Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 28, 2013

ကွမ်းရွက်ပင်

     



ကွမ်းရွက်သည် မြန်မာတို့၏ ကွမ်းစားခြင်းကြောင့် ထင်ရှား လှပါသည်။
ကွမ်းရွက်သည် မြန်မာ့ တိုင်းရင်းဆေး အနေဖြင့် ဆေးဖက်ဝင် အပင် တစ်မျိုး ဖြစ်သည်။ ထိုကွမ်းရွက်ကိုပင် ထုံး၊ ကွမ်းသီး၊ ဆေးရွက်ကြီးနှင့် နိုင်ငံခြားမှ လာသော ဆေးမွှေး အမျိုးမျိုးဖြင့် စားသုံးကြသည်။ တန်ဆေး၊ လွန်ဘေး ဆိုသလို ခံတွင်းနှင့် ပတ်သက်သော ရောဂါ၊  ကျောက်တည် ရောဂါ စသည်ဖြင့် ရောဂါများ ရလာကြသည်။ ကွမ်းစားခြင်းကြောင့် ရောဂါရခြင်း၊ ငွေကုန်ခြင်း၊ ကွမ်းသွေးကြောင့် ပတ်ဝန်းကျင်နှင့် မိမိကိုယ်တိုင်ပင် ညစ်ပေ၍ အရုပ် ဆိုးလှ ပါသည်။ ထို့ကြောင့် ကွမ်းစားခြင်းကို ရှောင်ရှားသင့်ကြောင်း အကြံပေး လိုပါသည်။
ကွမ်းရွက်မှာ ကွမ်းနုနှင့် ကွမ်းကြမ်းဟူ၍ နှစ်မျိုး ရှိသည်။ အရွက်မှာဖန်၊ ခါး၊ စပ်၊ ချိုဆိုသော အရသာ လေးမျိုး ထွက်သည်။ ကွမ်းရွက်သည် နှုတ်ကို မြိန်စေ၏။ ဆီးဝမ်း ရွှင်စေ၏။ အားကို ဖြစ်စေ၏။
အရွက်ကို အသုံးပြုပါက အဆိပ်ကို ပယ်စေတတ်၏။ ဝမ်းမီး တောက်၏။ ကွမ်းရွက် သတ္တုရည်ကို သောက်ပါက နှလုံးကို အကျိုးပြု၏။ လေသလိပ်ကို နိုင်၍ ချောင်းဆိုး ရောဂါကို ပျောက်ကင်း စေသည်။
သုံးတတ်လျှင်ဆေး၊ မသုံးတတ်လျှင်ဘေး ဆိုရိုး စကား အတိုင်း ဆေးဖက်ဝင် ကွမ်းရွက်ကို ဆေးအဖြစ် အသုံးပြု တတ်ပါရန် ရေးသား လိုက်ရပါသည်။   ။

No comments:

Post a Comment