Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 3, 2013

အစားစာချင်စိတ် မရှိသူများ အတွက် …….





ထမင်းဟင်းအနံ့ မခံချင် သူများ ၊ ထမင်းဟင်း မြင်လျှင် ပျို့ ချင်အန်ချင်အောင် ခံတွင်းပျက်နေသူများ ယခုတင်ပြပေးသော ဆေးနည်းနှင့် ဆေး (၂)ခွက် မသောက်ရဘဲ အင်းအားလည်းဖြစ် ၊ ထမင်းစားကောင်း ခံတွင်းလိုက်လာပါမည် ။တိုင်းရင်းဆေးလည်း အစွမ်းထက်ပါသည် ။သင့် အခုသိလို့ လုပ်ပြီး စားကြည့်ပေးလိုက်စမ်းပါ စားကောင်းတိုင်းစားလို့  အိမ်သူသက်ထားနဲ့  စကားများလာလျှင် Mg Mandalay ကြောင့်ပါလို့ တော့ မပြောကြပါနဲ့ ခင်ဗျာ ။

လုပ်ဆောင်နည်းလေးမှာ ………

(၁) သရက်သီး အစိမ်း သုံးလုံး 
(၂) သကြားဖြူ (အချို့ သင့်အောင်)
(၃) မီးသင်း ထားသော ငရုတ်ကောင်းမှုန့်  သင့်ရုံမျှ
(၄) မီးသင်းထားသော လေးညှင်းမှုန့်  သင်ရုံမျှ
(၅) ဖာလာမှုန့် 
(၆) ပရုတ် အနည်းငယ်နော် 

ဌင်း ခြောက်မျိုးမှ သရက်သီးအစိမ်းကို ပျော့နေအောင်ပြုတ်ပြီး အနှစ်ကိုယူပါ ။ သကြား ၊ ငရုတ်ကောင်း ၊ လေးညှင်း ၊ ဖာလာ ၊ ပရုတ် တို့ ကို ရောထည့်မွှေးပြီး သမလျှင် စားသုံးနိုင်ပြီ ဖြစ်ပါသည် ။

ထိုဆေးစားပြီးလျှင် လျင်မြန်စွာ ခံတွင်းလိုက်ပြီး စားကောင်း သောက်ကောင်း အိပ်ကောင်းနှင့်လည်း ကျန်းမာ ဝဖြိုးလာမည် ဖြစ်ပါတော့သည် ။

No comments:

Post a Comment