Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 5, 2013

အုန်းရည် သောက်ကြမလား


 အုန်းရည်မှာကြွှယ်ဝစွာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်သတ္ထုကြောင့် ၀မ်းပျက်ဝမ်းလျှောရောဂါမှာ ဓာတ် ဆားရည်လိုပဲ ညွှန်းကြတာဖြစ်ပါတယ်။ အလွယ်တကူသောက်သုံးနိုင်တဲ့ ဖျော်ရည်၊ သစ်သီးရည်တွေ၊ ဆော်ဒါပါဝင်တဲ့ အချိုရည်တွေထက် စာရင် သကြားမထည့်ထားတဲ့ အုန်းရည်စိမ့်စိမ့်လေးက လူအတွက်သင့် တော်ပါတယ်။ အုန်းရည်သောက်ခြင်း ဟာ အဆီဓာတ်နည်းပါးတဲ့အတွက် ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင် ပါတယ်။ ဆီးချို၊သွေးချိုသမားတွေမှာ ဆိုရင်သကြားဓာတ်နည်းပါးတဲ့ အုန်း ရည်ဟာရွေးချယ်သောက်သုံးစရာ တစ်မျိုးဖြစ်နေပါတယ်။ ဆီးကျောက် တည်ခြင်းကိုလည်း လျော့ကျစေတယ် လို့သိရပါတယ်။ဆီးစွန့်ထုတ်မှု အပိုင်းကိုလည်း အားပေးတဲ့အတွက် ဆီးနှင့်ကျောက်ကပ် အထူးကုဆရာ ၀န်တွေဟာ အုန်းရည်ကိုသောက်သုံး ဖို့ညွှန်ကြားလေ့ရှိပါတယ်။ နောက်ပြီး ဆီးကျောက်ကိုလည်း အရွယ်သေး ငယ်အောင် အုန်းရည်မှာပါတဲ့ ဓာတ် သတ္ထုတွေကလုပ်ဆောင်ပေးပါ တယ်။
ဗီတာမင်ဘီအုပ်စု၊ အမိုင်နို အက်ဆစ်၊ ဗီတာမင်စီတွေ ကြွယ်ဝတဲ့အတွက်ကြောင့် ကိုယ်ခန္ဓာရဲ့ဘက် တီးရီးယားနဲ့ ဗိုင်းရပ်တွေကိုတိုက် ထုတ်တဲ့ဖြစ်စဉ်တွေကို အစွမ်းထက်စေပါတယ်။ နောက်ပြီးအုန်းရည်မှာပါ ၀င်တဲ့ cytokinin တွေကြောင့် အို မင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ပါ တယ်။ အုန်းရည်ထည့်သွင်းဖော်စပ် ထားတဲ့ အလှကုန်တွေဟာ အမာရွတ်၊ ၀က်ခြံ၊ကုတ်ရာဖဲ့ရာ၊ နှင်းခူလို အရေပြားရောဂါတွေကို သက်သာ စေပြီးအရေပြားကို ကြည်လင်စေ တယ်လို့ လေ့လာမှုတွေအရ သိရှိရပါ တယ်။

သက်ကို
Ref: medindia

No comments:

Post a Comment