Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 19, 2013

ဆောင်းရာသီ အစားအစာများ


Thursday, December 19, 2013

(၁) ချင်းလက်ဖက်ရည်
အေးသည့်ရာသီဥတု၌ နွေးနွေးထွေးထွေးဖြစ်စေရန် လက်ဖက်ရည်ကြမ်းက အကောင်းဆုံးကူညီပေးနိုင်သည်။ ချင်း(ဂျင်း) ခပ်ထားသော လက်ဖက်ရည် ကြမ်းသည် မူးဝေခြင်းကို သက်သာစေသည်။ ကိုယ်ဝန်ဆောင်စဉ် နံနက်ပိုင်း ပျို့အန်သည့်အခါ၊အစာအဆိပ်သင့်၍ ပျို့အန်သည့်အခါ လက်ဖက်ရည်နွေးကြမ်းတစ်ခွက်ထဲသို့ ချင်းတက်ငယ်တစ်ခုကို ခပ်ထည့်၍ သောက်ပါ။

(၂) သစ်တော်သီး
သစ်တော်သီးသည် သွေးတွင်း ကိုလက်စထရော ပမာဏကို ကျစေသည်။ သစ်တော်သီးတစ်လုံးတွင် အမျှင်ဓာတ်ပမာဏ ပျှမ်းမျှ (၅)ဂရမ် ခန့် ပါသောကြောင့် သွေးတွင်းကိုလက်စထရောကို ကျစေပြီး နှလုံးရောဂါခံစားရမှု လျော့ကျစေသည်။

(၃) ဂေါ်ဖီထုပ်
ဂေါ်ဖီထုပ်တစ်စိတ်တွင် အမျှင်ဓာတ် (၃)ဂရမ်နှင့် (၃၄)ကယ်လိုရီ ခန့်ပါဝင်သည်။ လူတစ်ဦး တစ်နေ့တာ လိုအပ်သော ဗိုက်တာမင်စီ၏ (၇၅)ရာခိုင်နှုန်းကို ဂေါ်ဖီထုပ်မှရရှိနိုင်သည်။ ဂေါ်ဖီထုပ် ခုခံအားမြင့်တက်စေပြီး ဈေးသက်သာသာနှင့် အာဟာရပြည့်ပြည့်၀၀ ပေးစွမ်းနိုင်သောကြောင့် လူဆင်းရဲများအတွက် အကောင်းစား အစာဟူ၍ပင် တင်စားခံရလေ့ရှိသည်။

(၄) ပင်လယ်ရေမှော်
ပင်လယ်ရေမှော်ကို စွပ်ပြုတ်ဟင်းရည်ထဲ ထည့်သောက်လေ့ရှိပြီး အားထည့်စရာမလိုအောင် အငန်ဓာတ်ပေးစွမ်းနိုင်သည်။ ပင်လယ်ရေမှော်တွင် ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ် နှင့်ပိုတက်ဆီယမ်စသည့် လျှပ်လိုက်ဓာတ်များပါဝင်ပြီး အစားအစာများကို ဆားခတ်စရာမလိုဘဲ အငန်အရ သာ ဖြစ်စေနိုင်သည်။ အိုင်အိုဒင်း ကြွယ်ဝသောကြောင့် သိုင်းရွိုက်ဟော်မုန်းပမာဏ ချို့တဲ့သူများ ဦးစားပေး သောက်သုံးနိုင်သည်။

(၅) မုန်လာဥနီ
မုန်လာဥနီကို အစိမ်းလိုက်စား၍ဖြစ်စေ၊ အသုတ်ထဲရောနယ်၍ဖြစ်စေ၊ဟင်းရည်ထဲ ထည့်၍ဖြစ်စေ စားသုံးနိုင်သည်။ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗိုက်တာမင်အေနှင့်စီတို့ ကြွယ်ဝစွာပါဝင်သည်။ အချိုစားချင်စိတ်ဖြစ်သည့်အခါ၌လည်း အာသာပြေစေရန် မုန်လာဥနီ စားသုံးနိုင်သည်။

Health Updates Journal

No comments:

Post a Comment