Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 21, 2013

အသက်၁၈နှစ်ပြည့်မှဖတ်ပါဆေးစာများ - Ectopic Pregnancy သားအိမ်ပြင်ပမှာ သန္ဓေဘာလို့တည်ရသလဲ

Fri, Sep 20, 2013 at 2:51 PM
ဆရာရေးထားတဲ့ သားအိမ်ပြင်မ သန္ဓေတည်ခြင်းအကြောင်း ခုဘဲတွေ့လို့ ဖတ်ပြီးပါပြီဆရာ။ ဆိုင်ကယ်စီးရင် သန္ဓေသား ထိခိုက်သလား။ ကိုယ်ဝန် ဘယ်နှစ်လထိ စီးနိုင်လဲဆိုတာလေးတော့ ပြောပြပေးပါဆရာ။

အများဆုံးဟာ ဘာလို့ဖြစ်သလဲ မပြောနိုင်ပါ။ ဖြစ်နိုင်ခြေ (၄) ခုရှိပါတယ်။
(၁) Fallopian tube problems သားအိမ်ပြွန်မှာ တခုခုဖြစ်နေတာ၊
(၂) Smoking ဆေးလိပ်သောက်တာနဲ့
(၃) Surgery ခွဲစိတ်ကုသဘူးတာ နဲ့
(၄) Medications ဆေးတွေကြောင့်ဖြစ်နိုင်တယ်။

(၁) Fallopian Tube Problems
သားအိမ်ပြွန်ဆိုတာ သားအိမ်ရဲ့ အပေါ်ပိုင်းကနေ ဘယ်တခု၊ ညာတခု ၅-၆ လက္ခလောက်ရှည်တဲ့ပြွန်လေးတွေဖြစ်တယ်။ အဖျားမှာ လက်ဝါးလိုနေတဲ့ပွင့်နေတဲ့အပေါက်ဝရှိတယ်။ ဒီနေရာကနေ မျိုးဥအိမ်ကနေထွက်လာမဲ့ မျိုးဥကိုဖမ်းယူပြီး သားအိမ်ပြွန်ထဲ ရောက်လာစေအောင် စီစဉ်ထားတယ်။ မျိုးဥနဲ့ ကျားသုက်ပိုးတို့ ထိတွေ့-ပေါင်းစပ်ရာကနေ သားအိမ်ပြွန်ထဲမှာ သန္ဓေဖြစ်လာတဲ့အခါ အဲဒါက သားအိမ်ထဲဆင်းလာပြီး သားအိမ်နံရံမှာကပ်တွယ်ရင် သန္ဓေကပ်ပြီလို့ ပြောနိုင်တယ်။ ဒါကြောင့် သားအိမ်ပြွန်မှာ ရောဂါတခုခုရှိနေရင်၊ ရှိခဲ့ဘူးရင် အဲဒီဖြစ်စဉ်က ကောင်းကောင်းမဖြစ်၊ ဒါမှမဟုတ် လုံးလုံး မဖြစ်လာနိုင်လို့ ကိုယ်ဝန်မရနိုင်တာဖြစ်မယ်။

သားအိမ်ပြွန် ရောဂါတခုခုဆိုတာ
၁ (က) Previous pelvic infection မျိုးပွါးအင်္ဂါတွေပိုးဝင်ဘူးခြင်းဟာ Gonorrhea (ဂနိုးရီးယား) နဲ့ Chlamydia (ကလာမိုင်ဒီးယား) စတဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေကနေဖြစ်စေနိုင်တယ်။ တချို့အမျိုးသမီးတွေမှာ ရောဂါကို ခံစားမနေရဘဲ ပိုးရှိနေနိုင်တယ်။ အဲလိုရောဂါမျိုးကို Pelvic inflammatory disease (PID) တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ခြင်းလို့ ခေါ်တယ်။
၁ (ခ) Intrauterine contraceptive device (IUD) ကိုယ်ဝန်တား သားအိမ်ထဲထည့်ထားရတဲ့ပစ္စည်းကနေလဲ သားအိမ်ပြင်ပမှာ သန္ဓေတည်တာ ဖြစ်စေနိုင်တယ်။
၁ (ဂ) Endometriosis (အင်ဒိုမီထရီရိုးဆစ်) ခေါ်တဲံ သားအိမ်ရောဂါရှိရင်လဲ သားအိမ်ပြင်ပမှာ သန္ဓေတည်တာ ဖြစ်စေနိုင်တယ်။

(၂) Smoking ဆေးလိပ်သောက်တဲံ အမျိုးသမီးတွေမှာ (နီကိုတင်း) ကြောင့် သားအိမ်ပြင်ပမှာ သန္ဓေတည်တာ ဖြစ်စေနိုင်တယ်။

(၃) Surgery ခွဲစိတ်ကုသခံရဘူးရင်လဲ သားအိမ်ပြင်ပမှာ သန္ဓေတည်တာ ဖြစ်စေနိုင်တယ်။ Tubal sterilization ရာသက်ပန်ကလေးမရအောင် သားအိမ်ပြွန်ဖြတ်တာက အဆင်မပြေရင် ဖြစ်နိုင်တယ်။ ဖြတ်ထားပြီးသားကို ကလေးရချင်လို့ ထပ်ခွဲစိတ်ရာကနေလဲ ဖြစ်နိုင်တယ်။

(၄) Medications ဆေးတွေကြောင့်လဲဖြစ်နိုင်တယ်။
၎ (က) Clomiphene citrate နဲ့ Pergonal လို ကလေးရအောင် (မျိုးဥထွက်အောင်) ပေးတဲ့ဆေးတွေ၊
၎ (ခ) Contraceptive ကိုယ်ဝန်တားဆေးထဲမှာ Progesterone ဟော်မုန်းပါနေတာမျိုးကလဲ ဖြစ်နိုင်တယ်။

ဆိုင်ကယ်စီးတာကို သားအိမ်ပြင်ပ သန္ဓေတည်ခြင်း အကြောင်းတရားတွေထဲမှာ မတွေ့ရပါ။ ကိုယ်ဝန်ပျက်ခြင်းအကြောင်း သပ်သပ်ရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၉-၂ဝ၁၃

No comments:

Post a Comment