားတယ်လို့လည်း ပြောပါတယ်။
![]() |
| ကျောင်းရှေ့ ဆန္ဒလာပြတဲ့ မိဘတွေ ရာနဲ့ချီရှိ |
ရဲက သူတို့ကို အင်အားသုံးပြီး လူစုခွဲပါတယ်။ လူတယောက်ကို ရဲတအုပ်က မြေပေါ် တွန်းလှဲပစ်တာကို ဗီဒီယို တခုမှာ တွေ့ရပါတယ်။
နောက် ဗီဒီယိုမှာတော့ မိဘတွေ မျက်စိတွေ နီရဲပြီး ပွတ်နေကြတာကို တွေ့ရပါတယ်။ ရဲက ငရုတ်ရည်နဲ့ ပက်တယ်လို့လည်း ဒေသတွင်း မီဒီယာတွေမှာ ရေးပါတယ်။
ဒီဆန္ဒပြပွဲမှာ လူ ၁၂ ယောက်ကို ဖမ်းကြောင်းလည်း ချန်ဒူးရဲက ဝေဘို ကွန်ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
မိဘတွေက လမ်းပိတ်ဆို့ပြီး ရဲတွေကို ထိပါးနှောင့်ယှက်တယ်လို့လည်း ဆိုပါတယ်။ ဒီဖမ်းထားသူတွေကို နေ့ချင်းပဲ ပြန်လွှတ်ပေးလိုက်ပါတယ်။
'သူတို့ကို ဘာကြောင့် ယုံရမှာလဲ'
စတီဖန် မက်ဒိုနဲ၊ ဘီဘီစီ တရုတ်ပြည် သတင်းထောက်
တရုတ်ပြည်မှာ ဆန္ဒပြတာ သိပ်မရှိဘူးလို့ နိုင်ငံခြားကလူတွေက ထင်တတ်ကြပါတယ်။ တကယ်တော့ ဆန္ဒပြတာတွေ မကြာခဏ ဖြစ်တတ်ပြီး ချက်ချင်းကောက်ဖြစ်တတ်ပါတယ်။
ကျောင်း၊ သူငယ်တန်းနဲ့ ဆေးရုံလိုနေရာတွေမှာ မိသားစုဝင်တွေ ဒဏ်ရာရရင် ပုံမှန်အားဖြင့် ငြိမ်သက်နေတဲ့ လူထုက ဒေါသနဲ့ လမ်းပေါ်ထွက်လာတတ်ပါတယ်။
ဆေးမှားပေးတာ၊ နို့မှုန့်အတုပြဿနာ ၊ စီးပွားရေး မြှုပ်နှံမှု အရှုပ်တော်ပုံနဲ့ ကျောင်းသားတွေ မတရားလုပ်ခံရတယ် ထင်တဲ့ ကိစ္စတွေမှာ လူအုပ်ဒေါသက အာဏာပိုင်တွေဆီ လှည့်လာတတ်ပါတယ်။
တရုတ်ကွန်မြူနစ်ပါတီက ဒီလို ကိစ္စတွေကို သိပ်ပြီး ပူပန်ကြောင့်ကြတာ မရှိရင် လူထုယုံကြည်မှု ပျက်ပြား လာနိုင်ပါတယ်။
ဒေသန္တရ အာဏာပိုင်တွေက ကျောင်းမှာကျွေးတဲ့ ပေါင်မုန့်ကို မှိုမတက်အောင် ကာကွယ်မပေးနိုင်ရင် သူတို့ကို ဘာကြောင့် ယုံရမှာလဲ။
ကျောင်းဘက်က ပြန်ပြော
ကျောင်းကို လက်ရှိ အစားအသောက်သွင်းနေတဲ့သူဆီက ထပ်မယူတော့ပါဘူးလို့ ချန်ဒူး ကျောင်းက နောက်တော့ တောင်းပန်စာ ထုတ်ခဲ့ပါတယ်။
ဒီကျောင်းဟာ တရုတ်ပြည်မှာ နာမည်အကြီးဆုံး ကျောင်းတကျောင်းဖြစ်ပြီး တရုတ်ပြည်ရဲ့ "ထိပ်ဆုံး ပုဂ္ဂလိကကျောင်း ၁ဝ ကျောင်း" ထဲ ဝင်ခဲ့ဖူးပါတယ်။
တာဝန်ရှိသူတွေကို အရေးယူမယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စအတွက် အင်မတန် ရှက်ရကြောင်းနဲ့ ဒါမျိုး ထပ်မဖြစ်စေရပါဘူး လို့လည်း ဆိုပါတယ်။
ဒါမျိုးက ဒီတနေရာတည်း ဖြစ်ဖူးတာ မဟုတ်ဘူးလို့လည်း ဘီဘီစီနဲ့ တွေ့ဆုံခဲ့တဲ့ မိဘတယောက်က ပြောပါတယ်။ ဒီအစားအသောက် ကန်ထရိုက်ဟာ ကျောင်း ၂ဝ က ကျောင်းသား တသိန်းကျော်အတွက် အစားအသောက်သွင်းနေတာ လို့ ပြောပါတယ်။
ဒီကျောင်း အစားအသောက်ကိစ္စမှာ တာဝန်ရှိသူ ရှစ်ယောက်ကို စုံစမ်းစစ်ဆေးနေတယ် ဆိုပြီး ဒီကျောင်းဝန်းကျင်က ခရိုင်အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
ဒီကျောင်းက ကျောင်းသား ၃၆ ယောက်ကို ဆေးရုံတင် စစ်ဆေးပြီး ပြန်ဆင်းပေးလိုက်တယ်လို့လည်း ဆိုပါတယ်။
အသားစိမ်းတွေကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးသွားမယ်၊ သေချာ စစ်ဆေးသွားမယ်လို့ ခရိုင် အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး လုံးဝ သည်းမခံတဲ့ မူထားပြီး လေးလေးနက်နက်ကိုင်တွယ်သွားပါမယ် ဆိုပြီး ခရိုင် ပြန်ကြားရေးက ဝေဘိုကွန်ရက်မှာ ထုတ်ပြန်ပါတယ်။
မနှစ်က ရှန်ဟိုင်းက နိုင်ငံတကာကျောင်းတကျောင်းမှာ ကျောင်းသားတွေကို ရက်လွန်နေတဲ့ အစားအစာတွေ ကျွေးတယ်ဆိုပြီး တွေ့ရှိခဲ့ပါတယ်။
BBC Burmese
https://www.bbc.com/burmese
Saturday, February 2, 2019
အာရှ မွတ်ဆလင်နိုင်ငံတွေမှာ ဒီနှစ် တရုတ်နှစ်သစ်ကူး ဆင်နွဲဖို့ ဘာအခက်အခဲ ဖြစ်နေသလဲ
![]() |
| ကွာလာလမ်ပူမြို့မှာ တရုတ်နှစ်ကူး ဝက်နှစ်အတွက် သင်္ကေတ စာလုံးဖော် ရေးပွဲ တက်ရောက်နေတဲ့ မွတ်ဆလင် ဆရာမတွေ။ |
တရုတ်နှစ်သစ်ကူး ရောက်ပြီ ဆိုရင် တရုတ်ရိုးရာ ဆယ့်နှစ်လ ရာသီအရ သတ်မှတ်ထားတဲ့ တိရစ္ဆာန်ပုံ အထိမ်းအမှတ်ကို အရုပ်တွေ၊ လက်ဆောင်တွေမှာ ဖေါ်ပြလေ့ ရှိပါတယ်။
မနှစ်တုန်းက ခွေးနှစ် ဖြစ်ပြီး ဒီနှစ်ကတော့ ဝက်နှစ်ဖြစ်ပါတယ်။
မွတ်ဆလင်တွေအတွက် ဝက်ဆိုတာ မသန့်ရှင်းတဲ့ သတ္တဝါ၊ ဝက်သားစားရင် အပြစ်ရှိတယ်လို့ ယူဆ သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဒီတော့ အရှေ့တောင် အာရှ ဒေသက မွတ်ဆလင် အများစု နေထိုင်ကြတဲ့ နိုင်ငံတွေမှာ တရုတ် နှစ်သစ်ကူးပွဲတော် ကျင်းပတဲ့ သူတွေအတွက် ပြဿနာ ရှိလာနိုင်ပါသလား။
တရုတ် နှစ်သစ်ကူးပွဲဟာ တခြား မလေးရှားက တရုတ် မိသားစု အများစုလိုပဲ မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ် ဘာတူ ပါဟက်မြို့လေးမှာ နေထိုင်နေတဲ့ ချောင်ယွန်ကီးတို့ မိသားစုအတွက်လည်း အရေးပါတဲ့ အခမ်းအနားပွဲ တခု ဖြစ်ပါတယ်။
အထူးသဖြင့် သူ့ဇနီးနဲ့ သမီးတွေ အားလုံး ဝက်နှစ်တွေမှာ မွေးကြတဲ့ အတွက် ချောင်ယွန်ကီးတို့ မိသားစုအတွက် ဒီနှစ်ဟာ သိပ်ကို ထူးခြား အရေးပါတဲ့ နှစ် ဖြစ်ပါတယ်။
"ဒီနှစ်အတွက် ကံကောင်းစေတဲ့ ဝက်ရုပ်တွေ အတော်များများကို အိမ်မှာ အလှပြထားမှာပါ။ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ အိမ်နီးချင်းတွေကို ဖိတ်ထားပါတယ်။ ဘာလူမျိုး၊ ဘာဘာသာဝင်ပဲ ဖြစ်ဖြစ် တရုတ်နှစ်သစ်ကူး ဆိုတာ အားလုံးအတွက်ပါ" လို့ ဘီစကစ် စက်ရုံတခုမှာ မန်နေဂျာ လုပ်နေတဲ့ မစ္စတာ ချောင်က ပြောပါတယ်။
သူကတော့ ဒီဝက်ရုပ်တွေကြောင့် ဘာမှ ပြဿနာ တက်စရာ မရှိဘူး။ တခြားလူတွေကို အနှောင့်အယှက် ဖြစ်စရာ မရှိဘူးလို့ ထင်ပါတယ်။
ခွေးနှစ် ဖြစ်တဲ့ မနှစ်တုန်းကလည်း မွတ်ဆလင်တွေအကြား အကြီးအကျယ် ပွက်လော ရိုက်ခဲ့ပါသေးတယ်။
![]() |
| နှစ်တုန်းက တရုတ်နှစ်ကူး သင်္ကေတ ဖြစ်တဲ့ ခွေးရုပ်ကို အရမ်း ထင်ထင်ပေါ်ပေါ် မဖော်ပြဖို့ မလေးရှား အာဏာပိုင်တွေက အထူး သတိထားခဲ့ |
ဒီ့အတွက် မွတ်ဆလင် အသိုင်းအဝိုင်းကို ထိခိုက်စေမှာ စိုးတဲ့အတွက် ဈေးဆိုင်တွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေက ခွေးရုပ်တွေကို သိပ်အသုံးမပြုခဲ့ကြပါဘူး။
ဒါပေမယ့် မစ္စတာ ချောင်ကတော့ "မလေးရှားနိုင်ငံဟာ လူမျိုး ဘာသာစုံ ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ မလေး မွတ်ဆလင်တွေချည်း နေတဲ့ နိုင်ငံ မဟုတ်ပါဘူး။ တရုတ်နွယ်ဖွားတွေလည်း ရှိတယ်။ အိန္ဒိယနွယ်ဖွားတွေလည်း ရှိတယ်။ ခရစ်ယာန်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ အစရှိသဖြင့် ဘာသာပေါင်းစုံ နေထိုင်နေတဲ့ နိုင်ငံပါ။ ဒါ့ကြောင့် တခြား ဘာသာဓလေ့နဲ့ အခမ်းအနားတွေကိုလည်း အလေးထားဖို့ လိုပါတယ်" လို့ ပြောပါတယ်။
ဒါပေမယ့် အရင်နှစ်တုန်းကလို သတိပေးဟန့်တားတာမျိုး လုပ်လာမယ့် အငွေ့အသက်မျိုး ဒီနှစ်မှာ လုပ်မယ့် ပုံမျိုး မတွေ့ရဘူးလို့ သူက ပြောပါတယ်။
![]() |
| စင်္ကာပူနိုင်ငံက တရုတ်တန်းမှာ ဝက်နှစ် တရုတ်နှစ်ကူးအတွက် ပြင်ဆင်နေကြပုံ |
ကွာလာလမ်ပူမြို့ အခြေစိုက် ဖုန်းရွှေ အကြံပေး ဂျိုအီ ယက်ပ် ကတော့ ဘာမှ စိတ်ပူစရာ မလိုဘူးလို့ ဆိုပါတယ်။ မနှစ်ကနဲ့ ယှဉ်ရင် ဒီနှစ် တရုတ်နှစ်ကူးက ဒီလောက်ကြီး ဆတ်ဆတ်ထိ မခံ ဖြစ်စရာ သိပ်မရှိပါဘူးလို့ သူက ပြောပါတယ်။
![]() |
| မီးအိမ်နီတွေနဲ့ အလှဆင်ထားတဲ့ ဂျာကာတာမြို့က တရုတ်တန်း |
အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေ အများဆုံး မွတ်ဆလင် နိုင်ငံ ဖြစ်ပေမယ့် တရုတ် နှစ်သစ်ကူးနေ့ကို အစိုးရ ရုံးပိတ်ရက် အဖြစ် သတ်မှတ်ပေးထားပါတယ်။
လူထုကြားထဲ တရုတ် နှစ်ကူးပွဲတော် ဆင်နွဲလေ့ ရှိသလို မြို့အတော်များများမှာလည်း တရုတ် နှစ်သစ်ကူး အထိမ်းအမှတ် မီးပုံးတွေ ချိတ်ဆွဲတာ၊ အရောင်အသွေး စုံစုံလင်လင်နဲ့ စီတန်း ကပြတာတွေကို တွေ့ရပါတယ်။
အခုနှစ် တရုတ်နှစ်ကူး သင်္ကေတ ဝက်ပုံကို အင်ဒိုနီးရှားမှာ ရှိတဲ့ မွတ်ဆလင် မိတ်ဆွေတွေက ကြိုဆိုကြပါတယ်လို့ ဂျာကာတာမှာ နေထိုင်တဲ့ မယ်ရီ အိုလစ်ဗီယာ က ပြောပြပါတယ်။
"ကျွန်မက အင်ဒိုနီးရှားလူမျိုး မွတ်ဆလင် အတော်များများနဲ့ ကြီးလာခဲ့သူပါ။ ဝက်ပုံကြောင့် သူတို့ ဘာမှ စိတ်အနှောင့်အယှက် ဖြစ်မှာ မဟုတ်ပါဘူး။ ဒီဝက်ပုံတွေဟာ ရာသီခွင် တိရစ္ဆာန် ဆိုတာမျိုးထက် ပျော်စရာ နှစ်သစ်ကူး ရုပ်ပုံ အနေနဲ့ပဲ ယူဆကြမှာပါ" လို့ဆိုပါတယ်။
တကယ်လို့ ဝက်ကို မြွေနဲ့ ယှဉ်ကြည့်မယ် ဆိုရင် ဝက်က ပိုချစ်စရာ ကောင်းပါတယ်။ အင်ဒိုနီးရှားနိုင်ငံက လူအတော်များများဟာ မြွေကို မကြိုက်ကြပါဘူး။ ဒီတော့ တရုတ် နှစ်သစ်ကူးမှာ ဝက်ပုံတွေကို ပိုချိတ်ချင်ကြမှာပါလို့ သူကဆက်ပြောပါတယ်။
![]() |
| ဒီနှစ် တရုတ်နှစ်ကူးမှာ ဝက်ပုံ အထူးကွတ်ကီတွေက မွတ်ဆလင်တွေအကြား အရမ်းကို ရေပန်းစားနေတယ်လို့ မုန့်ဖုတ်ရောင်းသူ ဗယ်လာရီ ရီတာ က ပြောပါတယ်။ |
လိမ္မော်သီး ဆိုတာ တရုတ် နှစ်သစ်ကူးအတွက် လူကြိုက်များတဲ့ သင်္ကေတ တခုပါ။ ဒီနှစ်မှာတော့ ဝက်ပုံ ကွတ်ကီလေးတွေကို အထူးဖန်တီး ဖုတ်ခဲ့ပါတယ်။ နှစ်ပတ်အတွင်း ကြိုတင် အော်ဒါတွေနဲ့ ပြည့်သွားပါတယ်။
သူ့ဖောက်သည် အတော်များများက မွတ်ဆလင်တွေပါ။
"အဲဒီ ဖောက်သည်တွေက သူတို့ရဲ့ မွတ်ဆလင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူငယ်ချင်းတွေအတွက် ဒီကွတ်ကီတွေကို မှာတာပါ။ တချို့လည်း ဝက်ပုံကလေးတွေကို ကြိုက်လို့ ဝယ်တာပါ" လို့ ဗယ်လာရီ ရီတာ က ပြောပြပါတယ်။
သူ့ကွတ်ကီတွေဟာ မွတ်ဆလင်တွေ စားခွင့်ပြုတဲ့ ပထမဆုံး ဝက်ကလေးတွေပါ လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ဘိုဂါမြို့မှာ နေတဲ့ အသက် ၂၄ နှစ်အရွယ် ရန်ဂါ ဆက်ဆထရာဂျာယာ အတွက်ကတော့ အခြေအနေချင်း တခြားစီလို့ ပြောရမှာပါ။
တရုတ်နှစ်သစ်ကူးအတွက် ဝက်ပုံပါတဲ့ အရုပ်တွေ၊ အပြင်အဆင်တွေ ဝယ်ခဲ့ပေမယ့် လူရှေ့သူရှေ့ ပြထားဖို့ကိုတော့ စိုးရွံ့နေဆဲပါ။
မတူကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို အင်ဒိုနီးရှား လူမျိုး အတော်များများက ခုချိန်ထိ လက်မခံကြသေးဘူးလို့ သူယူဆထားလို့ ဖြစ်ပါတယ်။
"ဝက်ပုံပါတဲ့ ရှပ်အင်္ကျီတွေ ဝတ်ရဲပါတယ်။ ဒါမှမဟုတ် အိမ်မှာ ဝက်ပုံ အဆင်အပြင်တွေ ချိတ်ထားရဲပါတယ်။ ဒါပေမယ့် စော်ကားရာ ရောက်မှာ စိုးလို့ လူရှေ့သူရှေ့မှာတော့ ဒီလို မလုပ်ရဲပါဘူး" လို့ ရန်ဂါ ဆက်ဆထရာဂျာယာ က ဝန်ခံ ပြောခဲ့ပါတယ်။
![]() |
| တရုတ်နှစ်ကူး အပြင်အဆင် အငွေ့အသက်တွေက ရှေးရိုးစွဲ မွတ်ဆလင်တွေအကြား မကျေနပ်မှုတွေ ဖြစ်လာနိုင်မလား |
"ဒါဟာ အစ္စလာမ် ဘာသာကို ထိခိုက်စေနိုင်တယ်။ မွတ်ဆလင်တွေအတွက် မသင့်လျော်ဘူး"လို့ ဖေါ်ပြထားပါတယ်။
သူတို့အဖွဲ့လိုပဲ တခြား မွတ်ဆလင် အဖွဲ့တွေဆီကလည်း ဝေဖန်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။
![]() |
| ခရစ်ယာန် ဘာသာဝင် တရုတ်လူမျိုး ဂျာကာတာ မြို့တော်ဝန် ဘဆူကီ ဂျဟာဂျာ ပူရ်နာမာ |
၂၀၁၇ ခုနှစ်တုန်းက အစ္စလာမ်ဘာသာကို စော်ကားမှုနဲ့ ခရစ်ယာန် ဘာသာဝင် တရုတ်လူမျိုး ဂျာကာတာ မြို့တော်ဝန် ဘဆူကီ ဂျဟာဂျာ ပူရ်နာမာ ထောင်ဒဏ် ချမှတ်ခံခဲ့ရတာဟာ ဒီသဘောထားတွေကြောင့် ဖြစ်ပြီး အခုလည်း ဒီလိုသဘောထားတွေ ထပ်ပြန့်ပွားနေဆဲပဲလို့ သူက ပြောပါတယ်။
စိတ်ဓါတ် ကျဉ်းမြောင်းမှုတွေကြောင့် သည်းမခံနိုင်မှုတွေ ဖြစ်လာရတယ်။ နားလည်မှု မရှိလေလေ၊ သည်းမခံနိုင်မှုတွေ များလေလေ ပဲလို့ ဆိုပါတယ်။
အခု တရုတ် နှစ်သစ်ကူး ကိစ္စမှာလည်း ယဉ်ကျေးမှု ဓလေ့ထုံးစံ ဆိုတာထက် ဘာသာရေးကိစ္စအဖြစ် အင်ဒိုနီးရှားလူမျိုး မွတ်ဆလင် အတော်များများက ယူဆနေကြတာပါ။
ဒါပေမယ့် နိုင်ငံရေး သမားတဦးကတော့ တရုတ် အသိုင်းအဝိုင်းဖက်က ကာကွယ်ပြောခဲ့ပါတယ်။ သူကတော့ အင်ဒိုနီးရှား သာသနာရေး ဝန်ကြီး လူခ်မန်း ဟာကင်မ် ဆိုင်ဖပ်ဒင် ပါ။ ကိုယ့်နဲ့ မတူတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ကိုးကွယ်ရာ ဘာသာတွေကို လေးစားကြဖို့ သူက တိုက်တွန်းထားပါတယ်။
BBC Burmese
https://www.bbc.com/burmese
Monday, January 28, 2019
တရုတ်နဲ့ တည်ဆောက်မယ့် ရထားလမ်း စီမံကိန်း မလေးရှား ဖျက်သိမ်း
![]() |
| China Communication Construction ကုမ္ပဏီ လီမိတက်နဲ့ ဆောင်ရွက်ဖို့ စာချုပ်ထားတဲ့ မလေးရှားရဲ့ ဒေါ်လာ ၂၀ ဘီလျံတန် East Coast Rail Link ပုံကြမ်း |
ဒါပေမယ့် မလေးရှား အနေနဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုမှာဖြစ်ကြောင်းလည်း အာမခံ ပြောဆိုပါတယ်။ ရထားလမ်း တည်ဆောက်ရေး အတွက် ကုန်ကျစာရိတ်က များလွန်းလှပြီး အစိုးရဘက်က ငွေကြေး မတတ်နိုင်လို့ အခုလို ဖျက်သိမ်းဖို့ ဆုံးဖြတ်တာလို့လည်း ၀န်ကြီး Azmin က ပြောပါတယ်။
စီမံကိန်း ဖျက်သိမ်းတဲ့ အတွက် စာချုပ်ထားတဲ့ တရုတ် ကုမ္ပဏီကို ဘယ်လောက် ပေးလျော် မလဲ ဆိုတာကို အစိုးရဘက်က စဉ်းစား ချင့်ချိန်နေကြောင်းလည်း သူက ပြောပါတယ်။ စီမံကိန်း အတွက် တနှစ်အတွက် အတိုးနှုန်းတခုတည်းတင် ဒေါ်လာ သန်း ၁၂၀ ကုန်ကျမှာ ဖြစ်ပါတယ်။ မလေးရှား ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ကလည်း ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက အစိုးရ အနေနဲ့ ဒီစီမံကိန်း တည်ဆောက်ရေး အတွက် မတတ်နိုင်တာကြောင့် တရုတ်နဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို မထိခိုက်စေဘဲ စီမံကိန်းကို ဖျက်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့တာပါ။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Friday, January 25, 2019
သမ္မတ Trump လူယုံ Roger Stone ဖမ်းဆီးခံရ
![]() |
| အမေရိကန်သမ္မတ Donald Trump ရဲ့လူယုံတယောက်လည်းဖြစ်၊ Trump ရွေးကောက်ပွဲစည်းရုံး အကြံပေး လည်းဖြစ်တဲ့ Roger Stone |
၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်စွက်ဖက်ခဲ့သလားဆိုတာ စုံစမ်းနေတဲ့ အထူးစုံစမ်းရေးမှူး Robert Mueller ရုံးကနေ Mr. Stone ကိုလိမ်ညာထွက်ဆိုမှု၊ တရားရေးလုပ်ငန်းနဲ့ သက်သေထွက်ဆိုသူတွေကို နှောင့်ယှက် ဟန့်တားမှုတို့နဲ့ တရားစွဲခဲ့ပြီး သောကြာနေ့ မနက်အစောကြီးအချိန်Florida ပြည်နယ်က သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်က Democrat ပါတီတာဝန်ရှိသူတွေရဲ့ email တွေကို ရုရှားဝင်ရောက် ခိုးယူတဲ့ကိစ္စနဲ့ အခုအမှုတွေ ဆက်စပ်နေပါတယ်။
email တွေကိုလူသိရှင်ကြား မထုတ်ပြန်ခင် WikiLeaks website တည်ထောင်သူ Julian Assange နဲ့ တွေ့ဆုံ ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အောက်လွှတ်တော် ထောက်လှမ်းရေး ကော်မတီကို Roger Stone လိမ်ညာ ပြောခဲ့ တယ်လို့ အစိုးရရှေ့နေတွေ တရားရုံးကို တင်ပြတဲ့ စွပ်စွဲချက်တွေမှာ ဖော်ပြထားပါတယ်။ Wikileaks ကနေ Democrat ပါတီနဲ့ ပတ်သက်တဲ့အချက်အလက်တွေ မထုတ်ပြန်ခင်နဲ့ ထုတ်ပြန်ခဲ့ပြီးချိန်တွေမှာ Mr. Stone နဲ့ Trump အောင်နိုင်ရေး ထိပ်တန်းတာဝန်ရှိသူတွေကြား အပြန်အလှန်ဆက်သွယ်ခဲ့တဲ့ အကြောင်းတွေ လိမ်ညာ ထွက်ဆိုခဲ့တဲ့အတွက် ဖမ်းဆီးခံရပုံရပါတယ်။
နှစ်ပေါင်း ၄၀ လောက်သမ္မတနဲ့ ခင်မင်ရင်းနှီးပြီး Trump ရွေးကောက်ပွဲ အနိုင်ရဖို့ ဦးဆောင်ကြိုးပမ်းခဲ့သူ Roger Stone ကို အထူးစုံစမ်းရေးမှူး Robert Mueller ဦးဆောင်တဲ့ စုံစမ်းသူတွေက အသေးစိတ်စုံစမ်းခဲ့တာပါ။ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း Hillary Clinton ကိုထိခိုက်အောင် ရုရှားတို့နဲ့ ပူးပေါင်းလုပ်ခဲ့သလား ဆိုတာကို စုံစမ်းနေတဲ့ စုံစမ်းမှုကနေ ဖမ်းဆီး တရားစွဲခဲ့သူတွေထဲမှာ Roger Stone က အရေးအပါဆုံး တယောက်လို့ ပြောလို့ရပါတယ်။
ဒီနေ့ Fort Lauderdale တရားရုံးမှာ သူ့ကို ရုံးထုတ်မှာဖြစ်ပြီး သူ့ဘက်ကတော့ ဘာမှ အမှားမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ထားပါတယ်။
ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
Wednesday, January 23, 2019
တရားမ၀င်ရောက်နေတဲ့ ကလေးငယ်တွေ ထိန်းသိမ်းခြင်းမပြုဖို့ ထိုင်းအစိုးရ သဘောတူ
![]() |
| မှတ်တမ်းဓာတ်ပုံ။ ထိုင်းနိုင်ငံကို တရားမ၀င် ၀င်ရောက်လာသူတွေကို လူဝင်မှု ကြီးကြပ်ရေး အချုပ်ခန်းမှာ ထိန်းသိမ်းထားစဉ်။ ၂၀၁၃။ |
ဥပဒေမဲ့ ၀င်ရောက်လာတဲ့ ကလေးငယ်တွေ ထိန်းထားတဲ့ လုပ်ရိုးလုပ်စဉ်ကို အဆုံးသတ်မယ်ဆိုတဲ့ ၀န်ကြီးချုပ် ဖရာယုချန်အိုချာရဲ့ ကတိကို အကောင်အထည် ဖော်ရေး မူဘောင် တရပ်ကို ထိုင်းအစိုးရ အရာရှိကြီးတွေနဲ့ နားလည်မှု စာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ UNHCR က ပြောကြားလိုက်ပါတယ်။
အခု စာချွန်လွှာဟာ မူအားဖြင့် သဘောတူညီချက် ဖြစ်ပြီး ဒီကလေးငယ်တွေကို ဘယ်လို စောင့်ရှောက်သွားမလဲ ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိသေးပါဘူး။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားဖို့ Trump အခက်ကြုံ
နောက်တပတ်မှာ ပြောကြားဖို့ ရှိတဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို မပြောဖို့ အတွက် အောက်လွှတ်တော် ဥက္ကဌ နန်စီပလိုစီက ဟန့်တားခဲ့ပြီးတဲ့နောက်မှာ သမ္မတ Donald Trump က နောက်ပုံစံ တမျိုးနဲ့ မိန့်ခွန်း ပြောကြားမယ်လို့ ပြောကြားလိုက်ပါတယ်။
နန်စီပလိုစီဟာ အမှန်တရားကို မကြားလိုပါဘူး။ အမေရိကန် ပြည်သူတွေကိုလည်း အမှန်တရားကို မကြားစေချင်ပါဘူး။ ဒါကြောင့် ကျနော် နိုင်ငံတော် အခြေပြ မိန့်ခွန်း ပြောဖို့ အတွက် သူ ကန့်ကွက်ခဲ့တာပါလို့ သမ္မတ Donald Trump က ပြောသွားတာပါ။
အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု မပြီးမချင်း ကွန်ဂရက်မှာ မိန့်ခွန်း ပြောခွင့် မပေးဖို့ အောက်လွှတ်တော် ဥက္ကဌရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံအတွက် အကျည်းတန်စေတဲ့ ကိစ္စတရပ် ဖြစ်ပြီး သူမရဲ့ လုပ်ရပ်ဟာ အင်မတန့် အင်မတန် ကြီးမားတဲ့ အနုတ် လက္ခဏာ တရပ် အဖြစ် သမိုင်းတွင် ကျန်ရစ်မယ်လို့လည်း ပြောပါတယ်။
နောက်ပုံစံ တမျိုးနဲ့ ပြောမယ်ဆိုတဲ့ မိန့်ခွန်းကိုတော့ ဘယ်နေရာမှာ ဘယ်အချိန်မှာ ပြောမယ်ဆိုတာကိုတော့ သမ္မတ Donald Trump က မပြောပါဘူး။ သမ္မတ Trump ရဲ့ ပထမ အကြိမ် နိုင်ငံတော် အခြေပြ မိန့်ခွန်းကို လွန်ခဲ့တဲ့ တနှစ်ကျော်က ပြောကြားခဲ့တာ ဖြစ်ပြီး မိနစ် ၈၀ ကြာမြင့်ပါတယ်။ အမေရိကန် သမိုင်းမှာ အရှည်လျားဆုံး မိန့်ခွန်း တခုလည်း ဖြစ်ပါတယ်။
သမ္မတ Trump က လာမယ့် အင်္ဂါနေ့ညနေမှာ လွှတ်တော်မှာ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြးမှာ ဖြစ်ကြောင်း လွှတ်တော်ဥက္ကဌ Pelosi ဆီကို စာရေးသားပေးပို့ခဲ့ပေမယ့် လွှတ်တော်ဥက္ကဌက အစိုးရယန္တရားတခုလုံး ပြန်မဖွင့်နိုင်သေးသမျှ ဒီမိုကရက်တွေ ထိန်းချုပ်တဲ့ အောက်လွှတ်တော်ခန်းမထဲမှာ မိန့်ခွန်းပြောခွင့်မပေးနိုင်ဘူးလို့ ဗုဒ္ဓဟူးနေ့မှာပဲ သမ္မတထံ စာပြန်ရေးပို့ခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရုရှားလေယာဉ်အား ပြန်ပေးဆွဲရန် ကြိုးစားသည့် ခရီးသည်တစ်ဦးကို ဖမ်းဆီးထိန်းသိမ်း
![]() |
| လေယာဉ်ပြန်ပေးဆွဲရန် ကြိုးပမ်းခံရသည့် ရုရှားလေယာဉ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) |
ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားပြည်နယ် Surgur မြို့မှ မော်စကိုမြို့သို့ မောင်းနှင်လာသော ရုရှားလေယာဉ်တစ်စီး အား ဇန်နဝါရီ ၂၂ရက်တွင် ခရီးသည်တစ်ဦး က ပြန်ပေးဆွဲရန် ကြိုးစားခဲ့ကြောင်း ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေး ကော်မတီက ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
ကနဦး သတင်းရရှိချက်များအရ လေယာဉ်ပျံသန်းနေစဉ် မူးယစ်နေသော အမျိုးသားတစ်ဦးသည် လေယာဉ်မှူးအခန်းအတွင်းသို့ ဝင်ရောက်လာကာ လမ်းကြောင်းပြောင်းလဲရန် လက်နက်ပြခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ခရီးသည်သည် အာဖဂန်နစ္စတန်သို့ ပျံသန်းစေလိုခဲ့ကြောင်း နှင့် စုံစမ်းစစ်ဆေးရေးကော်မတီက ၎င်းပျံသန်းစေလိုသည့် နိုင်ငံကို အတည်ပြုပြောကြားခဲ့ခြင်းမရှိကြောင်း ပြည်တွင်းသတင်းများက ဖော်ပြခဲ့သည်။
ထုတ်ပြန်ချက်၌ လေယာဉ်လမ်းကြောင်းညွှန်ကြားသူ က Surgut မြို့ အရှေ့ဘက် ၃၀၀ကီလိုမီတာ အကွာ ရှိ Khanty-Mansiysk မြို့သို့ အရေးပေါ်ဆင်းသက်ရန် ဆုံးဖြတ်ခဲ့ကြောင်းပါရှိသည်။
တရားခံ သည် Surgut မြို့ခံတစ်ဦးဖြစ်ပြီး တစ်ပါးသူ၏ ပိုင်ဆိုင်မှုများကို ထိခိုက်စေမှုဖြင့် ပြစ်မှုမှတ်တမ်းတစ်ခုရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်အား ရုရှားနိုင်ငံ ဖယ်ဒရယ်လုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
Saturday, January 19, 2019
Breaking news ; ဘုန်းကြီးကျောင်းအားဝင်ရောက်ပစ်ခတ် ဆရာတော်အပါအ၀င် သံဃာများ ပျံလွန် ဒဏ်ရာရ
ခုလိုဖြစ်ရပ်တွေ ဖြစ်လာတိုင်း မဆိုင်တဲ့ သူတွေကို လိုက်လံ သတ်ဖြတ်ကြတာကြောင့် တောင်ပိုင်းပ်ြနယ်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း သတိထားရပါလိမ့်မယ်။
ဒီကနေ့ မနက်မှာ ပြည်နယ်အုပ်ချုပ်ေ၇းမှူးကတော့ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ပြည်နယ်အတွင်းမှာ လုံခြုံရေးတိုးမြင့်မယ် ..တရားခံတွေကိုရအောင်ဖမ်းမယ်လို
SAW
Unicode
ထိုင်းတောင်ပိုင်း ခွဲထွက်ရေး အုပ်စုက ဘုန်းကြီးကျောင်းအားဝင်ရောက်ပစ်ခတ် ဆရာတော်အပါအဝင် သံဃာများ ပျံလွန်ဒဏ်ရာရ
Breaking news
အနက်ရောင်ဝတ် လက်နက်ကိုင် ၁ဝဦးထက်မနည်း အင်အားနဲ ့မနေ ့ညပိုင်းက ရသနာနုဘ ဘုန်ကြီးကျောင်းအတွင်း ဆိုင်ကယ်တွေနဲ ့ ဝင်လာပြီး ကျောင်းတွင်းမှာ သတင်းသုံးနေကြတဲ့ သံဃာတွေကို ပစ်ခတ်ခဲ့တာပါ။
ယခုပစ်ခတ်မှုမှာသာသနာပြုနေကြတဲ့ ထိုင်းတောင်ပိုင်း နရာသီဝ ခရိုင် ရသနာနုဘ ဘုန်းတော်ကြီးကျောင်း စာချဆရာတော်နဲ ့
သံဃာ နှစ်ပါး ပျံလွန်သွားခဲ့ပြီးတခြား ကျောင်းနေသံဃာတွေ လည်းဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ခုလို ဘာသာရေး ဘုန်တော်ကြီးကျောင်းကို ဝင်ရောက်ပစ်ခတ်သူတွေဟာ ထိုင်းတောင်းပိုင်း ပြည်နယ် ခွဲထွက်ရေး အကြမ်းဖက် သူပုန်အုပ်စုတွေက
သူတို့ရဲ့ခေါင်းဆောင်တဦး( ဟာဆန်မာလီ ) ကို ယခုရက်ပိုင်းအတွင်းက ထိုင်းစစ်တပ်က အသေဖမ်းဆီးခဲ့လို ့တန်ပြန် လက်စားခြေတဲ့အနေနဲ့ဝင်ရလွယ်တဲ့ ဘုန်း ကြီးကျောင်းကို ဝင်ပြစ်ခဲ့တာဖြစ်နိုင်တယ်လို ့သိရပါတယ်။
ယခုရက်ပိုင်းအတွင်းက မူလတန်းကျောင်းတစ်ကျောင်းကိုလည်း ဝင်ပစ်ခဲ့ကြပါတယ်။
ယခုလိုလုပ်ရပ်ဟာ တောင်ပိုင်းပြည်နယ်အတွင်းကဗုဒ္ဓဘာသာဝင် တွေနဲ ့တခြား ဘာသာဝင်တွေအတွက် ပါ အလွန်စိတ်မကောင်းစရာ နဲ ့ စိုးရိမ်မှုတွေ ပိုတိုးလာစေပါတယ်။
ခုလိုဖြစ်ရပ်တွေ ဖြစ်လာတိုင်း မဆိုင်တဲ့ သူတွေကို လိုက်လံ သတ်ဖြတ်ကြတာကြောင့် တောင်ပိုင်းပြ်နယ်တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း သတိထားရပါလိမ့်မယ်။
ဒီကနေ ့မနက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးကတော့ ဒီဖြစ်ရပ်နဲ ့ပတ်သက်ပြီး ပြည်နယ်အတွင်းမှာ လုံခြုံရေးတိုးမြင့်မယ် ..
တရားခံတွေကိုရအောင်ဖမ်းမယ်လို ့ ထုတ်ပြန်ခဲ့ပြီး ၊ ပြည်သူတွေအနေနဲ ့စစ်ဝတ်အစား နဲ ့ အနက် ရောင် အပေါ်အောက် အဝတ်အစားတွေဝတ်ပြီးမသွားလာကြဖို ့ သတိပေးနေပါပြီ။
မလေးရှားနယ်စပ်နဲ ့ထိစပ်နေတဲ့ ဒေသတွေမှာ ထကြွ သောင်းကျန်းနေတဲ့ ထိုင်းတောင်ပိုင်း ခွဲထွက်ရေး မူဆလင် အကြမ်းဖက်အုပ်စု
(၅)ဖွဲ ့ (RKK,GMIP,BBMP,PULO BRN-C )ဟာ မှတ်တမ်းအရ အင်အား ၁၀၀၀၀ ကျော်ရှိလာနေပြီး အကြမ်းဖက်တိုက်ခိုက်မှုကြောင့်
ဒီကနေ ့အထိ သံဃာ ကျောင်းဆရာ နဲ ့ ပြည်သူ ၆၅ဝဝကျော် သေဆုံးခဲ့ရပြီး ၁၂၀၀၀ ကျော် ဒဏ်ရာရခဲ့ရပါတယ်။
SAW
























