Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 1, 2013

နဂါးမောက်သီး ( Dragon fruit)


နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုးသမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်းကို လျော့ချပေးနိုင်သောကြောင့် ကင်ဆာကိုကာကွယ်ပေးခြင်း၊ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ်စိုပြေစေခြင်း၊ အစာစားချင်စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီများကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံးအားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်.. နလံထ လူမမာများအတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်..

ကျွန်မတို့ ပတ်ဝန်းကျင်မှာ အလွယ်တကူတွေ့ရတဲ့ အသီးအနှံတွေဟာ ကျန်းမာရေးအတွက် ဆေးတစ်လက်အဖြစ် အသုံးဝင်တယ်ဆိုရင်ဖြင့် ငွေကုန်ကြေးကျ မများလှတဲ့ အသီးအနှံတွေကို နေ့စဉ် စားသုံးပေးခြင်းအားဖြင့် ၀င်ရောက်လာနိုင်တဲ့ ရောဂါဘေးတို့ကနေ ကာကွယ်သင့်ကြတယ် မဟုတ်ပါလားနော်။

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

No comments:

Post a Comment