Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 7, 2018

နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


HD Video ကို ကိုယ်တိုင်ရိုက်ကူးဖြစ်ခဲ့ရခြင်းအကြောင်းနဲ့ပတ်သက်ပြီး Eaint Treasure(အိမ့်ရတနာ) က•••

“အော်…..ဒါကတော့ အိမ့်နဲ့သူနဲ့ Relationship သက်တမ်းကလည်းကြာပြီဆိုတော့လေ၊ တစ်ခြားအတွဲတွေမှာက ဒီလိုမျိုးရှိရင်လည်း ရှိမယ်၊ မရှိရင်လည်းမရှိဘူး။

ကိုယ်နဲ့သူနဲ့ ဒီဟာရိုက်ဖြစ်တယ်ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်လို့ ရိုက်ဖြစ်တာပေါ့။ အိမ့်အရမ်း Save ဖြစ်အောင်လုပ်တယ်။

အဲဒီကြားထဲက ဒီလိုဖြစ်သွားတာဆိုတော့လေ။ အိမ်ထောင်ပြုတာကလည်း သူနဲ့ပဲပြုမှာ အရင်ကတည်းကလည်း အိမ့်တို့အသိုင်းအဝိုင်းကလည်း သူနဲ့တွဲတာသိတယ်၊ ဒါပေမယ့် သိနေတယ်ဆိုနေပေမယ့် အခုဒီလိုကြီးဖြစ်လာတာကတော့ မကောင်းဘူးပေါ့နော်။

သူလည်း နိုင်ငံခြားကနေ ဒီဇင်ဘာလောက်ပြန်လာပြီး စီစဉ်စရာရှိတာတွေ စီစဉ်မှာပါ” လို့ ဖြေပါတယ်။

သူက အစတည်းက ဟိုမှာရောက်နေတာဆိုတော့ မသိဘူး၊ ပြီးတော့ သူကစာမေးပွဲတွေ ဖြေနေရတာလေ၊ အိမ့်စစသိချင်းမှာတောင် သူစိတ်ညစ်မှာစိုးလို့ အိမ့်သူ့ကို ဘာမှမပြောဘူး။

ဒုတိယမြောက်နေ့မှာတော့ သူသိသွားတယ်၊ မြန်မာပြည်မှာက မိန်းကလေးတစ်ယောက်ဖြစ်နေတာတောင်မှာ ဒါတွေကို ပြောကြတယ်၊ ရှဲကြတယ်၊ ထမင်းစားရေသောက်လိုဖြစ်နေကြတာလေ။

အိမ့်ရဲ့ ဖုန်း Privacy ချိုးဖောက်ခံရတယ်ဆိုပေမယ့် ဒီကိစ္စက အိမ့်တို့ပေါ့ဆမှုတွေ အများကြီးပါခဲ့တာကိုး။ ဖြစ်တာတွေကလည်းဖြစ်ပြီးသွားတော့ ဘယ်သူ့ကိုမှလည်း အပြစ်မမြင်ပါဘူး။ အကုန်လုံးအဆင်ပြေတယ်။

သင်ခန်းစာအနေနဲ့ကတော့ သူများကိုအလွယ်တကူယုံတာ၊ ကိုယ်တိုင်ကလည်း ပေါ့ဆတာ အဲဒီနှစ်ခုက အဓိကပါပဲ။ ပြီးတော့ အဖိုးဆုံးသွားတာကို မျက်နှာတောင်မမြင်လိုက်ရဘူး၊ ပြီးတော့ ဒီအချိန် အမေနဲ့အတူရှိနေဖို့လည်း ရှိမနေပေးနိုင်ဘူး။

အကောင့်ဒီတယ်ဆိုတာက အမေနဲ့ပုံတွေ၊ သူငယ်ချင်းတွေနဲ့ပုံတွေကို Off ချင်လို့ ဒီလိုက်တာပါ။ ချစ်သူရည်းစားတွေမှာ ဒါမျိုးတွေရှိမရှိဆိုတာက လူအမျိုးမျိုး စိတ်အထွေထွေပေါ့၊

တစ်ယောက်နဲ့တစ်ယောက်တော့ မတူပါဘူး။ ဒါပေမယ့် ဘယ်လောက်ထိ ခေတ်ကြီးကပဲ ပြောင်းပြောင်း အိမ်ထောင်မပြုခင်မှာတော့ ဒီလိုမျိုးတွေ မရှိတာကတော့ အကောင်းဆုံးပေါ့နော်။

အကယ်၍ ရှိခဲ့တယ်ဆိုရင်တောင်မှ ကိုယ့်ရဲ့ဖုန်း Privacy ကို လုံခြုံအောင်ထားပါလို့ ၊ အိမ့်ကိုပဲကြည့်ပါ၊ အိမ့်ကိုပဲ သင်ခန်းစာယူပါ။ ဒါမျိုးက လုံးဝမရိုက်သင့်ပါဘူး၊ ကိုယ်လုံးဝမထင်မှတ်ထားတဲ့ တစ်ခုကနေ ဘဝကြီးတစ်ခုလုံး ပျက်စီးနိုင်လောက်တဲ့အထိဖြစ်သွားတယ်လေ။

ဒါပေမယ့် ဒါက ဘဝပျက်စီးတယ်ဆိုတာကလည်း ကိုယ့်ခံယူချက်ပါပဲ••••
စိုင်းခမ်း ညို


    No comments:

    Post a Comment