Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Showing posts with label gossip column. Show all posts
Showing posts with label gossip column. Show all posts
Wednesday, August 26, 2020
ဖြူဖြူထွေးရဲ့ ဟန်ဆောင်မှုတွေနဲ့ အကျင့်မကောင်းကြောင်းတွေကို ပြောပြလာတဲ့ ဖြိုးဆက်ပိုင်
ရိုင်းလိုက်တာ Fb ပေါ်မှာနဲ့တစ်ခြားဆီ
ဒီနေ့ Fb ပေါ်နာမည်ကြီးဆယ်လီတစ်ယောက်နဲ့ အလုပ် လုပ်ဖြစ်ပါတယ်
ကိုယ်ကတော့ တော်တော်များများနဲ့ အလုပ်လုပ်ဖြစ်နေတာဆိုတော့ ပေါင်းရသင်းရခက်တဲ့
လူတွေနဲ့တောင် အလုပ် လုပ်ခဲ့ပါသေးတယ် Professional Fees တစ်ခုယူထားပြီး
Script တွေမဖတ်ချင်လို့ တွန်းပစ်လိုက်တာမျိုးတွေ အခန်းထဲမှာသူ့ကိုသဘောကျလို့
လာကြည့်တဲ့ MDတစ်ချို့တော့ရှိတာကိုအကုန်ထွက်ပေးပါတွေ ပြောနေတာက အဆင်မပြေဘူး
Technical တွေမဖတ်တတ်မှာဆိုးလို့ Eng လိုတွေ သိလို့ရအောင် ဘေးမှာထိုင်တဲ့ကိုယ့်ကိုတောင်
ငါပဲမြန်မာလိုမဖတ်တတ်တာလားတွေ နင်တို့ဟာကလည်းရှုပ်လိုက်တာ ရှည်လိုက်တာတွေ
ပြောနေတာကတော့ အဆင်မပြေလှဘူး ဘယ့်လောက်ပဲ အပြင်မှာပြသနာ တက်လာတက်လာ
ရိုက်ကွင်းထဲမှာ တရားစွဲမယ်တွေ ဘာတွေပြောနေတာကလည်း အပ်ထားတဲ့ ကုမ္ပနီတွေအတွက်ကောင်းမယ်လို့မထင်ဘူး
အလုပ်ကြိုးစားတာလေးတော့ သဘောကျတယ်။ အရင်ကတော့ ကြိုက်တယ်။ ခုတော့ ဆောတီးပဲ
(Edit စာဖတ်နည်းပို့စ် Comment တွေထဲရှာကြည့် အစ်ကို့လိုဖြစ်ဖူးတယ်ပြောတာတဲ့ သူတွေကို Profile ၀င်ကြည့်ပါ
တောသားတစ်ယောက်ပါရင် SS လာပြပါ )ဆိုပြီး Phyo Sat Paing ကောင့်ကနေတင်ထားတာပဲဖြစ်ပါတယ်
Sunday, August 23, 2020
ဖြူဖြူထွေးက သူအောင်မြင်ဖို့ အတွက် အနုပညာသမားတွေကို ခုတုံးလုပ်နေတာလို့ ပြောလိုက်တဲ့ မင်းခန့်ကျော် (ရုပ်သံ)
ဖြူဖြူထွေးက သူအောင်မြင်ဖို့ အတွက် အနုပညာသမားတွေကို ခုတုံးလုပ်နေတာလို့ ပြောလိုက်တဲ့ မင်းခန့်ကျော် (ရုပ်သံ)
Monday, December 30, 2019
ဝေဖန်မှုတွေကို Myanmar Idol အက်စတာရဲ့ပြန်လည်ဖြေရှင်းချက်
အော် သမီးက 2017 မှာChin Idol မှာ winner ဆုရခဲ့တယ် အဲကနေတစ်ဆင့် winner ရတဲ့သူကို နိုင်ငံခြားမှာနေတဲ့ချင်းအဖွဲ့အစည်းကနေပီးတော့တစ်ဆင့်Gospel concert လုပ်ဖို့ခေါ်တယ်( သမီးတို့ချင်းလူမျိုးကဆင်းရဲတယ် ရှင့် သီချင်းဆိုပီးတော့ပိုက်ဆံအများကြီးရဖို့အရမ်းခက်ခဲတယ် ဒါမယ့်ပြည်ပမှာနေတဲ့နိုင်ငံအသီးသီးကချင်းလူမျိုးတွေကနေတစ်ဆင့် သမီးတို့ ချင်းလူမျိုးထဲက Gospel singer ပဲဖြစ်ဖြစ် love song singer ပဲဖြစ်ဖြစ် သူတို့ပံ့ပိုးမှုကနေတစ်ဆင့် အဆိုတော်တွေအရမ်းတော်လွန်းလို့ခေါ်တယ်ဆိုတာထက် ကိုယ့်လူမျိုးအချင်းချင်းသမီးတို့ရဲ့ ကြိုးစားမှုကိုအသိမှတ်ပြုပေးတဲ့အနေနဲ့မြှင့်တင်ပီးတော့ရိုင်းပင်းကူညီပေးခဲ့ကြတယ် အဲလိုမြှင့်တင်ခံရတဲ့ထဲမှာ သမီးလည်းပါတယ်ပေါ့နော်) ဒီလိုနိုင်ငံခြားသွားတာ သမီးပိုက်ဆံတစ်ပြားတောင်မကုန်ခဲ့ပါဘူး ကိုယ့်ပိုက်ဆံနဲ့ဆိုရင်လည်းမသွားနိုင်ပါဘူးအဲလောက်မချမ်းသာဘူးရှင့်
ပီးတော့ အနုပညာကြေးက မြန်မာနိုင်ငံကအနုပညာကြေးရသလိုမျိုးမရဘူးရှင့် ပီးတော့အဲတုန်းက အနုပညာကြေးကဘယ်လောက်ပါဆိုပီးတော့မသတ်မှတ်ရဲခဲ့ဘူးသတ်မှတ်ရအောင်လည်းကိုယ်ကချွန်ထွက်ပီးတော့တော်တာတက်နေတာလည်းမဟုတ်ခဲ့ဘူး သမီးရဲ့ကြိုးစားမှုကိုအသိမှတ်ပြုလို့သာ သမီးကိုမေတ္တာနဲ့ခေါ်တာဖြစ်တဲ့အတွက်သူတို့ပေးတဲ့လက်ဆောင်ကိုအမြဲတမ်းကျေကျေနပ်နပ်လက်ခံခဲ့တယ် ပျော်လည်းပျော်ခဲ့တယ် လက်ဆောင်မပေးလဲ အဲနိုင်ငံရောက်တာနဲ့တင်သမီးဘက်ကပြောပြလို့မရအောင်ကျေနပ်နေတယ်ခဲ့ပါတယ် ဘာလို့လဲဆိုတော့အမြင်တွေကျယ်လာခဲ့တယ် အဲတာဘာနဲ့မှဝယ်လို့မရတဲ့အရာမို့လို့ပါ
သမီးမြန်မာပြည်ပြန်လာတော့ ရထားတဲ့ပိုက်ဆံလေးထဲကနေ mission လုပ်တယ် အမေအတွက်ဆေးဖို့တက်နိုင်သလောက်ပေးတယ်ပီးတော့ နောက်ဆုံးနှစ်တက္ကသိုလ်ကိုအတက်နိုင်ဆုံးမိဘကိုတစ်ဖက်ကနေကူညီသောအားဖြင့်ကိုယ့်ဟာကိုအဆောင်ငှါးတယ် ကျောင်းတက်ပါတယ်မောင်လေးကိုလည်းတက်နိုင်သလောက်ကြည့်တယ်အဲတော့နည်းနည်းရထားတဲ့ပိုက်စံကလည်းအလုပ်ဘာမှမလုပ်နိုင်သေးတော့ကျောင်းဖိုးတွေနဲ့ကုန်တာပေါ့နော် အဲကနေတစ်ဆင့်Myanmar Idol ပြိုင်ခါနီးအဆောင်ဖိုးပေးဖို့မရှိတော့လို့ဖေဖေ့စီကအဆောင်ဖို့လှမ်းတောင်းတယ်ပို့လိုက်တဲ့ပိုက်စံကိုမစားဘဲစုတယ်ရှိတဲမုန့်ဖိုးနဲ့အဝတ်စားနည်းနည်းဝယ်တယ်ကျန်တဲ့ပိုက်ဆံနဲ့ မောင်လေးနဲ့အတူ Myanmar Idol မှာပြိုင်တာဖြစ်ပါတယ်
That all about my story of Myanmar Idol
လူတစ်ယောက်ရဲ့ဘဝအကြောင်းကိုသေချာမသိဘဲနဲ့မပြောပါနဲ့အပူတွေမယူကြပါနဲ့ညီမကိုပြောတာအကြောင်းမဟုတ်ဘူးခံနိုင်ပါတယ်ဒါမယ့်ပြောနေတဲ့သူတွေဘဝသံသရာအဆက်ဆက်ဝဋ်ကြွေးတွေဆက်ရမှာစိုးလို့ပါ အားလုံးမေတ္တာနဲ့ပါ ပီးတော့သမီးကို ဘာသာခြားအမျိုးတို့အားလုံးကဘုရားမှာအလှူတွေလုပ်ပေးတဲ့သူအားလုံး အမျှ အမျှ အမျှပါ ကျန်းမာပါစေချမ်းသာကြပါစေ လို့ဆုတောင်းပေးပါတယ်
နှစ်သစ်မှာဘုရားသခင်ငြိမ်သက်ခြင်းပေးကြပါစေရှင့်
အက်စတာကို ဝေဖန်တဲ့သူတွေ ကိတ်လာအောင် ထိုင်ထ လုပ်နေလို့ ဒဲ့ပြောလိုက်တဲ့ ပန်ဆယ်လို
Myanmar Idol ပြိုင်ပွဲမှာ Winner  Winner ရရှိခဲ့တဲ့ အက်စတာကို ဝေဖန်တိုက်ခိုက်မှုတွေပြုလုပ်နေကြတဲ့အပေါ်  ပန်ဆယ်လိုက ခုလိုရေးလိုက်ပါတယ်။
Source : အိပန်ဆယ်လို
Candy -CeleConnections
ယူနီကုဒ်ဖြင့်ဖတ်ရန်
Cele Connections ပရိသတ်ကြီးရေ လတ်တလောမှာ ပရိသတ်တွေပါးစပ်ဖျားမှာ  အငြင်းပွားနေကြတဲ့ အကြောင်းအရာကတော့ Myanmar Idol ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့တဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ Winner ရရှိခဲ့တဲ့ အက်စတာကို ဝေဖန်တိုက်ခိုက်မှုတွေပြုလုပ်နေကြတဲ့အပေါ် ပြည်သူ့အချစ်တော် စာရေးဆရာမ ပန်ဆယ်လိုက ပညာသားပါပါနဲ့ သူမအမြင်ကို ပြောပြခဲ့တာပါ။
” အောင်မြင်မှုဟာ အဆိပ်လားလို့တောင် တွေးမိလာတယ်။ အထူးသဖြင့် ဝန်တိုခြင်းနိုင်ငံတော်မှာ အောင်မြင်ခြင်းဟာ အဆိပ်သင့်ခြင်း တစ်မျိုးပဲ။မြန်မာအိုင်ဒေါလ်ကို ဒီSeason မှာ လုံးဝမကြည့်ဖြစ်ဘူး။ ဘယ်သူ့ဖန်မှလည်း မဟုတ်ဘူး။ မကောင်းလို့လည်း မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် ပျင်းလို့ မကြည့်ဖြစ်တာ။ Idol တစ်ခုလုံး ငိုပြနေကြလို့ ဧယဉ်ကျူးနေကြတာလားလေး မေးမိတာ အက်စတာကို တိုက်ခိုက်ပါတယ်ဆိုပြီး လာဝုန်းခံရသေးတယ်။
အက်စတာ နိုင်ငံခြားသွားတဲ့ ပုံတွေနဲ့ အရင်က ဆင်းရဲတယ်ဆိုပြီး မျက်ရည်ချူတယ်တို့၊ ပြိုင်ပွဲတွေမှာ ဆုရဖူးတယ်တို့ မရိုးသားတာ ဘာညာတွေ ရေးကြပြန်တယ်။ တကယ်ကလေ Myanmar Idol ဆိုတာ Reality Show ကြီး။ လူတွေရဲ့ စိတ်ခံစားမှုကို လှုပ်ယူနိုင်မှ ငွေရမှာ။ လူတွေကို စေတနာရှိလွန်းလို့ အလကား Entertains လုပ်နေတာမှ မဟုတ်တာ။ သူ့စင်ပေါ်မှာ တင်ပေးလိုက်တဲ့သူတိုင်းကို တစ်နိုင်ငံလုံးသိအောင် လုပ်ပေးနိုင်တယ်၊ အဲ့စင်တစ်ခု ဖြစ်လာဖို့လည်း ငွေတွေအများကြီး ရင်းနှီးထားရတယ်။ အဲ့အတွက် အဲ့ထက်ပိုတဲ့ငွေကို ပြန်ယူမှာပဲ။
ပြန်ရအောင် လုပ်မှာပဲ။ ပြန်ယူပေးနိုင်တဲ့ ဆွဲဆောင်မှုရှိတဲ့ရုပ်ရည်၊ ဆွဲဆောင်မှုရှိတဲ့ နောက်ခံဇာတ်ကြောင်းတွေ.. ဒါတွေကို ဖန်တီးမှာပဲ။ လိမ်တယ်ဆိုရင်တောင် စင်ပေါ်က မျောက်လေးတွေက လိမ်ရဲလားနဲ့ ဆန်ရဖို့ ပြမယ့်မျောက်လေးကို ဇာတ်ညွှန်းလှလှလေးတွေ ချပေးနိုင်သူက လိမ်ရဲလား ရိုးရိုးလေး တွေးကြည့်ရုံပဲ။
ပိုဆိုးလာတာက သူ့ဖန်တစ်ယောက်က စနောက်ပြီး လုပ်ထားမှန်း သိသာတဲ့ မောင်ဘယ်သူနဲ့ ဇနီးမအက်စတာဆိုတဲ့ ပုံကြီးကို အိမ်ထောင်ရှိပါတယ်ဆိုပြီး အတည်ပေါက်ကြီးနဲ့ ဖွနေကြတာမျိုး။ ပုံက ကြည့်လိုက်တာနဲ့ကို စထားမှန်း အသိသာကြီး။ အဲ့ဒါကြီးကို အတည်ကြီးတွေ ပြော၊ အတည်ကြီးတွေယုံနဲ့ ဘာတွေမှန်းတောင် မသိတော့ဘူး။ ဆက်ပြောရင် ကိုယ်က အက်စတာဖန်ဖြစ်ပြီး ဖျင်နာတယ် ထင်ကြဦးမယ်။
ကိုယ်က ဘယ်သူ့ကိုမှ ပလိန်းကြီး မတိုက်ခိုက်စေချင်တာပါ။ ဒီနေရာကို ရောက်လာကတည်းက စင်ပေါ်ရောက်လာသူတွေ အားလုံးရဲ့ အိပ်မက်ဟာ Winner ဖြစ်ဖို့ပဲမဟုတ်လား။ သူမှမဟုတ်ဘူး… ပြိုင်ပွဲဝင်အားလုံးဟာ ဒီဆုအတွက် ယှဉ်ပြိုင်ခဲ့ကြတာပဲ။သူများကို သနားလို့ နောက်ထပ်တစ်ယောက်ကို အကုသိုလ် ပွါးမယ့်အစား အတူတူ ထိုင်ထလုပ်ကြမလား..ဖျင်ကိတ်လာလို့ ဘောင်းဘီဆိုဒ်လေး တိုးလာမနည်းဘူးမဟုတ်လား..”
 ပန်ဆယ်လို
Source : အိပန်ဆယ်လို
Friday, December 27, 2019
ရဲအုပ် ရဲမြတ်ဟိန်း(လ ၂၁၂၅၆၅)လူမှုရေးဖောက်ပြန်မှု
ရဲအုပ် ရဲမြတ်ဟိန်း(လ ၂၁၂၅၆၅)ယခု စစ်တွေမူးယစ်-၄၇တွင် တာဝန်ထမ်းဆောင်နေသူနှင့် ကျွန်မမပန်းအိဖြူ သည် ရဲဘော်ဘဝ ငယ်စဉ်ဘဝတည်းကလပ်ထပ်ပေါင်းသင်းခဲ့ကြသူများ ဖြစ်ပါသည်။ ရဲဘော်ဘဝအဆင်မပြေစဉ်ကာလများတွင် ကျွန်မသည် ဆင်းရဲဒုက္ခများကို ခါးစည်းခံခဲ့ရပါသည်။ သူသင်တန်းတက်၊ ကျောင်းတက်နေတော့လည်း ဈေးရောင်းပြီး ထောက်ပံ့ပေးခဲ့ရပါသည်။ သူပြောင်းရွှေ့သည့် နေရာများတွင်လည်း လိုက်လံပြောင်းရွှေ့၍ ဒုက္ခများရောက်ခဲ့ပါသည်။နေပြည်တော်တွင် ဒုရဲအုပ်ဘဝနှင့်လည်း မိန်းကလေးတစ်ယောက်နှင့် ဖောက်ပြန်ခဲ့ဖူးပြီး မိန်းကလေးမှ နောက်ဆုတ်ပေး၍ တစ်ခါမှားဖူးဘူးပြီး အသိစိတ်များရှိနေပြီဟု မှတ်ခဲ့ပါသည်။ ရန်ကုန်နောက်မူးယစ်ကိုလွန်ခဲ့တဲ့(2)နှစ် လောက်က ရဲအုပ်ရာထူးဖြင့် ပြောင်းရွှေ့သည့် အခါမှာတော့ကျွန်မဘဝကံဆိုးမိုးမှောင်ကျပါတော့တယ်။
ပိုက်ဆံလေးရ အဆင်လေးပြေလာတော့ ရန်ကုန်က မိန်းကလေးနှင့်ဖောက်ပြန်ကာ ကျွန်မထံပြန်မလာတော့ပါ။ ကျွန်မကို လစာတောင် နောက်ပိုင်းလုံးဝမပေးတော့ပါ။ သူရဲ့သူငယ်ချင်းများက ဝိုင်းဝန်းပြောကြသော်အခါ ရဲအုပ် ရဲမြတ်ဟိန်း(လ ၂၁၂၅၆၅)မှ ကျွန်မမှ ရူးနေသည်ဟုပြောဆိုခဲ့ပါတယ်။ အမှန်ဆို ကျွန်မရူးနေလျှင် သူကတောင် ရောဂါကို ကုပေးရမှာမဟုတ်ပါလား။ ကျွန်မမှ ပြန်ပေါင်းရန် အမျိုးမျိုးကြိုးစားခဲ့သော် နောက်ပိုင်း ညှိုနှိုင်းလို့မရတော့ပါ။ မရတဲ့အကြောင်းကလည်း အဲ့ကောင်မလေးနှင့် တိပ်တိပ်ပုန်းပေါင်းသင်းနေခဲ့ကြပါတယ်။ အထက်လူကြီးရဲတစ်ဦးကို တိုင်တော့လည်း နင့်မှ မပေါင်းချင်လို့ပြန်မလာတာကို နင်ကလာတိုင် နေသေးတယ်ပြောဆိုခဲ့ပါတယ်။ ကျွန်မကရဲချုပ်ထိရောက်အောင် တိုင်တန်းခဲ့သော်လည်း လက်ပူးလက်ကြတ်မမိလို့ မှင်နီတစ်စက်သာပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျွန်မက စားစာရာသောက်စရာလုံးဝရှိတော့၍ ပြန်ထောင်ုဝန်ကြီးအထရောက်အောင်တိုင်တန်းလို့ စစ်ဆေးရေး ဆင်း၍ ညှိုနှိုင်းပေးရ ငွေသိန်း(100)ပေး မယ်။ကွာရှင်းပေးဟာဆို၍ စားဖို့သောက်ဖို့အဆင်ပြေစေ ရန်ယူပြီးကွာရှင်းပေးမယ်ဟုပြောကာနောက်နေ့တွင် လက်မှတ်ထိုးရန် လက်ခံပေးလိုက်ပါတယ်။ နောက်နေ့ကွာရှင်းစာချု ပ်မှာ လက်မှတ်ထိုးပြီးမှ ပစ္စည်းခွဲဝေစာချုပ်ဆိုပြီးပေး၍ ဖတ်ကြည့်မှ ငွေကျပ်သိန်း(100)ကိုအရစ်ကျပေးဖို့ လုပ်ထားတာကိုတွေ့ရပါတယ်။ သိန်း(၅၀)ကို ပထမတစ်ကြိမ်၊ သိန်း(20)ကို ဒုတိယအကြိမ်၊ ကျန်ငွေ သိန်း(30)ကို ယခုလာမည့်ဒီဇင်ဘာလမှ ပေးမည်ဟု ရေးထားပါသည်။ကျွန်မမှ ဝန်ထမ်းဘဲလေ သူအဆင်မပြေလို့နေမှာဘဲ တွေးပြီးယူခဲ့ရပါတယ်။ ယခုတော့သူက ကားတွေဝယ် ရွှေတွေဝယ်နဲ့ အငယ်ကကောင်းစားနေပါတော့တယ်။ ကျွန်မလည်း လူ့ဘဝကြီးကို စိတ်ကုန်နေပြီဖြစ်၍ ယခုအခါ လူဝတ်စွန့်ကာ အပြီးအပြတ် သီလရှင်ဝတ်လိုက်ပြီ ဖြစ်ပါသည်။ နောက်လူများ ကျွန်မကဲ့သို့ လူညစ်များနှင့်မတွေ့ဆုံစေရန် ရေးသားချင်းဖြစ်ပါသည်။
Pen Ei Phyu
Thursday, December 26, 2019
လွတ်တော်ကိုယ်စားလှယ်ဦးစိုးပိုင်ဌေး အရူပ်တော်ပုံ
ကောင်မလေးနဲ နေပြည်တော်မှတွေတယ် ခင်မင်ရင်းနီးသွားတယ်။ ငွေရေးကြေးရေးတွေအပြန်လန်ကူညီကျတယ် လုပ်ငန်းတွေလုပ်တယ် မအောင်မြင်ပဲအရှုံးပေါ်တယ်။ အဲချိန်မှာဦးစိုးပိုင်ဌေးအိမ်ကသိသွားတယ်။ သူအိမ်ကစပြီးအဲကနေ ဦးစိုးပိုင်ဌေးကို ဝင်ငွေလမ်းကြောင်းတွေ ဖြတ်တောက်တယ်။
ဦးစိုးပိုင်ဌေးက ပျော်ပျော်နေတက်သူ ပိုက်ဆံတွေလိုက်ချေးပြီးသုံးတယ်။ အိမ်ကထက်သိသွားတယ်။ သူအိမ်ကသိတော ဦးစိုးပိုင်ဌေးကို ပျက်သနာရှာတောဒါပေါ နေရှိသရွှေ့ ပိုက်ဆံတွေလည်းလိုက်ချေးမရအောင်လိုက်ပိတ်ထားတယ် ။အဲဒါဆိုကောင်မလေးကပိုက်ဆံမရှိရင် ဦးစိုးပိုင်ဌေးကိုအခေါ်အ‌ပြောမလုပ်တောဘူးလိုထင်ကျဒါပေါ။
ကောင်မလေးကလည်းကူညီဖူးထားဒါရှိတော ငွေရေးကြေးရေးပြန်ကူညီဒါပေါ ။သူတိုထင်သလိုဖြစ်မလာဘူး ဦးစိုးပိုင်ဌေးကလည်း အိမ်ကရန်ရှာနေတောအိမ်ကိုမပြန်ဘူး ပြန်သွားရင်လည်း ရန်ရှာလို ထွက်ထွက်ပြေးလာတယ်။ အဲတောကောင်မလေးကို စပြီးမဲကျပါလေရော ဖုန်းတွေဆက်ပြီးတော ရန်ရှာတယ်။
ကောင်မလေးကသည်းခံပြီး ဦးစိုးပိုင်ဌေးကိုပြန်ဖိုပြောပြီး ပြန်ခိုင်းတယ်။ ပြန်ဖိုလမ်းစရိတ်မရှိဒါတောင် ထုပ်ပေးပြီးပြန်ခိုင်း ဦးညီကလည်းမပြန်ချင်ဘူး အိမ်ပြန်ရောက်ဒါနဲ ရန်ရှာခံရတော မြန်မာပြည်ကတောင်ထွက်သွားဖိုကြံတယ်။
ကောင်မလေးကပြန်ဖိုပြောတယ် ကောင်မလေးကပြန်ဖိုခဏခဏပြောတော နှစ်ရောက်သားရန်ထဖြစ်ကျတယ် ဦးစိုးပိုင်‌ဌေးကဖုန်းကိုရိုက်ခွဲပြီးထားခဲတယ် ကောင်မလေးကဖုန်းကို ကောက်ယူလာခဲတယ်။
ဖုန်းကိုပြန်ပြင်ကြည်လိုက်တော ဖုန်းထည်းမှာသူကိုမကောင်းဒါလုပ်တဲဘာညာ ပက်ပက်ဆက်ပြောထားဒါတွေတော စိတ်ထဆိုးပါလေကော အဲကြားထည်း ဦးစိုးပိုင်‌‌ဌေးအသိုင်းဝိုင်းက ကောင်မလေးကိုမကောင်းတဲကောင်မဆိုပြီးသတင်းဖြန်ဒါတွေ ပြန်ကြားရပြန်တော ဒေါသတွေထွက်ပြီး ခုလိုတွေပြန်လုပ်တောဒါပဲ။
Saw Khun Shwe
မြိတ်မြို့နယ် ပြည်သူ့လွှတ်ကိုယ်စားလှယ်
ဦးစိုးပိုင်ဌေးရဲ့ အောကားကို ချပြမယ်တဲ့
Saw Khun Shwe
Saturday, November 30, 2019
Myanmar Idol ကို ကျေးဇူးမတင်ရင်တောင် ပရိသတ်နဲ့ ရန်တိုက်ပြီးကျေးဇူးမဆပ်သင့်ပါဘူးလို့ ဖြိုးမြတ်အောင်ကို ဝေဖန်လိုက်တဲ့ မိုင်းမိုင်ဆိုင်း
Myanmar Idol Season-4 ပြိုင်ပွဲကြီးကို လာရောက်အားပေးခဲ့တဲ့ Season-3 Winner ဆုရှင် ဖြိုးမြတ်အောင် ပွဲထဲဝင်ခွင့်မရလို့ရှက်ပြီး ပြန်လာခဲ့ရတယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး Season-2 ရဲ့ Top -10 တစ်ယောက်ဖြစ်တဲ့ မိုင်းမိုင်ဆိုင်းက ဖြိုးမြတ်အောင်ကို ခုလိုရေးသားဝေဖန်လိုက်ပါတယ်။
” ဘာပဲ ပြောပြော မင်းတို့ ငါတို့ကောင်တွေ ဘာမှ စောက်ရုပ်မပေါက်တဲ့ ဘ၀ ကနေ ခု ဒီ program ကြီးကြောင့် ဒီမိသားစုက ဝန်ထမ်းတစ်ယောက်စီပခုံးနဲ့ထမ်းတင်ပေးခဲ့တာကြောင့် ငါတို့ အနိမ်ခံ ဘဝကနေ အဆင်မပြေတဲ့ဘ၀ ကနေ ခုလိုတွေနေလာရပြီလေကွာ…သူတို့ဘက်ကတစ်ခုခု အမှားအယွင်းလေးတွေရှိခဲ့ရင်တောင် ဒီဘဝကငါတို့ကောင်တွေအတွက်အရမ်းကိုကျေနပ်သင့်နေပါပြီကွာ ”
 ” သားငယ် လောက် လူမှတ်မိနိုင်တာရှိဦးမလား..လူအုပ်ကြီးအရင်သွင်းနေလို့ဝင်လို့မရသေးဘူး ဆိုလို့ ငါတို့လည်း လူအုပ်ကြီးနဲ့ အတူရပ်စောင့်ဖူးတယ်… အကယ်၍ လက်မှတ် ပါရဲ့သားနဲ့ လူပြည့်သွားလို့ ဆိုရင်တောင် ငါတို့ကောင်တွေတောင် သဘောထားကြီးပေးသင့်တာ ငါတို့အစီစဉ်လူတောင်လျှံအောင် အားပေးကြတာဆိုပြီး..ဒါမဲ့ဒီလိုတော့ဖြစ်ရိုးမရှိပါဘူး… ”
” လက်မှတ် ၈ စောင်စလုံးပါတယ်… ၈ယောက်စလုံးလက်မှတ်ပုံစံကောတူရဲ့လား??.. ညေးဘဲဝင်ရမယ် အမေတို့အန်တီတို့လုံးဝ ဝင်ခွင့်မရှိတော့ဘူး လို့ပြောခဲ့လား??ပြောခဲ့ရင် ငါပါနင့်ဘက်ကရှိနေမယ်..ok?ညေး interviewတွေဖြေထားသလို လုံးဝ ကွက်တိဆိုပြီးလိပ်ပြာလုံရဲ့လား? စွတ်စွဲတာမဟုတ်ဘူးနော် တကယ်ငါအရမ်းခင်တဲ့ ငါ့ညေးစိတ်ကိုအဖြူထည်ဖြစ်စေချင်တဲ့ စေတနာပါ… ပရိသတ်ဝိုင်းပြန်ဆဲမှာ ကြောက်တဲ့စိတ်နဲ့တော့ ဘုရားဒကာကျောင်းဒကာကောင်းမှုတွေဘဲလုပ်နေတဲ့ ညေးရဲ့လိပ်ပြာကို မညစ်နွမ်းသွားပါစေနဲ့ကွာ… .fanတွေ ညေးပြောတာတစ်ခုတည်းနဲ့ တစ်ဖက်ပိတ်ညေးဘက်မှာ ရပ်တည်နေတာကိုညေးသာယာနေတာတော့ မဖြစ်ပါစေနဲ့ကွာ.. ”
” ငါတို့သားငယ် ကြီးတောင်ညေးလောက် အခွင့်အရေးမရပါဘူးညေးရာ ..ငါတို့ကောင်တွေရဲ့အခုအခြေအနေကအရမ်းကိုကျေနပ်သင့်နေပါပြီ… ညေးပြောသလို ညေးလို winner အနေအထားနဲ့ ပြောခံရတော့ရှက်တယ် ဆိုရအောင် ငါတို့ကောင်တွေ အဲလို အနေအထားဆိုတဲ့စကားတွေ ထည့်ပြောရမယ့် အဆင့်မဟုတ်ကြသေးဘူးလေကွာ…ခွေတွေအများကြီးထုတ်ခဲ့တဲ့ ငါတို့ကောင်တွေထက် ပေါက်မြောက်ခဲ့တဲ့စီနီယာကြီးတွေတောင် တခါတလေ နေရာပေးမခံရတာတွေရှိဖူးတာဘဲ..သူတို့နဲ့ယှဉ်ရင် ရှက်စရာကြီးပါကွာ.. ငါတို့ကောင်တွေ ခုမှ ဒီidolကနေ တင်ပေးလိုက်လို့ တကယ်စီနီယာကြီးတွေနဲ့ အတူ တစ်စင်တည်းဆို တစ်ခရီးတည်းတွေဖျော်ဖြေခွင့်ရနေတာ…
တကယ်ဆို ငါတို့ကောင်တွေ ဘာကောင် တွေ ဘာကောင်မတွေမှ မဟုတ်သေးဘူးဆိုတာကို ကိုယ့်ကိုကိုယ် alert လုပ်နေရမှာဟ… နင်တို့ငါတို့အပေါ် မမီးကအစ ဝန်းထမ်းတွေအားလုံးဘယ်လောက်တောင်ကောင်းခဲ့လဲ??ဘယ်လောက်ဂရုစိုက်ခဲ့လဲ??ဘယ်လောက်တောင်ပြည့်ပြည့်စုံစုံနေခဲ့ရလဲ?? ဒီချိန်သူတို့ တစ်ခုခု မှားယွင်းခဲ့ရင်တောင် ငါတို့ အဲလို ပြန်ပြောဖို့တွေးကိုမတွေးသင့်ပါဘူးသားကြီးရာ.. ငါတို့ အခြေနေတွေ ဘယ်လောက်တောင်ပြောင်းလဲခဲ့လဲ ကျေးဇူးမတင်ရင်တောင်ခုလိုတော့ပရိသတ်နဲ့ ရန်တိုက်ပြီးကျေးဇူးမဆပ်သင့်ပါဘူးညေးရာ.. ဒီအချိန် s4 ခေတ်ရောက်နေပြီ…ငါ့ဟဲ့ အရင်က winner တွေသွားလုပ်လို့မရတော့ဘူးလေညေးရာ. ”
” ငါတို့အပြင် media လောကမှာ ဘယ်သူနဲ့ဘယ်လို ပြသနာဖြစ်ဖြစ် ငါတို့ကိုမွေးထုတ်ပေးခဲ့တဲ့ နေရာကို တော့ အဲလို မပြောသင့်ဘူးညေးရာ… မခင်နှင်းတို့ ကိုသန့်တို့ ညေးအပေါ်ဘယ်လောက် အနွံတာခံလဲ ?ချစ်လဲ? လုပ်ပေးလဲ ဆိုတာညေးအသိဆုံးနေမှာပါ..ညေးဆို အမြဲဘုရားတရားနဲ့နေတဲ့သူကပိုနားလည်မှာပါ..
ငါတို့ Idol မိသားစုနဲ့ဖြစ်ဖြစ် အပြင်လောကမှာဖြစ်ဖြစ်တစ်ခုခု ငါ့အနေအထားတွေ ငါ့အဆင့်တွေ ဘာတွေညာတွေပြောမိတော့မယ်ဆိုရင် ငါတို့ ရဲ့အရင်တုန်းက ဘာစောက်ရုပ်မှမပေါက်ခဲ့တဲ့ လူတွေနိမ်ခဲ့တဲ့ဘဝကိုပြန်ကြည့်ရအောင်ပါ… ငါတို့အချင်းချင်းတွေပါ ငါတို့ကောင်ကြီး ဘ၀ မေ့သွားတာလားကွာ ဆိုပြီး တကယ်အဲလိုမြင်နေမိတာ..ညေး Fanကလွဲပြီးရင် အပြင်လူတွေဆို ဘယ်လိုတောင်မြင်နေကြမလဲညေးရယ် ”
မိုင်းမိုင်ဆိုင်းရဲ့ ရေးသားဝေဖန်ချက်တွေပဲဖြစ်ပါတယ်
Mai Mai Seng
ဖြိုးမြတ်အောင်ကို ခွေးလို့ငါမပြောဘူးလို့ ငြင်းဆိုလိုက်တဲ့ မြန်မာအိုင်ဒေါက ၀န်ထမ်းတစ်ဦး
မြန်မာအိုင်ဒေါပြိုင်ပွဲကို မိသားစုနဲ့သွားရောက်ကြည့်ရှုခဲ့တဲ့ မြန်မာအိုင်ဒေါဖြိုးမြတ်အောင်ဟာ
ယခုနှစ်ပြိုင်ပွဲကိုလုံခြုံရေးက ပေးမဝင်ခဲ့တာကြောင့် ဝင်ခွင့်မရခဲ့ပါဘူး။
လက်ရှိမှာ မြန်မာအိုင်ဒေါ မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်ဖြစ်သူ Nyan Lynn Aung အကောင့်ပိုင်ရှင်က 
“ခွေးတောင်မှ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်ရင် အစာငတ်သေးတာပဲ…
ခွေးထက်တော့ ဦးဏှောက်ရှိစမ်းပါကွာ…စောက်ရူး နားကန်း လို ထုံအအ လုပ်မနေနဲ့ ညီလေး….” 
ဆိုတဲ့ စာကို တင်ခဲ့ပါတယ်။အဲဒီစာဟာ ဖြိုးမြတ်အောင်ကို အားပေးတဲ့ပရိတ်သတ်တွေကြားမှာ ပျံံ့နှံ့ပြီး
မကျေမနပ်ပြောဆိုသံတွေညံလာခဲ့ပါတယ်။
နာရီပိုင်းခန့်အကြာမှာ Nyan Lynn Aung အကောင့်ပိုင်ရှင်က 
ယခုလိုစာကိုပြန်ပြင်ခဲ့ပါတယ်။
 “ခွေးတောင်မှ ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်ရင် အစာငတ်သေးတာပဲ ခွေးထက်တော့ 
ဦးဏှောက်ရှိစမ်းပါကွာ…စောက်ရူး နားကန်း လို ထုံအအ လုပ်မနေနဲ့ ညီလေး…. 
မင်းတို့ ထင်တဲ့ PMA ကို ငါမပြောဘူး..ငါမှာ သူက လွဲလို့ အခြား အသိမရှိရဘူး လာ???
Saturday, November 16, 2019
အဆိုတော်ကျားပေါက်တို့ဇနီးမောင်နှံကွာရှင်းလိုက်တဲ့ကိစ္စနဲ့ နီနီခင်ဇော်ရဲ့ ဖြေရှင်းချက်
ကျားပေါက်
ဇနီးဖြစ်သူဇုံဇုံကတော့ သူ့ရဲ့ခံစားချက်တွေကိုခုလိုပဲရေးသားထားခဲ့ပါတယ်။
နီနီခင်ဇော်
unicode
အဆိုတော်ကျားပေါက်က သူနဲ့ဇနီးဖြစ်သူ ဇုံဇုံတရားဝင်ကွာရှင်းလိုက်တဲ့အကြောင်းရေးသားထားပြီး
ဘာမှမမေးမြန်းကြဖို့ ပြောထားပါတယ်။
 "ကျနော်နဲ့ စုလဲ့ဝင်း (ဇုံဇုံ) နဲ့ဘာမှမသက်ဆိုင်တော့ပါ။
တရားဝင်လည်းကွာရှင်းပြီးပါပြီ။
ဘာမှမမေးခြင်းဖြင့် ကူညီနိုင်ကြမယ်ထင်ပါတယ်"
ကျားပေါက်
ဒီသတင်းနဲ့ပတ်သက်ပြီးစွပ်စွဲချက်တစ်ခုတက်လာတာကြောင့် အဆိုတော်နီနီခင်ဇော်က
ဖေ့ဘွတ်ပေါ်က သတင်းတွေကို မယုံကြဖို့ပရိတ်သတ်ကိုခုလို အသိပေးလိုက်ပါတယ်။
"FB​ပေါ်ကမှားယွင်း သတင်းများ ချင့်ချိန် ယုံ​စေချင်ပါတယ်
နီနီ လုံးဝ လုံးဝမဟုတ်ပါ*
တဖက်သားထိခိုက်​စေမယ့် စကားများမ​​​ပြောကြဖို့ ​​​တောင်းဆိုချင်ပါတယ်
စင်ကာပူ showနဲ့​တောင်အလုပ်ရှုပ်​နေတာ ကိုယ့်အလုပ်ကိုလုပ်​နေတာပါ"
နီနီခင်ဇော်
Thursday, November 7, 2019
နာမည်ကြီးနေတဲ့ သားသခင်
မကွေးတက္ကသိုလ်မှ ဥပဒေကျောင်းသူတစ်ဦးအား သားသခင်(မကွေး)ဆိုသူက အဆောင်ရှေ့တွင် ပါးရိုက်သည့်ဗီဒီယို အွန်လိုင်းပေါ်တွင်ပြန့်နှံ့
.....
ဘာပဲပြောပြော သားသခင်တို့ ဇာတ်လမ်းကို ကြိုက်တယ်..
မြန်မာကားမဆန်ဘူး... အရမ်းdeep ဖြစ်တယ်...
ကာရိုက်တာ သုံးခုစလုံးက
လူသားပီပီသသ သူတို့ဘဝနေထိုင်မှုအတွက်
ရပ်တည် တိုက်ခိုက်သွားကြတာ..
စောက်ပိုတွေ တခုမှ မပါဘူး....
ပထမဆုံးအနေနဲ့ ကောင်မလေး...
ဟိုးအဝေးကြီးကနေ မကွေးကိုကျောင်းလာတက်တယ်...
ရုပ်ရှင်တွေထဲကလို ကျန်ခဲ့တဲ့ ငယ်ချစ် အပေါ်
ရိုးသားတာတွေ.. သစ္စာရှိတာတွေ... လုပ်မနေဘူး...
သူလည်း ကျောင်းတက်နေတာ သူများမိန်းကလေးတွေလို
ဓာတ်ပုံရိုက်ပေးမဲ့သူ မုန့်လိုက်ကျွေးမဲ့သူ လိုချင်တာပေါ့...
လက်ရှိဘဝ အဆင်ပြေဖို့ ရည်းစားထပ်ထားတယ်...
ထားတာတောင် ပေါတောတော ထဲက မဟုတ်ဘူး...
သားသခင်လိုကောင်ကို တက်တွဲတာ....
ရွာပြန်ရင် ချိတ်လို့ရအောင် ဟိုတယောက်ကိုလည်း
မဖြတ်သေးဘူး...
ဆွန်ဇူးရဲ့ စစ်ကျမ်းအလိုရ သုံးသပ်ရရင်
ရည်းစားထပ် ထားတာက ပြောင်းလွယ်ပြင်လွယ်ရှိတဲ့သဘော
အရင်ရည်းစားကို မဖြတ်တာက အရံထုထည် ရှိတဲ့သဘောပဲ...
ဗျူဟာမြောက် လှုပ်ရှားသွားတာ...
ဒါပေမဲ့ ဖေ့ဖွတ်ပါတ်စဝတ် ကို မချိန်းမိလိုက်တော့
ကိုယ့်သတင်းတွေ ပေါက်ကြားသွားပီး ဂွမ်းကုန်တယ်...
ဒါတော့ သင်ခန်းစာယူရမယ်...
ဒုတိယ နယ်မှာကျန်ခဲ့တဲ့ကောင်လေး....
ကောင်မလေး သစ္စာဖောက်သွားတာသိတော့....
အချစ်သစ်နဲ့ အဆင်ပြေပါစေ...ငါရင်ကွဲခံလိုက်ပါမယ်ဆိုတဲ့
ပေါတောတော တောကြိုက်တွေ လျှောက်မလုပ်ဘူး...
ချက်ချင်း screenshoot တွေ ရိုက်
ဖေ့ဖွတ်ပေါ် ကောက်တင်ပီး ကောင်တာတွေလာတာ...
သူကတော့ man of the match ပဲ..
ဒီပွဲမှာ အကောင်းဆုံးကစားသွားနိုင်တယ်....
ဗဲရီးဂွတ်..
သားသခင်ကတော့ အမှားအများဆုံး ဇာတ်ရုပ်ပေါ့လေ....
ဒီတောသူမ ငါလှည့်ချင်တိုင်း လှည့်လို့ရတယ်ဆိုပီး
အစက ဆဲဆဲဆိုဆိုနဲ့ အပေါ်စီးက တွဲတာပဲ...
ဒါပေမဲ ဆော်က ချီးထုပ်ဖြစ်နေပီး ရှော်ခ့်အကြီးကြီးရသွားတယ်...
ဒီထက်ဆိုးတာက သူက နာမည်ကြီးတဲ့သူဆိုတော့
တနိုင်ငံလုံးရဲ့ ဆဲတဲ့ဆိုတဲ့ဒဏ်တွေ
လှောင်တဲ့ပြောင်တဲ့ ဒဏ်တွေ ခံလိုက်ရတယ်...
အဲမှာ ဒေါသတွေထွက် ဘာမှ မမြင်တော့ပဲ
ကောင်မလေးကို ပါးသွားရိုက်တယ်...ထပ်လွဲတယ်...
ဒီခေတ်ကြီးမှာက ဆယ်ပေပါတ်လည် စတုရန်းကွက်တိုင်းကို
ဖုန်းတစ်လုံး လောက်စီ ရှိနေတာ...
ဗွီဒီယို ရိုက်ပီး အဖွခံရပြန်ရော...
အဲမှာ အထိမခံကက်ကက်လန် မိန်းမသားထုကြီးရဲ့
အာနဲ့တွေ့ပီး လုံးဝကိုဗန့်လုံးလုံးဖြစ်သွားရှာတယ်....
သူ့အနေနဲ့ ပါးသွားမရိုက်ပဲ အလိမ္မာလေးသုံးပီး
ကျွန်တော်မသိလို့ပါ ပရိတ်သတ်ကြီး ဘာညာနဲ့
စိုင်းစိုင်းလို မျက်ရည်တွေချုလို့ရတယ်...
သူမလုပ်ဘူး... မလုပ်တတ်တာလဲ ဖြစ်နိုင်တယ်...
သူ့နေရာမှာ တခြားယောက်ကျားလေးဆိုလဲ တွယ်မှာပဲ...
မတွယ်တဲ့ကောင်ဆိုလဲ စောက်ရူးလို့ပဲပြောချင်တယ်....
အချဉ်ဖောက်ခံရ... ရှိသမျှ သိက္ခာတွေလဲဆုံး ..
အဆဲခံရ..ဘဝကပျက် ...
ဒိထက်တောင် အကြောင်း ဆိုးသွားဦးမယ်...
စိုင်းစိုင်းတို့ ဇက်ခီ တို့လို ဆိုရှယ်ဘိဇနက်မန်းကြီးတွေလောက်ပဲ
ဒေါသလေးထိန်းပီး ပလစ်နိုင်လိမ့်မယ်....
သာမာန်ယောက်ျားတွေ အဖို့ကတော့ ဒီလို အဖောက်ခံရရင်
အမျိုးသမီး အခွင့်အရေးတွေ ဘာတွေ ဆောရီးပဲ...
အကုန်လုံးက သူ့ရပ်တည်မှုနဲ့သူ မှန်နေတာ ချည်း...
ဘေးက ကြည့်နေတဲ့ ကျွန်တော်တို့ကပဲ
ဟိုပေတံနဲ့တိုင်း ဒီပေတံတွေနဲ့ တိုင်းပီး ဆုံးဖြတ်နေကြတာ....
ကြိုက်သလိုကွဲလွဲနိုင်ပါတယ်...
သားသခင်ကို လူပြိန်းကြိုက်စာတွေရေး
သူများရေးထားတဲ့စာတွေ ခိုး လုပ်ခဲ့လို့
အမြင်မကြည်တာ သပ်သပ်ပါ...
အရင် ဒီကောင် ကြောင်သူတော်ကြွက်သူခိုး လုပ်ခဲ့တဲ့
ကိစ္စအပေါ် မကျေနပ်လို့ ဝိုင်းဆဲနေကြတဲ့ သူတွေကိုတော့
ပြောစရာမရှိပါဘူး..
ဒီပိုစ့်ကတော့ ခုဖြစ်စဉ်လေးတခုတည်းအတွက်
ဖိုးကပ်စ်ဖြတ်ပီး သုံးသပ်ထားတာပါ...
#ZawNaingWin
Sunday, August 25, 2019
မီဒီယာတွေရှေ့မှာ သမီးလေးနဲ့ နောက်အိမ်ထောင် အသစ်အကြောင်းပြောလို့ တုန့်ပြန်လိုက်တဲ့ ဘုဏ်းသိုက်
မီဒီယာတွေရှေ့မှာ သမီးလေးနဲ့ နောက်အိမ်ထောင် အသစ်အကြောင်းပြောလို့ တုန့်ပြန်လိုက်တဲ့ ဘုဏ်းသိုက်
Friday, June 28, 2019
လူမှုကွန်ယက်ပေါ်တွင် မဟုတ်မှန်ပြောဆိုရေးသားနေသူများအား ပိုင်ဇေရဲထွန်း နှင့် မဇင်သဲနိုင်တို့မှ အရေးယူမည်
  • ဇနီး ဇင်သဲနိုင်နဲ့သူ့ရဲ့ဂုဏ်သိက္ခာကျဆင်းအောင်လုပ်လို့ အဒေါ်ဖြစ်သူကို ရဲစခန်းမှာ အမှုဖွင့်လိုက်တဲ့ ပိုင်ဇေရဲထွန်း
  • ထင်တာထက်ပိုနက်နဲလာတဲ့ ကိစ္စ ။ဇင်သဲနိုင်ကိုမေတ္တာရပ်ခံလိုက်တဲ့ ပိုင်ဇေရဲထွန်းအမ…။ရဲဇေထွန်းမိန်းမရဲ့ရင်ဖွင့်သံ
  • အသက် ၇၀ ကျော်အိုကြီးအိုမအရွယ်မှ တရားရုံးသွားနေရတဲ့ ပိုင်ဇေရဲထွန်းရဲ့မိဘနှစ်ပါး ၊အဆုံးထိအောင်လုပ်ပါဆိုတဲ့ ချွေးမဖြစ်သူရဲ့ စိန်ခေါ်တဲ့စကား
  • မရှက်ဘူးရှင့်လို့ဆိုတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီး ဇင်သဲနိုင်
  • ပိုင်ဇေရဲထွန်း ရဲ့အဒေါ်ဖြစ်သူ… ပြောပြလာတဲ့… ချွေးမဖြစ်သူ ဇင်သဲနိုင် နှင့်… ငွေကြေးအရှုပ်တော်ပုံအကြောင်း   
  • Unicode Version
    ဦးရဲထွန်း၊ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်းနှင့် မဇင်သဲနိုင်တို့၏ကိုယ်ရေးကိုယ်တာ မိသားစုကိစ္စများနှင့်ပတ်သက်၍ အများသိစေရန် သတိပေးတားမြစ်ကြောင်းကြေညာခြင်း
    ကျွန်ုပ်တို့၏အမှုသည်များဖြစ်သော ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ရတနာအိမ်ရာ၊ မြလမ်း၊ အမှတ် ၁၂၉/၁၃ဝနေ (ဘ)ဦးမြင့်ထွန်း၏ သားဖြစ်သော ဦးရဲထွန်း ၁၃/လလန(နိုင်)၀၂၁၄၁၃၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ သံလွင်လမ်း၊ အမှတ် ၁၀၈(E)နေ (ဘ)ဦးရဲထွန်း၏ သားဖြစ်သော ရုပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်း ၇/ပခန(နိုင်)၀၀၃၆၈၈ နှင့် (ဘ)ဦးစိုးနိုင်၏ သမီးဖြစ်သော မဇင်သဲနိုင် ၁၂/လမန(နိုင်)၁၄၆၅၅၅တို့၏ လွှဲအပ်ညွှန်ကြားချက်အရ အောက်ပါအတိုင်း အကျဉ်းချုံးလျက် သတိပေးတားမြစ်ပါသည်။
    ၁။ ကျွန်ုပ်တို့၏အမှုသည်များဖြစ်သော ဦးရဲထွန်းနှင့် ရုပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်းနှင့် မဇင်သဲနိုင်တို့သည် မိသားစုအတွင်း အထင်အမြင်လွဲမှားပြီး အေးချမ်းစွာအငြင်းပွားမှုဖြစ်ပေါ်ခဲ့သည်ကို အင်တာနက်လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဦးရဲထွန်းမှ နားလည်မှုလွဲကာရေးသားခဲ့မှုအပေါ် မသက်ဆိုင်သူတို့က အများ ပြည်သူထင်ယောင်ထင်မှားဖြစ်စေပြီး မိသားစုအတွင်း ပြဿနာသစ်များ ဖြစ်ပေါ်အောင် လှုံ့ဆော်ရေးသားမှုများ ပြုနေသည်ကို ကျွန်ုပ်တို့၏အမှုသည်များက စိတ်မကောင်းခြင်းကြီးစွာဖြင့် သည်းခံခွင့်လွှတ်နေခဲ့ပါသည်။
    ၂။ ထိုသို့ ကျွန်ုပ်တို့၏အမှုသည်များဘက်မှ သည်းခံခွင့်လွှတ်လျစ်လျူပြုထားခြင်းကို အခွင့်ကောင်းယူကာ အတင့်ရဲစွာဖြင့် ပိုမိုလွန်ကျူးလျက်၊ လူမှုရေး၊ စီးပွားရေးကိုလည်း ထိခိုက်အောင် အဆင့်တိုးဆောင်ရွက်နေမှုများကြောင့် ကျွန်ုပ်တို့၏အမှုသည်များမှာ နစ်နာဆုံးရှုံးမှုအရပ်ရပ်ကို ခံစားနေကြရပါသည်။
    ၃။ ထို့ကြောင့် ကျွန်ုပ်တို့၏အမှုသည်များနှင့်ပတ်သက်၍ အင်တာနက်လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook, Youtube, | Twitter, VK အစရှိသည်တို့တွင် ဖြစ်ရပ်မှန်ကို မသိမမေးမမြန်း၊ မစုံစမ်းဘဲ ထင်ရာမြင်ရာ လူအထင်ကြီးအောင် ကိုယ်တိုင်ရေးသားခြင်း၊ အကောင့်အတုများဖြင့် ရေးသားခြင်း၊ Like, Comment, Share ခြင်းများ မပြုလုပ်ကြပါရန်နှင့် ပြုလုပ်ပါက ၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ-၁ဝနှင့် ပုဒ်မ-၁၂ တို့ အရလည်းကောင်း၊ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)အရလည်းကောင်း၊ ၂၀၀၄ ခုနှစ် အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ-၃၄ အရလည်းကောင်း တရားရုံး၏ အဆုံးအဖြတ်ကို ခံယူရန်အတွက် အရေးယူဆောင်ရွက်သွားမည်ဖြစ်၍ တရားတပေါင်ရင်မဆိုင်ကြရဘဲ မိသားစုနှင့် အေးချမ်းစွာ နေနိုင်ကြရန် စေတနာကောင်းဖြင့် မွန်မြတ်စွာ သတိပေးတားမြစ်လိုက်ပါသည်။
    အကယ်၍ လိုက်နာခြင်းမရှိပါက မလွဲမသွေ မုချအရေးယူဆောင်ရွက်ရန် ကျွန်ုပ်တို့၏အမှုသည်များက ပြီးပြည့်စုံစွာ လွှဲအပ်ထားပြီး ဖြစ်ကြောင်း တစ်ပါတည်း အသိပေးအပ်ပါသည်။
    စုံစမ်းမေးမြန်းနိုင်သော်လည်း လူကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုစာရင်းမူရင်းနှင့် ဓာတ်ပုံမိတ္တူယူလာပြီး ပထမရက်တွင် လာရောက်ရန် ရက်ချိန်း၊ နာရီရယူပြီးမှ အသံဖမ်း CCTV တပ်ထားသောအခန်းတွင် စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။
    ဦးရဲထွန်း၊ ပိုင်ဇေရဲထွန်း၊ မဇင်သဲနိုင် ဦးရဲထွန်း၊ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဇေရဲထွန်းနှင့် (လွှဲအပ်ညွှန်ကြားသူများ)
    မဇင်သဲနိုင်တို့၏ လွှဲအပ်ညွှန်ကြားချက်အရရောဘတ်စန်းအောင် ၊ တရားလွှတ်တော်ရှေ့နေ-၂၄၆၉(၁၈-၁၁-၁၉၈၃) အမှတ် ၁၇၃၊ ပထမထပ်၊ သိမ်ဖြူလမ်း၊ ကန်/တောင်ရပ်ကွက်၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
    Monday, June 24, 2019
    ကောင်းကင်မှာလေယာဉ်နဲ့ စမိုင်းလ်အတွက် မွေးနေ့ဆုတောင်းပေးခဲ့တဲ့ စမိုင်းလ်ရဲ့ခင်ပွန်း
    ရုပ်သံကြည့်ရန်
    Unicode Version
    အနုပညာလောကထဲမှာ နာမည်ရပြီးသားဖြစ်တဲ့ စမိုင်းလ်အတွက်ကတော့ အတိတ်ကကံတွေရဲ့ ကောင်းကျိုးတွေနဲ့ လက်ရှိခင်ပွန်းဖြစ်သူရဲ့ အလေးထားမှုတွေကြောင့် ပျော်စရာတွေအမြဲ ခံစားကြုံတွေ့နေရပါတယ်…
    ပြီးခဲ့တဲ့နှစ်က စမိုင်းလက်ဆောင်ကို နာမည်ကြီး ကား Brand ဖြစ်တဲ့ rolls royce ကားတစ်စီးနဲ့ လှည်းတန်းစင်တာမှာ Surprise လုပ်ပေးခံခဲ့ရပါတယ်…
    ဒီနှစ်မှာလည်း သူမ အတွက် LA မှာ အိမ်တစ်လုံး လက်ဆောင်ရခဲ့ကြောင်းကိုလည်း သူမ ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ထားတာကိုတွေ့ရပါတယ်….
    ခုလည်း သူမရဲ့ မွေးနေ့အတွက် သူမရဲ့ ခင်ပွန်းဖြစ်သူက ကောင်းကင်ကနေ လေယာဉ်နဲ့မွေးနေ့ဆုတောင်းပေးခဲ့လို့ စမိုင်းလ်တစ်ယောက်ပျော်နေတာကို တွေ့ရပါတယ်….
    ရုပ်သံကြည့်ရန်
    စမိုင်းလ်တို့ မိသားစု ဒီ့ထက်မက အောင်မြင်ပြီး ချစ်ခင်နိုင်ကြပါစေလို့ နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာမှ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်နော်….
    နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ
    Sunday, June 23, 2019
    ဇနီး ဇင်သဲနိုင်နဲ့သူ့ရဲ့ဂုဏ်သိက္ခာကျဆင်းအောင်လုပ်လို့ အဒေါ်ဖြစ်သူကို ရဲစခန်းမှာ အမှုဖွင့်လိုက်တဲ့ ပိုင်ဇေရဲထွန်း
    သရုပ်ဆောင် ပိုင်ဇေရဲထွန်းက သူနဲ့ ဇနီးဖြစ်သူ ဇင်သဲနိုင်ဂုဏ်သိက္ခာကျဆင်းစေရန်
    ရေးသားဖော်ပြခဲ့မှုအတွက် အဒေါ်ဖြစ်သူကို ဗဟန်းမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပါတယ်။
    ပိုင်ဇေရဲထွန်းအဒေါ်ကအောက်ပါအတိုင်းရေးသားခဲ့တယ်လို့ တိုင်ကြားထားပါတယ်။
    ပို င်ဇေ ရဲထွန်းရဲ့ အဒေါ်ကခုလိုရေးထားတာဖတ်ရပါတယ်။
    “ဘဏ်လောက က သြဇာသြတ္တိမအကြီးဆုံး ပုဂ္ဂိုလ်က ပြန်တမ်းဝင်အရာရှိကြီးတဦး၊ တိုင်းပြည်အတွက်အသက်စွန့်ခဲ့သူတဦး၊ ယနေ့ထိကိုယ်ကျိုးစီးပွားအတွက်ဘာရပိုင်ခွင့်မှ မယူသူမို့ အချိန်သတ်မှတ်လတွေထက်အများကြီး အခွင့်အရေးပေးခဲ့ပါတယ်။
    ဘဏ် က အတိုးတောင်းတဲ့စာလာလို့သွားပြရင် ခြေ၂ချောင်းအပေါ်ချိတ်အိပ်ယာကအခန့်သားစတိုင်လ်နဲ့ပြော. ဘာပြောမလို့လဲ ဆိုတဲ့ချွေးမကောင်းကြီး။အစကဘာမှမရှိ၊အဝတ်တထည်ကိုယ်တခုသာသာနဲ့..။”
    “ပိုင်ေ ဇ ကိုချစ်လို့ လေဆိပ်ရိပ်သာခြံနဲ့အိမ်ရောင်းတာလဲအမွေအနေနဲ့ အကုန်ပေးခဲ့တယ်။ စာချုပ်လွတ်ပေါ်လက်မှတ်ထိုးငွေချေးလို့ တဘက်ကစောင်မြင်ကတ်ပုဒ်မနဲ့ သိန်းရာဂဏန်းချေးတာ သိန်း၂ထောင်ပြင်ရေးတယ်။
    မရ မ်း ကုန်းတရားရုံးကတရားစွဲတောင်းမယ်ဆ်ုတော့အဖေဖြစ်သူ က ညတွင်းခြင်း သိန်း၂ထောင်သွား ပေးခဲ့တဲ့ကျေးဇူးကို စောင်ကန်းမ က လစဉ် စားစရိတ်ထောက်ရတာ ဂုဏ်ဖေါ်နေတာအံ့တယ်။ နိုင်ငံခြားခရီးစဉ်မကလို့တာဝတိံသာတက်တက်ရတနာဆိုင်မကလို ရှော့ပင်းမောလ်ကြီးဖွင့်ဖွင့်မိဘ အိမ် ယူပေါင်တာတော့ရွေးပေးခဲ့အုံး…လို့။ ”
    အဒေါ်ဖြစ်သူက သူ့အကိုဦးရဲထွန်းကိုယ်တိုင်အကူအညီတောင်းခဲ့တယ်လို့ဆိုပါတယ်
  • ထင်တာထက်ပိုနက်နဲလာတဲ့ ကိစ္စ ။ဇင်သဲနိုင်ကိုမေတ္တာရပ်ခံလိုက်တဲ့ ပိုင်ဇေရဲထွန်းအမ…။ရဲဇေထွန်းမိန်းမရဲ့ရင်ဖွင့်သံ
  • အသက် ၇၀ ကျော်အိုကြီးအိုမအရွယ်မှ တရားရုံးသွားနေရတဲ့ ပိုင်ဇေရဲထွန်းရဲ့မိဘနှစ်ပါး ၊အဆုံးထိအောင်လုပ်ပါဆိုတဲ့ ချွေးမဖြစ်သူရဲ့ စိန်ခေါ်တဲ့စကား
  • မရှက်ဘူးရှင့်လို့ဆိုတဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီး ဇင်သဲနိုင်
  • ပိုင်ဇေရဲထွန်း ရဲ့အဒေါ်ဖြစ်သူ… ပြောပြလာတဲ့… ချွေးမဖြစ်သူ ဇင်သဲနိုင် နှင့်… ငွေကြေးအရှုပ်တော်ပုံအကြောင်း   
  • Saturday, June 22, 2019
    ထင်တာထက်ပိုနက်နဲလာတဲ့ ကိစ္စ ။ဇင်သဲနိုင်ကိုမေတ္တာရပ်ခံလိုက်တဲ့ ပိုင်ဇေရဲထွန်းအမ…။ရဲဇေထွန်းမိန်းမရဲ့ရင်ဖွင့်သံ
    ပိုင်ဇေရဲထွန်းတို့ဇနီးမောင်နှံနဲ့ မိဘများဖြစ်စဉ်က ထင်ထားတာထက်ပိုမိုနက်နဲရှုပ်ထွေးလာပုံရပါတယ်။
    အချို့ရေးသားတာတွေမှာ ပိုင်ဇေရဲထွန်းက မွေးစားသားလို့ရေးထားတာလည်းတွေ့ရပါတယ်။ဇင်သဲနိုင်နဲ့ကျောက်ကိစ္စတွေလည်းရေးတာဖတ်ရပါတယ်။ ဒီကိစ္စသတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီးပျက်သွားပါတယ်။ဇင်သဲနိုင်ကို  ပိုင်ဇေရဲထွန်းအမက စာရေးပြီး မေတ္တာရပ်ခံတဲ့စာတစ်စောင်ထပ်ထွက်လာပါတယ်။ဒီကြားထဲမှာခမီးခမက်တွေစကားပြောနေတဲ့ Live ဗီဒီယိုကတက်လာပါတယ်။  ပိုင်ဇေရဲထွန်းရဲ့အကိုရဲဇေထွန်းမိန်းမကလည်း  သူ့ခင်ပွန်းနဲ့ပတ်သက်ပြီးခံစားရတာကို ထပ်မံရင်ဖွင့်လာပါတယ်။ ဆားပုလင်းနှင်းမောင်လေသံနဲ့ပြောရရင်တော့ ဒီအမှုက ထင်ထားတာထက်ပိုနက်နဲလာပြီအိုင်ပီလို့သာ....
    ............
    ဇင်သဲနိုင်ကိုမေတ္တာရပ်ခံလိုက်တဲ့ ပိုင်ဇေရဲထွန်းအမ…
    ဘယ်သူရေးနေလဲမသိဘူး …။
    …………………………
    Unicode
    ဇင်သဲနိုင့်ကိုမေတ္တာရပ်ခံလိုက်တဲ့ ပိုင်ဇေရဲထွန်းအမ
    ညီမဇင်သဲနိင်ရေ . .ညီမနဲ့ အမက အဆက်အဆံကလဲမရှိ အမအနေနဲ့တိုက်ရိုက်ဆက်သွယ်စရာလဲမရှိ phone ဆက်ရင်လဲမကိုင်လို့ မိသားစုကိစ္စကိုမလုပ်ခြင်ဆုံးဖြစ်တဲ့social media ကပဲပြောရတော့မယ် …။
    အခုညီမ social media ပေါ်မှာလိုက်ရှင်းပြနေတာအမှန်တွေနဲ့ဝေးနေသလိုမပြည့်စုံဘူးလဲဖြစ်နေတယ် တနည်းအားဖြင့်အမှန်တရားလေးတွေလိုနေလို့ တကယ်ရှင်းပြစေခြင်ရင်အမတို့ရောအတွင်းသိသူတွေုရော အကုန်သိတဲ့ ကို ဆန်းလွင်ကိစ္စက နေစပြီး ဖြစ်ခဲ့တဲ့ကိစ္စအရပ်ရပ်ကို ပြောပြပေးလို ့ရပါတယ်..ဒါပင်မယ့်
    အကျိုးမရှိလို့မိသားစု ကိစ္စမို ့လို ့ ဘာမှဘယ်သူ့ကိုမှမရှင်းပြပဲနေခဲ့ကြတယ် …။
    အခုလဲ မနေ့ ညနေထဲက ဖေဖေ့ acc hack ခံထားရပြီး ညထဲက ဖေဖေ FB မသုံးတော့ပါဘူး …။
    ဘယ်သူရေးနေလဲမသိဘူး …။
    အခုဘဏ်ကိစ္စမှာလည်း ခြံ၂ ခြံလုံးယူပေါင်ထားပြီး အခု သိန်းတထောင် စသွင်းတယ်လို ့သိရလို ့အရမ်းဝမ်းသာပါတယ် …။
    မိဘတွေက ့ညီမတို ့ဂုဏ်သိက္ခာ အဖတ်ဆည်နိုင်အောင် ပြန်လည်ကြိုးစားပေးနေတာလဲ အားလုးံသိတာပဲ. အခုဆို ၂ ယောက်စလုံး အရမ်းစိတ်ထိခိုက်ပြီး မစားနိုင်ခဲ့တာကြာပြီ …။
    အခုလဲအိပ်ရာက ကုန်းရုန်းထပြီး ပြောခိုင်းသမျှပြောပေးကြပါဦးမယ် …။
    ဒါကြောင့် ညီမ အခုလေသံပြောင်းပြီး မိဘကို အပြစ်ဖြစ်အောင် ရေးနေတာလေးတွေကိုတော ့ဆက်မလုပ်ပါနဲ့တော့….
    အမအကြီးဆုံးတယောက်အနေနဲ့ ရပ်သင့်ပြီလို ့မေတ္တာရပ်ခံပါတယ် ….။