Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 6, 2013

သခွားသီးနှင့် အလှအပ

သခွားသီးနှင့် အလှအပရေခဲသေတ္တာထဲ ထည့်ထားတဲ့ အေးနေတဲ့ သခွားသီး အဝိုင်းတစ်ပြားကို မို့အစ်နေတဲ့ မျက်လုံး တစ်ဝိုက်ကပ် ပေးခြင်းဟာ မျက်ကွင်း ညိုခြင်း၊ မျက် လုံးမို့အစ်ခြင်းကို သက်သာစေ ပါတယ်။ သူ့မှာ အရောင်အရမ်း ကျစေတဲ့ ဂုဏ် သတ္တိရှိလို့ဖြစ် ပါတယ်။
သခွားသီးမှာ ပိုတက်စီယမ်၊ မဂ္ဂ နီစီယမ်၊ ဆီလီကွန် ပမာဏ မြင့်မား စွာပါဝင်ပါတယ်။ ဒါကြောင့် အသား အရေပြုပြင် ထိန်းသိမ်း ပေးတဲ့ Spa တွေမှာ သခွားသီး ကုထုံးကို ဆောင် ရွက်ပေးကြ တာဖြစ်ပါတယ်။
ခံတွင်း အနံ့ဆိုးကို ပျောက်ကင်း အောင် ကူညီပေးနိုင်တဲ့ အစွမ်း သခွား သီးမှာ ရှိပါတယ်။ သခွားသီး အဝိုင်း ပြားတစ်ပြားကို သင့်ရဲ့ခံတွင်းအာခေါင် ပေါ်မှာ ကပ်နေအောင် လျှာဖြင့် မိနစ် ဝက်ခန့် အသာဖိထား လိုက်ပါ။ သခွား သီးမှာရှိတဲ့ Phytochemical တွေ ဟာ ခံတွင်း ထဲက အနံ့ဆိုးဖြစ်ပေါ်စေ တဲ့ ဗက်တီးရီးယား များကို သုတ်သင် ရှင်းလင်းလိုက် ပါတယ်။ 

No comments:

Post a Comment