Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 21, 2017

မာနဟာ ထူးခြားတယ်


မာနဟာ ထူးခြားတယ်။ သေးသေးမွှားမွှား ဖြစ်ပါစေ... ကြီးကြီးမားမား ဖြစ်ပါစေ... မိမိရဲ့ ပိုင်ဆိုင်မှု... မိမိ ရရှိထားပါတဲ့ ဆုတံဆိပ်... မိမိ စောင့်ထိန်းတဲ့ သီလ... လူမျိုး... နာမည်.. ဆွေမျိုး... လုပ်နိုင်စွမ်း... အဆင်း... အသိပညာ.. အားလုံး အားလုံးဟာ မာနရဲ့ လောင်စာတွေ ဖြစ်ကြပါတယ်။ ဒီလောင်စာတွေ ကြောင့် လူတစ်ယောက်ဟာ ဦးမော့ထားရင် မော့ထား... မမော့ထားရင် ဦးညွှတ်ထား ပြီးတော့ ဘဝကို ဖြတ်သန်းလေ့ ရှိကြတယ်။

ခက်နေတာက မာနရဲ့ ဆန့်ကျင်ဘက်ဟာ နှိမ့်ချစိတ် မဟုတ်ဘူး။ နှိမ့်ချစိတ် လို့ တံဆိပ်ပြောင်း အကပ် ခံလိုက်ရတဲ့ မာနသာလျှင် ဖြစ်ပြန်တယ်။ ကိုယ့်ကိုယ်ကို ဦးညွှတ်နေမှန်း သိနေသရွေ့ ဒါဟာ မာန ဖြစ်တယ်။ စိတ်ဟာ တစ်စုံတစ်ယောက် အဖြစ် ရပ်တည်လိုတဲ့ ဆန္ဒ ရှိနေသရွေ့ နှိမ့်ချစိတ် စစ်စစ် သင်တို့မှာ မဖြစ်ပေါ်နိုင်သေး။

- ခရစ်ရှနာမူရတီ

#kyawnge (ဘာသာပြန်)
https://www.facebook.com/krishnamurti.teachings/photos/a.387979548075345.1073741828.387967811409852/715324132007550/?type=3&theater

No comments:

Post a Comment