Latest News

MP4You TUBE
Technology

MONEY

Gossip Column

Education

Gov

Recent Posts

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 21, 2019

လုလုေအာင္ HD အသစ္

လုလုေအာင္ HD အသစ္

Tuesday, March 19, 2019

တနသၤာရီတိုင္းေဒသၾကီး ၀န္ၾကီးႏွစ္ဦးကို သေဘာဆႏၵအေလ်ာက္ႏုတ္ထြက္ခြြင့္ျပဳလုိုက္သည္

တနသၤာရီတိုင္းေဒသၾကီး ၀န္ၾကီးႏွစ္ဦးကို သေဘာဆႏၵအေလ်ာက္ႏုတ္ထြက္ခြြင့္ျပဳလုိုက္သည္

ျမစ္ဆံုစာခ်ဳပ္အရမ္းေကာငး္တယ္ဆိုတဲ့ ဘူးလက္လွေရႊ


ျမစ္ဆံုစာခ်ဳပ္အရမ္းေကာငး္တယ္ဆိုတဲ့ ဘူးလက္လွေရႊ

"အဲန္လူမ်ိဳးမ်ားဟာ ေရမခ်ိဳးတဲ႔လူမ်ိဳးစုေတြ" ဆိုတဲ႔အခ်က္က အရမ္းကိုမွားပါတယ္


က်ြန္မ စိတ္မေကာင္းျခင္းေတြမ်ားစြာနဲ႔ပဲ ဒီ post ေလးကိုတင္လိုက္ပါတယ္...
က်ြန္မတို႔ရဲ႕ က်ိဳင္းတံုျမိဳ႕.စိမ္းလဲ႔ေတာင္တန္းပရဟိတအဖဲြ႕သားေတြက ေရးတင္ထားျခင္းမဟုတ္တဲ႔ သတင္းတစ္ပုဒ္ေၾကာင့္ပါ...
သတင္း media ေတြတင္သလို အဲန္လူမ်ိဳးေတြဟာ ေရမခ်ိဳးၾကတာမဟုတ္ပါဘူး... က်ိဳင္းတံုျမိဳ႕နယ္ထဲမွာ အဲန္တိုင္းရင္းသားေက်းရြာ ၈ ရြာရွိပါတယ္...
အဲဒီရြာေတြ အားလံုးထဲမွ က်ြန္မတို႔ေရာက္ခဲ႔တဲ႔ ပင္းေတာက္ေက်းရြာအုပ္စု ဝမ္ေနာင္, တင္ထပ္ နဲ႔ ဝမ္ခါမ္း ရြာေတြကေတာ့ လမ္းပန္းဆက္သြယ္ေရးအခက္ဆံုး. ေခတ္ေနာက္က်ဆံုး အရိုးသားဆံုး လိုအပ္မွဳေတြမ်ားစြာရွိဆုံးပါ...( က်ြန္မအေနနဲ႔ ျမိဳ႕ခံျဖစ္သလို ဒီရြာေတြဆီကို ၃ ႀကိမ္တိတိေရာက္ခဲ႔ဖူးပါတယ္. Hard to reach area က တစ္ျခားတိုင္းရင္းသားေက်းရြာေတာ္ေတာ္မ်ားမ်ားကိုလည္းေရာက္ခဲ႔တဲ႔သူပါ )
ဝမ္ေနာင္. တင္ထပ္ နဲ႔ ဝမ္ခါမ္း ဆိုတဲ႔ အဲန္ရြာမ်ားမွာ စာသင္ေက်ာင္း. ေဆးေပးခန္း မရွိပါဘူး...
ျမိဳ႕နဲ႔နီးတဲ႔ တစ္ျခားအဲန္ရြာေတြကေတာ့ ေခတ္မွီေနၾကပါျပီ... နမ့္လင္းမိုင္ရြာ နဲ႔ ပန္ေလရြာ ဆိုရင္စာသင္ေက်ာင္းလည္းရွိျပီး အမ်ားႀကီးပိုျပီးေျပလည္ၾကပါတယ္...
က်ြန္မေျပာခ်င္တာက သတင္းေတြထဲမွာေရးၾကသလို အဲန္လူမ်ိဳးေတြဟာ ေရမခ်ိဳးတဲ႔လူမ်ိဳးေတြမဟုတ္ပါဘူး...
အဲန္လူမ်ိဳးမွမဟုတ္ပါဘူး ဘယ္လူမ်ိဳးမဆို တကယ့္ေခါင္တဲ႔ေနရာ ေရအခက္အခဲရွိတဲ႔ေနရာမွာ ရွိေနခဲ႔ရင္ အဲလိုပဲျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္... က်ြန္မေရာက္ဖူးခဲ႔သမ်ွ Hard to reach area ေတာင္ေပၚေဒသက သူေတြေတာ္ေတာ္မ်ားမ်ား ေတာ္ရံုတန္ရံုေရမခ်ိဳးၾကပါဘူး..
ေရမခ်ိဳးျဖစ္တဲ႔အေၾကာင္းရင္းေတြကလည္း မ်ားစြာရွိပါတယ္...

1.ေတာင္ေပၚေဒသေတြမွာ ေရအခက္အခဲရိွပါတယ္
အိမ္တစ္အိမ္မွာ မိသားစုဦးေရမ်ားစြာ စုေပါင္းေနထိုင္ၾကတာျဖစ္လို႔ ေရမလံုေလာက္ၾကပါဘူး။ ( ေရခ်ိဳးဖို႔ထက္ ေရေသာက္ဖို႔က ပိုအေရးႀကီးေနပါတယ္ )

2.ေတာင္ေပၚတိုင္းရင္းသားမ်ားဟာ ဘဝရပ္တည္ဖို႔အတြက္ စားဝတ္ေနေရး အရမ္းခက္ခဲၾကပါတယ္... မနက္ေစာေစာ ေနမထြက္ခင္ ေတာင္ယာဆီကို ၂-၃ နာရီေလာက္ေျခက်င္ေလွ်ာက္ျပီးသြားၾကရပါတယ္...
တစ္ေနကုန္ေတာင္ယာလုပ္ျပီး ညမိုးခ်ဳက္မွ အိမ္ျပန္လာေတာ့ စားေသာက္ဖို႔လုပ္ရပါတယ္...မိုးလည္းခ်ဳပ္ျပီမို႔လို႔ ေရမခ်ဳိဳးျဖစ္ၾကေတာ့ဘူး... ေတာင္ေပၚေဒသျဖစ္တဲ႔အတြက္ ေဆာင္းတြင္းဆိုရင္လည္းအရမ္းေအးပါတယ္...( ဒီညေရခ်ိဳးျပီးရင္လည္း ေနာက္ေန႔တစ္ေနကုန္ ေတာင္ယာသြားရမွာဆိုေတာ့ ဘာမွသိပ္လည္းမထူးသလို) လိုအပ္ခ်က္ေတြလည္းမ်ားစြာရွိၾကလို႔ နိစၥဓူဝအလုပ္ထဲမွာ ေရခ်ိဳးျခင္းအလုပ္ထက္ တစ္ေနကုန္ေတာင္ယာသြားျပီး ေတာင္ယာေပါက္ေနရတဲ႔အလုပ္က သူတို႔အတြက္ ပိုအေရးႀကီးေနပါတယ္...( ေရမခ်ိဳးၾကတာ ဒီရြာေလးေတြကေတာ့ တစ္ျခားရြာေတြထက္ပိုဆိုးတယ္ လို႔ေတာ့ ေျပာလို႔ရပါတယ္ )

3.ေတာင္ေပၚေဒသမွာ ဘယ္ရြာျဖစ္ျဖစ္ ကေလးလည္းမ်ားပါတယ္... လူႀကီးေတြက တစ္ေနကုန္ေတာင္ယာသြားျပီး အဖိုးအဖြားေတြနဲ႔ပဲထားခဲ႔တာရွိသလို..ကေလးအခ်င္းခ်င္းပဲ ျပန္ထိန္းေနၾကတာလည္း အမ်ားႀကီးရွိပါတယ္... မိမိကေလးေတြကို ငယ္စဥ္ကတည္းက အေျခအေနအရ ေသခ်ာျပဳစု ေရခ်ိဳးေပးႏိုင္ျခင္းမရွိေတာ့ ကေလးေတြကလည္း ငယ္စဥ္ကတည္းက ေရခ်ိဳးတဲ႔အေလ့အထ သိပ္မရွိၾကေတာ့ပါဘူး...

4.တစ္ကိုယ္ေရသန္႔ရွင္းမွဳ အသိပညာလည္းနည္းပါးၾကပါတယ္...ေတာင္ေပၚေဒသမွ မ်ားေသာအားျဖင့္ resistance ေကာင္းၾကတယ္... ေတာင္ေပၚကေလးေတြ ဖ်ားနာတာသိပ္မရွိတတ္ၾကဘူး..ေတာင္ေပၚသားမ်ားဟာ အေမာလည္းခံႏိုင္ၾကတယ္... သန္ေကာင္ေတြေယာက္တိုင္းလိုလိုရွိတတ္ၾကေပမယ့္ ဖ်ားနာမွဳေတြလည္းသိပ္မရွိေတာ့ သူတို႔ေရခ်ိဳးျခင္း. မခ်ိဳးျခင္းဟာ ေနေကာင္းျခင္းမေကာင္းျခင္းနဲ႔ မသက္ဆိုင္သလိုပဲေတြးမိေကာင္း ေတြးမိပါလိမ့္မယ္...

ဒါေၾကာင့္ သတင္းမီဒီယာေတြေရးတင္ထားၾကသလို "အဲန္လူမ်ိဳးမ်ားဟာ ေရမခ်ိဳးတဲ႔လူမ်ိဳးစုေတြ" ဆိုတဲ႔အခ်က္က အရမ္းကိုမွားပါတယ္...
ျမိဳ႕နဲ႔နီးတဲ႔တစ္ျခား အဲန္ရြာေတြမွာ ေရခ်ိဳးၾကပါတယ္လို႔ ေျပာပါရေစရွင္...

ေနာက္အခ်က္တစ္ခုက ေတာင္ေပၚရြာေတြမွာ ကေလးမ်ားစြာရွိလို႔ က်ြန္မတို႔အဖဲြ႕အေနနဲ႔ သားဆက္ျခားျခင္းအမ်ိဳးမ်ိဳးကို အသိပညာေပးခဲ႔ပါတယ္... သားဆက္ျခားျခင္းအမ်ိဳးမ်ိဳးရွိတာမွန္ေပမယ့္ တစ္ျခား invasive methods ေတြဟာ သူတို႔အေျခအေနနဲ႔ အဆင္ေျပမွဳမရွိတာေၾကာင့္ ( က်ြန္မတို႔အေနနဲ႔လည္း လုပ္ေပးႏိုင္ျခင္းမရွိတာေၾကာင့္ ) နည္းလမ္းအမ်ိဳးမ်ိဳးကို အသိေပးေဟာေျပာခဲ႔ျပီး အရိုးရွင္းဆံုးနည္းလမ္းျဖစ္တဲ႔ condom ကို စမ္းသံုးၾကည့္ဖို႔ေပးခဲ႔တာပါ.
( တစ္ခ်ိဳ႕လည္းသံုးလခံေဆးေတြ ထိုးဖူးတဲ႔သူရွိေပမယ့္ သံုးလတစ္ခါ ေတာင္ေအာက္ဆင္းထိုးဖို႔ဆိုတာမလြယ္ကူပါဘူး )
condom ကိုမျမင္ဖူး. မၾကားဖူးတာကေတာ့ ဒီရြာတစ္ခုတဲ႔မဟုတ္ပါဘူး ေတာင္ေပၚရြာတိုင္းလိုလိုမသိၾကပါဘူးရွင့္...သိတဲ႔သူနည္းပါတယ္...

အခုကိစၥဟာ ရိုးသားလြန္းတဲ႔ ရြာသားေတြကို မဆိုစေလာက္ပစၥည္းေလးေတြေပးျပီး အဲန္မ်ိဳးႏြယ္စုတစ္ခုလံုးကိုသိကၡာက်ေအာင္လုပ္ေနသလိုပဲျဖစ္ေနပါတယ္...
ဒါေၾကာင့္မို႔လို႔ က်ြန္မရဲ႕ မိတ္ေဆြ သူငယ္ခ်င္းမ်ားကို ေလးစားအားကိုးစြာနဲ႔ အကူအညီေတာင္းပါရေစ...
က်ြန္မရဲ႕ Post ေလးကို တတ္ႏိုင္သေလာက္ေလး ျပန္လည္မွ်ေဝေပးၾကပါဦးရွင္...
အျမင္မွားေနတဲ႔ သူေတြကို သတင္းမွားျဖစ္ပါေၾကာင္း အသိေပးပါရေစရွင္...

P.S - က်ိဳင္းတံုျမိဳ႕ ပင္းေတာက္ေက်းရြာအုပ္စု အဲန္တိုင္းရင္းသားမ်ားေနထိုက္ရာ ဝမ္ေနာင္. တင္ထပ္ နဲ႔ ဝမ္ခါမ္း
ေက်းရြာမ်ားဟာ ေရအခက္အခဲရွိေၾကာင္း ရြာသူႀကီးမွတစ္ဆင့္ သိရွိရလို႔ ေရအခက္အခဲေျပလည္ေအာင္ ကူညီေပးဖို႔ စဥ္းစားထားပါတယ္
အေကာင္အထည္ေဖၚမယ့္ အေသးစိတ္အခ်က္အလက္မ်ားကို ျပန္လည္တင္ျပပါ့မယ္... ပါဝင္ကုသိုလ္ယူလိုသူ အလွဴရွင္မ်ားကို ဖိတ္ေခၚပါတယ္ရွင္...
အခုေလာေလာဆယ္ေတာ့ က်ြန္မကို ကူညီတဲ႔အေနနဲ႔ ဒီ post ေလးကို မွ်ေဝေပးၾကပါဦးေနာ္,..

အေသးစိတ္ သိလိုပါက က်ြန္မဆီကို ဆက္သြယ္ႏိုင္ပါတယ္ရွင္
နန္းမားလားဝမ္း - 09 428211376





ဘာ့ေၾကာင့္ "အမ်ိဳးသမီး ဘဝ"ႏွင့္ "ဘုရား" ျဖစ္ခြင့္မရတာလဲ?


 "ခဲြျခားတာ"ရယ္,"ကဲြျပားတာ"ရယ္ "ႏွစ္ခု"ရွိတယ္ေပါ့။

ဒီေနရာမွာ-

-"မိန္းမ ဟာ ဘုရင္ မျဖစ္ရဘူး"၊
-"ဘုရား မျဖစ္ရဘူး"၊ စသည္ကို
"အာဏာ,အမိန္႔" စသည္ႏွင့္ "သတ္မွတ္လိုက္မည္"
ဆိုလွ်င္ "ခဲြျခား"တာေပါ့။

"စြမ္းရည္"တူသည့္ေနရာတြင္-

"အမ်ိဳးသား"ျဖစ္၍
"အမ်ိဳးသမီး"ထက္ ပိုခံစားခြင့္ ရွိသင့္" စသည္-
"အင္အားသံုး သတ္မွတ္"လိုက္လွ်င္
သည္ပံုစံဟာ "ခဲြျခား"တာပါ။

"မတူကဲြျပားျခင္း"ကို အသံုးျပဳ၍-

-"နင္က ငါ့တို႔ ေယာက္်ားေလး ေတြ ထက္
နိမ့္ပါတယ္ဟာ"၊

-"နင္ ဘုရား ျဖစ္ႏိုင္သလား"၊ စသည္
"ေလွာင္ေျပာင္မႈ,အႏိုင္ယူမႈ"လုပ္လွ်င္ "ခဲြျခား"တာေပါ့။

သို႔ေသာ္-
"မီး"ဟာ"ေရ"အလုပ္ မလုပ္ႏိုင္"ဟုေျပာတာမ်ိဳးဆိုလွ်င္
"ကဲြျပားမႈ"ကိုသာ ေထာက္ျပတာပါ။
"ခဲြျခားႏွိမ့္ခ်လိုက္ျခင္း" မဟုတ္ပါ။

ဥပမာ-
-"ဘုရား"ျဖစ္ဖို႔ရန္ "အမ်ိဳးသား" ျဖစ္ဖို႔ လိုေနတာ၊

-"ဘုရား၏ အေမ" ျဖစ္ဖို႔ရန္ "အမ်ိဳးသမီး" ျဖစ္ဖို႔ရန္ လိုေနတာ၊ စသည္ "ေျပာဆိုျခင္း"ဟာ-

"စည္းမ်ဥ္း"စသည္ႏွင့္"သတ္မွတ္ခ်က္"မဟုတ္ပါဘူး။

"သဘာဝ"အရ-
"မီးႏွင့္ ေရ လို ကဲြျပားမႈ သာ ျဖစ္သည္"-ဟု ဆိုလိုတာ။

သို႔ေသာ္-"ကဲြျပားမႈ"ကို နင္း၍
"ခဲြျခားျခင္း,ခဲြျခားခံရျခင္း" ႏွစ္မိိ်ဳးလံုးကို
ေရွာင္ႏိုင္ရပါလိမ့္မယ္။

"အမ်ိဳးသမီး"-
မည္သည့္ သဘာဝေၾကာင့္
"သမၼာသမၺဳဒၶ ဘုရား"မျဖစ္ႏိုင္သလဲ?"ကို
သီးသန္႔ စဥ္းစားၾကည့္ပါ့မယ္။

"အမ်ိဳးသမီးဘဝႏွင့္ ဘုရား ျဖစ္ရန္ အခြင့္မရႏိုင္"-ဟု
"ဥပရိပဏၰသ ပါဠိေတာ္,ဗဟုဓာတုက သုတၱန္"မွာ
တိုက္ရိုက္ပါလာတယ္။

ဒီ အခ်က္ကို ၾကည့္ျပီး-
"ဗုဒၶျမတ္စြာ" ဟာ
"အမ်ိဳးသမီးထုကို ခဲြျခားမႈ လုပ္တယ္"-ဟု
ယူဆၾကတယ္။

ဒီ ျပႆနာကို-
"အမ်ိဳးသမီး, အမ်ိဳးသား သဘာဝတၳၾကည့္ရႈနည္း"
အားျဖင့္သာ"မည္သို႔ ကြာဟေနသလဲ?"သည္ကို
ေထာက္မိမွ ေျပ ျငိမ္းတန္ပါတယ္။

အမွန္အားျဖင့္-"ခဲြျခားမႈ လုပ္သည္"မဟုတ္ပဲ
"ကြာျခားခ်က္ကို ေထာက္ျပလိုျခင္း"သာ ျဖစ္ပါတယ္။

"ကြာျခားခ်က္"အရ
"သတ္မွတ္မႈ"တခ်ိဳ႕ဟာ"ခဲြျခားခံရမႈ"ဟု
အျမင္မွားသြားႏိုင္ပါတယ္။

"အမ်ိဳးသား"ႏွင့္ "အမ်ိဳးသမီး"အျဖစ္ဟာ
တစံုတရာ "ကြာျခားမႈ"ရွိျပီး မဟုတ္လား။

"အမ်ိဳးသမီး"ဟာ "လူသား"သာလွ်င္
ျဖစ္တဲ႔အတြက္ "အသိဥာဏ္ေရးရာ" အရဆိုလွ်င္
တစံုတရာ"ကြာျခားမႈ"မရွိ ႏိုင္ပါဘူး။

ဒါကို "ဗုဒၶ"အား "အရွင္အာနႏၵာ" ေမးခဲ႔ေသာ
ေမးခြန္းကို ေထာက္ဆလွ်င္ သိႏိုင္တယ္။

"ခႏၶာရွိလွ်င္-
ေယာက္်ားမ်ား သိတန္ သိႏိုင္သည့္
တရားအသိအျမင္-တရားထူးမ်ိဳး ကို,
မိန္းမမ်ား လည္း ရႏိုင္တယ္"-ဟု
"ဗုဒၶျမတ္စြာ" ေျဖဆိုထားတာကို ေတြ႔ရတယ္။

"ေသာဏဒႏၱသုတ္"မွာ-

"သီလ,သမာဓိ,ပညာ"ျဖင့္သာ
"လူသားတေယာက္၏ အနိမ့္အျမင့္ကို
ဆံုးျဖတ္ႏိုင္ေၾကာင္း-

(ဓမၼဒိႏၷာ၏ အမ်ိဳးသား)
"အနာဂါမ္ သူၾကြယ္"လည္း-
-အမ်ိဳးသားတေယာက္"ခံစားႏိုင္ခြင့္ ရွိေသာ
"တရားအရသာႏွင့္ အသိဥာဏ္"ဟာ,

"အမ်ိဳးသမီးတေယာက္"အတြက္လည္း
ထပ္တူထပ္မွ် ခံ စားခြင့္ရွိေၾကာင္း-
"ေျဖဆိုခ်က္"ေတြအရ-
"ခဲြျခားမႈ မရွိျခင္း"ဟာ
"ဗုဒၶဝါဒ၏ မူလအႏွစ္သာရ"သာလွ်င္ ျဖစ္ပါတယ္။

သို႔ေသာ္-ယခု "ဗုဒၶ"အျဖစ္မွာဆိုလွ်င္
"တရားအသိဥာဏ္ ခံစားခြင့္ အေျခအေန"အတြက္
သာလွ်င္မဟုတ္။

-လမ္းသစ္ ေဖာက္မႈ၊
-အဖဲြ႔အစည္းတခု ျပဳစုပ်ိဳးေထာင္မႈ၊
-ေခါင္းေဆာင္မႈ၊
-အယူဝါဒႏွင့္ မူလအခံ ယဥ္ေက်းမႈ အားလံုးကို
ေတာ္လွန္တြန္းလွန္ျခင္း၊
-ပါရမီျဖည့္ရာ ခရီးၾကမ္း၊

ဒီ"အခ်က္"ေတြ ပါဝင္တယ္။

"အသိဥာဏ္ ေရးရာ အထြတ္အျမတ္"
ႏွင့္ "ဘာမွန္း မသိခင္ အေျခအေန"မွာ
ဆင္းဆင္းရဲရဲ ေပးဆပ္ရမႈ။

"ဗုဒၶ"လက္ထက္-
"အိႏၵိယ၏ အမ်ိဳးသမီးေတြအေပၚ ထားေသာ
သေဘာထား"ႏွင့္
"ယဥ္ေက်းမႈ အခံ အေျခအေန"ကို
အားလံုး သေဘာေပါက္ထားၾကျပီး ျဖစ္သည္ ဟု
ျမင္ပါတယ္။

"အမ်ိဳးသား/အမ်ိဳးသမီး"အားလံုးပါဝင္ေသာ
"ယဥ္ေက်းမႈေတာ္လွန္ေရး အသြင္ သံဃာ့အဖဲြ႕အစည္း ကို ထူ ေထာင္ႏိုင္သူ"ျဖစ္ဖို႔ရန္
အေတာ္ မလြယ္သည့္ အခ်ိန္အခါပါ။

-တရားအသစ္
-လမ္းသစ္
-အဖဲြ႔အစည္းအသစ္တခုအတြက္

"တိက်ေရရာေသာ ရလာဒ္"ကို
သိျမင္ျပီးစရာ ရွိလွ်င္,ေခ်ာေမြ႔လြန္းေနလွ်င္,
"အမ်ိဳးသမီး"လည္း ဦးေဆာင္သူ "ဗုဒၶ"ျဖစ္ႏိုင္ပါတယ္။

သို႔ေသာ္-"ဗုဒၶအျဖစ္"ဆိုတာ-
ဒီလို "တိက်စြာ အေျဖထုတ္ျပီးသား ရလာဒ္"
မဟုတ္ပါဘူး။

"ဆင္းဆင္းရဲရဲေပးဆပ္ေနရျခင္း သည္သာလွ်င္
အျမင္သာဆံုး ရလာဒ္" ျဖစ္ပါတယ္။

"ဘုရားျဖစ္ျပီး အေျခအေန"ကို ကြက္၍
မၾကည့္မွ နားလည္ပါလိမ့္မယ္။

"ဘုရား ျဖစ္/မျဖစ္"မေသခ်ာေသး,
မသိေသးခင္ အေျခအေနႏွင့္-
-ၾကည့္မွ
-စဥ္းစားမွ
သင့္တင့္စြာ နားလည္ပါလိမ့္မယ္။

"ေဥယ်ဓမၼအားလံုးကို သိသြားသည့္ အခ်ိန္"ကိုသာ
"သမၼာသမၺဳဒၶ ျဖစ္ျပီ"-ဟု ေျပာႏိုင္သည့္ အခ်ိန္
ေရာက္သြား၍သာ,

-လြယ္လြန္းသည္၊
-အမ်ိဳးသမီး လည္း ရသင့္သည္၊ ပိုင္းျဖတ္ေနၾကတာပါ။

အမွန္မွာ-
"မျဖစ္ခင္ရင္ဆိုင္ရမည့္ အခက္အခဲ"ႏွင့္
"ခ်ိန္ဆၾကည့္"မွသာလွ်င္-

"ဘုရားျဖစ္မည့္သူ"ဟာ
"အမ်ိဳးသားဘဝ"ကို ေတာင့္တအပ္သည္
သိသာႏိုင္တယ္။

-မစင္ အညစ္အေၾကး လိမ္းႀကံျခင္း
စေသာ ရွိသမွ် "တပအက်င့္"ေတြကို က်င့္ခဲ႔ရတယ္၊

-"ဦးေခါင္း"ကို "သံစူးခြ်န္"ႏွင့္ ထိုးသလို၊

-"သားေရ ေမွ်ာ့ႀကိဳး"ႏွင့္ တင္းၾကပ္စြာ
ခ်ည္ေႏွာင္ခံရသလို၊

-"သားလွီးဓါး"ႏွင့္ "ဗိုက္"ကို အေမႊခံရသလို၊

-ေက်ာက္မီးေသြးပူမွာ အကင္ခံရသလို၊

-ျပင္းထန္လြန္းေသာ အသက္ရႈ အက်င့္ေတြ
ျဖတ္သန္းခဲ႔ရတယ္။

မမွတ္မိႏိုင္ေတာ့ေလာက္သည္ အထိ
"မူလရုပ္ရည္"အဆင္းပ်က္, အေရမဲ
ညစ္ေထးသြားသည္အထိ က်င့္ခဲ႔ရတယ္။

-"ပဲေနာက္စိမ္း"(သို႔)"ပဲေနာက္ရည္"
ေန႔တိုင္း တစ္စြန္း ေလာက္စားျပီး
"အစာျဖတ္,အစာငတ္ခံအက်င့္"ေတြကို က်င့္ခဲ႔ရတယ္။

-"ေက်ာရိုး"ကို ကိုင္လိုက္လွ်င္ "ဝမ္းေရ"ကို
စမ္းမိတယ္။
"ဝမ္းေရ"ကို ကိုင္လိုက္လွ်င္ "ေက်ာရိုး"ကို
စမ္းမိတယ္။
"နံရိုးမ်ား"ဟာ ဖရိုဖရဲ ပံုေပၚေနသလို
ျဖစ္သည္အထိ က်င့္ခဲ႔ရတယ္။

-"တင္ပဆံုရိုး"ဟာ "ကုလားအုပ္၏ ေျခဖဝါး"လို
ျဖစ္သြားသည္အထိ က်င့္ခဲ႔ရတယ္။

-"ဖရံုသီး"ကင္းအႏု ကို ျဖတ္၍
"ေနဒဏ္,ေလဒဏ္,ေရဒဏ္"ခံေစသည့္ ပံုသ႑ာန္ လို,
တစ္ကိုယ္လံုးမွ
-အေသြး,အသား,အရိုး,အေၾကာမ်ား
"ႀကံဳလွီ,ရံႈ႕တြသြားသည္အထိ"က်င့္ခဲ႔ရတယ္။

-"မ်က္ဝန္းအိမ္"အတြင္း-
"မ်က္သား"ဟာ "ေရတြင္း"အေမွာင္ထဲ
က်ေရာက္ေနေသာ "ၾကယ္ပြင့္ေလး"လို
နစ္ျမဳပ္သြားသည္အထိ က်င့္ခဲ႔ရတယ္။

-"ခႏၶာကိုယ္ နာက်င္မႈ"ကို ေျဖေလ်ာ့ဖို႔ရန္
"ဆုပ္နယ္"လိုက္လွ်င္
"အေမႊး"ေတြ ကြ်တ္ကုန္သည္အထိ က်င့္ခဲ႔ရတယ္။

-"အေပါ့/အေလး"သြားဖို႔ ထလိုက္လွ်င္
မိမိကိုယ္ကို ျပန္မမတ္ႏိုင္ေတာ့သည္အထိ
က်င့္ခဲ႔ရတယ္။

-တစ္ကိုယ္လံုး ျခံဳၾကည့္လွ်င္-
"သက္ရွိအရိုးစုတစ္ခု"ျဖစ္သြားသည္ အထိ
က်င့္ခဲ႔ရတယ္။

"ဗုဒၶျမတ္စြာအေလာင္းအလ်ာ"က-
သည္ "နာက်င္ခံခက္ဆင္းရဲ"ကို
"မည္သူမွ် လြန္ေအာင္ က်င့္ဖို႔ရန္ မျဖစ္ႏိုင္"ဟု
ဆင္ျခင္သေဘာေပါက္သြားခဲ႔တယ္။

ဆိုလိုသည္မွာ-
"ေရွ႕ဆက္တိုးလွ်င္ ေသဖို႔ရန္သာ ရွိေတာ့သည္"အထိ က်င့္တယ္။
"ျဖတ္သန္းခဲ႔ရသည္"-ဟု ဆိုပါတယ္။

အမွန္အားျဖင့္
အမ်ိဳးသမီး၏ ဘဝကို ျဖတ္သန္းသည့္ ပံုစံ
ျဖတ္သန္းလိုသည့္ ပံုစံမွ ၾကည့္မည္ဆိုလွ်င္-
လိုအပ္တာထက္ အဆမ်ားစြာ ပိုကဲေနမည့္
သေဘာလည္း ရွိပါတယ္။

ဆိုလိုသည္မွာ-"အမ်ိဳးသမီးတေယာက္"ဟာ,
"ဗုဒၶအေလာင္းအလ်ာ"လို သြားက်င့္လွ်င္-
"ဘုရား မျဖစ္ခင္ စိတ္ႏြမ္း,ရုပ္ႏြမ္း
အရင္ ေသရလိမ့္မည္"ထင္တယ္။

ဒီ အေျခအေနအထိ-
"အမ်ိဳးသမီး"ဟာ-
"စြန္႔လႊတ္ေကာင္း စြန္႔လႊတ္ႏိုင္တယ္"ဆိုပါေစဦး။

သို႔ေသာ္-
-"ႏုနယ္ေသာ ခႏၶာ"၊
-"အႏုအရြအလွအပကို ျမတ္ႏိုးမႈ"ႏွင့္
-"စိတ္လႈပ္ရွား ခံစားပ်ံ႕ႏွံ႔မႈ" ( Emotional )
"သဘာဝ အခံဓာတ္"အရ,
ဒီ ဘာမသိ,ဘာမွန္းမရ-"ဆင္းရဲေပးဆပ္ရျခင္း"ကို

"အမ်ိဳးသမီးတစ္ေယာက္"ဟာ,
-တည္တည္ၾကည္ၾကည္
-ေဆာက္တည္ခိုင္ခိုင္ျမဲျမဲ
-ဆဲြကိုင္ေလွ်ာက္လွမ္းေနမႈ ရရွိလိမ့္မည္ မဟုတ္ပါ။

"မည္သည့္အတြက္
သည္လို ဆင္းရဲမ်ိဳး ခံစားထိုက္သလဲ?"
တရပ္စပ္ ေမးေနမည္သာ ျဖစ္ပါတယ္။

"ဗုဒၶျမတ္စြာ"ဟာ-
"ေလာက၏ ထြက္ေျမာက္ရာအစစ္"ကို ရွာေဖြဖို႔ရန္
ႀကိဳးစားခဲ႔ျခင္း"-သာ ျဖစ္ျပီး,

"ဘုရားျဖစ္ဖို႔ ႀကိဳးစားခဲ႔တာ" မဟုတ္ပါဘူး။

"ေဥယ်ဓမၼမ်ားကို စံုလင္စြာ သိရွိျခင္း"သည္
ေနာက္ကိစၥတစ္ရပ္သာ ျဖစ္ပါတယ္။

"အမ်ိဳးသမီးတစ္ေယာက္"ဟာလည္း-
"ဒုကၡဆင္းရဲတို႔မွ လြန္ေျမာက္ရာ"-
ရွာေကာင္းရွာ၍ ရေပမင့္,
"ငါ ဘုရားအျဖစ္ကို ႐မယ္"-ဆိုတာမ်ိဳး
"ဘုရားမျဖစ္ခင္ တိုင္တယ္၍ ရလာဒ္ကို
ႀကိဳတင္သိထားသလို"ႀကိဳးစား၍ မရပါဘူး။

"ထြက္ေျမာက္ရာ"ဟူသည္ပင္-
မည္သည့္အရာမွန္း မသိႏိုင္ေသးေသာ
မွန္းမရ အေျခအေန အတြင္း
"ဆင္းဆင္းရဲရဲ ဗလာခ်ီ ျဖတ္သန္းေနရသည္"ကိုလည္း စိတ္ခ်လက္ခ် ရွိေန လိမ့္မည္လည္း မဟုတ္ပါ။

"ေဆာက္တည္မႈႏွင့္ သြားရေသာ
"အဓိ႒ာနပါရမီ ေျမာက္ အေနအထားအထိ
လုပ္ႏိုင္စရာ မရွိ"-ဟု ဆိုလိုပါတယ္။

ဆိုလိုခ်င္သည္မွာ-
"အမ်ိဳးသမီးတေယာက္၏ အခံဓာတ္အေနအထား"ႏွင့္ "ရင္ဆိုင္မည့္အေနအထား"သည္-
"ျပဒါးတလမ္း-သံတလမ္း"သာျဖစ္၍ပါ။

လုပ္ေနပါေစဦး၊
"လုပ္ငန္းအေပၚမွာ
စူးဝင္ေပ်ာ္ဝင္နက္နဲ ေနမည္ မဟုတ္"ဟု
ဆိုလိုပါတယ္။

"စူးဝင္ နက္နဲမႈ"မလိုက္ေတာ့လွ်င္-
"ထိုးထြင္းသိျမင္မႈ"(Penetrative Insight)
ေတြလည္း-လိုက္လာမွာ မဟုတ္ပါဘူး။

ဒီ Conditioning State တစ္ခ်က္
ခ်ိဳ႕ယြင္း လိုက္သည္ႏွင့္
"ဗုဒၶအျဖစ္"ႏွင့္
"အမ်ိဳးသမီး"ဟာ "လဲြရမည္" ျဖစ္ပါတယ္။

ေနာက္တခ်က္အားျဖင့္-
"ေရွ႕တိုး ေသဖို႔သာရွိသည္"အထိ
လုပ္ငန္းဟာ အားစိုက္ရမည္ ျဖစ္ျပီး-

"အမ်ိဳးသား"မို႔-
-"Emotion ၏ ဒဏ္"ကိုေရာ
-"ကိုယ္ကာယ ခံႏိုင္ရည္အရ"ေရာ
ေတာင့္ခံလိုက္ႏိုင္ျခင္း ျဖစ္ပါတယ္။

"အမ်ိဳးသမီး"သာဆိုလွ်င္-
"ဗုဒၶ"အျဖစ္ကို မရမီ ေသမွာပါ။

ထို႔ေၾကာင့္-
"တရားေရးရာခံစားမႈ"မွာသာ မကဲြျပားပဲ,

"ရုန္းကန္ရမႈ ရႈေထာင့္"က လိုက္လွ်င္-
"အမ်ိဳးသား"အျဖစ္သည္သာ-
"ဗုဒၶ"အျဖစ္ႏွင့္ သင့္ေတာ္ပါတယ္။

"အမ်ိဳးသမီးတစ္ေယာက္"
ေအးေအးရႏိုင္သည့္ အေတြးဥာဏ္ပညာ,
ပညာရွင္အျဖစ္ အားစိုက္ရရံု ုသေဘာ သည္-
"ဗုဒၶအျဖစ္ကို ေရာက္ရွိေရးသေဘာ"ႏွင့္
သဘာဝ မတူပါ။

"ျဖတ္သန္းမႈအေတြ႔အၾကံဳ"ႏွင့္
အသိဥာဏ္အလင္းပြင့္မႈ"ကိုေပါင္းစပ္၍
"ဗုဒၶ"အျဖစ္ ဟု မွတ္ရပါမယ္။

"အမ်ိဳးသမီး"ဟာ ဒီ"ျဖတ္သန္းမႈ"ကို မရႏိုင္ဘူး။
ရလည္း "ဗုဒၶ"အျဖစ္ကိုမရႏိုင္ဘူး။

"ဗုဒၶ အျဖစ္သို႔ ေရာက္ရွိေရး"မွာ
"အမ်ိဳးသမီးခႏၶာ"အျဖစ္ႏွင့္ဆိုလွ်င္
မျဖစ္ႏိုင္ (သို႔)
"မလိုအပ္ပဲလွ်က္ ပို၍ ခက္ခဲႏိုင္ျခင္း"ေၾကာင့္-
"အမ်ိဳးသား"အျဖစ္ကို "ဗုဒၶအျဖစ္"ႏွင့္ ဆက္စပ္၍
ေတာင့္တ ေရြးခ်ယ္အပ္ပါတယ္။

ခ်က္ျပီး,ျပဳတ္ျပီး သားကို
အညီအမွ် အရသာခံ စားေသာက္ျခင္း-သာလွ်င္
ရပါလိမ့္မယ္။

ထို႔ေၾကာင့္-

"ဗုဒၶျဖစ္လိုသူ"-"အမ်ိဳးသမီး,အမ်ိဳးသား"တိုင္းဟာ-

( ဗုဒၶ သေႏၶဘာဝ ဟာ
"အမ်ိဳးသမီး/အမ်ိဳးသား"မခဲြျခား
အားလံုးႏွင့္သက္ဆိုင္ျငားလည္း )

"ဗုဒၶ"အျဖစ္ကို ရယူသည့္ "အႏၱိမဘဝ" မွာ
"အမ်ိဳးသား"အျဖစ္ကိုသာ ေရြးခ်ယ္ရမည္"-ဟု
ဆိုလိုပါတယ္။

ယင္းသည္ "ခဲြျခားမႈ"မဟုတ္။
"ကြာျခားမႈ"သာ ျဖစ္ပါတယ္။

အဆံုးသတ္ ေကာက္ခ်က္အားျဖင့္-

"အမ်ိဳးသမီး"အျဖစ္သည္-
"အမ်ိဳးသား အျဖစ္ထက္ ညံ႔ဖ်င္း၍
ဗုဒၶ အျဖစ္က မေရြးခ်ယ္တာ"မဟုတ္ပဲ,

"အမ်ိဳးသား"အျဖစ္က ဗုဒၶအျဖစ္ႏွင့္ ပိုျပီး သင့္ေတာ္၍"-
"ဗုဒၶ အျဖစ္က အမ်ိဳးသား အျဖစ္"ကို
ေရြးခ်ယ္သြားသည္"-ဟု ေျပာပါရေစ။

"Ashin Komala"

ခ်မ္းသာၾကပါေစ၊ ေအးၿငိမ္းၾကပါေစ၊
သံသရာ ၀ဋ္ဆင္းရဲမွ လြတ္ေျမာက္ႏိုင္ၾကပါေစ။

ဘ၀တု သဗၺမဂၤလံ

သင့္
ကလ်ာဏ မိတၱ

ကိုညီညီတင္

(ဥာဏ္လင္းၿမိဳ႕)

[“မည္သူမဆို…,
လြတ္လပ္စြာ ကူးယူ ဓမၼဒါန ျပဳ ႏုိင္ပါသည္။

"ဓမၼဒါန ျပဳ မည္"ဆိုပါ လ်ွင္…,
"မူရင္း ေဟာၾကား/ေရးသားသူ ၏ အမည္"ႏွင့္
"ဓမၼဒါန ပူေဇာ္သူ - ကိုညီညီတင္"(ဥာဏ္လင္းၿမိဳ႕)"-ကို
"Credit"-ေပးပါရန္ ေမတၱာရပ္ခံအပ္ပါသည္။”]

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုညီညီတင္"(ဥာဏ္လင္းၿမိဳ႕)"

#Unicode Version# ျဖင့္ဖတ္ပါ ။

 "ခွဲခြားတာ"ရယ်,"ကွဲပြားတာ"ရယ် "နှစ်ခု"ရှိတယ်ပေါ့။

ဒီနေရာမှာ-

-"မိန်းမ ဟာ ဘုရင် မဖြစ်ရဘူး"၊
-"ဘုရား မဖြစ်ရဘူး"၊ စသည်ကို
"အာဏာ,အမိန့်" စသည်နှင့် "သတ်မှတ်လိုက်မည်"
ဆိုလျှင် "ခွဲခြား"တာပေါ့။

"စွမ်းရည်"တူသည့်နေရာတွင်-

"အမျိုးသား"ဖြစ်၍
"အမျိုးသမီး"ထက် ပိုခံစားခွင့် ရှိသင့်" စသည်-
"အင်အားသုံး သတ်မှတ်"လိုက်လျှင်
သည်ပုံစံဟာ "ခွဲခြား"တာပါ။

"မတူကွဲပြားခြင်း"ကို အသုံးပြု၍-

-"နင်က ငါ့တို့ ယောက်ျားလေး တွေ ထက်
နိမ့်ပါတယ်ဟာ"၊

-"နင် ဘုရား ဖြစ်နိုင်သလား"၊ စသည်
"လှောင်ပြောင်မှု,အနိုင်ယူမှု"လုပ်လျှင် "ခွဲခြား"တာပေါ့။

သို့သော်-
"မီး"ဟာ"ရေ"အလုပ် မလုပ်နိုင်"ဟုပြောတာမျိုးဆိုလျှင်
"ကွဲပြားမှု"ကိုသာ ထောက်ပြတာပါ။
"ခွဲခြားနှိမ့်ချလိုက်ခြင်း" မဟုတ်ပါ။

ဥပမာ-
-"ဘုရား"ဖြစ်ဖို့ရန် "အမျိုးသား" ဖြစ်ဖို့ လိုနေတာ၊

-"ဘုရား၏ အမေ" ဖြစ်ဖို့ရန် "အမျိုးသမီး" ဖြစ်ဖို့ရန် လိုနေတာ၊ စသည် "ပြောဆိုခြင်း"ဟာ-

"စည်းမျဉ်း"စသည်နှင့်"သတ်မှတ်ချက်"မဟုတ်ပါဘူး။

"သဘာဝ"အရ-
"မီးနှင့် ရေ လို ကွဲပြားမှု သာ ဖြစ်သည်"-ဟု ဆိုလိုတာ။

သို့သော်-"ကွဲပြားမှု"ကို နင်း၍
"ခွဲခြားခြင်း,ခွဲခြားခံရခြင်း" နှစ်မျိုးလုံးကို
ရှောင်နိုင်ရပါလိမ့်မယ်။

"အမျိုးသမီး"-
မည်သည့် သဘာဝကြောင့်
"သမ္မာသမ္ဗုဒ္ဓ ဘုရား"မဖြစ်နိုင်သလဲ?"ကို
သီးသန့် စဉ်းစားကြည့်ပါ့မယ်။

"အမျိုးသမီးဘဝနှင့် ဘုရား ဖြစ်ရန် အခွင့်မရနိုင်"-ဟု
"ဥပရိပဏ္ဏသ ပါဠိတော်,ဗဟုဓာတုက သုတ္တန်"မှာ
တိုက်ရိုက်ပါလာတယ်။

ဒီ အချက်ကို ကြည့်ပြီး-
"ဗုဒ္ဓမြတ်စွာ" ဟာ
"အမျိုးသမီးထုကို ခွဲခြားမှု လုပ်တယ်"-ဟု
ယူဆကြတယ်။

ဒီ ပြဿနာကို-
"အမျိုးသမီး, အမျိုးသား သဘာဝတ္ထကြည့်ရှုနည်း"
အားဖြင့်သာ"မည်သို့ ကွာဟနေသလဲ?"သည်ကို
ထောက်မိမှ ပြေ ငြိမ်းတန်ပါတယ်။

အမှန်အားဖြင့်-"ခွဲခြားမှု လုပ်သည်"မဟုတ်ပဲ
"ကွာခြားချက်ကို ထောက်ပြလိုခြင်း"သာ ဖြစ်ပါတယ်။

"ကွာခြားချက်"အရ
"သတ်မှတ်မှု"တချို့ဟာ"ခွဲခြားခံရမှု"ဟု
အမြင်မှားသွားနိုင်ပါတယ်။

"အမျိုးသား"နှင့် "အမျိုးသမီး"အဖြစ်ဟာ
တစုံတရာ "ကွာခြားမှု"ရှိပြီး မဟုတ်လား။

"အမျိုးသမီး"ဟာ "လူသား"သာလျှင်
ဖြစ်တဲ့အတွက် "အသိဉာဏ်ရေးရာ" အရဆိုလျှင်
တစုံတရာ"ကွာခြားမှု"မရှိ နိုင်ပါဘူး။

ဒါကို "ဗုဒ္ဓ"အား "အရှင်အာနန္ဒာ" မေးခဲ့သော
မေးခွန်းကို ထောက်ဆလျှင် သိနိုင်တယ်။

"ခန္ဓာရှိလျှင်-
ယောက်ျားများ သိတန် သိနိုင်သည့်
တရားအသိအမြင်-တရားထူးမျိုး ကို,
မိန်းမများ လည်း ရနိုင်တယ်"-ဟု
"ဗုဒ္ဓမြတ်စွာ" ဖြေဆိုထားတာကို တွေ့ရတယ်။

"သောဏဒန္တသုတ်"မှာ-

"သီလ,သမာဓိ,ပညာ"ဖြင့်သာ
"လူသားတယောက်၏ အနိမ့်အမြင့်ကို
ဆုံးဖြတ်နိုင်ကြောင်း-

(ဓမ္မဒိန္နာ၏ အမျိုးသား)
"အနာဂါမ် သူကြွယ်"လည်း-
-အမျိုးသားတယောက်"ခံစားနိုင်ခွင့် ရှိသော
"တရားအရသာနှင့် အသိဉာဏ်"ဟာ,

"အမျိုးသမီးတယောက်"အတွက်လည်း
ထပ်တူထပ်မျှ ခံ စားခွင့်ရှိကြောင်း-
"ဖြေဆိုချက်"တွေအရ-
"ခွဲခြားမှု မရှိခြင်း"ဟာ
"ဗုဒ္ဓဝါဒ၏ မူလအနှစ်သာရ"သာလျှင် ဖြစ်ပါတယ်။

သို့သော်-ယခု "ဗုဒ္ဓ"အဖြစ်မှာဆိုလျှင်
"တရားအသိဉာဏ် ခံစားခွင့် အခြေအနေ"အတွက်
သာလျှင်မဟုတ်။

-လမ်းသစ် ဖောက်မှု၊
-အဖွဲ့အစည်းတခု ပြုစုပျိုးထောင်မှု၊
-ခေါင်းဆောင်မှု၊
-အယူဝါဒနှင့် မူလအခံ ယဉ်ကျေးမှု အားလုံးကို
တော်လှန်တွန်းလှန်ခြင်း၊
-ပါရမီဖြည့်ရာ ခရီးကြမ်း၊

ဒီ"အချက်"တွေ ပါဝင်တယ်။

"အသိဉာဏ် ရေးရာ အထွတ်အမြတ်"
နှင့် "ဘာမှန်း မသိခင် အခြေအနေ"မှာ
ဆင်းဆင်းရဲရဲ ပေးဆပ်ရမှု။

"ဗုဒ္ဓ"လက်ထက်-
"အိန္ဒိယ၏ အမျိုးသမီးတွေအပေါ် ထားသော
သဘောထား"နှင့်
"ယဉ်ကျေးမှု အခံ အခြေအနေ"ကို
အားလုံး သဘောပေါက်ထားကြပြီး ဖြစ်သည် ဟု
မြင်ပါတယ်။

"အမျိုးသား/အမျိုးသမီး"အားလုံးပါဝင်သော
"ယဉ်ကျေးမှုတော်လှန်ရေး အသွင် သံဃာ့အဖွဲ့အစည်း ကို ထူ ထောင်နိုင်သူ"ဖြစ်ဖို့ရန်
အတော် မလွယ်သည့် အချိန်အခါပါ။

-တရားအသစ်
-လမ်းသစ်
-အဖွဲ့အစည်းအသစ်တခုအတွက်

"တိကျရေရာသော ရလာဒ်"ကို
သိမြင်ပြီးစရာ ရှိလျှင်,ချောမွေ့လွန်းနေလျှင်,
"အမျိုးသမီး"လည်း ဦးဆောင်သူ "ဗုဒ္ဓ"ဖြစ်နိုင်ပါတယ်။

သို့သော်-"ဗုဒ္ဓအဖြစ်"ဆိုတာ-
ဒီလို "တိကျစွာ အဖြေထုတ်ပြီးသား ရလာဒ်"
မဟုတ်ပါဘူး။

"ဆင်းဆင်းရဲရဲပေးဆပ်နေရခြင်း သည်သာလျှင်
အမြင်သာဆုံး ရလာဒ်" ဖြစ်ပါတယ်။

"ဘုရားဖြစ်ပြီး အခြေအနေ"ကို ကွက်၍
မကြည့်မှ နားလည်ပါလိမ့်မယ်။

"ဘုရား ဖြစ်/မဖြစ်"မသေချာသေး,
မသိသေးခင် အခြေအနေနှင့်-
-ကြည့်မှ
-စဉ်းစားမှ
သင့်တင့်စွာ နားလည်ပါလိမ့်မယ်။

"ေဥယျဓမ္မအားလုံးကို သိသွားသည့် အချိန်"ကိုသာ
"သမ္မာသမ္ဗုဒ္ဓ ဖြစ်ပြီ"-ဟု ပြောနိုင်သည့် အချိန်
ရောက်သွား၍သာ,

-လွယ်လွန်းသည်၊
-အမျိုးသမီး လည်း ရသင့်သည်၊ ပိုင်းဖြတ်နေကြတာပါ။

အမှန်မှာ-
"မဖြစ်ခင်ရင်ဆိုင်ရမည့် အခက်အခဲ"နှင့်
"ချိန်ဆကြည့်"မှသာလျှင်-

"ဘုရားဖြစ်မည့်သူ"ဟာ
"အမျိုးသားဘဝ"ကို တောင့်တအပ်သည်
သိသာနိုင်တယ်။

-မစင် အညစ်အကြေး လိမ်းကြံခြင်း
စသော ရှိသမျှ "တပအကျင့်"တွေကို ကျင့်ခဲ့ရတယ်၊

-"ဦးခေါင်း"ကို "သံစူးချွန်"နှင့် ထိုးသလို၊

-"သားရေ မျှော့ကြိုး"နှင့် တင်းကြပ်စွာ
ချည်နှောင်ခံရသလို၊

-"သားလှီးဓါး"နှင့် "ဗိုက်"ကို အမွှေခံရသလို၊

-ကျောက်မီးသွေးပူမှာ အကင်ခံရသလို၊

-ပြင်းထန်လွန်းသော အသက်ရှု အကျင့်တွေ
ဖြတ်သန်းခဲ့ရတယ်။

မမှတ်မိနိုင်တော့လောက်သည် အထိ
"မူလရုပ်ရည်"အဆင်းပျက်, အရေမဲ
ညစ်ထေးသွားသည်အထိ ကျင့်ခဲ့ရတယ်။

-"ပဲနောက်စိမ်း"(သို့)"ပဲနောက်ရည်"
နေ့တိုင်း တစ်စွန်း လောက်စားပြီး
"အစာဖြတ်,အစာငတ်ခံအကျင့်"တွေကို ကျင့်ခဲ့ရတယ်။

-"ကျောရိုး"ကို ကိုင်လိုက်လျှင် "ဝမ်းရေ"ကို
စမ်းမိတယ်။
"ဝမ်းရေ"ကို ကိုင်လိုက်လျှင် "ကျောရိုး"ကို
စမ်းမိတယ်။
"နံရိုးများ"ဟာ ဖရိုဖရဲ ပုံပေါ်နေသလို
ဖြစ်သည်အထိ ကျင့်ခဲ့ရတယ်။

-"တင်ပဆုံရိုး"ဟာ "ကုလားအုပ်၏ ခြေဖဝါး"လို
ဖြစ်သွားသည်အထိ ကျင့်ခဲ့ရတယ်။

-"ဖရုံသီး"ကင်းအနု ကို ဖြတ်၍
"နေဒဏ်,လေဒဏ်,ရေဒဏ်"ခံစေသည့် ပုံသဏ္ဍာန် လို,
တစ်ကိုယ်လုံးမှ
-အသွေး,အသား,အရိုး,အကြောများ
"ကြုံလှီ,ရှုံ့တွသွားသည်အထိ"ကျင့်ခဲ့ရတယ်။

-"မျက်ဝန်းအိမ်"အတွင်း-
"မျက်သား"ဟာ "ရေတွင်း"အမှောင်ထဲ
ကျရောက်နေသော "ကြယ်ပွင့်လေး"လို
နစ်မြုပ်သွားသည်အထိ ကျင့်ခဲ့ရတယ်။

-"ခန္ဓာကိုယ် နာကျင်မှု"ကို ဖြေလျော့ဖို့ရန်
"ဆုပ်နယ်"လိုက်လျှင်
"အမွှေး"တွေ ကျွတ်ကုန်သည်အထိ ကျင့်ခဲ့ရတယ်။

-"အပေါ့/အလေး"သွားဖို့ ထလိုက်လျှင်
မိမိကိုယ်ကို ပြန်မမတ်နိုင်တော့သည်အထိ
ကျင့်ခဲ့ရတယ်။

-တစ်ကိုယ်လုံး ခြုံကြည့်လျှင်-
"သက်ရှိအရိုးစုတစ်ခု"ဖြစ်သွားသည် အထိ
ကျင့်ခဲ့ရတယ်။

"ဗုဒ္ဓမြတ်စွာအလောင်းအလျာ"က-
သည် "နာကျင်ခံခက်ဆင်းရဲ"ကို
"မည်သူမျှ လွန်အောင် ကျင့်ဖို့ရန် မဖြစ်နိုင်"ဟု
ဆင်ခြင်သဘောပေါက်သွားခဲ့တယ်။

ဆိုလိုသည်မှာ-
"ရှေ့ဆက်တိုးလျှင် သေဖို့ရန်သာ ရှိတော့သည်"အထိ ကျင့်တယ်။
"ဖြတ်သန်းခဲ့ရသည်"-ဟု ဆိုပါတယ်။

အမှန်အားဖြင့်
အမျိုးသမီး၏ ဘဝကို ဖြတ်သန်းသည့် ပုံစံ
ဖြတ်သန်းလိုသည့် ပုံစံမှ ကြည့်မည်ဆိုလျှင်-
လိုအပ်တာထက် အဆများစွာ ပိုကဲနေမည့်
သဘောလည်း ရှိပါတယ်။

ဆိုလိုသည်မှာ-"အမျိုးသမီးတယောက်"ဟာ,
"ဗုဒ္ဓအလောင်းအလျာ"လို သွားကျင့်လျှင်-
"ဘုရား မဖြစ်ခင် စိတ်နွမ်း,ရုပ်နွမ်း
အရင် သေရလိမ့်မည်"ထင်တယ်။

ဒီ အခြေအနေအထိ-
"အမျိုးသမီး"ဟာ-
"စွန့်လွှတ်ကောင်း စွန့်လွှတ်နိုင်တယ်"ဆိုပါစေဦး။

သို့သော်-
-"နုနယ်သော ခန္ဓာ"၊
-"အနုအရွအလှအပကို မြတ်နိုးမှု"နှင့်
-"စိတ်လှုပ်ရှား ခံစားပျံ့နှံ့မှု" ( Emotional )
"သဘာဝ အခံဓာတ်"အရ,
ဒီ ဘာမသိ,ဘာမှန်းမရ-"ဆင်းရဲပေးဆပ်ရခြင်း"ကို

"အမျိုးသမီးတစ်ယောက်"ဟာ,
-တည်တည်ကြည်ကြည်
-ဆောက်တည်ခိုင်ခိုင်မြဲမြဲ
-ဆွဲကိုင်လျှောက်လှမ်းနေမှု ရရှိလိမ့်မည် မဟုတ်ပါ။

"မည်သည့်အတွက်
သည်လို ဆင်းရဲမျိုး ခံစားထိုက်သလဲ?"
တရပ်စပ် မေးနေမည်သာ ဖြစ်ပါတယ်။

"ဗုဒ္ဓမြတ်စွာ"ဟာ-
"လောက၏ ထွက်မြောက်ရာအစစ်"ကို ရှာဖွေဖို့ရန်
ကြိုးစားခဲ့ခြင်း"-သာ ဖြစ်ပြီး,

"ဘုရားဖြစ်ဖို့ ကြိုးစားခဲ့တာ" မဟုတ်ပါဘူး။

"ေဥယျဓမ္မများကို စုံလင်စွာ သိရှိခြင်း"သည်
နောက်ကိစ္စတစ်ရပ်သာ ဖြစ်ပါတယ်။

"အမျိုးသမီးတစ်ယောက်"ဟာလည်း-
"ဒုက္ခဆင်းရဲတို့မှ လွန်မြောက်ရာ"-
ရှာကောင်းရှာ၍ ရပေမင့်,
"ငါ ဘုရားအဖြစ်ကို ရမယ်"-ဆိုတာမျိုး
"ဘုရားမဖြစ်ခင် တိုင်တယ်၍ ရလာဒ်ကို
ကြိုတင်သိထားသလို"ကြိုးစား၍ မရပါဘူး။

"ထွက်မြောက်ရာ"ဟူသည်ပင်-
မည်သည့်အရာမှန်း မသိနိုင်သေးသော
မှန်းမရ အခြေအနေ အတွင်း
"ဆင်းဆင်းရဲရဲ ဗလာချီ ဖြတ်သန်းနေရသည်"ကိုလည်း စိတ်ချလက်ချ ရှိနေ လိမ့်မည်လည်း မဟုတ်ပါ။

"ဆောက်တည်မှုနှင့် သွားရသော
"အဓိဋ္ဌာနပါရမီ မြောက် အနေအထားအထိ
လုပ်နိုင်စရာ မရှိ"-ဟု ဆိုလိုပါတယ်။

ဆိုလိုချင်သည်မှာ-
"အမျိုးသမီးတယောက်၏ အခံဓာတ်အနေအထား"နှင့် "ရင်ဆိုင်မည့်အနေအထား"သည်-
"ပြဒါးတလမ်း-သံတလမ်း"သာဖြစ်၍ပါ။

လုပ်နေပါစေဦး၊
"လုပ်ငန်းအပေါ်မှာ
စူးဝင်ပျော်ဝင်နက်နဲ နေမည် မဟုတ်"ဟု
ဆိုလိုပါတယ်။

"စူးဝင် နက်နဲမှု"မလိုက်တော့လျှင်-
"ထိုးထွင်းသိမြင်မှု"(Penetrative Insight)
တွေလည်း-လိုက်လာမှာ မဟုတ်ပါဘူး။

ဒီ Conditioning State တစ်ချက်
ချို့ယွင်း လိုက်သည်နှင့်
"ဗုဒ္ဓအဖြစ်"နှင့်
"အမျိုးသမီး"ဟာ "လွဲရမည်" ဖြစ်ပါတယ်။

နောက်တချက်အားဖြင့်-
"ရှေ့တိုး သေဖို့သာရှိသည်"အထိ
လုပ်ငန်းဟာ အားစိုက်ရမည် ဖြစ်ပြီး-

"အမျိုးသား"မို့-
-"Emotion ၏ ဒဏ်"ကိုရော
-"ကိုယ်ကာယ ခံနိုင်ရည်အရ"ရော
တောင့်ခံလိုက်နိုင်ခြင်း ဖြစ်ပါတယ်။

"အမျိုးသမီး"သာဆိုလျှင်-
"ဗုဒ္ဓ"အဖြစ်ကို မရမီ သေမှာပါ။

ထို့ကြောင့်-
"တရားရေးရာခံစားမှု"မှာသာ မကွဲပြားပဲ,

"ရုန်းကန်ရမှု ရှုထောင့်"က လိုက်လျှင်-
"အမျိုးသား"အဖြစ်သည်သာ-
"ဗုဒ္ဓ"အဖြစ်နှင့် သင့်တော်ပါတယ်။

"အမျိုးသမီးတစ်ယောက်"
အေးအေးရနိုင်သည့် အတွေးဉာဏ်ပညာ,
ပညာရှင်အဖြစ် အားစိုက်ရရုံ ုသဘော သည်-
"ဗုဒ္ဓအဖြစ်ကို ရောက်ရှိရေးသဘော"နှင့်
သဘာဝ မတူပါ။

"ဖြတ်သန်းမှုအတွေ့အကြုံ"နှင့်
အသိဉာဏ်အလင်းပွင့်မှု"ကိုပေါင်းစပ်၍
"ဗုဒ္ဓ"အဖြစ် ဟု မှတ်ရပါမယ်။

"အမျိုးသမီး"ဟာ ဒီ"ဖြတ်သန်းမှု"ကို မရနိုင်ဘူး။
ရလည်း "ဗုဒ္ဓ"အဖြစ်ကိုမရနိုင်ဘူး။

"ဗုဒ္ဓ အဖြစ်သို့ ရောက်ရှိရေး"မှာ
"အမျိုးသမီးခန္ဓာ"အဖြစ်နှင့်ဆိုလျှင်
မဖြစ်နိုင် (သို့)
"မလိုအပ်ပဲလျှက် ပို၍ ခက်ခဲနိုင်ခြင်း"ကြောင့်-
"အမျိုးသား"အဖြစ်ကို "ဗုဒ္ဓအဖြစ်"နှင့် ဆက်စပ်၍
တောင့်တ ရွေးချယ်အပ်ပါတယ်။

ချက်ပြီး,ပြုတ်ပြီး သားကို
အညီအမျှ အရသာခံ စားသောက်ခြင်း-သာလျှင်
ရပါလိမ့်မယ်။

ထို့ကြောင့်-

"ဗုဒ္ဓဖြစ်လိုသူ"-"အမျိုးသမီး,အမျိုးသား"တိုင်းဟာ-

( ဗုဒ္ဓ သန္ဓေဘာဝ ဟာ
"အမျိုးသမီး/အမျိုးသား"မခွဲခြား
အားလုံးနှင့်သက်ဆိုင်ငြားလည်း )

"ဗုဒ္ဓ"အဖြစ်ကို ရယူသည့် "အန္တိမဘဝ" မှာ
"အမျိုးသား"အဖြစ်ကိုသာ ရွေးချယ်ရမည်"-ဟု
ဆိုလိုပါတယ်။

ယင်းသည် "ခွဲခြားမှု"မဟုတ်။
"ကွာခြားမှု"သာ ဖြစ်ပါတယ်။

အဆုံးသတ် ကောက်ချက်အားဖြင့်-

"အမျိုးသမီး"အဖြစ်သည်-
"အမျိုးသား အဖြစ်ထက် ညံ့ဖျင်း၍
ဗုဒ္ဓ အဖြစ်က မရွေးချယ်တာ"မဟုတ်ပဲ,

"အမျိုးသား"အဖြစ်က ဗုဒ္ဓအဖြစ်နှင့် ပိုပြီး သင့်တော်၍"-
"ဗုဒ္ဓ အဖြစ်က အမျိုးသား အဖြစ်"ကို
ရွေးချယ်သွားသည်"-ဟု ပြောပါရစေ။

"Ashin Komala"

ချမ်းသာကြပါစေ၊ အေးငြိမ်းကြပါစေ၊
သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ကြပါစေ။

ဘဝတု သဗ္ဗမင်္ဂလံ

သင့်
ကလျာဏ မိတ္တ

ကိုညီညီတင်

(ဉာဏ်လင်းမြို့)

[“မည်သူမဆို…,လွတ်လပ်စွာ ကူးယူ ဓမ္မဒါန ပြု နိုင်ပါသည်။

"ဓမ္မဒါန ပြု မည်"ဆိုပါ လျှင်…,
"မူရင်း ဟောကြား/ရေးသားသူ ၏ အမည်"နှင့်
"ဓမ္မဒါန ပူဇော်သူ - ကိုညီညီတင်"(ဉာဏ်လင်းမြို့)"-ကို
"Credit"-ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။”]

ေရနံေခ်ာင္းျမို့နယ္မွာ ေမြးဖြားခဲ့တဲ့ တုန္လႈပ္ေျခာက္ျခားဖြယ္ရာ ဘီလူး သံုးႁမႊာပူး အေျကာင္း ျဖစ္ရပ္မွန္.

လြန္ခဲ့သည့္ အႏွစ္ (၂၀) ေက်ာ္က ျဖစ္ပ်က္ခဲ့တဲ့ အေၾကာင္းအရာေလးတစ္ခု ျဖစ္ပါသည္။ ျမန္မာျပည္ အလယ္ပိုင္း ေရနံေခ်ာင္းၿမိဳ႕နယ္ထဲက ေက်းရြာေလးတစ္ခုတြင္ မခင္ၾကည္ ဆုိသည့္ အမ်ိဳးသမီး တစ္ဦး ရွိခဲ့ဖူးေလသည္။ (အခုထိလည္း သက္ရွိထင္ရွား ရွိဆဲျဖစ္သည္။

သုိ႕ရာတြင္ ၎ေက်းရြာမွ ၿမိဳ႕ကို ေျပာင္းခဲ့ေရႊ႕ သြားခဲ့သည္မွာ အေတာ္ၾကာခဲ့ပါၿပီ။) ထုိအမ်ိဳးသမီး၏ ေယာက်္ားျဖစ္သူမွာ ကိုေအာင္ေမာ္ ဟူ၍ ျဖစ္ေလသည္။

၎တို႕၏ အိမ္ေထာင္သက္တမ္း ၂ ႏွစ္အၾကာတြင္ ပထမဆံုး သား ရတနာ တစ္ဦးကို ေမြးဖြားခဲ့သည္။ ေနာက္ထပ္ ၃ ႏွစ္ခန္႕အၾကာ၊ ၎တုိ႕၏ အိမ္ေထာင္သက္ ၅ ႏွစ္ခန္႕ အၾကာတြင္မူ မခင္ၾကည္မွာ ထူးျခားသည့္ ကိုယ္ဝန္ကို စတင္ လြယ္ထားခဲ့ရသည္။

ထုိကိုယ္ဝန္ တျဖည္းျဖည္း ရင့္မွည့္လာသည္ႏွင့္အမွ် မခင္ၾကည္မွာ ထူးျခားသည့္ ခ်ဥ္ျခင္းမ်ားကို ေတာင့္တခဲ့ေလသည္။ ထုိခ်ဥ္ျခင္းမ်ားအား သူမ၏ ေယာက်္ားျဖစ္သူ ကိုေအာင္ေမာ္ မွတစ္ပါး အျခားသူမ်ားအား မေျပာရဲခဲ့ေပ။

၎ခ်ဥ္ျခင္းမ်ားမွာ အသားမ်ားကို အစိမ္းလိုက္ စားလုိျခင္း၊ ေသြးတုိ႕ကို ေသာက္လုိျခင္း စသည္တို႕ျဖစ္ၿပီး တစ္ခါတစ္ရံ ကိုေအာင္ေမာ္အား တရႈပ္ရႈပ္ နမ္းရင္း ကိုေအာင္ေမာ္အား ” ေအာင္ေမာ္ နင့္အသားေတြက ေမႊးေနတာပဲ။ ငါ စားခ်င္လိုက္တာဟာ ” ဟူ၍ ေျပာတတ္ေလသည္။

ထုိအခါမ်ိဳး၌ကား ကိုေအာင္ေမာ္မွာမူ မ်က္လံုးျပဴး ၊ မ်က္ဆံျပဴး ျဖစ္သြားကာ “ဟာ … နင္ကလည္း” ဟူ၍ ေျပာၿပီး မခင္ၾကည္၏ ေဘးမွ ကမန္းကတန္း ထြက္သြားရတတ္၏။ထုိကဲ့သုိ႕ ထူးျခားေနေသာ မခင္ၾကည္၏ ခ်ဥ္ျခင္းမ်ားအား ကိုေအာင္ေမာ္မွာ ရြာထဲရွိ ေခါင္းသံုးလံုး ပညာရွိမ်ားထံသုိ႕ လည္းေကာင္း၊ လူႀကီးသူမမ်ား ထံသုိ႕လည္းေကာင္း သြားေရာက္ ေျပာျပရေလသည္။

မေျပာလို႕လည္း မျဖစ္။ ၎၏ အသားကိုပင္ စားခ်င္ေလာက္ေသာ ခ်ဥ္ျခင္းကို ကိုေအာင္ေမာ္တစ္ေယာက္ လန္႕ေနရသည္ မဟုတ္ပါေလာ။ ထုိခ်ဥ္ျခင္းအား ၾကားသိရခ်ိန္မွစ၍ ကိုေအာင္ေမာ္မွာ မခင္ၾကည္ႏွင့္ မအိပ္ရဲေတာ့ေပ။

ေခါင္းသံုးလံုး ပညာရွိမ်ားႏွင့္ လူႀကီးသူမ မ်ားက ၎တို႕၏ အေတြ႕အႀကံဳ ႏွင့္ ဗဟုသုတ မ်ားအရ ထိုကဲ့သုိ႕ ထူးျခား ၾကမ္းၾကဳပ္ေသာ ခ်ဥ္ျခင္းမ်ားကို ေထာက္ဆ၍ မခင္ၾကည္မွာ စင္စစ္ ဘီလူးကဲ့သုိ႕ ရက္စက္၊ ၾကမ္းၾကဳပ္မည့္သူကို ကိုယ္ဝန္လြယ္ထားရသည္ဟု မွတ္ခ်က္ျပဳၾကေလသည္။

ဤသုိ႕ျဖင့္ မခင္ၾကည္၏ ကိုယ္ဝန္မွာ ရင့္မွည့္ရာမွ ေမြးဖြားခ်ိန္သို႕ ေရာက္ရွိ လာခဲ့ေလေတာ့သည္။ ” အူဝဲ … အူဝဲ … အူဝဲ “

” ေအာင္မေလး ….. “မခင္ၾကည္အား မီးဖြားေပးေသာ လက္သည္ အေဒၚႀကီး လန္႕ျဖတ္ ေအာ္လိုက္မိသည္။ ထုိေအာ္သံေၾကာင့္ မီးဖြားရာအခန္း၏ ေရွ႕တြင္ မိမိ၏ မိန္းမ မခင္ၾကည္ လြယ္လင့္တကူ မီးဖြားႏိုင္ေစရန္အတြက္ အဂၤုလိမာလသုတ္ကို လည္းေကာင္း၊

လူႀကီးသူမမ်ား ေျပာသကဲ့သုိ႕ ဘီလူးေလး ေမြးမလာေစရန္ လည္းေကာင္း ဆုေတာင္း ရြတ္ဆိုေနသည့္ ကိုေအာင္ေမာ္မွာလည္း စုိးရိမ္မႈႏွင့္အတူ လန္႕သြားေလသည္။

” ေဒၚေဒၚတင္ ဘာျဖစ္တာလဲ … “

” ဘာျဖစ္လို႕ အလန္႕တၾကား ေအာ္ရတာလဲ။ ကၽြန္ေတာ့္ကို သိရေအာင္ ေျပာပါဦး” ကိုေအာင္ေမာ္က ထုိသုိ႕ စုိးရိမ္တႀကီး လွမ္းေမးလိုက္သည့္အခါ -” ဘာ … ဘာ … ဘာမွ မျဖစ္ပါဘူး ေအာင္ေမာ္၊ ခဏေနရင္ မင္းလည္း ဝင္ၾကည့္လို႕ ရၿပီပဲ”

ဟူ၍ မီးဖြားခန္းထဲမွ ေဒၚတင္က ကိုေအာင္ေမာ္အား လွမ္းေျပာလိုက္ေလသည္။ ကိုေအာင္ေမာ္မွာ ေဒၚတင္၏ စကားထစ္သြားပံုကို ေထာက္ဆ၍ မခင္ၾကည္မွာ အမွန္ပင္ ဘီလူးေလးကို ေမြးဖြားလိုက္ၿပီ ျဖစ္ေၾကာင္း နားလည္လိုက္သည္။

သုိ႕ရာတြင္ ကိုေအာင္ေမာ္မွာ မိမိ၏ မူရင္းစိတ္မွ လက္ခံ နားလည္လိုက္သည့္ အေၾကာင္းအရာအား ဖံုးကြယ္ပစ္ရန္အတြက္ မ်က္စိကို စံုမွိတ္၍ လက္အုပ္ခ်ီကာ ” မဟုတ္ပါေစနဲ႕ ..၊ မဟုတ္ပါေစနဲ႕ ..၊ သမၺဳေဒၶ x x x ၊ ဣတိပိေတာ x x x …” စသည္ျဖင့္ တသြင္သြင္ ရြတ္ဆိုေနေတာ့သည္။

” ေအာင္ေမာ္ .. ၊ ေအာင္ေမာ္ ..”” ေဟ့ … ေအာင္ေမာ္ “” အမေလးဗ် … ဘီလူးေလး မဟုတ္ပါေစနဲ႕ ၊ ဣတိပိေတာ …” မီးဖြားခန္းမွ ထြက္လာေသာ ေဒၚတင္မွာ ကိုေအာင္ေမာ္အား ျဖည္းျဖည္း သက္သာ ေခၚမရသည့္အဆံုး ကိုေအာင္ေမာ္၏ ေက်ာကို အသာရုိက္၍ ေခၚလိုက္ျခင္း ျဖစ္ေသာ္လည္း စိုးရိမ္ၿပီး အေၾကာက္လြန္ေနသည့္ ကုိေအာင္ေမာ္မွာ လန္႕သြားကာ ဆုိမိဆိုရာ ရြတ္ခ်လိုက္ျခင္း ျဖစ္ေလသည္။

” ေဒၚေဒၚတင္ … ဘာေလးလဲဗ် …၊ က်ဳပ္ကို ျမန္ျမန္ေျပာစမ္းပါ …” ” မင္းဟာမင္းပဲ ဝင္ၾကည့္ေတာ့ ေအာင္ေမာ္၊ ေဒၚေဒၚတင္ မေျပာခ်င္ဘူး “ ေဒၚတင္၏ မ်က္ႏွာမွာ မေကာင္းေပ။ ကိုေအာင္ေမာ္မွာ တံခါးသဖြယ္ ပိတ္ကာထားသည့္ ခန္းစီးစကို ကိုင္၍ အတန္ငယ္ တြန္႕ဆုတ္ေနေလသည္။

ယခင္ သားႀကီး ေကာင္းေက်ာ္ အား ေမြးဖြားခဲ့စဥ္က လက္သည္ အေဒၚႀကီး ေဒၚေဒၚတင္၏ မီးဖြားခန္းမွ အထြက္ကိုပင္ မေစာင့္။ေဒၚတင္မွ ” ေအာင္ေမာ္ေရ ၊ ဝင္လာလို႕ရၿပီ ” ဟု ဆုိကာမွရွိေသး။ ကိုေအာင္ေမာ္မွာ အခန္းတြင္းသို႕ ေရာက္ရွိေနေပၿပီ။

ယခုမူ မိမိ မျမင္ေတြ႕ခ်င္သည့္ ျမင္ကြင္းအား ျမင္ေတြ႕ရမည္ကို သိေနသည့္အတြက္ အတန္ငယ္ တြန္႕ဆုတ္ေနျခင္း ျဖစ္ေသာ္လည္း ” အို … ဘာပဲျဖစ္ျဖစ္ ဒါဟာ ငါ့ရဲ႕ရင္ေသြးပဲ ” ဟူေသာ ဖခင္စိတ္ကို ျဖစ္ေစၿပီး ခန္းစီးစကို မတင္ကာ အခန္းတြင္းသုိ႕ ဝင္သြားေလသည္။

” ေအာင္ေမာ္လား …” ” ဟုတ္တယ္ ခင္ၾကည္ … ငါပဲ” ေမာဟိုက္ ႏြမ္းလ်ေနသည့္ မခင္ၾကည္၏ အသံတြင္ ဝမ္းနည္းေနသည့္ ဓာတ္တို႕ပါေနသည္ကို ေအာင္ေမာ္ သိသည္။

” ကေလးေရာ ခင္ၾကည္ …” ေမြးဖြားလာသည့္ ကေလးကို မျမင္၍ ကိုေအာင္ေမာ္ ေမးလိုက္ျခင္း ျဖစ္ေလသည္။

” ကေလးေတြက ငါ့ ေစာင္ေအာက္မွာ၊ နင္ ျမင္သြားရင္ စိတ္မေကာင္းျဖစ္မွာစိုးလို႕ ေစာင္နဲ႕ ဖံုးထားတာ”

” ခင္ၾကည္ရယ္ … ငါ စိတ္မေကာင္း ျဖစ္တာက အေၾကာင္းမဟုတ္ပါဘူးဟာ၊ ကေလး မြန္းၿပီး အသက္ရွဴၾကပ္ေနပါ့မယ္”

” ေစာင္ကို ခပ္ဖြဖြေလးပဲ ဖံုးထားတာပါ၊ ၿပီးေတာ့ နင္ထင္သလုိ …… “

” ကေလး မဟုတ္ဘူး၊ ကေလးေတြ … ၊ တစ္ေယာက္တည္း မဟုတ္ဘူး ေအာင္ေမာ္၊ သံုးေယာက္ေတာင္ ေမြးတာ”

” ဟင္ …. သံုးေယာက္ေတာင္ …” ကိုေအာင္ေမာ္ အလန္႕တၾကား ေရရြတ္လိုက္သည္။ ထို႕ေနာက္ ကိုေအာင္ေမာ္သည္ မိမိ၏စိတ္ကိုတင္းကာ….

” အို … ငါက ဘာကိုေၾကာက္ေနရမွာလဲ၊ ဒါ ငါ့ရဲ႕ကေလးေတြပဲ” ဟူ၍ စိတ္တြင္းမွ ေရရြတ္ရင္း ကေလးမ်ားကို ဖံုးလႊမ္းထားသည့္ ေစာင္အား အသာအယာ ဆြဲဖယ္ၾကည့္လိုက္ေလသည္။

ထုိအခ်ိန္၌ မခင္ၾကည္မွာမူ မ်က္စိကို အသာပိတ္၍ သက္ျပင္းကို အသာခ်လိုက္ေလေတာ့သည္။” ဟာ …….” ျမင္လိုက္ရသည့္ ျမင္ကြင္းက ကိုေအာင္ေမာ္ကို မ်က္လံုးျပဴးသြား ေစသည့္အျပင္ ပါးစပ္ပါ အေဟာင္းသား ျဖစ္သြားေစသည္။

ကိုေအာင္ေမာ္ ျမင္လိုက္ရသည္မွာ ခရမ္းခ်ဥ္သီးလံုးခန္႕ရွိေသာ မ်က္လံုးေျခာက္လံုးပင္ ျဖစ္ေလသည္။ ” ခင္ၾကည္ရယ္ … ကေလးေတြ မ်က္လံုးက ႀကီးလွခ်ည္လား…

ၿပီးေတာ့လည္း မ်က္လံုးက နီစပ္စပ္နဲ႕ …” ထုိသုိ႕ ကိုေအာင္ေမာ္မွ ေျပာလိုက္သည့္အခါ မခင္ၾကည္သည္ –

” ကေလးေတြကို အႏွီးနဲ႕ပတ္ထားလို႕ နင္က မ်က္လံုးကိုပဲ ျမင္ရေသးတာ …”

” က်န္တဲ့ ေနရာေတြကေရာ ဘာလိုျဖစ္ေနတုန္း၊ ငါ့ကို ေျပာပါဦး ခင္ၾကည္”

” သူတို႕ လက္သည္း၊ ေျခသည္းေတြကလည္း အရွည္ႀကီးေတြပဲ ေအာင္ေက်ာ္၊ ၿပီးေတာ့ လက္ေခ်ာင္းေတြကလည္း အဖ်ားရႈးသြားတဲ့ ပံုစံမ်ိဳးေတြ …

” ဤသုိ႕ ကေလးေမြးၿပီးစ မခင္ၾကည္မွ အားနည္းေသာ ေလသံျဖင့္ ျဖည္းျဖည္းခ်င္း ေျပာလိုက္သည့္ အခါ ကိုေအာင္ေမာ္မွာ ကေလးမ်ားကို အႏွီးျဖည္၍ ထပ္မၾကည့္ျဖစ္ေတာ့ပါ။ ထို႕ေနာက္ ၎၏ မိန္းမျဖစ္သူ မခင္ၾကည္အား –

” ခင္ၾကည္ရယ္ … ဘာမွစိတ္မေကာင္း မျဖစ္ပါနဲ႕ဟာ၊ ဘာပဲျဖစ္ျဖစ္ ဒီကေလးေတြက ငါတို႕ရဲ႕ ကေလးေတြပဲ၊ နင္ကိုယ္တုိင္ ကိုယ္ဝန္လြယ္ၿပီး ေမြးခဲ့ရတာ မဟုတ္လား၊ နင္လည္း ကေလးေမြးထားရလို႕ ပင္ပန္းေနၿပီ၊ အနားယူလိုက္ဦးေနာ္”

” ဒီကိစၥကို ငါ လူႀကီးေတြနဲ႕ သြားၿပီးတိုင္ပင္လိုက္ဦးမယ္ …” ” အင္း ………….“

” အခု ကိစၥက ေပါ့ေပါ့တန္တန္ သေဘာထားလို႕ရမယ့္ ကိစၥမဟုတ္ဘူး ေအာင္ေမာ္၊ ေသခ်ာစဥ္းစားၿပီး လုပ္သင့္တာကိုေတာ့ လုပ္ရလိမ့္မယ္ “ ရြာသူႀကီး ျဖစ္သူ ဦးသာေအးမွ ကိုေအာင္ေမာ္အား ေျပာလိုက္ျခင္း ျဖစ္သည္။

” ဟုတ္ကဲ့ပါ သူႀကီး၊ သူႀကီးတို႕က လုပ္သင့္တာကို လုပ္ၾကပါ၊ ဘာပဲျဖစ္ျဖစ္ ကၽြန္ေတာ္လုိက္နာဖုိ႕ အသင့္ပါပဲ”

” ေအးကြယ္ …၊ ငါ ေျပာတဲ့အတိုင္း မင္းတုိ႕ လုိက္နာမယ္ဆိုတာ ငါလည္း သိၿပီးသားပါ၊ ဒါေပမယ့္ ဒီကိစၥက ငါ တစ္ေယာက္တည္း ဆံုးျဖတ္လို႕ ၿပီးမယ့္ ကိစၥေတာ့ မဟုတ္ေပဘူး၊ ဒါေၾကာင့္ ရြာက လူႀကီးေတြကို ေခၚၿပီး စည္းေဝးရတာေပါ့ကြယ္၊ ဒီဘက္က ဦးႀကီးတင္ျမက ဘယ္လို ျဖစ္သင့္တယ္ ထင္သလဲဆုိတာ ေျပာပါဦး”

သူႀကီးဦးသာေအးသည္ ၎၏ ညာဘက္၌ ထုိင္ေနေသာ ဦးႀကီးတင္ျမအား လွမ္း၍ ေမးလိုက္ျခင္း ျဖစ္ေလသည္။ ဦးႀကီးတင္ျမက -” ခင္ၾကည္ ေမြးလာတာ ဘီလူးေလးေတြလို႕ပဲ ဦးႀကီးကေတာ့ ေျပာရလိမ့္မယ္၊ ဒါကို မင္းနားထဲမွာ ရိုင္းတယ္လို႕ မေအာက္ေမ့နဲ႕ ေအာင္ေမာ္ “

” ဟုတ္ကဲ့ပါ ဦးႀကီး၊ ကၽြန္ေတာ္ ဘယ္လိုမွ မေအာက္ေမ့ပါဘူး “

” အဲဒီ ဘီလူးေလးေတြ ေမြးလာတဲ့ကိစၥက ေတာ္ရုံကိစၥ မဟုတ္ေပဘူး၊ အခုလို သူတို႕ အရြယ္မေရာက္ေသးခင္မွာ ျပႆနာ မရွိႏိုင္ေပမယ့္ ႀကီးလာတဲ့အခါက်ရင္ တစ္ရြာလံုး ဒုကၡေရာက္သြားႏိုင္တယ္၊ ဒါေၾကာင့္ ဦးႀကီး အႀကံျပဳခ်င္တာကေတာ့ … “

ဦးႀကီးတင္ျမသည္ သူ၏ စကားအား ဆက္ေျပာရေကာင္းႏုိး၊ မေျပာရေကာင္းႏုိးျဖင့္ ကုိေအာင္ေမာ္၏ မ်က္ႏွာအား လွမ္းၾကည့္လိုက္ေလသည္။ ထုိအခါ ကိုေအာင္ေမာ္က –

” ဦးႀကီး ေျပာခ်င္တာကို ဆက္ေျပာပါ ဦးႀကီး “

” ေအးကြယ္ … ဆက္ေျပာရမယ္ဆိုရင္ေတာ့ မိဘခ်င္း ကိုယ္ခ်င္းမစာလို႕ေတာ့ မဟုတ္ေပဘူး၊ ဒီဘီလူးေလးေတြကို အခုခ်ိန္ကတည္းကပဲ သုတ္သင္ ရွင္းလင္းသင့္တယ္လို႕ ဦးႀကီးကေတာ့ အႀကံျပဳခ်င္တယ္ “

ဦးႀကီးတင္ျမသည္ လူႀကီးပီပီ စကားကို အတတ္ႏိုင္ဆံုး ထိန္း၍ ေျပာေလသည္။ ထိုသုိ႕ ဦးႀကီးတင္ျမက အႀကံျပဳလိုက္သည္တြင္ သူႀကီးမွ ဦးႀကီးတင္ျမ၏ေဘးတြင္ ထိုင္ေနေသာ ဘႀကီးရန္ေအး အား လွမ္း၍ ေမးလိုက္သည္။

” ဘႀကီးရန္ေအးကေရာ ဘယ္လိုမ်ား အႀကံျပဳခ်င္ပါေသးလဲ ခင္ဗ်ာ” ထုိအခါ ဘႀကီးရန္ေအးသည္ ကိုေအာင္ေမာ္အား တစ္ခ်က္ၾကည့္ၿပီး သူႀကီး ဘက္သုိ႕ မ်က္ႏွာမူကာ –

” ဘႀကီးကေတာ့ျဖင့္ ဘီလူး ေမြးလာတဲ့ကိစၥကို ၾကားဖူးပါရဲ႕၊ ဒါေပမယ့္ လက္ေတြ႕ေတာ့ မျမင္ခဲ့ဖူးပါဘူး၊ အခုမွသာ ျမင္ဖူးတာ “

” ဟုတ္ကဲ့၊ ေျပာပါဦး ဘႀကီး “ သူႀကီးျဖစ္သူ ဦးသာေအးမွ ဝင္ေထာက္ေပးလိုက္ျခင္း ျဖစ္သည္။

” ဘႀကီး ၾကားဖူးတဲ့အတုိင္းဆိုရင္ ေစာေစာက ကိုတင္ျမ ေျပာသြားတဲ့အတိုင္း လုပ္ပစ္ခဲ့ၾကတာပဲ “ ထို႕ေနာက္ ဘႀကီးရန္ေအးသည္ ကိုေအာင္ေမာ္ဘက္သုိ႕ လွည့္၍ –

” ေအာင္ေမာ္၊ အႏၱရာယ္ဆိုတာ ႀကိဳတင္ကာကြယ္ၿပီး အႏိုင္ယူရတယ္ဆိုေပမယ့္ ခံတပ္ေတြ အထပ္ထပ္ခ်ၿပီး ႀကိဳတင္ကာကြယ္တာထက္ စာရင္ အဲဒီ အႏၱရာယ္က ကိုယ္နဲ႕ လက္တစ္ကမ္းမွာလည္း ရွိေနမယ္၊

ျပီးေတာ့ အင္အားနည္းေနတဲ့ အခ်ိန္လည္း ျဖစ္ေနမယ္ဆိုရင္ေတာ့ ခံတပ္ေတြ ေဆာက္ထားဖုိ႕ထက္ အဲဒီအႏၱရာယ္ ႀကီးထြားမလာခင္ ေခ်မႈန္းပစ္သင့္တယ္လို႕ ဘႀကီးကေတာ့ ထင္တယ္ “ ထိုသို႕ ဘႀကီးရန္ေအးမွ ကိုေအာင္ေမာ္အား ေျပာလိုက္သည့္အခါ သူႀကီးဦးသာေအး၏ ဘယ္ဘက္တြင္ ထုိင္ေနေသာ ဘႀကီးထြန္းေငြက –

” ဟုတ္တယ္ ေအာင္ေမာ္၊ ဘႀကီးထြန္း လည္း ကိုရန္ေအး ေျပာသလုိ ျဖစ္သင့္တယ္လို႕ ထင္တယ္ “ ….” ဟုတ္ကဲ့ ဘႀကီးထြန္း “

” ဦးႀကီးတင္ျမတို႕၊ ဘႀကီးရန္ေအးတုိ႕၊ ဘႀကီးထြန္းတုိ႕ကေတာ့ သူတို႕ရဲ႕ အေတြ႕အႀကံဳ ၊ အေျမာ္အျမင္ေတြနဲ႕ အခုကိစၥမွာ ျဖစ္သင့္တယ္ ထင္တာကို ေျပာၿပီးသြားၾကၿပီ ၊ ဒီဘက္က ဦးႀကီး၊ ဘႀကီး တို႕ရဲ႕ အႀကံညဏ္ေတြကိုလည္း သိပါရေစဦး ခင္ဗ်ာ “

သူႀကီးမွ က်န္သည့္ လူႀကီးမ်ားအား ေမးျမန္းလိုက္ေလသည္။ ထိုအခါ က်န္သည့္ လူႀကီးမ်ားမွ အထူးအေထြ ေျပာစရာ မရွိသည့္အေၾကာင္း၊ ဦးႀကီးတင္ျမႏွင့္ ဘႀကီးရန္ေအးတို႕၏ အႀကံျပဳခ်က္မ်ားအတုိင္း လုပ္သင့္ေၾကာင္းကို ေျပာဆိုေလသည္။

” ကဲ … ေအာင္ေမာ္ေရ၊ ဒီကလူႀကီးေတြရဲ႕ စကားကို မင္းလည္းၾကားၿပီ မဟုတ္လား၊ ဒါေၾကာင့္ ငါတုိ႕ လုပ္သင့္တာဟာ ….. “

သူႀကီးမွာ စကားကို မဆက္ေသးဘဲ ကိုေအာင္ေမာ္ကို ၾကည့္ကာ အားနာေနသေယာင္ ရွိေလသည္။ သို႕ရာတြင္ မေျပာ၍လည္း မၿပီးသည့္ ကိစၥျဖစ္သည့္အတြက္ ဘာပဲျဖစ္ျဖစ္ ေျပာရမွာပဲ ဟူေသာ မ်က္ႏွာျဖင့္ –

” ပြင့္ပြင့္လင္းလင္းပဲ ေျပာေတာ့မယ္ ေအာင္ေမာ္၊ ဒီဘီလူးေလး သံုးေကာင္ကို ငါတို႕ေတြ အခုကတည္းက သတ္ၿပီး ေျမျမဳပ္ပစ္တာဟာ အေကာင္းဆံုး၊ ဒါဟာ ေရရွည္ကိုၾကည့္ၿပီး ေျပာတယ္ဆိုတာ မင္းလည္း သိတာပဲ၊

အခုကစၿပီး မင္းမိန္းမ ခင္ၾကည္ကိုလည္း ဘီလူးေလးေတြကို ႏုိ႕မတုိက္ဖုိ႕ ေျပာလိုက္ကြာ၊ ၿပီးေတာ့ မနက္ျဖန္က်ရင္ ရြာအေနာက္ဘက္က က်ီးအာရုိးနားမွာ ေျမျမဳပ္ၾကမယ္ “ ” ဟုတ္ကဲ့ပါ သူႀကီး “

မွတ္ခ်က္ ။ ။ ရုိး ဆိုသည္မွာ ေရေကာေနသည့္ ေခ်ာင္းက်ဥ္းတစ္ခုႏွင့္ တူေလသည္။ က်ီးအာရုိး ……….။ မ်ားေသာအားျဖင့္ ရြာ၏ အမိႈက္သရိုက္မ်ားကို စြန္႕ပစ္ရာ ေနရာ ျဖစ္ေလသည္။ ထုိက်ီးအာရုိး၏ မလွမ္းမကမ္းတြင္ လူတစ္စု တလႈပ္လႈပ္ တရြရြျဖင့္ ရွိသည္ကို ေတြ႕ရေလသည္။

၎လူစုထဲမွ တစ္စံုတစ္ေယာက္ေသာ လူတစ္ေယာက္သည္ ဓားႀကီးတစ္လက္အား ကိုင္ေဆာင္ထားသည္။ ၎၏ ေရွ႕၌ ေမြးဖြားစ ကေလးငယ္ နီတာရဲေလး သံုးေယာက္ကို ပက္လက္ အေနအထားျဖင့္ ေတြ႕ရေလသည္။

အဆိုပါ ျမင္ကြင္းအား ေဘးသူစိမ္း တစ္ေယာက္သာ ျမင္ပါက အလြန္ ရက္စက္ၾကမ္းၾကဳပ္ေသာ လူတစ္စု ဟူ၍ မွတ္ခ်က္ျပဳသြား ေပလိမ့္မည္။ အမွန္စင္စစ္မွာမူ ေနာက္အခါတြင္ လာလတၱံ႕ေသာ လြန္စြာႀကီးမားသည့္ အႏၱရာယ္အား ႀကိဳတင္ ဖယ္ရွားျခင္းသာ ျဖစ္ေပသည္။

ရြာတြင္ အမဲသား ေပၚရာ၌ ႏြားမ်ားကို သတ္ျဖတ္ေပးေလ့ ရွိသည့္ ကိုဖုိးေထာင္သည္ ၎၏ ဓားႀကီးအား အားျဖင့္ မဟုတ္ဘဲ အသာအယာ ေျမွာက္ကာ နီတာရဲ ကေလးသံုးေယာက္၏ ခ်က္အနားဆီသုိ႕ ဦးတည္၍ ခုတ္ခ်လိုက္ေလသည္။

ထုိအခိုက္ အနီးအနားရွိ လူႀကီးမ်ားမူ မ်က္စိအား အသာ ပိတ္ထားလိုက္ၾကသည္။ မလုပ္ မျဖစ္၍ လုပ္သင့္ေသာ အလုပ္ကို လုပ္ရျခင္း ျဖစ္ေစကာမူ ေမြးဖြားစ ကေလးငယ္ သံုးဦးအား ဓားျဖင့္ ပိုင္းျဖတ္ေသာ ျမင္ကြင္းအား အဘယ္သို႕ မ်က္လံုးျပဴး၍ ၾကည့္ရႈႏုိင္ပါလိမ့္မည္နည္း။

” ဟာ ….. “ ကိုဖုိးေထာင္၏ အလန္႕တၾကား ေအာ္လိုက္သံေၾကာင့္ အနီးအနားတြင္ ရွိေသာ လူႀကီးမ်ား မ်က္လံုး ဖြင့္ၾကည့္လိုက္သည္။

” ဘာျဖစ္တာလဲ ဖိုးေထာင္ … မင္းဟာက အလန္႕တၾကား “

” သူႀကီး … ဒီဘီလူးေလးေတြကို ခုတ္လုိ႕မရဘူးဗ် “

” ေဟ … ဘာျဖစ္လို႕ ခုတ္လို႕မရတာလဲဟ၊ အသားက မာေနလုိ႕လား “

” မဟုတ္ဘူး သူႀကီး၊ ကၽြန္ေတာ္ ခုတ္ၿပီး ဓားကိုလည္း ျပန္ဆြဲထုတ္လိုက္ေရာ ခုတ္ထားတဲ့ ေနရာက ျပန္ဆက္သြားတယ္ သူႀကီး “

” ေဟ ….. “ သူႀကီးပါမက လူႀကီးမ်ား အပါအဝင္ ကေလးမ်ား၏ ဖခင္ျဖစ္သူ ကိုေအာင္ေမာ္ပါ အံ့ၾသစြာ ေရရြတ္လိုက္မိသည္။ ” ေနာက္တစ္ေခါက္ ထပ္ၿပီး စမ္းၾကည့္စမ္းပါဦးကြာ … “ ” ဟုတ္ကဲ့ သူႀကီး “

ကိုဖုိးေထာင္မွာ ယင္းကဲ့သုိ႕ သူႀကီးအား ေျပာၾကားၿပီးေနာက္ အစကဲ့သုိ႕ မဟုတ္ဘဲ ဓားကို အားျဖင့္ ေျမွာက္ကာ ကေလးမ်ား၏ ခႏၶာကိုယ္ အလယ္တည့္တည့္သုိ႕ ခုတ္ပိုင္း ခ်လိုက္ေလသည္။

၎၏ ဓားခ်က္ေၾကာင့္ ကေလးငယ္မ်ား၏ ခႏၶာကိုယ္သည္ ႏွစ္ပိုင္းစီ ျပတ္သြားေလသည္။ သုိ႕ရာတြင္ ေသြးကေတာ့ ထြက္မလာေပ။ သူႀကီး အပါအဝင္ ေဘးနားမွ လူႀကီးမ်ားမွာ မည္သုိ႕ မည္ဖံု ျဖစ္လာမည္ကို ေတြ႕ျမင္လုိေသာ မ်က္လံုးမ်ားျဖင့္ ႏွစ္ပိုင္း ျပတ္သြားသည့္ ကေလးငယ္ သံုးဦးအား ဝုိင္းဝန္း ၾကည့္ရႈေနၾကသည္။

ကိုဖုိးေထာင္သည္ ၎၏ ဓားႀကီးအား ေျမျပင္မွ ျပန္ႏုတ္သည့္အခုိက္ အလြန္ ထူးဆန္းစြာပင္ ႏွစ္ပိုင္းျဖစ္ေနေသာ အႏွီ ဘီလူးေလးမ်ား၏ ခႏၶာကိုယ္သည္ တေရြ႕ေရြ႕ ျပန္ဆက္သြားၾကသည္ကို အထင္းသား ျမင္လိုက္ရေလသည္။ ေၾသာ္ … အံ့ဖြယ္ရွိစြတကား။

အနီးအနားမွ လူမ်ားလည္း အဆုိပါ ျမင္ကြင္းအား လက္ေတြ႕ ျမင္လိုက္ရသျဖင့္ အံ့ၾသ မွင္သက္ သြားၾကသည္။ ခဏ အၾကာတြင္ သူႀကီး၏အသံ ထြက္လာသည္။ ” ဘႀကီးရန္ေအး က်ဳပ္တုိ႕ ဘယ္လိုလုပ္ၾကရင္ ေကာင္းမလဲ “

” အေတာ္ေတာ့ အံ့ၾသစရာ ေကာင္းသား၊ ဒါေပမယ့္ အလုပ္တစ္ခုကို ေလးနက္ေစခ်င္ရင္ သံုးႀကိမ္ လုပ္ရတယ္၊ ဘႀကီးတို႕ ၾသကာသကို သံုးႀကိမ္ ဆုိတာပဲ ၾကည့္ပါလား၊ ဒီေတာ့ … ေနာက္တစ္ေခါက္ ထပ္စမ္းၾကည့္ကြာ၊ မရေတာ့လည္း တစ္မ်ိဳး ႀကံၾကေသးတာေပါ့ “

ယင္းသို႕ ဘႀကီးရန္ေအးမွ ေျပာလုိက္သည့္အခါ သူႀကီးမွ ႏြားသတ္သမား ကိုဖုိးေထာင္အား လွမ္းေျပာလိုက္ေလသည္။ ” ေဟ့ … ဖုိးေထာင္၊ ေနာက္တစ္ေခါက္ ထပ္လုပ္ကြာ “ ကိုဖုိးေထာင္ ထပ္ပိုင္းလိုက္ေသာ္လည္း ယခင္ အတုိင္းပင္ ျပန္ဆက္သြားၾကသည္။ ေရာ္ … ခက္ၿပီ။

ဒီလုိသာ ျပန္ျပန္ၿပီး ဆက္သြားမယ္ဆိုရင္ အလုပ္က ၿပီးေတာ့မည္မဟုတ္။ေဘးနားမွ လူႀကီးမ်ားလည္း မည္သုိ႕ လုပ္ၾကရမည္ကို ႀကံဆေနပံုရသည္။ အဘယ္ေၾကာင့္ ဆုိေသာ္ ၎တုိ႕၏ မ်က္လံုးမ်ားသာမက စကားသံမ်ားပါ တိတ္ဆိတ္ ေနေသာေၾကာင့္ ျဖစ္ေလသည္။

” သူႀကီး ၊ ဒီလုိ လုပ္ၾကည့္ပါလား … “

” ဘယ္လိုလဲ၊ ဘႀကီးထြန္း “

” အရင္ဆံုး တြင္းႏွစ္တြင္းကို ခပ္ေဝးေဝးမွာ တူး၊ ၿပီးေတာ့ ဘီလူးေလးေတြကို ခုတ္ၿပီးၿပီးခ်င္း တစ္ပိုင္းစီကို ယူၿပီး တူးထားတဲ့ တြင္းႏွစ္တြင္းထဲမွာ ျမွဳပ္လိုက္ရင္ မေကာင္းဘူးလား၊ ဒီလုိဆုိ ျပန္ဆက္လို႕လည္း မရေတာ့သလုိ ျမွဳပ္ၿပီးသားလည္း ျဖစ္သြားတာေပါ့ “

” ဟာ ဟုတ္တာေပါ့၊ ဘႀကီးထြန္း ေျပာသလုိဆိုရင္ ျပန္မဆက္ေတာ့ဘူးေပါ့၊ ဒီလုိဆုိ တြင္းႏွစ္တြင္း အရင္တူးၾကရေအာင္ေဟ့ “ သူႀကီးဦးသာေအးမွ ထိုသို႕ ေလာေဆာ္ ေျပာၾကားရင္း ၎ကိုယ္တုိင္ ေပါက္ျပားတစ္လက္အား ေကာက္ယူကာ တူးေလေတာ့သည္။ တြင္းႏွစ္တြင္းမွာ ေျခလွမ္းငါးဆယ္ခန္႕ ကြားေဝးေလသည္။

” ေဟ့ အသင့္ျပင္ထားၾကေနာ္၊ ခုတ္ၿပီးတာနဲ႕ တစ္ခါတည္းယူၿပီး ပစ္ၾက “ သူႀကီးမွ ကိုေအာင္ေမာ္ အပါအဝင္ လူလတ္ပိုင္းအရြယ္ ေလးေယာက္အား ေျပာလိုက္သည္။ သူႀကီးအပါအဝင္ ထုိေျခာက္ေယာက္ လူစုသည္ နီတာရဲ ဘီလူးေလး သံုးေယာက္၏ ေခါင္းပိုင္းႏွင့္ ဖင္ပိုင္းတြင္ သံုးေယာက္စီ ေနရာယူထားၾကသည္။

ဤေနရာ၌ သူႀကီးမွာ အဘယ္ေၾကာင့္ ၎ကိုယ္တုိင္ ဝင္ေရာက္ လုပ္ကိုင္ေနသနည္း ဟူမူ သူႀကီးေအာက္ ငယ္ေသာ သူမွာ ကုိေအာင္ေမာ္၊ ကိုဖုိးေထာင္ႏွင့္ အျခား ေလးေယာက္သာ ရွိၿပီး က်န္သည့္ လူမ်ားမွာ သူႀကီးထက္ အသက္ႀကီးေသာ ရြာ၏ ရပ္မိရပ္ဖ လူႀကီးမ်ားသာ ျဖစ္ေသာေၾကာင့္ ျဖစ္ေလသည္။

ကေလး၊ လူငယ္၊ မိန္းမ စသူတုိ႕အား ယခု ေနရာသို႕ မလာရန္ သူႀကီးမွ တားျမစ္ထားၿပီး ျဖစ္ေလသည္။” ေဟ့ ဖုိးေထာင္၊ ခုတ္ကြာ “

ကိုဖုိးေထာင္သည္ ၎၏ ဓားႀကီးအား ဘီလူးေလးမ်ားကို ခုတ္ပိုင္းရန္ အသင့္ျပင္လုိက္သည္။ သနားၾကင္နာမႈ မရွိ၊ ေၾကာက္ရြံ႕ျခင္း မရွိသည့္ ႏြားသတ္သမား ကိုဖုိးေထာင္ အတြက္မူ

ယခုကိစၥသည္ ထမင္းစား ေရေသာက္ ျဖစ္ေနေသာ္လည္း ပိုင္းျပတ္သြားမည့္ ဘီလူးေလးမ်ား၏ ေျခပိုင္းမွ ဆြဲရမည့္ လူမ်ားမွာ ခၽြန္သည့္ သ႑ာန္ရွိေသာ ေျခသည္းရွည္ႀကီး မ်ားကို ၾကည့္၍ အနည္းငယ္ ရြံ႕ေနဟန္ ရွိေလသည္။

ထုိ႕ထက္ ဘီလူးေလးမ်ား၏ ေခါင္းပိုင္းကို ယူရမည့္ လူမ်ားမွာ နီေၾကာင္ေၾကာင္ မ်က္လံုးႀကီး မ်ားႏွင့္ လက္သည္း ရွည္ႀကီးမ်ားကို ၾကည့္ကာ ပို၍ ရြံ႕ေနဟန္ ရွိၾကသည္။

အႏွီ ဘီလူးေပါက္စေလးမ်ားမွာ မူကား ၎တုိ႕အား သတ္ျဖတ္ ခံရျခင္းထက္ ဆာေလာင္ မြတ္သိပ္သည့္ အသံမ်ားျဖင့္ ” အူဝဲ ” ဟူေသာ ေမြးဖြားစ ကေလးငယ္တို႕၏ အစြမ္းထက္ ဂါထာ မႏၱာန္ကိုသာ တြင္တြင္ႀကီး ရြတ္ဆိုေနေတာ့သည္။

ဤသုိ႕ျဖင့္ ဘီလူးေလးမ်ား၏ အေပၚပိုင္း သံုးပိုင္းကို တြင္းတစ္တြင္း၌ လည္းေကာင္း၊ ေအာက္ပိုင္းကို တြင္းတစ္တြင္း၌ လည္းေကာင္း ျမွဳပ္ႏွံၿပီး ရြာဆီသုိ႕ ျပန္ခဲ့ၾကေလသည္။ ယင္းကိစၥမွာလည္း ရြာထဲ၌ ေရပန္း အစားဆံုး သတင္းတစ္ပုဒ္ ျဖစ္ေနေလေတာ့သည္။

အခ်ိဳ႕ေသာ သူမ်ားက စိုးရိမ္လြန္းေသာ ေလသံျဖင့္ ေျပာၾကေသးသည္။ ” ဘီလူးေလးေတြ ေျမႀကီးထဲမွာ ျပန္ဆက္သြားရင္ ဘယ့္ႏွယ္လုပ္မလဲ “ ” ေအ ညည္းကလည္း မျဖစ္ႏိုင္ပါဘူး “

” မျဖစ္ႏုိင္ဘူး မေျပာနဲ႕ေတာ္ေရ … ၊ တကယ္လို႕သာ က်ဳပ္ေျပာတဲ့ အတုိင္း ျဖစ္ခဲ့ရင္ က်ဳပ္တို႕ရြာေတာ့ ျပာက်မွာပဲ “

” ဖြဟဲ့ ..၊ လြဲပါေစ ၊ ဖယ္ပါေစ “

ထုိရက္ပုိင္းက ကိုေအာင္ေမာ္ႏွင့္ မခင္ၾကည္တုိ႕မွာလည္း အိမ္ျပင္သုိ႕ မထြက္ဝံ့ၾကေပ။ ယင္းသို႕ အိမ္ျပင္ မထြက္ရျခင္း၏ ေနာက္ထပ္ အေၾကာင္းမွာလည္း မီးဖြားၿပီးစ မခင္ၾကည္အား စိတ္မေကာင္း မျဖစ္ရန္ ကိုေအာင္ေမာ္က အားေပးစကားမ်ား ေျပာရင္း မခင္ၾကည္၏ ေဘးတြင္ အေနမ်ားေနျခင္း ေၾကာင့္လည္း ျဖစ္ေလသည္။

၎တုိ႕၏ သားဦးျဖစ္သူ ေမာင္ေကာင္းေက်ာ္ကို ေလာေလာဆယ္ ဘြားေအ၏ အိမ္၌သာေနရန္ မွာထားေလသည္။ ဤကဲ့သုိ႕ ဘီလူးေလးမ်ားအား ျမွဳပ္ႏွံၿပီး တစ္ပတ္ခန္႕အၾကာ တစ္ခုေသာ ေနဝင္ၿဖိဳးဖ် အခ်ိန္တြင္ သူႀကီးျဖစ္သူ ဦးသာေအး၏ အိမ္ဆီသုိ႕ တစ္ေယာက္ေသာ လူတစ္ဦးသည္ တန္းတန္းမတ္မတ္ ေလွ်ာက္လွမ္းလာေလသည္။

ထုိအခ်ိန္၌ သူႀကီးဦးသာေအးမွာ ေရေႏြးၾကမ္းအုိးအား ေရွ႕၌ခ်ကာ အိမ္ေရွ႕ကြပ္ပ်စ္တြင္ ေအးေအးလူလူ တစ္ေယာက္တည္း ထုိင္ေနသည့္အခုိက္ ျဖစ္သည္။ ” ေအာင္ေမာ္ပါလား၊ လာေလကြယ္ “

” မင္းလက္ထဲမွာ ေပါက္ျပားႀကီးနဲ႕ ပါလား၊ ဘယ္ကျပန္လာတာလဲကြယ့္၊ ယာထဲကလား “

” မဟုတ္ပါဘူး သူႀကီး၊ ကၽြန္ေတာ္ …. “

ကိုေအာင္ေမာ္မွာ စကားအား ေရွ႕ဆက္မေျပာေသးဘဲ ေရေႏြးၾကမ္း တစ္ခြက္အား ေကာက္ယူ၍ ေမာ့ခ်လိုက္သည္။ ထို႕ေနာက္ –

” ကၽြန္ေတာ္ က်ီးအာရုိးက ျပန္လာတာ သူႀကီး “

” ေဟ … မင္းက ဘာသြားလုပ္တာလဲ “

” ကၽြန္ေတာ့္ သားေလးေတြျဖစ္တဲ့ ဘီလူးေလးေတြကို သြားေဖာ္ၾကည့္တာပါ သူႀကီး၊ ဒါေပမယ့္ …. “

” ဒါေပမယ့္၊ ဘာျဖစ္လဲ ေအာင္ေက်ာ္၊ ဘာေတြ႕ခဲ့လို႕လဲ “ သူႀကီးဦးသာေအးမွ သိခ်င္ေဇာျဖင့္ အေလာတႀကီး ေမးလုိက္သည္။ ကိုေအာင္ေမာ္၏ စကားမ်ားတြင္ တစ္စံုတစ္ခုေသာ ထူးျခားသည့္ အေၾကာင္းမ်ား ပါေနသည္ကို သူႀကီးဦးသာေအး သိေနသည္။

” ကၽြန္ေတာ္ ဘာမွ မေတြ႕ခဲ့ဘူး သူႀကီး၊ တြင္းႏွစ္တြင္းလံုးကို ေဖာ္ၾကည့္ခဲ့တာ ေျမစာေတြက လြဲလို႕ ဘာမွ မေတြ႕ေတာ့ဘူး သူႀကီး “

” ေဟ …. “ ” ေခြးေတြ ဘာေတြမ်ား တူးယက္ၿပီး စားသြားတာလားကြယ္ “

” မျဖစ္ႏုိင္ပါဘူး သူႀကီး၊ ကၽြန္ေတာ္တို႕ တူးခဲ့တဲ့တြင္းကလည္း နက္ေတာ့ ေခြးေတြ တူးယက္ဖုိ႕ဆိုတာ မျဖစ္ႏုိင္ပါဘူး သူႀကီး၊ ဒါ့ထက္ တြင္းႏွစ္တြင္းလံုးက လက္ရာ ေျခရာ မပ်က္ဘူး “

သူႀကီး ဦးသာေအးသည္ အေဝးသုိ႕ေငးၾကည့္ရင္း စဥ္းစား ေတြးေတာဟန္ျဖင့္ ဤသို႕ ေျပာလိုက္ေလသည္။ ” ဒါဆုိ အေတာ္ စဥ္းစားဖုိ႕ေကာင္းတဲ့ ကိစၥပဲ … “

ေနာက္တစ္ေန႕ နံနက္တြင္ သူႀကီးသည္ ရြာထဲမွ ကိုေအာင္ေမာ္ အပါအဝင္ လူငယ္၊ လူလတ္ပိုင္းမ်ားအား ေခၚေဆာင္ကာ ဘီလူးေလးမ်ားကို ျမွဳပ္ႏွံထားခဲ့ရာ တြင္းႏွစ္တြင္းအား သြားေရာက္ တူးေဖာ္ၾကည့္ၾကေလသည္။

ကိုေအာင္ေမာ္ ေျပာသည့္အတုိင္းပင္ ဘီလူးေလးမ်ားမွာ ရွိမေနေတာ့ေပ။ အဆိုပါ တြင္းႏွစ္တြင္း ၾကားကိုလည္း တူးေဖာ္ၾကည့္ၾက သကဲ့သုိ႕ ဘီလူးေလးမ်ားကို ျမွဳပ္ႏွံခဲ့ရာ က်ီးအာရုိးနားတစ္ဝုိက္ တူးေဖာ္ျဖင့္ ရွာေဖြ ခဲ့ၾကေလသည္။

သို႕ရာတြင္ ဘီလူးေလးမ်ား၏ အစအနကိုပင္ မေတြ႕ခဲ့ရေပ။ ထုိေန႕ ထုိအခ်ိန္မွစ၍ ကိုေအာင္ေမာ္ႏွင့္ မခင္ၾကည္တုိ႕မွ သံုးျမႊာပူး ေမြးဖြားလာခဲ့ေသာ ဘီလူးေလးမ်ားမွာ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားခဲ့ေလေတာ့သတည္း။
orginal writer

#Unicode Version# ျဖင့္ဖတ္ပါ ။

လွန်ခဲ့သည့် အနှစ် (၂၀) ကျော်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခု ဖြစ်ပါသည်။ မြန်မာပြည် အလယ်ပိုင်း ရေနံချောင်းမြို့နယ်ထဲက ကျေးရွာလေးတစ်ခုတွင် မခင်ကြည် ဆိုသည့် အမျိုးသမီး တစ်ဦး ရှိခဲ့ဖူးလေသည်။ (အခုထိလည်း သက်ရှိထင်ရှား ရှိဆဲဖြစ်သည်။

သို့ရာတွင် ၎င်းကျေးရွာမှ မြို့ကို ပြောင်းခဲ့ရွှေ့ သွားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။) ထိုအမျိုးသမီး၏ ယောကျ်ားဖြစ်သူမှာ ကိုအောင်မော် ဟူ၍ ဖြစ်လေသည်။

၎င်းတို့၏ အိမ်ထောင်သက်တမ်း ၂ နှစ်အကြာတွင် ပထမဆုံး သား ရတနာ တစ်ဦးကို မွေးဖွားခဲ့သည်။ နောက်ထပ် ၃ နှစ်ခန့်အကြာ၊ ၎င်းတို့၏ အိမ်ထောင်သက် ၅ နှစ်ခန့် အကြာတွင်မူ မခင်ကြည်မှာ ထူးခြားသည့် ကိုယ်ဝန်ကို စတင် လွယ်ထားခဲ့ရသည်။

ထိုကိုယ်ဝန် တဖြည်းဖြည်း ရင့်မှည့်လာသည်နှင့်အမျှ မခင်ကြည်မှာ ထူးခြားသည့် ချဉ်ခြင်းများကို တောင့်တခဲ့လေသည်။ ထိုချဉ်ခြင်းများအား သူမ၏ ယောကျ်ားဖြစ်သူ ကိုအောင်မော် မှတစ်ပါး အခြားသူများအား မပြောရဲခဲ့ပေ။

၎င်းချဉ်ခြင်းများမှာ အသားများကို အစိမ်းလိုက် စားလိုခြင်း၊ သွေးတို့ကို သောက်လိုခြင်း စသည်တို့ဖြစ်ပြီး တစ်ခါတစ်ရံ ကိုအောင်မော်အား တရှုပ်ရှုပ် နမ်းရင်း ကိုအောင်မော်အား ” အောင်မော် နင့်အသားတွေက မွှေးနေတာပဲ။ ငါ စားချင်လိုက်တာဟာ ” ဟူ၍ ပြောတတ်လေသည်။

ထိုအခါမျိုး၌ကား ကိုအောင်မော်မှာမူ မျက်လုံးပြူး ၊ မျက်ဆံပြူး ဖြစ်သွားကာ “ဟာ … နင်ကလည်း” ဟူ၍ ပြောပြီး မခင်ကြည်၏ ဘေးမှ ကမန်းကတန်း ထွက်သွားရတတ်၏။ထိုကဲ့သို့ ထူးခြားနေသော မခင်ကြည်၏ ချဉ်ခြင်းများအား ကိုအောင်မော်မှာ ရွာထဲရှိ ခေါင်းသုံးလုံး ပညာရှိများထံသို့ လည်းကောင်း၊ လူကြီးသူမများ ထံသို့လည်းကောင်း သွားရောက် ပြောပြရလေသည်။

မပြောလို့လည်း မဖြစ်။ ၎င်း၏ အသားကိုပင် စားချင်လောက်သော ချဉ်ခြင်းကို ကိုအောင်မော်တစ်ယောက် လန့်နေရသည် မဟုတ်ပါလော။ ထိုချဉ်ခြင်းအား ကြားသိရချိန်မှစ၍ ကိုအောင်မော်မှာ မခင်ကြည်နှင့် မအိပ်ရဲတော့ပေ။

ခေါင်းသုံးလုံး ပညာရှိများနှင့် လူကြီးသူမ များက ၎င်းတို့၏ အတွေ့အကြုံ နှင့် ဗဟုသုတ များအရ ထိုကဲ့သို့ ထူးခြား ကြမ်းကြုပ်သော ချဉ်ခြင်းများကို ထောက်ဆ၍ မခင်ကြည်မှာ စင်စစ် ဘီလူးကဲ့သို့ ရက်စက်၊ ကြမ်းကြုပ်မည့်သူကို ကိုယ်ဝန်လွယ်ထားရသည်ဟု မှတ်ချက်ပြုကြလေသည်။

ဤသို့ဖြင့် မခင်ကြည်၏ ကိုယ်ဝန်မှာ ရင့်မှည့်ရာမှ မွေးဖွားချိန်သို့ ရောက်ရှိ လာခဲ့လေတော့သည်။ ” အူဝဲ … အူဝဲ … အူဝဲ “

” အောင်မလေး ….. “မခင်ကြည်အား မီးဖွားပေးသော လက်သည် အဒေါ်ကြီး လန့်ဖြတ် အော်လိုက်မိသည်။ ထိုအော်သံကြောင့် မီးဖွားရာအခန်း၏ ရှေ့တွင် မိမိ၏ မိန်းမ မခင်ကြည် လွယ်လင့်တကူ မီးဖွားနိုင်စေရန်အတွက် အင်္ဂုလိမာလသုတ်ကို လည်းကောင်း၊

လူကြီးသူမများ ပြောသကဲ့သို့ ဘီလူးလေး မွေးမလာစေရန် လည်းကောင်း ဆုတောင်း ရွတ်ဆိုနေသည့် ကိုအောင်မော်မှာလည်း စိုးရိမ်မှုနှင့်အတူ လန့်သွားလေသည်။

” ဒေါ်ဒေါ်တင် ဘာဖြစ်တာလဲ … “

” ဘာဖြစ်လို့ အလန့်တကြား အော်ရတာလဲ။ ကျွန်တော့်ကို သိရအောင် ပြောပါဦး” ကိုအောင်မော်က ထိုသို့ စိုးရိမ်တကြီး လှမ်းမေးလိုက်သည့်အခါ -” ဘာ … ဘာ … ဘာမှ မဖြစ်ပါဘူး အောင်မော်၊ ခဏနေရင် မင်းလည်း ဝင်ကြည့်လို့ ရပြီပဲ”

ဟူ၍ မီးဖွားခန်းထဲမှ ဒေါ်တင်က ကိုအောင်မော်အား လှမ်းပြောလိုက်လေသည်။ ကိုအောင်မော်မှာ ဒေါ်တင်၏ စကားထစ်သွားပုံကို ထောက်ဆ၍ မခင်ကြည်မှာ အမှန်ပင် ဘီလူးလေးကို မွေးဖွားလိုက်ပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။

သို့ရာတွင် ကိုအောင်မော်မှာ မိမိ၏ မူရင်းစိတ်မှ လက်ခံ နားလည်လိုက်သည့် အကြောင်းအရာအား ဖုံးကွယ်ပစ်ရန်အတွက် မျက်စိကို စုံမှိတ်၍ လက်အုပ်ချီကာ ” မဟုတ်ပါစေနဲ့ ..၊ မဟုတ်ပါစေနဲ့ ..၊ သမ္ဗုဒ္ဓေ x x x ၊ ဣတိပိတော x x x …” စသည်ဖြင့် တသွင်သွင် ရွတ်ဆိုနေတော့သည်။

” အောင်မော် .. ၊ အောင်မော် ..”” ဟေ့ … အောင်မော် “” အမလေးဗျ … ဘီလူးလေး မဟုတ်ပါစေနဲ့ ၊ ဣတိပိတော …” မီးဖွားခန်းမှ ထွက်လာသော ဒေါ်တင်မှာ ကိုအောင်မော်အား ဖြည်းဖြည်း သက်သာ ခေါ်မရသည့်အဆုံး ကိုအောင်မော်၏ ကျောကို အသာရိုက်၍ ခေါ်လိုက်ခြင်း ဖြစ်သော်လည်း စိုးရိမ်ပြီး အကြောက်လွန်နေသည့် ကိုအောင်မော်မှာ လန့်သွားကာ ဆိုမိဆိုရာ ရွတ်ချလိုက်ခြင်း ဖြစ်လေသည်။

” ဒေါ်ဒေါ်တင် … ဘာလေးလဲဗျ …၊ ကျုပ်ကို မြန်မြန်ပြောစမ်းပါ …” ” မင်းဟာမင်းပဲ ဝင်ကြည့်တော့ အောင်မော်၊ ဒေါ်ဒေါ်တင် မပြောချင်ဘူး “ ဒေါ်တင်၏ မျက်နှာမှာ မကောင်းပေ။ ကိုအောင်မော်မှာ တံခါးသဖွယ် ပိတ်ကာထားသည့် ခန်းစီးစကို ကိုင်၍ အတန်ငယ် တွန့်ဆုတ်နေလေသည်။

ယခင် သားကြီး ကောင်းကျော် အား မွေးဖွားခဲ့စဉ်က လက်သည် အဒေါ်ကြီး ဒေါ်ဒေါ်တင်၏ မီးဖွားခန်းမှ အထွက်ကိုပင် မစောင့်။ဒေါ်တင်မှ ” အောင်မော်ရေ ၊ ဝင်လာလို့ရပြီ ” ဟု ဆိုကာမှရှိသေး။ ကိုအောင်မော်မှာ အခန်းတွင်းသို့ ရောက်ရှိနေပေပြီ။

ယခုမူ မိမိ မမြင်တွေ့ချင်သည့် မြင်ကွင်းအား မြင်တွေ့ရမည်ကို သိနေသည့်အတွက် အတန်ငယ် တွန့်ဆုတ်နေခြင်း ဖြစ်သော်လည်း ” အို … ဘာပဲဖြစ်ဖြစ် ဒါဟာ ငါ့ရဲ့ရင်သွေးပဲ ” ဟူသော ဖခင်စိတ်ကို ဖြစ်စေပြီး ခန်းစီးစကို မတင်ကာ အခန်းတွင်းသို့ ဝင်သွားလေသည်။

” အောင်မော်လား …” ” ဟုတ်တယ် ခင်ကြည် … ငါပဲ” မောဟိုက် နွမ်းလျနေသည့် မခင်ကြည်၏ အသံတွင် ဝမ်းနည်းနေသည့် ဓာတ်တို့ပါနေသည်ကို အောင်မော် သိသည်။

” ကလေးရော ခင်ကြည် …” မွေးဖွားလာသည့် ကလေးကို မမြင်၍ ကိုအောင်မော် မေးလိုက်ခြင်း ဖြစ်လေသည်။

” ကလေးတွေက ငါ့ စောင်အောက်မှာ၊ နင် မြင်သွားရင် စိတ်မကောင်းဖြစ်မှာစိုးလို့ စောင်နဲ့ ဖုံးထားတာ”

” ခင်ကြည်ရယ် … ငါ စိတ်မကောင်း ဖြစ်တာက အကြောင်းမဟုတ်ပါဘူးဟာ၊ ကလေး မွန်းပြီး အသက်ရှူကြပ်နေပါ့မယ်”

” စောင်ကို ခပ်ဖွဖွလေးပဲ ဖုံးထားတာပါ၊ ပြီးတော့ နင်ထင်သလို …… “

” ကလေး မဟုတ်ဘူး၊ ကလေးတွေ … ၊ တစ်ယောက်တည်း မဟုတ်ဘူး အောင်မော်၊ သုံးယောက်တောင် မွေးတာ”

” ဟင် …. သုံးယောက်တောင် …” ကိုအောင်မော် အလန့်တကြား ရေရွတ်လိုက်သည်။ ထို့နောက် ကိုအောင်မော်သည် မိမိ၏စိတ်ကိုတင်းကာ….

” အို … ငါက ဘာကိုကြောက်နေရမှာလဲ၊ ဒါ ငါ့ရဲ့ကလေးတွေပဲ” ဟူ၍ စိတ်တွင်းမှ ရေရွတ်ရင်း ကလေးများကို ဖုံးလွှမ်းထားသည့် စောင်အား အသာအယာ ဆွဲဖယ်ကြည့်လိုက်လေသည်။

ထိုအချိန်၌ မခင်ကြည်မှာမူ မျက်စိကို အသာပိတ်၍ သက်ပြင်းကို အသာချလိုက်လေတော့သည်။” ဟာ …….” မြင်လိုက်ရသည့် မြင်ကွင်းက ကိုအောင်မော်ကို မျက်လုံးပြူးသွား စေသည့်အပြင် ပါးစပ်ပါ အဟောင်းသား ဖြစ်သွားစေသည်။

ကိုအောင်မော် မြင်လိုက်ရသည်မှာ ခရမ်းချဉ်သီးလုံးခန့်ရှိသော မျက်လုံးခြောက်လုံးပင် ဖြစ်လေသည်။ ” ခင်ကြည်ရယ် … ကလေးတွေ မျက်လုံးက ကြီးလှချည်လား…

ပြီးတော့လည်း မျက်လုံးက နီစပ်စပ်နဲ့ …” ထိုသို့ ကိုအောင်မော်မှ ပြောလိုက်သည့်အခါ မခင်ကြည်သည် –

” ကလေးတွေကို အနှီးနဲ့ပတ်ထားလို့ နင်က မျက်လုံးကိုပဲ မြင်ရသေးတာ …”

” ကျန်တဲ့ နေရာတွေကရော ဘာလိုဖြစ်နေတုန်း၊ ငါ့ကို ပြောပါဦး ခင်ကြည်”

” သူတို့ လက်သည်း၊ ခြေသည်းတွေကလည်း အရှည်ကြီးတွေပဲ အောင်ကျော်၊ ပြီးတော့ လက်ချောင်းတွေကလည်း အဖျားရှုးသွားတဲ့ ပုံစံမျိုးတွေ …

” ဤသို့ ကလေးမွေးပြီးစ မခင်ကြည်မှ အားနည်းသော လေသံဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည့် အခါ ကိုအောင်မော်မှာ ကလေးများကို အနှီးဖြည်၍ ထပ်မကြည့်ဖြစ်တော့ပါ။ ထို့နောက် ၎င်း၏ မိန်းမဖြစ်သူ မခင်ကြည်အား –

” ခင်ကြည်ရယ် … ဘာမှစိတ်မကောင်း မဖြစ်ပါနဲ့ဟာ၊ ဘာပဲဖြစ်ဖြစ် ဒီကလေးတွေက ငါတို့ရဲ့ ကလေးတွေပဲ၊ နင်ကိုယ်တိုင် ကိုယ်ဝန်လွယ်ပြီး မွေးခဲ့ရတာ မဟုတ်လား၊ နင်လည်း ကလေးမွေးထားရလို့ ပင်ပန်းနေပြီ၊ အနားယူလိုက်ဦးနော်”

” ဒီကိစ္စကို ငါ လူကြီးတွေနဲ့ သွားပြီးတိုင်ပင်လိုက်ဦးမယ် …” ” အင်း ………….“

” အခု ကိစ္စက ပေါ့ပေါ့တန်တန် သဘောထားလို့ရမယ့် ကိစ္စမဟုတ်ဘူး အောင်မော်၊ သေချာစဉ်းစားပြီး လုပ်သင့်တာကိုတော့ လုပ်ရလိမ့်မယ် “ ရွာသူကြီး ဖြစ်သူ ဦးသာအေးမှ ကိုအောင်မော်အား ပြောလိုက်ခြင်း ဖြစ်သည်။

” ဟုတ်ကဲ့ပါ သူကြီး၊ သူကြီးတို့က လုပ်သင့်တာကို လုပ်ကြပါ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်လိုက်နာဖို့ အသင့်ပါပဲ”

” အေးကွယ် …၊ ငါ ပြောတဲ့အတိုင်း မင်းတို့ လိုက်နာမယ်ဆိုတာ ငါလည်း သိပြီးသားပါ၊ ဒါပေမယ့် ဒီကိစ္စက ငါ တစ်ယောက်တည်း ဆုံးဖြတ်လို့ ပြီးမယ့် ကိစ္စတော့ မဟုတ်ပေဘူး၊ ဒါကြောင့် ရွာက လူကြီးတွေကို ခေါ်ပြီး စည်းဝေးရတာပေါ့ကွယ်၊ ဒီဘက်က ဦးကြီးတင်မြက ဘယ်လို ဖြစ်သင့်တယ် ထင်သလဲဆိုတာ ပြောပါဦး”

သူကြီးဦးသာအေးသည် ၎င်း၏ ညာဘက်၌ ထိုင်နေသော ဦးကြီးတင်မြအား လှမ်း၍ မေးလိုက်ခြင်း ဖြစ်လေသည်။ ဦးကြီးတင်မြက -” ခင်ကြည် မွေးလာတာ ဘီလူးလေးတွေလို့ပဲ ဦးကြီးကတော့ ပြောရလိမ့်မယ်၊ ဒါကို မင်းနားထဲမှာ ရိုင်းတယ်လို့ မအောက်မေ့နဲ့ အောင်မော် “

” ဟုတ်ကဲ့ပါ ဦးကြီး၊ ကျွန်တော် ဘယ်လိုမှ မအောက်မေ့ပါဘူး “

” အဲဒီ ဘီလူးလေးတွေ မွေးလာတဲ့ကိစ္စက တော်ရုံကိစ္စ မဟုတ်ပေဘူး၊ အခုလို သူတို့ အရွယ်မရောက်သေးခင်မှာ ပြဿနာ မရှိနိုင်ပေမယ့် ကြီးလာတဲ့အခါကျရင် တစ်ရွာလုံး ဒုက္ခရောက်သွားနိုင်တယ်၊ ဒါကြောင့် ဦးကြီး အကြံပြုချင်တာကတော့ … “

ဦးကြီးတင်မြသည် သူ၏ စကားအား ဆက်ပြောရကောင်းနိုး၊ မပြောရကောင်းနိုးဖြင့် ကိုအောင်မော်၏ မျက်နှာအား လှမ်းကြည့်လိုက်လေသည်။ ထိုအခါ ကိုအောင်မော်က –

” ဦးကြီး ပြောချင်တာကို ဆက်ပြောပါ ဦးကြီး “

” အေးကွယ် … ဆက်ပြောရမယ်ဆိုရင်တော့ မိဘချင်း ကိုယ်ချင်းမစာလို့တော့ မဟုတ်ပေဘူး၊ ဒီဘီလူးလေးတွေကို အခုချိန်ကတည်းကပဲ သုတ်သင် ရှင်းလင်းသင့်တယ်လို့ ဦးကြီးကတော့ အကြံပြုချင်တယ် “

ဦးကြီးတင်မြသည် လူကြီးပီပီ စကားကို အတတ်နိုင်ဆုံး ထိန်း၍ ပြောလေသည်။ ထိုသို့ ဦးကြီးတင်မြက အကြံပြုလိုက်သည်တွင် သူကြီးမှ ဦးကြီးတင်မြ၏ဘေးတွင် ထိုင်နေသော ဘကြီးရန်အေး အား လှမ်း၍ မေးလိုက်သည်။

” ဘကြီးရန်အေးကရော ဘယ်လိုများ အကြံပြုချင်ပါသေးလဲ ခင်ဗျာ” ထိုအခါ ဘကြီးရန်အေးသည် ကိုအောင်မော်အား တစ်ချက်ကြည့်ပြီး သူကြီး ဘက်သို့ မျက်နှာမူကာ –

” ဘကြီးကတော့ဖြင့် ဘီလူး မွေးလာတဲ့ကိစ္စကို ကြားဖူးပါရဲ့၊ ဒါပေမယ့် လက်တွေ့တော့ မမြင်ခဲ့ဖူးပါဘူး၊ အခုမှသာ မြင်ဖူးတာ “

” ဟုတ်ကဲ့၊ ပြောပါဦး ဘကြီး “ သူကြီးဖြစ်သူ ဦးသာအေးမှ ဝင်ထောက်ပေးလိုက်ခြင်း ဖြစ်သည်။

” ဘကြီး ကြားဖူးတဲ့အတိုင်းဆိုရင် စောစောက ကိုတင်မြ ပြောသွားတဲ့အတိုင်း လုပ်ပစ်ခဲ့ကြတာပဲ “ ထို့နောက် ဘကြီးရန်အေးသည် ကိုအောင်မော်ဘက်သို့ လှည့်၍ –

” အောင်မော်၊ အန္တရာယ်ဆိုတာ ကြိုတင်ကာကွယ်ပြီး အနိုင်ယူရတယ်ဆိုပေမယ့် ခံတပ်တွေ အထပ်ထပ်ချပြီး ကြိုတင်ကာကွယ်တာထက် စာရင် အဲဒီ အန္တရာယ်က ကိုယ်နဲ့ လက်တစ်ကမ်းမှာလည်း ရှိနေမယ်၊

ပြီးတော့ အင်အားနည်းနေတဲ့ အချိန်လည်း ဖြစ်နေမယ်ဆိုရင်တော့ ခံတပ်တွေ ဆောက်ထားဖို့ထက် အဲဒီအန္တရာယ် ကြီးထွားမလာခင် ချေမှုန်းပစ်သင့်တယ်လို့ ဘကြီးကတော့ ထင်တယ် “ ထိုသို့ ဘကြီးရန်အေးမှ ကိုအောင်မော်အား ပြောလိုက်သည့်အခါ သူကြီးဦးသာအေး၏ ဘယ်ဘက်တွင် ထိုင်နေသော ဘကြီးထွန်းငွေက –

” ဟုတ်တယ် အောင်မော်၊ ဘကြီးထွန်း လည်း ကိုရန်အေး ပြောသလို ဖြစ်သင့်တယ်လို့ ထင်တယ် “ ….” ဟုတ်ကဲ့ ဘကြီးထွန်း “

” ဦးကြီးတင်မြတို့၊ ဘကြီးရန်အေးတို့၊ ဘကြီးထွန်းတို့ကတော့ သူတို့ရဲ့ အတွေ့အကြုံ ၊ အမြော်အမြင်တွေနဲ့ အခုကိစ္စမှာ ဖြစ်သင့်တယ် ထင်တာကို ပြောပြီးသွားကြပြီ ၊ ဒီဘက်က ဦးကြီး၊ ဘကြီး တို့ရဲ့ အကြံညဏ်တွေကိုလည်း သိပါရစေဦး ခင်ဗျာ “

သူကြီးမှ ကျန်သည့် လူကြီးများအား မေးမြန်းလိုက်လေသည်။ ထိုအခါ ကျန်သည့် လူကြီးများမှ အထူးအထွေ ပြောစရာ မရှိသည့်အကြောင်း၊ ဦးကြီးတင်မြနှင့် ဘကြီးရန်အေးတို့၏ အကြံပြုချက်များအတိုင်း လုပ်သင့်ကြောင်းကို ပြောဆိုလေသည်။

” ကဲ … အောင်မော်ရေ၊ ဒီကလူကြီးတွေရဲ့ စကားကို မင်းလည်းကြားပြီ မဟုတ်လား၊ ဒါကြောင့် ငါတို့ လုပ်သင့်တာဟာ ….. “

သူကြီးမှာ စကားကို မဆက်သေးဘဲ ကိုအောင်မော်ကို ကြည့်ကာ အားနာနေသယောင် ရှိလေသည်။ သို့ရာတွင် မပြော၍လည်း မပြီးသည့် ကိစ္စဖြစ်သည့်အတွက် ဘာပဲဖြစ်ဖြစ် ပြောရမှာပဲ ဟူသော မျက်နှာဖြင့် –

” ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် အောင်မော်၊ ဒီဘီလူးလေး သုံးကောင်ကို ငါတို့တွေ အခုကတည်းက သတ်ပြီး မြေမြုပ်ပစ်တာဟာ အကောင်းဆုံး၊ ဒါဟာ ရေရှည်ကိုကြည့်ပြီး ပြောတယ်ဆိုတာ မင်းလည်း သိတာပဲ၊

အခုကစပြီး မင်းမိန်းမ ခင်ကြည်ကိုလည်း ဘီလူးလေးတွေကို နို့မတိုက်ဖို့ ပြောလိုက်ကွာ၊ ပြီးတော့ မနက်ဖြန်ကျရင် ရွာအနောက်ဘက်က ကျီးအာရိုးနားမှာ မြေမြုပ်ကြမယ် “ ” ဟုတ်ကဲ့ပါ သူကြီး “

မှတ်ချက် ။ ။ ရိုး ဆိုသည်မှာ ရေကောနေသည့် ချောင်းကျဉ်းတစ်ခုနှင့် တူလေသည်။ ကျီးအာရိုး ……….။ များသောအားဖြင့် ရွာ၏ အမှိုက်သရိုက်များကို စွန့်ပစ်ရာ နေရာ ဖြစ်လေသည်။ ထိုကျီးအာရိုး၏ မလှမ်းမကမ်းတွင် လူတစ်စု တလှုပ်လှုပ် တရွရွဖြင့် ရှိသည်ကို တွေ့ရလေသည်။

၎င်းလူစုထဲမှ တစ်စုံတစ်ယောက်သော လူတစ်ယောက်သည် ဓားကြီးတစ်လက်အား ကိုင်ဆောင်ထားသည်။ ၎င်း၏ ရှေ့၌ မွေးဖွားစ ကလေးငယ် နီတာရဲလေး သုံးယောက်ကို ပက်လက် အနေအထားဖြင့် တွေ့ရလေသည်။

အဆိုပါ မြင်ကွင်းအား ဘေးသူစိမ်း တစ်ယောက်သာ မြင်ပါက အလွန် ရက်စက်ကြမ်းကြုပ်သော လူတစ်စု ဟူ၍ မှတ်ချက်ပြုသွား ပေလိမ့်မည်။ အမှန်စင်စစ်မှာမူ နောက်အခါတွင် လာလတ္တံ့သော လွန်စွာကြီးမားသည့် အန္တရာယ်အား ကြိုတင် ဖယ်ရှားခြင်းသာ ဖြစ်ပေသည်။

ရွာတွင် အမဲသား ပေါ်ရာ၌ နွားများကို သတ်ဖြတ်ပေးလေ့ ရှိသည့် ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား အားဖြင့် မဟုတ်ဘဲ အသာအယာ မြှောက်ကာ နီတာရဲ ကလေးသုံးယောက်၏ ချက်အနားဆီသို့ ဦးတည်၍ ခုတ်ချလိုက်လေသည်။

ထိုအခိုက် အနီးအနားရှိ လူကြီးများမူ မျက်စိအား အသာ ပိတ်ထားလိုက်ကြသည်။ မလုပ် မဖြစ်၍ လုပ်သင့်သော အလုပ်ကို လုပ်ရခြင်း ဖြစ်စေကာမူ မွေးဖွားစ ကလေးငယ် သုံးဦးအား ဓားဖြင့် ပိုင်းဖြတ်သော မြင်ကွင်းအား အဘယ်သို့ မျက်လုံးပြူး၍ ကြည့်ရှုနိုင်ပါလိမ့်မည်နည်း။

” ဟာ ….. “ ကိုဖိုးထောင်၏ အလန့်တကြား အော်လိုက်သံကြောင့် အနီးအနားတွင် ရှိသော လူကြီးများ မျက်လုံး ဖွင့်ကြည့်လိုက်သည်။

” ဘာဖြစ်တာလဲ ဖိုးထောင် … မင်းဟာက အလန့်တကြား “

” သူကြီး … ဒီဘီလူးလေးတွေကို ခုတ်လို့မရဘူးဗျ “

” ဟေ … ဘာဖြစ်လို့ ခုတ်လို့မရတာလဲဟ၊ အသားက မာနေလို့လား “

” မဟုတ်ဘူး သူကြီး၊ ကျွန်တော် ခုတ်ပြီး ဓားကိုလည်း ပြန်ဆွဲထုတ်လိုက်ရော ခုတ်ထားတဲ့ နေရာက ပြန်ဆက်သွားတယ် သူကြီး “

” ဟေ ….. “ သူကြီးပါမက လူကြီးများ အပါအဝင် ကလေးများ၏ ဖခင်ဖြစ်သူ ကိုအောင်မော်ပါ အံ့သြစွာ ရေရွတ်လိုက်မိသည်။ ” နောက်တစ်ခေါက် ထပ်ပြီး စမ်းကြည့်စမ်းပါဦးကွာ … “ ” ဟုတ်ကဲ့ သူကြီး “

ကိုဖိုးထောင်မှာ ယင်းကဲ့သို့ သူကြီးအား ပြောကြားပြီးနောက် အစကဲ့သို့ မဟုတ်ဘဲ ဓားကို အားဖြင့် မြှောက်ကာ ကလေးများ၏ ခန္ဓာကိုယ် အလယ်တည့်တည့်သို့ ခုတ်ပိုင်း ချလိုက်လေသည်။

၎င်း၏ ဓားချက်ကြောင့် ကလေးငယ်များ၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းစီ ပြတ်သွားလေသည်။ သို့ရာတွင် သွေးကတော့ ထွက်မလာပေ။ သူကြီး အပါအဝင် ဘေးနားမှ လူကြီးများမှာ မည်သို့ မည်ဖုံ ဖြစ်လာမည်ကို တွေ့မြင်လိုသော မျက်လုံးများဖြင့် နှစ်ပိုင်း ပြတ်သွားသည့် ကလေးငယ် သုံးဦးအား ဝိုင်းဝန်း ကြည့်ရှုနေကြသည်။

ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား မြေပြင်မှ ပြန်နုတ်သည့်အခိုက် အလွန် ထူးဆန်းစွာပင် နှစ်ပိုင်းဖြစ်နေသော အနှီ ဘီလူးလေးများ၏ ခန္ဓာကိုယ်သည် တရွေ့ရွေ့ ပြန်ဆက်သွားကြသည်ကို အထင်းသား မြင်လိုက်ရလေသည်။ သြော် … အံ့ဖွယ်ရှိစွတကား။

အနီးအနားမှ လူများလည်း အဆိုပါ မြင်ကွင်းအား လက်တွေ့ မြင်လိုက်ရသဖြင့် အံ့သြ မှင်သက် သွားကြသည်။ ခဏ အကြာတွင် သူကြီး၏အသံ ထွက်လာသည်။ ” ဘကြီးရန်အေး ကျုပ်တို့ ဘယ်လိုလုပ်ကြရင် ကောင်းမလဲ “

” အတော်တော့ အံ့သြစရာ ကောင်းသား၊ ဒါပေမယ့် အလုပ်တစ်ခုကို လေးနက်စေချင်ရင် သုံးကြိမ် လုပ်ရတယ်၊ ဘကြီးတို့ သြကာသကို သုံးကြိမ် ဆိုတာပဲ ကြည့်ပါလား၊ ဒီတော့ … နောက်တစ်ခေါက် ထပ်စမ်းကြည့်ကွာ၊ မရတော့လည်း တစ်မျိုး ကြံကြသေးတာပေါ့ “

ယင်းသို့ ဘကြီးရန်အေးမှ ပြောလိုက်သည့်အခါ သူကြီးမှ နွားသတ်သမား ကိုဖိုးထောင်အား လှမ်းပြောလိုက်လေသည်။ ” ဟေ့ … ဖိုးထောင်၊ နောက်တစ်ခေါက် ထပ်လုပ်ကွာ “ ကိုဖိုးထောင် ထပ်ပိုင်းလိုက်သော်လည်း ယခင် အတိုင်းပင် ပြန်ဆက်သွားကြသည်။ ရော် … ခက်ပြီ။

ဒီလိုသာ ပြန်ပြန်ပြီး ဆက်သွားမယ်ဆိုရင် အလုပ်က ပြီးတော့မည်မဟုတ်။ဘေးနားမှ လူကြီးများလည်း မည်သို့ လုပ်ကြရမည်ကို ကြံဆနေပုံရသည်။ အဘယ်ကြောင့် ဆိုသော် ၎င်းတို့၏ မျက်လုံးများသာမက စကားသံများပါ တိတ်ဆိတ် နေသောကြောင့် ဖြစ်လေသည်။

” သူကြီး ၊ ဒီလို လုပ်ကြည့်ပါလား … “

” ဘယ်လိုလဲ၊ ဘကြီးထွန်း “

” အရင်ဆုံး တွင်းနှစ်တွင်းကို ခပ်ဝေးဝေးမှာ တူး၊ ပြီးတော့ ဘီလူးလေးတွေကို ခုတ်ပြီးပြီးချင်း တစ်ပိုင်းစီကို ယူပြီး တူးထားတဲ့ တွင်းနှစ်တွင်းထဲမှာ မြှုပ်လိုက်ရင် မကောင်းဘူးလား၊ ဒီလိုဆို ပြန်ဆက်လို့လည်း မရတော့သလို မြှုပ်ပြီးသားလည်း ဖြစ်သွားတာပေါ့ “

” ဟာ ဟုတ်တာပေါ့၊ ဘကြီးထွန်း ပြောသလိုဆိုရင် ပြန်မဆက်တော့ဘူးပေါ့၊ ဒီလိုဆို တွင်းနှစ်တွင်း အရင်တူးကြရအောင်ဟေ့ “ သူကြီးဦးသာအေးမှ ထိုသို့ လောဆော် ပြောကြားရင်း ၎င်းကိုယ်တိုင် ပေါက်ပြားတစ်လက်အား ကောက်ယူကာ တူးလေတော့သည်။ တွင်းနှစ်တွင်းမှာ ခြေလှမ်းငါးဆယ်ခန့် ကွားဝေးလေသည်။

” ဟေ့ အသင့်ပြင်ထားကြနော်၊ ခုတ်ပြီးတာနဲ့ တစ်ခါတည်းယူပြီး ပစ်ကြ “ သူကြီးမှ ကိုအောင်မော် အပါအဝင် လူလတ်ပိုင်းအရွယ် လေးယောက်အား ပြောလိုက်သည်။ သူကြီးအပါအဝင် ထိုခြောက်ယောက် လူစုသည် နီတာရဲ ဘီလူးလေး သုံးယောက်၏ ခေါင်းပိုင်းနှင့် ဖင်ပိုင်းတွင် သုံးယောက်စီ နေရာယူထားကြသည်။

ဤနေရာ၌ သူကြီးမှာ အဘယ်ကြောင့် ၎င်းကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်နေသနည်း ဟူမူ သူကြီးအောက် ငယ်သော သူမှာ ကိုအောင်မော်၊ ကိုဖိုးထောင်နှင့် အခြား လေးယောက်သာ ရှိပြီး ကျန်သည့် လူများမှာ သူကြီးထက် အသက်ကြီးသော ရွာ၏ ရပ်မိရပ်ဖ လူကြီးများသာ ဖြစ်သောကြောင့် ဖြစ်လေသည်။

ကလေး၊ လူငယ်၊ မိန်းမ စသူတို့အား ယခု နေရာသို့ မလာရန် သူကြီးမှ တားမြစ်ထားပြီး ဖြစ်လေသည်။” ဟေ့ ဖိုးထောင်၊ ခုတ်ကွာ “

ကိုဖိုးထောင်သည် ၎င်း၏ ဓားကြီးအား ဘီလူးလေးများကို ခုတ်ပိုင်းရန် အသင့်ပြင်လိုက်သည်။ သနားကြင်နာမှု မရှိ၊ ကြောက်ရွံ့ခြင်း မရှိသည့် နွားသတ်သမား ကိုဖိုးထောင် အတွက်မူ

ယခုကိစ္စသည် ထမင်းစား ရေသောက် ဖြစ်နေသော်လည်း ပိုင်းပြတ်သွားမည့် ဘီလူးလေးများ၏ ခြေပိုင်းမှ ဆွဲရမည့် လူများမှာ ချွန်သည့် သဏ္ဍာန်ရှိသော ခြေသည်းရှည်ကြီး များကို ကြည့်၍ အနည်းငယ် ရွံ့နေဟန် ရှိလေသည်။

ထို့ထက် ဘီလူးလေးများ၏ ခေါင်းပိုင်းကို ယူရမည့် လူများမှာ နီကြောင်ကြောင် မျက်လုံးကြီး များနှင့် လက်သည်း ရှည်ကြီးများကို ကြည့်ကာ ပို၍ ရွံ့နေဟန် ရှိကြသည်။

အနှီ ဘီလူးပေါက်စလေးများမှာ မူကား ၎င်းတို့အား သတ်ဖြတ် ခံရခြင်းထက် ဆာလောင် မွတ်သိပ်သည့် အသံများဖြင့် ” အူဝဲ ” ဟူသော မွေးဖွားစ ကလေးငယ်တို့၏ အစွမ်းထက် ဂါထာ မန္တာန်ကိုသာ တွင်တွင်ကြီး ရွတ်ဆိုနေတော့သည်။

ဤသို့ဖြင့် ဘီလူးလေးများ၏ အပေါ်ပိုင်း သုံးပိုင်းကို တွင်းတစ်တွင်း၌ လည်းကောင်း၊ အောက်ပိုင်းကို တွင်းတစ်တွင်း၌ လည်းကောင်း မြှုပ်နှံပြီး ရွာဆီသို့ ပြန်ခဲ့ကြလေသည်။ ယင်းကိစ္စမှာလည်း ရွာထဲ၌ ရေပန်း အစားဆုံး သတင်းတစ်ပုဒ် ဖြစ်နေလေတော့သည်။

အချို့သော သူများက စိုးရိမ်လွန်းသော လေသံဖြင့် ပြောကြသေးသည်။ ” ဘီလူးလေးတွေ မြေကြီးထဲမှာ ပြန်ဆက်သွားရင် ဘယ့်နှယ်လုပ်မလဲ “ ” အေ ညည်းကလည်း မဖြစ်နိုင်ပါဘူး “

” မဖြစ်နိုင်ဘူး မပြောနဲ့တော်ရေ … ၊ တကယ်လို့သာ ကျုပ်ပြောတဲ့ အတိုင်း ဖြစ်ခဲ့ရင် ကျုပ်တို့ရွာတော့ ပြာကျမှာပဲ “

” ဖွဟဲ့ ..၊ လွဲပါစေ ၊ ဖယ်ပါစေ “

ထိုရက်ပိုင်းက ကိုအောင်မော်နှင့် မခင်ကြည်တို့မှာလည်း အိမ်ပြင်သို့ မထွက်ဝံ့ကြပေ။ ယင်းသို့ အိမ်ပြင် မထွက်ရခြင်း၏ နောက်ထပ် အကြောင်းမှာလည်း မီးဖွားပြီးစ မခင်ကြည်အား စိတ်မကောင်း မဖြစ်ရန် ကိုအောင်မော်က အားပေးစကားများ ပြောရင်း မခင်ကြည်၏ ဘေးတွင် အနေများနေခြင်း ကြောင့်လည်း ဖြစ်လေသည်။

၎င်းတို့၏ သားဦးဖြစ်သူ မောင်ကောင်းကျော်ကို လောလောဆယ် ဘွားအေ၏ အိမ်၌သာနေရန် မှာထားလေသည်။ ဤကဲ့သို့ ဘီလူးလေးများအား မြှုပ်နှံပြီး တစ်ပတ်ခန့်အကြာ တစ်ခုသော နေဝင်ဖြိုးဖျ အချိန်တွင် သူကြီးဖြစ်သူ ဦးသာအေး၏ အိမ်ဆီသို့ တစ်ယောက်သော လူတစ်ဦးသည် တန်းတန်းမတ်မတ် လျှောက်လှမ်းလာလေသည်။

ထိုအချိန်၌ သူကြီးဦးသာအေးမှာ ရေနွေးကြမ်းအိုးအား ရှေ့၌ချကာ အိမ်ရှေ့ကွပ်ပျစ်တွင် အေးအေးလူလူ တစ်ယောက်တည်း ထိုင်နေသည့်အခိုက် ဖြစ်သည်။ ” အောင်မော်ပါလား၊ လာလေကွယ် “

” မင်းလက်ထဲမှာ ပေါက်ပြားကြီးနဲ့ ပါလား၊ ဘယ်ကပြန်လာတာလဲကွယ့်၊ ယာထဲကလား “

” မဟုတ်ပါဘူး သူကြီး၊ ကျွန်တော် …. “

ကိုအောင်မော်မှာ စကားအား ရှေ့ဆက်မပြောသေးဘဲ ရေနွေးကြမ်း တစ်ခွက်အား ကောက်ယူ၍ မော့ချလိုက်သည်။ ထို့နောက် –

” ကျွန်တော် ကျီးအာရိုးက ပြန်လာတာ သူကြီး “

” ဟေ … မင်းက ဘာသွားလုပ်တာလဲ “

” ကျွန်တော့် သားလေးတွေဖြစ်တဲ့ ဘီလူးလေးတွေကို သွားဖော်ကြည့်တာပါ သူကြီး၊ ဒါပေမယ့် …. “

” ဒါပေမယ့်၊ ဘာဖြစ်လဲ အောင်ကျော်၊ ဘာတွေ့ခဲ့လို့လဲ “ သူကြီးဦးသာအေးမှ သိချင်ဇောဖြင့် အလောတကြီး မေးလိုက်သည်။ ကိုအောင်မော်၏ စကားများတွင် တစ်စုံတစ်ခုသော ထူးခြားသည့် အကြောင်းများ ပါနေသည်ကို သူကြီးဦးသာအေး သိနေသည်။

” ကျွန်တော် ဘာမှ မတွေ့ခဲ့ဘူး သူကြီး၊ တွင်းနှစ်တွင်းလုံးကို ဖော်ကြည့်ခဲ့တာ မြေစာတွေက လွဲလို့ ဘာမှ မတွေ့တော့ဘူး သူကြီး “

” ဟေ …. “ ” ခွေးတွေ ဘာတွေများ တူးယက်ပြီး စားသွားတာလားကွယ် “

” မဖြစ်နိုင်ပါဘူး သူကြီး၊ ကျွန်တော်တို့ တူးခဲ့တဲ့တွင်းကလည်း နက်တော့ ခွေးတွေ တူးယက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး သူကြီး၊ ဒါ့ထက် တွင်းနှစ်တွင်းလုံးက လက်ရာ ခြေရာ မပျက်ဘူး “

သူကြီး ဦးသာအေးသည် အဝေးသို့ငေးကြည့်ရင်း စဉ်းစား တွေးတောဟန်ဖြင့် ဤသို့ ပြောလိုက်လေသည်။ ” ဒါဆို အတော် စဉ်းစားဖို့ကောင်းတဲ့ ကိစ္စပဲ … “

နောက်တစ်နေ့ နံနက်တွင် သူကြီးသည် ရွာထဲမှ ကိုအောင်မော် အပါအဝင် လူငယ်၊ လူလတ်ပိုင်းများအား ခေါ်ဆောင်ကာ ဘီလူးလေးများကို မြှုပ်နှံထားခဲ့ရာ တွင်းနှစ်တွင်းအား သွားရောက် တူးဖော်ကြည့်ကြလေသည်။

ကိုအောင်မော် ပြောသည့်အတိုင်းပင် ဘီလူးလေးများမှာ ရှိမနေတော့ပေ။ အဆိုပါ တွင်းနှစ်တွင်း ကြားကိုလည်း တူးဖော်ကြည့်ကြ သကဲ့သို့ ဘီလူးလေးများကို မြှုပ်နှံခဲ့ရာ ကျီးအာရိုးနားတစ်ဝိုက် တူးဖော်ဖြင့် ရှာဖွေ ခဲ့ကြလေသည်။

သို့ရာတွင် ဘီလူးလေးများ၏ အစအနကိုပင် မတွေ့ခဲ့ရပေ။ ထိုနေ့ ထိုအချိန်မှစ၍ ကိုအောင်မော်နှင့် မခင်ကြည်တို့မှ သုံးမြွှာပူး မွေးဖွားလာခဲ့သော ဘီလူးလေးများမှာ ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေတော့သတည်း။
orginal writer

ေဒါက္တာေအးေမာင္အေပၚ စီရင္ခ်က္က ရခိုင္ ျပႆနာကို ပိုႀကီးထြားေစလို႔ ရခိုင္အမ်ိဳးသားပါတီ ေျပာ

 ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ကို ေထာင္ဒဏ္ ႏွစ္၂၀ ခ်မွတ္
ရခိုင္ႏိုင္ငံေရး ေခါင္းေဆာင္ တစ္ဦး ျဖစ္သူ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔အေပၚ ျပစ္ဒဏ္စီရင္ခ်က္ဟာ ျဖစ္ေပၚေနတဲ့ ရခိုင္ပဋိပကၡေတြကို ေျဖေလ်ာ့ေပးရာ ရမယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ အခုေတာ့ ပဋိပကၡကို ပိုျဖစ္သြားေစႏိုင္တယ္လို႔ ရခိုင္အမ်ိဳးသားပါတီ (ANP) အတြင္းေရးမႉး ဦးထြန္းေအာင္ေက်ာ္က ဘီဘီစီကို ေျပာပါတယ္။

"ေလ်ာ္ကန္သင့္ျမတ္တဲ့ စစ္ေဆးစီရင္မႈတစ္ခု လုပ္လိုက္မယ္ဆို တစ္နည္းအားျဖင့္ေတာ့ ရခိုင္ပဋိပကၡေတြကို ေျဖေလ်ာ့ေပးရာ ရမယ္လို႔ ေမွ်ာ္လင့္တာ၊ အခုလို စီရင္ခ်က္ ခ်မွတ္လိုက္တာဟာ ဘယ္လိုနည္းနဲ႔မွ ဒီျပႆနာ ေျပေျပလည္လည္ မျဖစ္ႏိုင္ဘူး၊ ပို၍ ပို၍ ဘူးေလးရာ ဖ႐ုံဆင့္သလို ျဖစ္ေစတယ္" လို႔ ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။

ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ကို မတ္လ ၁၉ ရက္ ဒီကေန႔မွာ စစ္ေတြခ႐ိုင္တရား႐ုံးက ေထာင္ဒဏ္ ႏွစ္၂၀ စီ အသီးသီး က်ခံဖို႔ ျပစ္ဒဏ္ခ်မွတ္ လိုက္ပါတယ္။

"ႏိုင္ငံေတာ္ ပုန္ကန္မႈ ပုဒ္မ ၁၂၂ နဲ႔ က ေထာင္ဒဏ္ ႏွစ္ ၂၀၊ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်တယ္။ အဲဒီ ျပစ္ဒဏ္ ၂ ရပ္ လုံးကို တေပါင္းတည္းအျဖစ္ ေထာင္ဒဏ္ ႏွစ္ ၂၀ က်ခံဖို႔ တရား႐ုံးက ခ်မွတ္ခဲ့တာပါ '' လို႔ စာေရးဆရာ ေဝဟင္ေအာင္ရဲ႕အစ္ကိုျဖစ္သူ ဦးသိန္းဝင္းက ေျပာပါတယ္။
စာေရးဆရာ ေဝဟင္ေအာင္
ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ဟာ ရခိုင္ျပည္နယ္ အစိုးရက ပုဒ္မ ၁၂၂ (၁) ၊ ပုဒ္မ ၅ဝ၅ (ခ) တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

သူတို႔ကို မူလစတင္ တရားစြဲဆိုခ်ိန္က ပုဒ္မ ၁၂၂ (၁) ၊ ပုဒ္မ ၅ဝ၅ (ခ) အျပင္ မတရားအသင္း ဆက္သြယ္မႈ ပုဒ္မ ၁၇ (၁) (၂) ကို ပါ ထည့္သြင္းခဲ့ေပမယ့္ သက္ေသခိုင္လုံမႈ မရွိလို႔ ပယ္ဖ်က္ေပးခဲ့ပါတယ္။

သူတို႔ဟာ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၁၅ ရက္က ရေသ့ေတာင္ၿမိဳ႕နယ္မွာ ျပဳလုပ္ခဲ့တဲ့ ရခိုင္ဘုရင့္ႏိုင္ငံေတာ္ အခ်ဳပ္အျခာအာဏာ က်ဆုံးတဲ့ ၂၃၃ ႏွစ္ေျမာက္ အထိမ္းအမွတ္ စာေပေဟာေျပာပြဲမွာ ေဟာေျပာခဲ့တာေတြနဲ႔ ပတ္သက္ၿပီး တရားစြဲဆိုခံခဲ့ရတာ ျဖစ္ပါတယ္။

ေဒါက္တာေအးေမာင္ဟာ ရခိုင္အမ်ိဳးသားပါတီ ဥကၠ႒ တာဝန္ယူခဲ့သလို သမၼတ ဦးသိန္းစိန္ အစိုးရ လက္ထက္မွာ ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္ရဲ႕ ျပည္သူလႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္ တင္ေျမႇာက္ ခံခဲ့ရသူလည္း ျဖစ္ပါတယ္။

"ႀကီးေလးတဲ့ ပုဒ္မေတြနဲ႔ ခုလို ျပစ္ဒဏ္ခ်တာ မျဖစ္သင့္ဘူး၊ မေလ်ာ္ကန္ဘူး၊ စာေပေဟာေျပာပြဲမွာ ပါးစပ္နဲ႔ ေဟာေျပာခဲ့တာက ျပစ္မႈ မေျမာက္ဘူး၊ အေျခခံ ဥပေဒမွာလည္း လြတ္လပ္စြာေျပာဆိုခြင့္ ျပဳထားတယ္။ ေဒါက္တာ ေအးေမာင္လို လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း တစ္ဦးကို ႏိုင္ငံေတာ္ ပုန္ကန္မႈနဲ႔ စီရင္လိုက္တာဟာ သူရဲ႕ႏိုင္ငံေရးလမ္းကို ျဖတ္ေတာက္လိုက္တာပဲ" လို႔ ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။

ေဒါက္တာေအးေမာင္၊ စာေရးဆရာေဝဟင္ေအာင္တို႔ အမႈရင္ဆိုင္ေနတာ ၁ ႏွစ္ ေက်ာ္ၾကာ ရွိၿပီး၊ ႐ုံးထုတ္ စစ္ေဆးမႈ အႀကိမ္ ၄၀ ေျမာက္ အၿပီးမွာ အခုလို အမိန႔္ခ်မွတ္တာလည္း ျဖစ္ပါတယ္။

စစ္ေတြခ႐ိုင္တရား႐ုံးမွာ ျပဳလုပ္တဲ့ ေဒါက္တာေအးေမာင္နဲ႔ စာေရးဆရာ ေဝဟင္ေအာင္တို႔ အမႈ အၿပီးသတ္ စီရင္ခ်က္ ခ်မွတ္တာကို လာေရာက္ ဝန္းရံၾကည့္ရႈသူမ်ားလြန္းတဲ့အတြက္ စစ္ေတြခ႐ိုင္ တရား႐ုံးအတြင္း ဝင္ေရာက္ခြင့္ ေခတၱပိတ္ထားခဲ့သလို အနီးဝန္းက်င္မွာလည္း ရဲအင္အား တိုးျမႇင့္ခ်ထားတာကို ေတြ႕ရတယ္လို႔ စစ္ေတြၿမိဳ႕ခံ ဦးထြန္းေဇာ္က ေျပာပါတယ္။

"စစ္အာဏာရွင္စနစ္မွာ မဟုတ္ဘဲ ဒီမိုကေနစီေခတ္ ေဟာေျပာပြဲတစ္ခုမွာ ေျပာတာကို အခုလိုမ်ိဳး အျမင့္ဆုံး ျပစ္ဒဏ္ခ်တာကို လက္ခံႏိုင္စရာ မရွိသလို၊ စာေရးဆရာေတြလည္း အစိုးရကို ဒီလိုပဲ ေျပာေနၾကတာပဲ ဘာမွလုပ္တာ မေတြ႕ရဘူး၊ ဥပေဒဆိုတာ တိုင္းရင္းသား ေဒသေတြမွာ တစ္ဖက္၊ ျပည္မမွာ တစ္ဖက္လို ျဖစ္ေနတယ္၊ တရားဥပေဒလမ္းေၾကာင္းအတိုင္း ဆက္လုပ္သြားမွာ ျဖစ္တယ္" လို႔ စာေရးဆရာ ေဝဟင္ေအာင္ရဲ႕အစ္ကိုျဖစ္သူ ဦးသိန္းဝင္းက ဆိုပါတယ္။

ရခိုင္ ျပည္နယ္မွာ အစိုးရတပ္မေတာ္နဲ႔ ရခိုင္ လက္နက္တပ္ဖြဲ႕ ရကၡိဳင့္တပ္မေတာ္ တို႔ ၾကား တိုက္ပြဲေတြ ျပင္းထန္ေနတာ လနဲခ်ီ ၾကာလာခဲ့ကာ ၿမိဳ႕ေပၚေတြ အထိ ႏွစ္ဖက္ ထိေတြ႕ ပစ္ခတ္မႈေတြ ျဖစ္ေနသလို စစ္ေဘးဒဏ္ေၾကာင့္ ေဒသခံ ေထာင္နဲ႔ ခ်ီဟာလည္း အိုးအိမ္ေတြကေန စြန႔္ခြာထြက္ေျပးေနရပါတယ္။

BBC Burmese
https://www.bbc.com/burmese