ဆေးပညာရှင်များ၊သိပ္ပံပညာရှင် များစွာ ရောဂါကာကွယ်ဆေး၊ ကုသ
ဆေးမျိုးစုံတီထွင်ဖန်တီးလျက်ရှိကြ သည်။ ဆံပင်ကျွတ်ခြင်း၊ ထိပ်ပြောင်
ခြင်းအတွက် ထိထိရောက်ရောက် ကုသနိုင်မည့်နည်းလမ်းမရှိသေး။
ထူထဲ
တောက်ပြောင်သော ဆံကေသာသည် ငယ်ရွယ်ခြင်း၏ ဝိသေသတစ်ခု ဖြစ်သည်။ ဆံပင်ကျွတ်
ခြင်းကြောင့် စိတ်ဖိစီးမှုနှင့် စိတ်ကျ ဝေဒနာတို့ ခံစားရတတ်သည်။
နေထိုင် မှုပုံစံပြောင်းလဲခြင်း၊ ပတ်ဝန်းကျင်ညစ် ညမ်းမှုနှင့် ကျန်းမာရေး
ပြဿနာများ ကြောင့် ဆံပင်ကျွတ်လေ့ရှိသည်။ အံ့အားသင့်ဖွယ် ကောင်းသော အချက်မှာ
စီးပွားဖြစ်ရောင်းချနေ သော ဆံပင်ပေါက်ဆေး များတွင် ကြက်သွန်နီ
ပါဝင်လေ့ရှိသည်။ ကြက် သွန်နီကို ဆံပင်ပြန်ပေါက် ဆေးတွင် ထည့်သွင်းသည်မှာ
ကြောင်တောင် တောင်နိုင်သော်လည်း ဆံပင်ကျွတ် ခြင်း၊
ထိပ်ပြောင်ခြင်းတို့ကိုကုသ ရာတွင် အဓိကဆေးပစ္စည်း အဖြစ် အသုံးပြုလေ့ရှိသည်။
ကြက်သွန်နီတွင် ဆာလဖာဓါတ် ကြွယ်ဝစွာပါဝင်သောကြောင့် ဆံပင် ကျွတ်ခြင်းမှ
ကာကွယ်နိုင်သည်။ ဆာလဖာဓါတ်သည် သွေးလည်ပတ်မှု ကောင်းစေပြီး အရေပြားရောင်ရမ်း
နာများ သက်သာစေသည်။ ဆာလဖာ ကြောင့် ကိုလာဂျင်ပရိုတိန်းများထုတ်
လုပ်မှုကောင်းစေပြီး ထိုပရိုတိန်းများ ကြောင့် အရေပြားပြေပြစ်ခြင်း၊ ဆံပင်
မွေးတောင့်တင်းခြင်းစသည့် အကျိုး ကျေးဇူးများခံစားရသည်။
ထို့ကြောင့်ကြက်သွန်နီသည် ဆံပင်မွေးကိုခိုင်မာ စေသည်။ ဦးရေပြားမှိုစွဲ
(ဗောက်ထ) ခြင်းကိုကာကွယ်ပေးသည်။ ပိတ်ဆို့ နေသော မွေးညင်းပေါက်များအား
ပွင့်စေသည်။
အီရတ် သုတေသီများ၏ လေ့ လာချက်အရ
ထိပ်ပြောင်ဦးရေပြားပေါ် ကြက်သွန်နီ အရည် လိမ်းဆေးထားလျှင် အာနိသင်မဲ့
လိမ်းဆေး လိမ်းသူများထက် ဆံပင်ပေါက်နှုန်း မြန်ဆန်လာသည်ကို တွေ့ ရသည်။
အမေရိကန် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က ကြက်သွန်နီအား ဆံပင်ကျွတ်ခြင်းမှ ကာကွယ်နိုင်ကြောင်း အသိအမှတ်ပြု ထားသည်။
အခြားအသိအမှတ်ပြု ဆေးတစ်မျိုးမှာ minoxidol လိမ်းဆေးဖြစ်သည်။ minoxidol
လိမ်း ဆေးသည်လည်း ဦးရေပြားသွေး လည်ပတ်မှု ကောင်းစေ သည်။ ဆံပင်အလွန်အမင်း
ကျွတ်နေ သူများအနေနှင့် ကြက်သွန်နီကြိတ် ထားသည့် အရည်လိမ်းပေးသင့် ကြောင်း
FDA က မှတ်ချက်ပြုထားသည်။ ကြက်သွန်နီ အရည်ကို မိနစ် (၄ဝ) ခန့်လိမ်းထား၍
ခေါင်းလျှော်ရည်ပျော့ ပျော့နှင့် ဆေးကြောပေးသင့်သည်။
ဇော်ကို
Source: MDI
Good Health
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, October 18, 2013
ထိပ်ပြောင်သူများ အတွက် ကြက်သွန်နီ
Reviewed by VC
on
October 18, 2013
Rating: 5
Reviewed by VC
on
October 18, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment