Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 30, 2013

ဆေးဖက်ဝင် ဆင်တုံးမနွယ်

ဆင်တုံးမနွယ် ဆိုသည်မှာ အခြား အပင်ကြီးများပေါ်တွင် တွယ်ကပ် ပေါက်တတ်သော နွယ်ပင်တစ်မျိုးဖြစ်ပြီး

ရုက္ခဗေဒ အခေါ်အဝေါ်မှာ Tinospora cordifolia ဖြစ်ပါသည်။ ဆင်တုံးမနွယ်၏ အခေါက်မှာ အပင်နုစဉ်၌ အစိမ်းရောင်ဖြစ်ပြီး သက်တမ်း ရင့်လာလျှင် မီးခိုးရောင် ပြောင်းသွားပါသည်။ မီးခိုးရောင်ရင့်လေ ဆေးအာနိသင် ပိုမိုကောင်းမွန်လေ ဖြစ်သည်။ အရွက်၏ ပုံသဏ္ဌာန်မှာ ကွမ်းရွက် သို့မဟုတ် ဗောဓိညောင် ရွက်တို့နှင့် ဆင်တူပါသည်။ အရွက်၏ ပုံသဏ္ဌာန်မှာ အသည်းပုံ သင်္ကေတနှင့်လည်း တူသောကြောင့် အင်္ဂလိပ် လူမျိုးများက ဆင်တုံးမနွယ်ပင်ကို Heart-leaved Moon Seed ဟုလည်း ခေါ်ကြသည်။ အပွင့်၏ အရောင်မှာ အဝါရောင် ဖြစ်ပြီး အသီးမှာ အနီရောင် ဖြစ်သည်။

ဆင်တုံးမနွယ်ကို အဓိကအားဖြင့် သုံးမျိုး ခွဲခြားထားသည်။ ပင်စည်ကို ဖြတ်လိုက်သည့်အခါ ထွက်လာသည့် အစေးပေါ် မူတည်ပြီး အဝါမျိုး၊ အဖြူမျိုးနှင့် အနက်မျိုးဟူ၍ ခွဲခြားထားသည်။ ဆင်တုံးမနွယ်မှာ အဖိုပင်နှင့် အမပင်ဟူ၍လည်း ရှိပါသည်။ အဖိုပင်မှာ ဆူးနှင့်အဖုများပြီး အမပင်မှာ ဆူးနှင့်အဖု နည်းသောကြောင့် အလွယ်တကူပင် ခွဲခြားနိုင်ပါသည်။ ဆင်တုံးမနွယ်၏ ပင်စည်မှာ ဆေးဖက်အဝင်ဆုံး ဖြစ်ပါသည်။ အရွက်နှင့် အမြစ်ကိုလည်း အသုံးပြု နိုင်ပါသည်။ ပင်စည်မှာ များများ ရရှိနိုင်သောကြောင့် ဆေးဖော်ရာ၌ ပင်စည်ကိုသာ အဓိက အသုံးပြုကြသည်။ ဆေးဖက်ဝင် အာနိသင်ဓာတ်မှာ အခါးဓာတ် (Alkaloid) ဖြစ်ပါသည်။ အခါးဓာတ် များလေ ဆေးအာနိသင် ပိုမို ထက်လေ ဖြစ်ပါသည်။

ဆင်တုံးမနွယ်၏ ဆေးဖက်ဝင်ပုံမှာ အရောင်ကျစေသော သတ္တိရှိခြင်း၊ ဆီးချို၊ သွေးချိုရောဂါကို သက်သာ စေခြင်း၊ သွေးတိုးရောဂါကို သက်သာစေခြင်း၊ ခန္ဓာကိုယ် ခုခံအားစနစ် ကောင်းမွန်စေခြင်းနှင့် အသက်အရွယ် ကြီးသူများ အတွက် အကောင်းဆုံး သဘာဝ အားဆေးတစ်လက် ဖြစ်ခြင်းတို့ ဖြစ်ပါသည်။ မြန်မာစကား ပုံတွင် ''အသက်ကြီးလျှင် ဆင်စီးပါ'' ဟူသော အဓိပ္ပာယ်မှာ တိရစ္ဆာန်ဆင်ကို စီးခိုင်းခြင်း မဟုတ်ဘဲ ဆင်တုံးမနွယ်ကို မှီဝဲပါဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ဆင်တုံးမနွယ်ကို မြန်မာ့ တိုင်းရင်းဆေး ပညာတွင် မအိုဆေး၊ မသေဆေးအဖြစ် ခေါ်ဝေါ်ကြသည်။ သေဖို့ခက်ခဲသည့် အပင်များထဲတွင် ဆင်တုံးမနွယ်သည် ထိပ်ဆုံးက ပါဝင်သည်။ ဆင်တုံးမနွယ်၏ ပင်စည်ကိုခုတ်ပြီး အနှစ် ၅ဝ မှ ၁ဝဝ ကြာအောင် သိမ်းထားပြီး နောက် အစိုဓာတ်ရှိသော မြေကြီးထဲသို့ ထိုးထည့်လိုက်လျှင် အပင် ပြန်ပေါက်ပါသည်။ လူ၏ ခန္ဓာကိုယ်ကို ဆဲလ်တစ်ခုချင်းစီဖြင့် ဖွဲ့စည်းထားပြီး ထိုဆဲလ်တစ်ခုချင်းစီမှာ DNA Structure များ ရှိပါသည်။ အိုမင်းလာ ခြင်းမှာ ထို DNA Structure များ ပျက်စီးလာခြင်းကြောင့် ဖြစ်ပါသည်။ ထို DNA Structure များ မပျက်စီး အောင်ဆင်တုံးမနွယ်က လုပ်ဆောင် ပေးနိုင်သည့် အတွက်ကြောင့် မအိုဆေးဟု ခေါ်ဆိုခြင်း ဖြစ်ပါသည်။

နေ့စဉ် ဆင်တုံးမနွယ်ကို မှီဝဲလိုပါက ဆင်တုံးမနွယ်၏ ပင်စည်ကို ပါးပါးလှီးပြီး နေပူတွင် အခြောက်လှန်း ရပါမည်။ အာနိသင် မပြယ်နိုင်ပါ။ ထိုအခြောက်ကို ရေနှင့်ပြုတ်ပြီး ပြုတ်ရည်ကို သောက်နိုင်ပါသည်။ တစ်နေ့လျှင် ၄ ဒသမ ၅ ဂရမ်မှ ၉ ဂရမ်အထိ သောက်သုံးနိုင်ပါသည်။

ဆိုရီယွန်

No comments:

Post a Comment