Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 23, 2017

ဘစ်ကားပေါ်မှ အုပ်စုလိုက် ၀ိုင်းမုဒိန်းကျင့်ခဲ့သည့်ရုပ်သံ ဆိုရှယ်မီဒီယာများက ဖေါ်ပြခဲ့နောက် တရားခံ(၆)ဦးအားဖမ်းဆီး


မော်ရိုကို (23-8-2017)
မော်ရိုကိုနိုင်ငံက မြို့ တွင်းပြေးဆွဲနေတဲ့ ဘစ်ကား တစီးပေါ်မှာ အမျိုးသမီးငယ်တဦးကို ကားသွားနေစဉ် အုပ်စုလိုက်ဝိုင်း မုဒိန်းကျင့်နေကြတာကို ကား
ပေါ်မှာ ပါလာသူတွေက ကာကွယ်ကယ်တင်မပေးတဲ့အပြင် ၀ိုင်းရီမောကြ-တဲ့ ရုပ်သံမှတ်တမ်း ရိုက်ခဲ့ကြလို့  အမျိုးသမီး အခွင့်အရေးဆိုင်ရာအဖွဲ့ တွေက အရေးယူပေးပါလို့  ဆိုရှယ်မီဒီယာကနေ တောင်းဆိုခဲ့တာပါ။
အဆိုပါ မုဒိန်းရုပ်သံ ဟာ အင်တာနက်မှာ ပြန့် သွားခဲ့ပြီးတဲ့နောက် နိုင်ငံတကာ အမျိုးသမီးရေးရာအဖွဲ့ တွေက မော်ရိုကို အစိုးရကို ၀ိုင်းဖိအားပေး
ခဲ့ကြသလို မော်ရိုအမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခံနေရတာကို
နိုင်ငံတကာက ကိုယ်ချင်းစာ စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
အစလာမ် ဘာသာဝင်တွေရဲ့  နိုင်ငံမှာ ခုလို မျိုး စိတ်မကောင်းစရာဖြစ်ရပ်ကို ကားပေါ်လိုက်ပါလာလူတွေကပုံမှန်ဟာသဖြစ်စဉ်အနေနဲ့  သဘောထားနေကြတာကို အမျိုးသမီးအဖွဲ့ ကလည်း ခံပြင်းဒေါ်သထွက်ခဲ့ကြပါတယ်။
အမျိုးသမီးငယ်က ဆင်းရဲတဲ့ မိသားစုအသိုင်းဝန်းကဆိုတော့ ထုတ်ဖေါ်မပြောရဲ-ရဲမတိုင်ရဲဖြစ်နေတာကို ငြိမ်ကြည့်နေမယ်ဆိုရင် ဒီဖြစ်ရပ်
ကို ထောက်ခံနေသလိုဖြစ်လိမ့် မယ်.. မော်ရိုကိုမှာ ခုလို အုပ်စုမုဒိန်းမှုတွေ အရမ်းများလာနေပါပြီ လို့  အမှုကို ဦးဆောင် တိုင်ချက်ဖွင့်ပေးတဲ့အဖွဲ့ ရဲ့  ပြောရေးဆိုခွင့်ရှိသူ Zahra al-Faisawi, က ပြောပါတယ်။
ယခုရက်ပိုင်းအတွင်းမှာ တော့ မုဒိန်း တရားခံခြောက်ဦးစလုံးကို ရဲတပ်ဖွဲ့ က လိုက်လံဖမ်းဆီးလိုက်ပါပြီ။
Gang rape of woman on public bus sends shockwaves across Morocco
SAW
ရုပ်သံ
https://www.facebook.com/229532147437641/videos/585445068513012/
WARNING: This video contains graphic content
https://www.youtube.com/watch?v=ggFBzoW9hh8

Pl





No comments:

Post a Comment