CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, December 4, 2013
ပျားရည်က ကင်ဆာရောဂါကို တွန်းလှန်နိုင်
ပျားရည်ဟာ သားမြတ်၊ အရေပြား နဲ့ အူမကြီး ကင်ဆာ အပါအဝင် ကင်ဆာ ဆဲလ် အားလုံး ရဲ့ ကြီးထွားမှု ကို တားမြစ် နိုင်တယ်လို့ သုတေသီ တွေက ဆိုပါ တယ်။ နယူးဇီလန်မှာ တွေ့ရ တတ်တဲ့ Manuka သစ်ပင် ပေါ်က ပျားအုံမှ ရရှိ တဲ့ ပျားရည်ဟာ ဘက်တီးရီးယား တွေကို သုတ်သင် နိုင်ပြီး အနာကျက် နိုင်တဲ့ ဂုဏ် သတ္တိ ရှိတယ်လို့ နှစ်ပေါင်း များစွာ ကတည်း က တွေ့ရှိခဲ့ပေမယ့် ကင်ဆာဆဲလ် တွေ ပေါ်မှာ အစွမ်းထက် မှုကိုမူ တစ်ခါမှ မ စမ်းသပ်ရ သေးဘူးလို့ ယူအေအီး တက္က သိုလ်မှ သုတေသီတွေက ဆိုပါတယ်။
ပျားရည်ရဲ့ အစွမ်း ထက် ဂုဏ်သတ္တိ အနေနဲ့ ကင်ဆာ ဝေဒနာ ရှင်တွေ ကို ကင်ဆာဆေး ဝါးနဲ့ ကုသရာမှာ ဖြစ်ပေါ် လာတဲ့ ဆိုးကျိုးတွေ ကို လျှော့ချ နိုင်တယ် လို့ လည်း သုတေ သီတွေက ဆိုပါတယ်။ ပျားရည်ကို ၁ ရာခိုင်နှုန်း အသုံးပြု ရင်တောင် ကင်ဆာ ဆဲလ်တွေရဲ့ ကြီးထွားမှုကို ရပ်တန့် နိုင် တယ်လို့ ဆိုပါတယ်။
မန်နူကာ ပျားရည် ဟာ Apoptosis ခေါ် ဆဲလ်ဟောင်း တွေကို ဖယ်ပြီး ဆဲလ်သစ် တွေ ထုတ်လုပ် တဲ့ လုပ်ငန်းစဉ် အပေါ် တိုက်ရိုက် သက် ရောက်မှု ရှိသလို ကင်ဆာဆဲလ် တွေကို သေစေ နိုင်တဲ့ သက်ရောက် မှုလည်း ရှိ တယ်လို့ ဆိုပါတယ်။ Apoptosis ဖြစ် တာများ လွန်းရင် တစ်သျှူးတွေ သေးသိမ် သွားနိုင်ပြီး Apoptosis မလုံလောက် ရင် ဆဲလ်တွေ ထိန်းမနိုင်သိမ်း မနိုင်လောက် အောင် ပွားများလာပြီး ကင်ဆာ ဖြစ်စေ တတ် ပါတယ်။
http://www.thitsamyae.com/2013/12/blog-post_5212.html?utm_source=BP_recent
ပျားရည်က ကင်ဆာရောဂါကို တွန်းလှန်နိုင်
Reviewed by VC
on
December 04, 2013
Rating: 5
Reviewed by VC
on
December 04, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment