Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 19, 2012

သဘာဝအတိုင်း ကိုယ်ဝန်ရရှိနိုင်သည့် နည်းလမ်းများ

ဝါကျွတ်ကာလ ရောက်ပြီမို့ မင်္ဂလာ ဆောင် မယ့်သူတွေ ဝမ်းသာနေကြ သလို အကြောင်းကြောင့် ကလေး မရနိုင်တဲ့ သူ တွေ ဟာလည်း စိတ်မချမ်းမသာ ဖြစ်နေကြရမှာ အမှန်ပါ ပဲ။ ကလေးရရှိဖို့ အတွက်လည်း ဖန်ပြွန်သန္ဓေသား နည်း အပါအဝင် နည်းမျိုးစုံနဲ့ ကြိုးစားနေတယ် လို့ သိရပါတယ်။ ဖန်ပြွန်သန္ဓေသားနည်း နဲ့ ကလေးရ ရှိအောင် မပြုလုပ်ခင်မှာ သဘာဝအတိုင်း ကလေး ရရှိဖို့ ကြိုးစား နိုင်အောင် နည်း လမ်းကောင်းလေး တွေ ကို ဖော်ပြပေးလိုက် ပါ တယ်။ ကလေး လိုချင်တဲ့ ဇနီးမောင်နှံနှစ်ဦးဟာ အတူတူ နေကြပေမယ့် တစ်နှစ်အတွင်း ကလေး မရရှိနိုင်ခဲ့ရင် မျိုးမအောင်ဘူးလို့ သတ် မှတ်ပါ တယ်။ အနောက်နိုင်ငံတွေမှာ ရှိတဲ့ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဟာ မျိုးမ အောင်ဘူးလို့ သိရပါတယ်။ သဘာဝ နည်းအတိုင်း ကိုယ်ဝန်ရရှိနိုင်ဖို့ လင်မ ယား နှစ်ဦး စလုံးမှာ တာဝန်ရှိပြီး အောက်ပါ အချက်တွေနဲ့ ကိုက်ညီဖို့ လိုပါတယ်။
၁) ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ခြင်း
ကလေးရရှိနိုင်ဖို့ မိမိမှာ ရှိတဲ့ ရော ဂါရဲ့ အခြေအနေတွေနဲ့ မိမိအသုံးပြုနေ တဲ့ ဆေးဝါးတွေပေါ်မှာ နားလည် ဖို့ လို အပ်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေ သေချာချာ စစ်ဆေးမှုပြုလုပ်ရပါမယ်။
၂) မမျိုးဥကြွေချိန်ကို သိရှိခြင်း
သဘာဝနည်းလမ်းအတိုင်း ကိုယ် ဝန်ရရှိနိုင်ဖို့ အမျိုးသမီးတစ်ယောက်အ နေနဲ့ ဓမ္မတာစက်ဝန်း အကြောင်း ကို နား လည်ပြီး မျိုးဥကြွေတဲ့အချိန်ကို သိရှိဖို့ အလွန်အရေးကြီးပါတယ်။ မမျိုးဥကြွေ တာဟာ ပုံမှန်အားဖြင့်
ဓမ္မတာ စတင် ပေါ်ပေါက်တဲ့ ပထမနေ့ရက်မှ ရေတွက် မယ်ဆိုရင် ၁၄ ရက်မြောက်နေ့မှာ ဖြစ် လေ့ရှိတာမို့ ဇနီးမောင်နှံအနေနဲ့ ဓမ္မတာ စတင်ပေါ်ပေါက်တဲ့နေ့မှ ရေတွက်ရင် ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ကြားမှာ လိင် ဆက်ဆံမှုပြုလုပ်ရင် သဘာဝအတိုင်း ကလေးရရှိဖို့ အခွင့်အလမ်းပိုများပါ တယ်။ အမျိုးသမီးတွေရဲ့ ဓမ္မတာ စက် ဝန်းဟာ တစ်ယောက်နဲ့တစ်ယောက် ကွဲ ပြားခြားနားတတ်တာမို့ မမျိုးဥကြွေချိန် ကို တိတိကျကျ တွက် ချက်နိုင်ဖို့ မမျိုး ဥကြွေချိန်မှာ ဖြစ်ပေါ်တတ်တဲ့ အောက် ပါလက္ခဏာတွေကိုလည်း သိထားသင့် ပါတယ်။
၁။ ပြက္ခဒိန်မှာ မိမိဓမ္မတာ စတင်လာ တဲ့နေ့ရက်ကို မှတ်သားထားပါ။ ဒီလို ပြု လုပ်တာကြောင့် ကလေးရရှိနိုင်ဖို့ လိင် ဆက်ဆံမှုပြုလုပ်သင့်တဲ့ အကောင်းဆုံး ရက်ကို ရွေးချယ်နိုင်မှာပါ။
၂။ မိန်းမကိုယ်မှ ဆင်းလာတဲ့ အဖြူ ရည်ကို စစ်ဆေးပါ။ မမျိုးဥကြွေချိန်မှာ အဖြူရည်ဟာ ပျစ်ချွဲချွဲမဟုတ်ဘဲ အ ကြည်ရောင်ဖြစ်နေပြီး ပုံမှန်ထက် အဖြူ ပိုဆင်းတတ်ပါတယ်။
၃။ မိန်းမကိုယ်အတွင်းကို စမ်းသပ် ကြည့်ပါ။ မမျိုးဥကြွေချိန်မှာ သားအိမ် ခေါင်းဝဟာ ပုံမှန်ထက် ပိုပျော့ပျောင်းပြီး ကျယ်နေတတ်ပါတယ်။
၎။ ဝမ်းဗိုက်အောက်ပိုင်းမှာ ရုတ်တ ရက် စူးပြီး အောင့်တတ်ပါတယ်။ ဝမ်း ဗိုက်မှာ စူးပြီး နာကျင်တာ ဒါမှမဟုတ် ဘောင်းဘီမှာ သွေးအနည်းငယ် စွန်းနေ တာဟာ မမျိုးဥကြွေတဲ့လက္ခဏာပါ။
၅။ ခေါင်းကိုက်တာ၊ လေပွတာ၊ ရင် သားနာကျင်တာတွေဟာလည်း မမျိုးဥ ကြွေတဲ့ လက္ခဏာတွေပါ။
၃) Sex အရည်အသွေး ကောင်းမွန်ခြင်း
Sex အရည်အသွေး ကောင်းမွန် တာဟာလည်း ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အရေး ပိုများပါတယ်။ Sex နဲ့လုပ်နေစဉ်မှာ မိန်းမကိုယ်မှ ချောဆီဆင်းလာတာဟာ လည်း ကလေးရနိုင်ဖို့ အခြေအနေ ပိုများပါ တယ်။ ရောက်အောင် ကူးခပ်ဖို့ အကူအညီပေးနိုင်လို့ပါ။ ဒါ ကြောင့် စိတ်ကျေနပ်မှုရအောင် အချိန် ပေးပြီး Sex ကိစ္စပြုလုပ်ရပါမယ်။ ဒါ့အ ပြင် ကမ္ဘာမြေကြီးရဲ့ ဆွဲငင်အားကို နား လည်ရပါမယ်။ လိင်ဆက်ဆံမှုဟာ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အား ပြောင်းပြန်အနေ အထား(ဥပမာ အမျိုးသမီးက အပေါ်ေ ရာက်နေတာမျိုး) မပြုလုပ်ရပါဘူး။ အမျိုး သမီးက အိပ်လျက် အနေအထားဖြစ်ပြီး တင်ပါးအောက်မှာ ခေါင်းအုံးခုထားတာ ဟာ သုက်ပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက် နိုင်တဲ့ အကောင်းဆုံး အနေအထားပါ။
၎) Sex လုပ်အပြီး ခန္ဓာကိုယ် အနေအထား မှန်ကန်အောင် နေခြင်း
သားအိမ်ထဲမှာ ရောက်နှင့်ပြီးသား သုက်ပိုးတွေ အပြင်ကို ပြန်မထွက်သွား ဖို့ Sex လုပ်အပြီးမှာ ခန္ဓာကိုယ်ရဲ့ အနေ အထားမှန်ကန်ဖို့ဟာလည်း အရေးကြီး ပါတယ်။ လိင်ဆက်ဆံမှုပြုလုပ်ပြီးပြီးချင်း အိပ်ရာထဲမှာ လဲလျောင်းနေပါ။ ပြုလုပ် ပြီး မိနစ် ၃၀ အတွင်း အိမ်သာကို မသွား ဖို့လည်း အရေးကြီးပါတယ်။
၅) ကပ်ပယ်အိတ်ကို အေးအောင် ထားခြင်း
ကလေးရနိုင်ဖို့ အမျိုးသားအနေနဲ့ လည်း မိမိရဲ့ သုက်ပိုးအရေအတွက်နဲ့ အရည်အသွေးကောင်းမွန်ဖို့ လိုအပ်ပါ တယ်။ အတွင်းခံဘောင်းဘီ ကျပ်ကျပ် ဝတ်မယ့်အစား လေဝင်လေထွက် ကောင်းမွန်နိုင်တဲ့ Boxer ဘောင်းဘီတွေ ကို ဝတ်ပေးတာကြောင့် သုက်ပိုးတွေ ပျက်စီးမှု မရှိနိုင်အောင် ကာကွယ်နိုင်ပါတယ်။ အဲဒီဘောင်းဘီတွေဟာ ကပ်ပယ်အိတ် အတွင်း အပူချိန်လွန်ကဲမှုမဖြစ်အောင် ကာကွယ်နိုင်တဲ့အတွက် သုက်ပိုးတွေ မပျက်စီးနိုင်လို့ပါ။ ဒါ့အပြင် သုက်ပိုး အ ရေအတွက် ပုံမှန်ထွက်ရှိအောင် အမျိုး သားတစ်ယောက်အနေနဲ့ သုံးရက်တစ် ကြိမ် သုက်လွှတ်သင့်ပါတယ်။
၆) ကျန်းမာရေးနှင့် ညီညွတ်သော ဘဝ နေထိုင်မှုရှိခြင်း
အမျိုးသားနဲ့ အမျိုးသမီးနှစ်ဦးစလုံး အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဘဝ နေထိုင်မှုပုံစံရရှိတာဟာလည်း ကလေး ရရှိဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဆေး လိပ်ဖြတ်ပါ။ အရက်မသောက်ပါနဲ့။ အပြည့်အဝ အနားယူပါ။ သကြား၊ ဂျုံဖြူ နဲ့ ပြုလုပ်ထားတဲ့အစားအစာ၊ အချိုရည်၊ ကဖင်း၊ အယ်လ်ကိုဟော၊ ထပ်ပြန်ကြော် ဆီတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာ၊ အချိုမှုန့်၊ ဆိုးဆေးနဲ့ ဆေးသကြားတွေကို ရှောင်ရပါမယ်။ ဒါ့အပြင် ပဲပိစပ်ထုတ် ကုန်တွေဟာ ဟော်မုန်းညီညွတ်မှုကို အ နှောင့်အယှက်ပေးပြီး သိုင်းရွိုက်အကျိတ် ရဲ့ လုပ်ငန်းဆောင်တာကို ချိုးနှိမ်တတ် တာကြောင့် များများ မစားသင့်ပါဘူး။ မျိုးရိုး ဗီဇပြုပြင်ထားတဲ့ အစားအစာတွေ ကိုလည်း ရှောင်သင့်ပါတယ်။ သင်စားတဲ့ အစားအစာတွေဟာ အာဟာရတန်ဖိုး မြင့်မားသင့်ပါတယ်။ ကယ်လိုရီပါဝင်မှု များပြီး အာဟာရ တန်ဖိုးနည်းတဲ့ အစား အစာတွေဟာ ကလေးရလိုသူတွေနဲ့ မသင့်တော်လှပါဘူး။ တချို့လူတွေက ကလေးရဖို့အတွက် တိရစ္ဆာန်မှ ရရှိတဲ့ အဆီနဲ့ ကိုလက်စထရောများတဲ့ အစာ တွေကို ရှောင်ခိုင်းတတ်ကြပါတယ်။ အမှန်မှာတော့ ကိုလက်စထရော အသင့် အတင့်ဟာ ခန္ဓာကိုယ်မှ အဆီတွေကို ချေဖျက်ဖို့နဲ့ လိင်ဟော်မုန်းထုတ်လုပ်ဖို့ အပါအဝင် ခန္ဓာကိုယ်လုပ်ငန်းဆောင် တာ အများစုအတွက် လိုအပ်ပါတယ်။
၇) စိတ်ဖိစီးမှုနည်းသော ဘဝကို ရရှိခြင်း
ကလေးရရှိနိုင်ဖို့ နောက်ဆုံးအချက် အနေနဲ့ စိတ်ဖိစီးမှုနည်းပါးတဲ့ ဘဝကို ရရှိ ဖို့ပါပဲ။ စိတ်ဖိစီးမှုနဲ့ ကိုယ်ဝန်ရရှိတာဟာ သိပ္ပံနည်းကျ ဆက်စပ်မှုမရှိပေမယ့် စိတ် ဖိစီးမှုကြောင့် ခန္ဓာကိုယ်တွင်းက စနစ် တွေ အားနည်းသွားတဲ့အတွက် ခန္ဓာ ကိုယ်လုပ်ငန်းတွေလည်း လျော့ကျသွား ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဟော်မုန်း တွေကို ထိန်းချုပ်ထားတဲ့ ဦးနှောက်အ စိတ်အပိုင်းကို ထိခိုက်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ မမျိုးဥထွက်ရှိလာဖို့နဲ့ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်း အဆင့်အတွက် ဟော်မုန်းတွေကို ဦးနှောက်မှ ထိန်း ချုပ်ထားပါတယ်။ စိတ်ဖိစီးမှုများလွန်းနေရင် ဓမ္မတာစက်ဝန်း အတွင်း မမျိုးဥကြွေချိန် နောက်ကျတာ၊ ဒါမှမဟုတ် မမျိုးဥ လုံးဝ မကြွေတာတွေ ဖြစ်တတ်ပါတယ်။ Stress Induced Anovulation လို့ ခေါ်ပါတယ်။
ဒေါက်တာခင်မိုးမိုး
Good Health

No comments:

Post a Comment