Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 20, 2013

မလှပသော အသားရေအတွက်




အသားအရေ ခြောက်သွေ့တာ၊ နွမ်းနယ်တာစတဲ့ မလှပေတဲ့ အရေပြားကို လိုးရှင်းတွေ လိမ်းပေမယ့် အခြေခံအသားအရေ ကတော့ သိသိသာသာ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

လိုရှင်းလိမ်းတာ အပြင် နေ့စဉ်စားသောက်တဲ့ အစားအသောက် တွေကိုလည်း အသားအရေအတွက် ရွေးချယ်စားသောက်ဖို့ လိုပါတယ်။

အသားအရေ ကျန်းမာလှပရေး အတွက် အစိမ်းရောင် အရွက်တွေကို ရွေးချယ်စားသောက် သင့်ပါတယ်။

ဆလတ်ရွက်၊ ဟင်းနုနယ်ရွက်၊ မုန်ညင်းစတဲ့ အရွက်တွေမှာပါတဲ့ ဗီတာမင်တွေနဲ့ သွပ်ဓာတ်တွေဟာ ဆဲလ်တွေကို ပြုပြင်ပေးခြင်းနဲ့ အရေပြားကို အနာကျက် မြန်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါတယ်။

https://www.facebook.com/photo.php?fbid=182756858533526&set=a.106796776129535.9535.100003976392183&type=1&theater
နေလောင်ဒဏ်ခံရသော အသားအရေတွက်



အသားအရေဟာ နေဒဏ်ကို ထပ်ခါတလဲလဲ ထိတွေ့ရဖန်များတဲ့အခါ အသားအရေ ထိခိုက်ပျက်စီး စေနိုင်ပါတယ်။ အသားအရေ ကျန်းမာလှပစေဖို့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ ပန်းဂေါ်ဖီစိမ်း၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီးစတာတွေ စားပေးပါ။

နေ့စဉ် အစားအသောက်ထဲမှာ အင်တီအောက်ဆီဒင့် ပါဝင်တဲ့ အသီးအနှံတွေ ထည့်စားပေးရင် အရေပြား ထိခိုက်ပျက်စီးမှုကနေ ပြန်လည် ကောင်းမွန်လာစေပါတယ်။
 

https://www.facebook.com/photo.php?fbid=182768738532338&set=a.106796776129535.9535.100003976392183&type=1&theater

No comments:

Post a Comment