Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 1, 2013

Abortion မလိုချင်တဲ့ ကိုယ်ဝန်

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၈)
Jun 3, 2011 at 2:22 PM
ကိုယ်ဝန် ရှိနိုင်၊ ရနိုင်တဲ့ ရက်တွေမှာ အတူနေမိပြီးရင် ဘယ်နှစ်ရက်လောက် အကြာမှာ ကိုယ်ဝန် ရှိ-မရှိ သိနိုင်ပါမလဲ။ ပုံမှန် ရာသီ မလာမှပဲ ဆီးစစ်မှ သိနိုင်စေတဲ့နည်းပဲ ရှိတာလား။ တခြားနည်းနဲ့ အဲဒီရက် မတိုင်ခင် စောပြီး သိနိုင်တဲ့ နည်းလမ်းများ ရှိပါသလား။ ကိုယ်ဝန် ရှိ-မရှိ မသိသေးခင် ရာသီ မလာခင် အရက်သောက်၊ ဆိုင်ကယ်စီးတာမျိုး၊ စက်ဘီးစီးတာမျိုး။ ကြက်တောင်ရိုက်တာ မျိုးတွေက ကိုယ်ဝန်ရှိနေရင် ပျက်စေနိုင်သလားဆိုတာ သိချင်လို့ပါ။
"ကိုယ်ဝန်ကို ဖျက်လိုက်လို့ အပျိုပြန်မဖြစ်တော့ပါ။ ကလေးအမေလို့တော့ မခေါ်နိုင်ပေမဲ့ ကလေး-အသေရဲ့ အမေတော့ ဖြစ်ပါမယ်" ဆိုပြီး ကိုယ်ဝန်ဖျက်ဆန့်ကျင်ရေးအဖွဲ့ရဲ့ သတိပေးစာ ရှိပါတယ်။



ကိုယ်ဝန်ရှိရင် အမျိုးသမီးများ ထူးခြားချက်ပေါင်း ၂၅ ချက်ရှိလာမယ်။
1. Missed period ရာသီထိန်မယ်၊
2. Unusual or abnormal period ရာသီ ကမောက်မဖြစ်မယ်၊
3. Positive Urine Pregnancy Test ဆီးစစ်ရင် ကိုယ်ဝန်ရှိတာသိမယ်၊
4. Positive Blood Pregnancy Test သွေးစစ်ရင် ကိုယ်ဝန်ရှိတာသိမယ်၊
5. Ultrasound Detection (အာလ်ထွာဆောင်း) ရိုက်ရင် ပေါ်မယ်၊
6. X-ray Detection ဓါတ်မှန်ရိုက်ရင် ပေါ်မယ်၊
7. Nausea and Vomiting ပျို့-အန်ချင်တယ်၊
8. Soreness of the Breasts ရင်သား နာမယ်၊
9. Enlargement of the Breasts ရင်သား ထွားလာမယ်၊
10. Frequent Urination ဆီးခဏခဏ သွားချင်လာမယ်၊
11. Strange Cravings ချင်ခြင်းတပ်လာမယ်၊
12. Fatigue အားယုတ်သလို ခံစားရမယ်၊
13. Just feeling pregnant ကိုယ့်ကိုယ်သိတယ်၊
14. Changes in libido လိင်ဆက်ဆံလိုစိတ် ပြောင်းလဲလာမယ်၊
15. Montgomery's Tubercules နို့ အရောင်ရင့်အဝိုင်းမှာ အသီးလေးတွေ ထွက်လာမယ်၊
16. Enlarging Uterus သားအိမ် ကြီးထွားလာမယ်၊
17. Movement ကလေးလှုတ်တာ သိလာမယ်၊
18. Colostrum from Breasts နို့ကို ညှစ်ရင် အရည်ထွက်မယ်၊
19. Enlarged Abdomen ဗိုက် ဖေါင်းကားလာမယ်၊
20. Change in uterine shape သားအိမ်ပုံစံ ပြောင်းလာမယ်၊
21. Palpation of the Baby ကလေးကို အပြင်ကနေစမ်းရမယ်၊
22. Fetal Heart Tones ကလေး နှလုံးခုန်တာ နားထောင်ရင် ကြားမယ်၊
23. Skin Changes အရေပြား ပြောင်းလဲလာမယ်၊
24. Stretch Marks အကြောပြတ်တာတွေ ပေါ်လာမယ်၊
25. Braxton Hicks Contractions ကလေးမွေးချင်သလို နာမယ်၊

ကိုယ်ဝန် စရှိတာရဲ့ ကိုယ်တိုင် သိနိုင်တဲ့ လက္ခဏာကတော့ ရာသီမလာတော့တာ ဖြစ်တယ်။ အဲဒီအချိန်မှာ ဆီးစစ်ရင် သိလာနိုင်တယ်။ ရာနှုန်းပြည့်တော့ အာမ မခံသေးပါ။ ဆီးစစ်တယ်ဆိုတာ ဆီးထဲမှာ Human chorionic gonadotropin (hCG) ခေါ်တဲ့ အချင်းနဲ့ ပတ်သက်တဲ့ ဟော်မုန်းကို စမ်းတာ ဖြစ်တယ်။ ဒီဓါတ်က သန္ဓေတည်ပြီးနောက် ၇-၁ဝ ရက်မှာ တိုင်းလို့-စမ်းလို့ရတဲ့အဆင့် ရောက်လာတယ်။ ကောင်းတာက ၁၄ ရက်အထိ စောင့်သင့်တယ်။ စမ်းသပ်နည်း အပေါ်မှာလဲ မူတည်သေးတယ်။ တချို့နည်းက 25 mIU of hCG နဲ့သိနိုင်ပြီး၊ တချို့နည်းက 250 mIU of hCG ရှိမှ သိနိုင်တယ်။

မနက်ခင်း အိပ်ရာထဆီးစစ်တာ သေခြာတယ်။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ် ရတယ်။

Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။

ရာသီလာရမဲ့ရက် မရောက်ခင် စမ်းလို့ Positive ပြနိုင်တယ်။ ရာသီလဲ မလာ၊ ဆီးစစ်တော့ မတွေ့ရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ Negative အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။

ကိုယ်ဝန်ပျက်တဲ့အကြောင်း ရေးထားပါတယ်။ ဖြည့်ရေးပါရစေ။ ကိုယ်ဝန်ပျက်စေတဲ့ အကြောင်းတရားတွေကို စာရင်းချရင် ၃၂ မျိုးရှိတယ်။
• အများဆုံး ဖြစ်တတ်တဲ့ ရောဂါ ၃ မျိုး၊
• ဖြစ်လေ့ရှိတဲ့ ရောဂါ ၁ မျိုး၊
• ဖြစ်ခဲတဲ့ ရောဂါ ၁ မျိုး၊
• ရှားရှားပါးပါး ဖြစ်တတ်စေတတ်တဲ့ ရောဂါ ၂ မျိုး နဲ့
• တခြားအကြောင်း ၂၆ မျိုး ဆိုပြီး ရှိတယ်။

အဲဒီရောဂါနဲ့ အခြေအနေတွေထဲက Amniocentesis လုပ်နည်း၊ Anticardiolipin syndrome ရောဂါ၊ Carboprost tromethamine ရောဂါ၊ Cervical incompetence သားအိမ်ဝမလုံခြင်း၊ Chronic villus sampling လုပ်တာ၊ Cone biopsy of cervix လုပ်တာ၊ Endometrosis သားအိမ်ရောဂါ၊ Gemeprost သွေးဆင်းရပ်ဆေး၊ Listeria monocytogenes ရောဂါ၊ Misoprostol ကိုယ်ဝန်-ဖျက်ဆေး၊ Paroxysmal nocturnal hemoglobinuria ရောဂါ၊ Paroxyvirus B19 infection ရောဂါ၊ Rubella ဂျာမန်-ဝက်သက် ရောဂါ Sickle cell disease သွေးရောဂါ၊ Systemic lupus erythematosus ရောဂါ နဲ့ Dinoprostone ကိုယ်ဝန်ဖျက်ဆေး၊ Mifepristone ကိုယ်ဝန် ဖျက်ဆေးတွေဟာ ကိုယ်ဝန် တခါမက ပျက်နိုင်ပါတယ်။

ကျန်တာတွေကတော့ Alloimmune ရောဂါ၊ Antifetal antibodies ရောဂါ၊ Antiphospholipid antibodies ရောဂါ၊ သန္ဓေသား အင်္ဂါချို့ယွင်းတာ၊ အစာဆိပ်သင့်တာ၊ (ကေဖင်း) အများကြီး သောက်တာ၊ ရောဂါပိုးဝင်တာ၊ ကိုယ်ဝန်မရှိအောင် သားအိမ်ထဲ IUCD ပစ္စည်းထည့်တာ၊ Japanese skimmia ရောဂါ၊ Luteal phase defect ရောဂါ၊ ကင်ဆာ အတွက် ဓါတ်ကင်တာ၊ ဆေးလိပ်သောက်တာ၊ သားအိမ် ပုံမှန်မဟုတ်တာ၊ အရက်သောက်တာ နဲ့သူ့အလိုလို ပျက်ကျတာတွေ ဖြစ်ပါတယ်။

• Spontaneous abortion (Miscarriage) ခေါ်တဲ့ ကိုယ်ဝန်က ဖျက်ချတာ မဟုတ်ဘဲ ပျက်စေတဲ့ အကြောင်းတွေ ထဲမှာ Accidental trauma မတော်ဆဖြစ်တာ နဲ့ Natural causes သဘာဝ အကြောင်းတရားတွေ ရှိတယ်။ အများဆုံး ဖြစ်တာက Incorrect replication of chromosomes သန္ဓေသားရဲ့ (ခရိုမိုဆုံး) ပုံမှန် မဟုတ်လို့ ဖြစ်တာ၊ 50% ရှိတယ်။
• အများစုက စောပြီးပျက်တယ်။ တချို့မှာ ကိုယ်ဝန်ရှိနေတာတောင် မသိဘူး။ သုတေသနတခု အဆိုအရ
o ၆၁့၉% ၁၂ ပတ် အတွင်း ပျက်ကျတယ်။
o ဒီအထဲက ၉၁့၇% က ပျက်ကျတယ် ဆိုတာတောင် ကိုယ်တိုင် မသိလိုက်ကြဘူး။
o ၁ဝ ပတ် ကျော်တာနဲ့ အလိုလိုပျက်ဘို့ အခွင့်အလမ်း သိသိသာသာ နည်းလာပြီ။
• ထိခိုက်မှု ဆိုတာ
o Accidental trauma မတော်တဆ၊ (အတွေ့အကြုံအရ အားကစား သာမန်လုပ်လို့ ပျက်မကျပါ။)
o Intentional trauma တမင်တကာနဲ့
o Stress စိတ်ဖိအားတွေ ဖြစ်တယ်။
• ကိုယ်ဝန်ဆောင်သူ အသက်ငယ်လွန်းတာ၊ ကြီးလွန်းတာကြောင့်လဲ ဖြစ်စေနိုင်တယ်။
o ၃၅ နှစ်အောက်မှာ ၁၅%၊
o ၃၅-၄၅ နှစ်ကြားမှာ ၂ဝ-၃၅%၊
o ၄၅ နှစ်အထက် ၅ဝ%၊
• ကိုယ်ဝန် တခါပျက်ဘူးသူ ၂၅% ထပ်ပျက်နိုင်တယ်။ ထပ်ထပ်ပျက်နေသူ ၁% ရှိတယ်။
• တချို့မှာ ဘာလို့လဲ ပြောမရဘူး။

တချို့နေရာတွေမှာ သိသာတဲ့ Miscarriage ကိုယ်ဝန်ပျက်မှုပေါင်းဟာ ကိုယ်ဝန်စုစုပေါင်းရဲ့ ၁၅% ရှိတယ်။ အမေရိကားမှာ ၁ဝ-၂၅% ရှိတယ်။ ယမုန်နာဆေးခန်းမှာ ကလေး အကောင်းလာမွေးဖွါးသူ ၁၈၆ ယောက် ရှိနေချိန်မယ်၊ သားပျက်လို့ ကုသပေးရသူပေါင်း ၄၁ ယောက်ရှိတယ်။ ဒါဟာ တရားဝင် သားပျက်တဲ့ အရေအတွက်သာ ဖြစ်တယ်။ ဖျက်ပြစ်သူတွေ မသိဘဲ ပျက်သူနဲ့ ဆရာဝန် ကူစရာမလိုဘဲ အိမ်မှာတင် ဆင်းစရာရှိတာ အကုန်ဆင်းသူတွေ မပါသေးပါ။

Abortion Complications ကိုယ်ဝန်ဖျက်ခြင်းရဲ့ နောက်ဆက်တွဲများ http://dts-medicaleducation-adult.blogspot.in/2012/04/abortion-complications.html
Abortion pills ဖျက်ဆေးတွေအကြောင်း http://dts-medicaleducation-adult.blogspot.in/2012/03/abortion-pills.html
Abortion မလိုချင်တဲ့ ကိုယ်ဝန် http://dts-medicaleducation-adult.blogspot.in/2012/04/abortion.html
Unwanted Pregnancy (1) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-1.htmlUnwanted Pregnancy (2) မလိုချင်တဲ့ ကိုယ်ဝန် အမေး-အဖြေများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/unwanted-pregnancy-q-and-2.html

Dr. တင့်ဆွေ
၃-၆-၂ဝ၁၁

No comments:

Post a Comment