Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label celebs. Show all posts
Showing posts with label celebs. Show all posts
Tuesday, August 10, 2021
Aung La N Seng
 Breakfast club!
Friday, January 18, 2019
အိမ်အမှုအခင်းကြောင့်ငိုရှိုက်ကြေကွဲခဲ့ရတဲ့ တေးသံရှင်တသသ
အိမ်အမှုအခင်းကြောင့်ငိုရှိုက်ကြေကွဲခဲ့ရတဲ့ တေးသံရှင်တသသ 
Tuesday, January 8, 2019
၂၀၁၈ အတွက်ဖက်ရှင်ဘုရင်မ သင်ဇာဝင့်ကျော်
၂၀၁၈ ခုနှစ်မှာ ဖက်ရှင်အမျိုးမျိုးနဲ့ ပရိတ်သတ်ကိုပွဲဆူအောင်လုပ်နိုင်ခဲ့သူဟာ မင်းသမီးသင်ဇာဝင့်ကျော်ပါလို့ဆိုလိုက်ရင်ဘယ်သူမှငြင်းနိုင်ကြမယ်မထင်ပါဘူး။
ဆန်းဆန်းပြားပြား ဒီဇိုင်းမျိုးစုံဖန်တီးတတ်သူမို့ ဒီပွဲမှာ မတ်မတ်သင်ဇာဘာဒီဇိုင်းဝတ်လာလေမလဲစောင့်ကြည့်ခဲ့ကြရပါတယ်။
အစောပိုင်းက မင်းသမီးဟာ ပေါင်တစ်လုံးဖော်ဖက်ရှင်လောက်နဲ့ပွဲတက်နေရာက နောက်ပိုင်းမှာ
ဒီထက်ပိုမိုဆန်းပြားတဲ့ပိုက်ကွက်၊ဇာကွက်များနဲ့ သူ့ရဲ့ဖက်ရှင်လမ်းစကိုတွေ့ရှိသွားပုံရပါတယ်။
ဆင်ဆာလက်မှလွတ်အောင်ရေးရသော စာရေးဆရာများကြံဆသကဲ့သို့
ဇာကွက်အသေးမှာသည် ဇာကွက်ကျဲကျဲ၊ပိုက်ကွက်အသေးမှသည် ပိုက်ကွက်ကျဲကျဲဖြင့်သူမကိုယ်ကို အထူးထူးတန်ဆာဆင်ကာဘော်ဒီအလှကို ပြသပါတော့တယ်။
မွေးစဉ်က အ၀တ်ဗလာဖြင့်မွေးဖွားလာကြသော်လည်း အသားပေါ်လျှင် ပြသနာရှိသည့်
အချို့မြန်မာဆန်ချင်လွန်းသူများ၏
ဝေဖန်သံများအထူးဆူငြံပွက်လောထနေသည့်ကြားက သူမလုပ်လိုသည့်ဖက်ရှင်များကို 
တစိုက်မတ်မတ်တီထွင်ဖန်တီးခဲ့သည့် ထိုအမျိုးသမီး၏ သတ္တိကိုမူ အထူးလေးစားမိပါတယ်။
သင်ဇာဝင့်ကျော်ဖန်တီးတီထွင်ခဲ့တဲ့ ဖက်ရှင်များကိုအသေအချာ အနုလုံပဋိလုံသုံးသပ်၍
၂၀၁၈ ခုနှစ်အတွင်း အတွက် ဖက်ရှင်ဘုရင်မဆုကို မင်းသမီးသင်ဇာဝင့်ကျော်ကို ပေးအပ်မည်ဆိုပါက
 မည်သူမျှ ငြင်းနိုင်အံ့မည်မထင်ပါ။
ချင်းပြည်နယ်တွန်းဇံမြို့ကိုရောက်နေတဲ့မိုးစက်ဝိုင်တို့အဖွဲ့
" တွန်းဇံမြို့လေးဟာဆိုရင် ဖွံဖြိုးတိုးတတ်မူနည်းပါးပြီး လမ်းပမ်းဆက်သွယ်မူ ခဲယဉ်းတဲ့နေရာလေးဖြစ်ပါတယ် .
 ရောက်ရောက်ချင်း မီးပုံပွဲလေးနဲ့ ကြိုကြပြီး ခေါင်ရည်လေး တစ်ကျိုက် သောက်ဖြစ်ခဲ့တယ် ပေါ့နော်"
" ချင်းတိုင်းရင်းသား အမျိုးသမီးများ စိတ်ဓာတ်စွမ်းရည်မြှင့်တင်ရေးနဲ့ တိုင်းရင်းသူလေးတွေကိုယ့်ကိုကိုယ် ယုံကြည်မူတွေရရှိလာဖို့အတွက်
ရည်ရွယ်ပြီတော့ သက်ဆိုင်ရာက တာဝန်ရှိသူတွေ တွန်းဇံမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်နဲ့
 ကျောင်းသူကျောင်းသားများအတွက် ရေသန့်ကို သောက်စေချင်တဲ့အတွက် ဆိုလာပြားမှတဆင့် နေနှင့်လေမှတဆင့်
Photo - Moeset Wine
...........
Miss Universe Myanmar 2013 ဆုရှင်ဖြစ်တဲ့ မိုးစက်ဝိုင်နဲ့
သူရဲ့ myanmar heart ပရဟိတ အဖွဲ့ဟာ ချင်းပြည်နယ် တွန်းဇံမြို့ကိုရောက်ရှိနေပါတယ်။
သူသွားရောက်ခဲ့တဲ့တွန်းဇံမြို့အကြောင်းမိုးစက်ဝိုင်ကခုလိုရေးထားပါတယ်။
" တွန်းဇံမြို့လေးဟာဆိုရင် ဖွံဖြိုးတိုးတတ်မူနည်းပါးပြီး လမ်းပမ်းဆက်သွယ်မူ ခဲယဉ်းတဲ့ေနေရာလေးဖြစ်ပါတယ် .
ချင်းပြည်ရဲ့ အနောက်ကျဆုံးအခေါင်ဆုံးနေရာထဲမှာပါတယ်လို့လဲပြောလို့ရပေမဲ့ ဘာဝတရားတွေကို ထိတွေ့ခံစားချင်တဲ့သူတွေအတွက်
သွားရောက်လည်ပါတ်ရန် အကောင်းဆုံးနေရာဒေသတခု ဖြစ်တဲ့ ချင်းပြည်နယ်အတွင်းရှိ တွန်းဇန်မြို့ကို ၂၀၁၉ နှစ်သစ်ရဲ့အစပိုင်းမှာ ဒုတိယအကြိမ်သွားရောက်ဖြစ်ခဲ့ပါတယ်။ "
" ပထမအကြိမ်က ၂၀၁၆ တုန်းကနွေရာသီမှာပါ . မချမ်းပေမဲ့ လေတော့တော်တော်ပြင်းပါတယ် .
အဲ့တုန်းက ဖုန်းလိုင်း, မီး, ရေတောင်ကောင်းကောင်းမရပါဘူး . ဒါကြောင့် လည်း ၂၀၁၆ နှစ်ကုန်လောက်မှာပဲ
တွန်းဇံမြို့ သုံးရေရှိရေးအတွက် myanmar heart မှ လှူဒါန်းခဲ့ပါတယ် ဒီတခါသွားတဲ့ အခါမှာတော့ တော်တော်လေးအဆင်ပြေလာပါပြီ .
လမ်း, ဖုန်းလိုင်း, ရေ မီး အကုန်ပါပဲ . ဒီတခါကတော့ ဆောင်းမှာသွားတာဆိုတော့ စစချင်း ရာသီဥတု ကတော့ အရမ်းကို ချမ်းပါတယ်။
 ရောက်ရောက်ချင်း မီးပုံပွဲလေးနဲ့ ကြိုကြပြီး ခေါင်ရည်လေး တစ်ကျိူက် သောက်ဖြစ်ခဲ့တယ် ပေါ့နော်"
" ချင်းတိုင်းရင်းသား အမျိူးသမီးများ စိတ်ဓာတ်စွမ်းရည်မြှင့်တင်ရေးနဲ့ တိုင်းရင်းသူလေးတွေကိုယ့်ကိုကိုယ် ယုံကြည်မူတွေရရှိလာဖို့အတွက် ရည်ရွယ်ပြီတော့ သက်ဆိုင်ရာက တာဝန်ရှိသူတွေ တွန်းဇံမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ကျိန်ငိုက်မန်နဲ့
တွန်းဇန်အလှမယ် ရွေးချယ်ပြိုင်ပွဲလေးကိုဇန်နဝါရီလ (၅) ရက်မှာ ကျင်းပပေးဖြစ်ခဲ့တယ်။
အဲဒီမတိုင်ခင်မှာ မိုးစက်အနေနဲ့ ပြိုင်ပွဲဝင်ပြိုင်မဲ့ အလှမယ်လေးတွေကို အသားအရည်ထိန်းသိမ်းမူ၊ အလှမယ်နဲ့ပါတ်သတ်တဲ့ သိသင့်သိထိုက်တာတွေ၊ မိတ်ကပ်လိမ်းနည်းတွေကို လက်တွေ့ သရုပ်ပြဆွေးနွေးခဲ့ကြသေးတယ်။ "
" မိုးစက်တို့ Myanmar's Heart Charity Group ကနေပြီးတော့ အိန္ဒိယနိုင်ငံ Swelect ကုမ္ပဏီရဲ့နည်းပညာကုမ္ပဏီနဲ့ ပူးပေါင်းပြီးကျောင်းသားကျောင်းသူ စုစုပေါင်း တစ်ထောင်ကျော်ခန့်ပညာသင်ကြားလျှက်ရှိနေတဲ့ တွန်းဇန်မြို့ အထက်တန်းကျောင်းမှာ ကျောင်းသူကျောင်းသားများအတွက် ရေသန့်ကို ေသောက်စေချင်တဲ့အတွက် ဆိုလာပြားမှတဆင့် ေနေနှင့်လေမှတဆင့်
ဓာတ်ပြုပြီးတော့ ထုတ်လုပ်နိုင်သည့် ရေသန့်စနစ်နဲ့လျှပ်စစ်မီးကို ၂၀၁၉ရဲ့ နှစ်သစ်အစမှာ လူဒါန်းခဲ့ပါတယ်။ဒီနေရာမှာလည်း လေးကျွန်းသူအဖွဲ့ မှ ကျောင်းအတွက် ပညာရေးအလှူငွေတွေပံ့ပိုးခဲ့ပါတယ် . မိုးစက်တို့အဖွဲ့ နဲ့ခုလို လိုက်ပါလှူဒါန်းပေးတဲ့ အတွက် အတိုင်းမသိကျေးဇူးတင်ပါတယ် "
Photo - Moeset Wine
Monday, January 7, 2019
ကမ်းခြေမှာ အပန်းဖြေနေတဲ့မအေးသောင်း
 " ငွေဆောင်မှာအရမ်းပျော်နေတဲ့ "မ" ပါ။
ဟာာာ ပလီပလာတွေ "
.................
ငွေဆောင်ကမ်းခြေမှာ လန်းနေတဲ့မအေးသောင်းပါ။
မြင်နေကြမြန်မာဆန်ဆန်အ၀တ်အစားနဲ့မဟုတ်ပဲ
ပေါ့ပေါ့ပါးပါးနဲ့ တမျိုးကြည့်လို့ကောင်းနေပါတယ်။
ကမ်းခြေရောက်နေတဲ့မအေးသောင်း
ဘီကနီနဲ့ဓာတ်ပုံတွေရိုက်ပြီးတင်လိုက်ရင်တော့
ဝေဖန်သံတွေအုတ်အောသောင်းတင်းနဲ့
ဝက်ဝက်ကွဲသွားမှာအသေအချာပါပဲ။
.....မအေးသောင်းမြန်မာမိန်းကလေးမဟုတ်ဘူးလား....
..တော်ပြီ။အားမပေးတော့ဘူး...
..အရှက်မရှိဘူးလား....
...စသဖြင့်...စသဖြင့်...ထို့ထက်ပို၍ကြမ်းတမ်းသော
မှတ်ချက်များကိုကြုံရဖို့ရှိတာတော့အသေအချာပါပဲ...
ဒါကြောင့်ပဲ မအေးသောင်းဟာ ကမ်းခြေမှာ လမ်းတွေပဲလျှောက်ပြပြီး ပြန်ခဲ့ရလေသလား..
ဂျက်လီသည် အက်ရှင်မင်းသားဖြစ်၍ ဂျီလတ်သည် အဆိုတော် ဖြစ်သည်။
ဟုတ်ကဲ့... ဂျက်လီသည် အက်ရှင်မင်းသားဖြစ်၍
ဂျီလတ်သည် အဆိုတော် ဖြစ်သည်။
မင်းလူသည် စာရေးဆရာဖြစ်ပြီး
လူမင်းသည် သရုပ်ဆောင် ဖြစ်သည်။
လွင်မိုး၏ အမည်ရင်းမှာ မိုးလွင်ဖြစ်ပြီး
မေဆွိကို သူငယ်ချင်းများက မိဆွေဟု ခေါ်ကြသည်။
သို့ သော် သိုးဆောင်း၏ အမည်ရင်းမှာ
သောင်းစိုး မဟုတ်ပါ။
လိမ္မော်သီးသည် အဆိုတော်မလေးဖြစ်၍
ပန်းသီးသည် လူရွှင်တော်အထီးကြီး ဖြစ်သည်
နီနီဝင်းရွှေ နှင့် ဝါဝါဝင်းရွှေတို့ သည် ညီမများ
မဟုတ်ကြပါ။
ရွှေရည်သိန်းတန်သည် တွံတေးသိန်းတန်၏
သမီးဖြစ်ပြီး...
ပိုးဒါလီသိန်းတန်သည် မြန်မာပြည်သိန်းတန်၏
သမီးဖြစ်သည်။
မိုးဒီသည် ဟာသ သရုပ်ဆောင်ဖြစ်၍
ဒီမိုးသည် ဂျေညီညီ၏ သီချင်းဖြစ်သည်။
ဂျူးသည် ရာဇဝင်ထဲမှာမောင့်ကိုထားရစ်ခဲ့ ရေးပြီး
ဗျူးသည် ဒဏ္ဏာရီထဲမှာမောင့်ကိုထားရစ်ခဲ့
ရုပ်ပြဆွဲသူဖြစ်သည်
မိုက်တီးသည် ဒါရိုက်တာ တစ်ဦးဖြစ်၍
မလိမ္မာသည် ဓာတ်ပုံဆရာမ ဖြစ်သည်။
ကျော်ထူးသည် လူရွှင်တော် ဖြစ်၍
ထူးကျော်မှာ Examplez အဖွဲ့ဝင် ဖြစ်သည်
ကျောက်ဖြူသည် အကယ်ဒမီဆုရ ဓာတ်ပုံဆရာ
ဖြစ်ပြီး ကျောက်မဲသည် မြို့ဖြစ်သည်
အိုအောင်သည် ကဗျာဆရာဖြစ်သော်လည်း
မင်းအောင်မှာ အဆိုတော်ဖြစ်လေသည်
အရိုင်းသည်လည်း သရုပ်ဆောင်ဖြစ်၍
အစိုင်းသည် Black Hole မှ ဖြစ်သည်
သို့ ဖြစ်ပါ၍ အကျွန်ုပ်သည်လည်း ဇဝါမှာ
တေးရေးအဖြစ်အောင်မြင်နေ၍ ဇဝေ ဟူသော
အမည်ဖြင့် စီးရီးသွင်းလျှင် ကောင်းမလား
သို့ တည်းမဟုတ် ဆိုတေးမှာ တေးဆိုအဖြစ်
အောင်မြင်နေလေရာ ရေးတေး အမည်ဖြင့်
တေးရေး လောကထဲ ခြေစုံပစ်ဝင်လျှင်
ကောင်းမည်လားဟု အကြံထုတ်လျှက် ရှိပေသည်။
😂😂😂
သားရဲ သည် ကိုက်တတ်သောသတ္တဝါဖြစ်ပြီး
ရဲသား သည် ရိုက်တတ်သောသတ္တ၀ါဖြစ်၏
တာရာပွကြီး သည် ရုပ်ပြဇာတ်ကောင်ဖြစ်ပြီး
တာရာမင်းဝေသည် စာရေးဆရာဖြစ်သည်
တက္ကသိုဘ်ဘုန်းနိုင်သည်ကမ္ဘာကုန်ကျယ်သ၍ဝယ်ဝတ္တုကိုရေး၍
ဆုန်သင်းပါသည်ကမ္ဘာကြီးကကျဉ်းတယ်သီချင်းကိုဆိုသူဖြစ်သည်
ကျို့ကော်ကော်နှင့် ကျင်းလီသည် တရုတ်ကားမှသိုင်းသမားများဖြစ်ကြပြီး
ကျော်ကိုကိုနှင့်ကြည်လင်းသည်
မြန်မာပြည်မှဘောလုံးသမားများဖြစ်ကြသည်
ကုလားကြီးသည်မုတ်ဆိတ်မွှေးနှင့်ဖြစ်ပြီး
Clear ကလီးယား သည်ခေါင်းလျော်ရည်ဖြစ်သည်
အိုဗားမားသည်သမ္မတဖြစ်...၍
ဗားမားအိုးသည်....ဇွန်သင်ဇာဖြစ်ပီး
အုန်းအင်သည်ဖားအော်သံဖြစ်၍
ဖုန်းကင်သည်လဲ...
ဇွန်သင်ဇာပင်ဖြစ်သည်
လေးဖြူသည်အဆိုတော်ဖြစ်ပီး ဖိုး (4)ဖြူမှာဟာသသရုပ်ဆောင်ဖြစ်သည်
ဆောင်းဟေကိုမှာ ကိုရီးယားသူဖြစ်ပီး
မိုးဟေကိုမှာ မြန်မာနိုင်ငံသူဖြစ်သည်၊၊
ရန်အောင်သည် မြန်မာရုပ်ရှင်မင်းသားဖြစ်ပြီး ယောင်အန် သည် ကိုရီးယားကားထဲမှ ဇတ်ကောင်ဖြစ်သည် ဂျေဒိုးနတ်သည် မုန်ဖြစ်ပြီး ရုက္ခစိုးနတ်သည် နတ်ဖြစ်သည်
သွားအူးမယ် ဟာသတေတင်တယ်ကြား
လို့လာအားပေးတာ...😀😀😀
နေမကောင်းတဲ့နေခြည်ဦးအတွက် အဖျားပျောက်ဆေး
တစ်နေ့လုံးဖျားနေတဲ့ သမီးကို အဖျားပျောက်အောင် ကုသရမယ့်ဆေးက
ဘာဖြစ်မလဲ။ 
အလှအပ၊ဖက်ရှင်တွေကိုနှစ်သက်တဲ့ သမီးဖြစ်သူBeauty Blogger နေခြည်ဦးအတွက်
အဖျားချက်ခြင်းပျောက်အောင်စွမ်းဆောင်နိုင်တဲ့ဆေးက
ဘာလဲဆိုတာ ဖခင်ဖြစ်သူကချက်ခြင်းသိပါတယ်။
So I've been sick for the whole day and my daddy just know the right medicine.
ကမ္ဘာ​ကျော်​ Brand တစ်​ခုဖြစ်​တဲ့ Dior မှ အိတ်လှလှလေးက
တနေလုံးဖျားနေတဲ့ ချီချီကို လန်းဆန်းသွားစေခဲ့ပါတယ်။
CHI CHI NAY CHI OO ဆိုတဲ့စာတမ်းလေးထိုးထားပြီး
နောက်ဆုံးပေါ်ဒီဇိုင်းမို့ လန်းလှတဲ့ဒီအိတ်လေးက
သိန်းလေးဆယ်လောက်တန်ကြေးရှိပါသတဲ့။
စိတ်သွားတိုင်းကိုယ်ပါနိုင်တဲ့ နေခြည်ဦးတို့သားအဖနှစ်ဦးရဲ့
ပျော်စရာဘ၀တွေပါပဲ။
Saturday, January 5, 2019
၂၀၁၉ အတွက် သင်ဇာဝင့်ကျော်ရဲ့ပွဲဦးထွက်ဖက်ရှင်
သင်ဇာဝင့်ကျော်
၂၀၁၉ မှာ ဝေဖန်မှုတွေအရမ်းများနိုင်တဲ့ဖက်ရှင်မျိုးတွေကိုရှောင်သွားမယ်လို့အင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ သင်ဇာဝင့်ကျော်ရဲ့ ၂၀၁၉ အဖွင့်ဖက်ရှင်ကတော့
မရိုးမဆန်းလှပေမယ့် ဖက်ရှင်အလန်းလေးတစ်ခုပါပဲ။
ပိုက်ကွက်တွေ၊ဇာကွက်တွေအပေါက်တွေကို အမျိုးမျိုးဆင်ယင်ပြီးပွဲတက်တဲ့ သင်ဇာဝင့်ကျော်ရဲ့ဖက်ရှင်ဆန်းတွေနဲ့အတော်လေးယဉ်ပါးနေပြီးဖြစ်တဲ့
ပရိတ်သတ်အတွက်တော့ ခုလိုရှပ်အိင်္ကျီအ၀ါကွက်လေးနဲ့ပွဲတက်လာတဲ့မင်းသမီးရဲ့ဖက်ရှင်ကအမြင်မှာ တမျိုးတဘာသာဆန်းနေပြန်ပါတယ်။
ဝတ်စုံဆန်းတွေနဲ့ပွဲဆူစေတဲ့ မင်းသမီးက သိပ်ဟော့တာတွေမ၀တ်တော့ဘူးဆိုတော့ နောက်ထပ်ဖက်ရှင်ကဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ကြရဦးမှာပါပဲ။