Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 23, 2013

အသက် (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ-Mirena ဟော်မုန်းပါ သားအိမ်ထဲထားရတဲ့ သန္ဓေတားပစ္စည်း

Sat, Feb 23, 2013 at 1:26 AM
ဆရာရှင် MIRENA အကြောင်း သိချင်လို့ပါ။ ကျေးဇူးပြုပြီးဖြေပေးပါရှင်။

Mirena ဆိုတာ Hormonal intrauterine device (IUD) ဟော်မုန်းပါတဲ့ သန္ဓေတားဘို့ သားအိမ်ထဲထည့်ထားရတဲ့ ပစ္စည်းဖြစ်တယ်။ (တီ) ပုံရှိတဲ့ ပလပ်စတစ် အချောင်းလေးကနေ Progestin (ပရိုဂျက်စတင်) ဟော်မုန်း အဆက်မပြတ် ထုတ်ပေးနေမယ်။ သားအိမ်ဝက အချွဲကိုစေးပြစ်စေလို့ သုက်ပိုးဝင်မလာစေအောင် တားမယ်။ မျိုးဥထွက်မှာကိုလဲ တားမယ်။ သားအိမ် အတွင်းဆုံးအလွှာကိုလဲ ပါးလွှာစေမယ်။

၅ နှစ်အထိ ထားလို့ရတယ်။ ကလေးလိုချင်ရင် ဘယ်အချိန်မှာ ပြန်ထုတ်ထုတ် ရတယ်။ ကလေးပြန်ရဘို့ အကြာကြီး မစောင့်ရဘူး။ ထည့်ထားပြီး ၃-၆ လနေရင် ရာသီဆင်းတာ နည်းလာမယ်။ ရာသီလာချိန်မှာ ဗိုက်နာတာလဲ သက်သာစေမယ်။

Endometriosis (အင်ဒိုမီထရီယိုးးဆစ်) ခေါ်တဲ့ သားအိမ်ရောဂါရှိလို့ နာတာကိုလဲ သက်သာစေမယ်။ Endometrial cancer သားအိမ်ကင်တာဖြစ်မှာလဲ အခွင့်အလမ်းနည်းတယ်။ Cervical cancer သားအိမ်ဝကင်ဆာ ဖြစ်မှာကိုလဲ နည်းချင်နည်းနိုင်သေးတယ်။ ကလေးနို့တိုက်နေချိန်မှာလဲ သုံးနိုင်တယ်။ နို့ထွက်မနည်းစေဘူး။ ကလေးမွေးပြီးပြီးချင်း ထည့်ရင်တော့ သတိထားထည့်ပေးရတယ်။ တခြားတားဆေးတွေမှာပါတဲ့ Estrogen (အီစထိုဂျင်) ဟော်မုန်းမပါလို့ ဘေးထွက်ဆိုးကျိုး သိပ်မစိုးရိမ်ရဘူး။

လူတိုင်းအတွက် သင့်တာတော့မဟုတ်ပါ -
• Breast cancer ရင်သားကင်တာရှိနေသူ၊
• Uterine or cervical cancerသားအိမ်ကင်ဆာရှိနေသူ၊
• Liver disease အသဲရောဂါရှိနေသူ၊
• Fibroids သားအိမ်အလုံးရှိနေသူ၊
• Pelvic inflammatory disease တင်ပါးဆုံတွင်အင်္ဂါတွေရောင်နေသူ၊
• Unexplained vaginal bleeding ဗဂျိုင်းနားကနေ ဘာလို့မှန်းမသိပဲ သွေးဆင်းနေသူ၊
• Inflammation of the vagina or cervix ဗဂျိုင်းနား၊ သားအိမ်ဝရောင်နေသူ၊
• Sexually transmitted infection လိင်ကတဆင့်ကူးစက်ရောဂါဖြစ်နိုင်ချေများသူတွေနဲ့ မသင့်ပါ။

နောက်ပြီး -
• Herbal products တိုင်းရင်းဆေးတွေသောက်နေသူ၊
• Diabetes or high blood pressure ဆီးချို။ သွေးတိုးရှိနေသူ၊
• Heart attack နှလုံးရောဂါရှိနေသူ၊
• Migraines မိုင်ဂရင်းရောဂါရှိနေသူ၊
• bBood-clotting problems သွေးခဲရောဂါရှိနေသူတွေဆိုရင်လဲ သတိထားရမယ်။

Risks အန္တရာယ် =
• ဒီနည်းသုံသူတွေထဲက ကိုယ်ဝန်ရတယ်ဆိုတာ ၁% ထက်နည်းတယ်။ အဲလိုရှိသွားရင် ectopic pregnancy သားအိမ်ပြင်ပသန္ဓေတည်တာဖြစ်နိင်တ.်။
• Side effects ဘေးထွက်-ဆိုးကျိုးတွေကတော့ -
• Headache ခေါင်းကိုက်၊
• Acne ဝက်ခြံထွက်၊
• Breast tenderness ရင်သားနာ၊
• Breakthrough bleeding ကြားရက်သွေးဆင်း၊
• Absence of periods (amenorrhea) ရာသီမလာပဲနေခြင်း (ပဌမ ၁နှစ်အတွင်း)၊
• Mood changes စိတ်မူပြောင်းခြင်း၊
• Weight gain ကိုယ်အလေးချိန်တက်ခြင်း၊
• Ovarian cysts မျိုးဥအိမ်အကျိတ်၊
• Abdominal or pelvic pain ဗိုက်နာခြင်း။

ထည့်ထာတာ အလိုလိုထွက်ကျနိုင်ချေရှိသူများ -
• Have never been pregnant ကလေးတခါမှ မမွေးဘူးသူ၊
• Have heavy or prolonged periods ရာသီလာရက်ရှည်သူ၊
• Have severe menstrual pain ရာသီလာရင် သူများတက်နာတတ်သူ၊
• Previously expelled an IUD အရင်ကလဲ သားအိမ်ထဲထည့်ပစ္စည်းထွက်ကျဘူးသူ၊
• Age 20 အသက် ၂ဝ အောက်၊
• Had Mirena inserted immediately after childbirth or an abortion ကလေးမွေးပြီးပြီးချင်း၊ ဒါမှမဟုတ် ကိုယ်ဝန်ပျက်ပြီးပြီးချင်း ထည့်သူ။

ဒါတွေဖြစ်ရင် ဆရာဝန်ပြပါ -
1. Sex is painful for you or your partner အတူနေတဲ့အခါ မနာသင့်ပဲ နာလာရင်၊
2. The IUD strings are missing or suddenly seem longer ကြိုးစလေး မတွေ့ရတော့ရင်၊ ဒါမှမဟုတ် ပိုရှည်ထွက်လာရင်၊
3. You feel part of the device's hard plastic at your cervix or in your vagina လက်နဲ့စမ်းလို့ ပလပ်စတစ်ထိပ်ဖျားလေး စမ်းတွေ့လာရင်၊ ဆရာဝန်ကိုပြန်ပြရမယ်။

IUCD ကိုယ်ဝန်တား သားအိမ်ထဲ ထည့်ထားရတဲ့ ပစ္စည်း
http://dts-medicaleducation-adult.blogspot.in/2012/06/iud-for-birth-control.html

-ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂ဝ၁၃ 


 

No comments:

Post a Comment