Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 6, 2013

အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ၁၃၇

 
Q and A Over 18 Readings (137)


အသက် ၁၈ နှစ်ပြည့်မှဖတ်ပါအတွက် မေးခွန်း-အဖြေတွေကို အချိန်မအားလို့ တင်မပေးနိုင်တာ အတော်ကြာသွားပြီ။ အခုကြိုးစားပြီး ပြန်တင်ပါတယ်။

ကျနော်ကောင်မလေးနဲ့ လိင်မဆက်ဆံခင် အဖော်မစွပ်ပဲ တခါထည့်မိပါတယ်။ (ကျနော်လိင်တံ ကအဲဒီအချိန်မှာ မဆိုသေးပါ) ပြီးတော့အဖော်စွပ် ပြီးလိင်ဆက်ဆံပါတယ်။ အဲဒီနောက် သူရာသီပုံမှန်လာပါတယ် 2 လကြာတဲ့နောက် သူ့ရာသီလာရင် အဖြူဆင်းပါတယ်၊ အဲဒါနဲ့သူဆရာဝန်သွားပြတော့ သူ့ပစ္စည်းမှာမှိုရောဂါ ရတယ်လို့သိရပါတယ်၊ ဆေးတပတ်စာပေးပြီး သားအိမ်ခေါင်းကင်ဆာ အတွက်ဆေးစစ်ရမယ် လို့ပြောပါတယ် အဲ့ဒါ ကျနော်နဲ့ဆက်ဆံလို့ ဖြစ်တာလား၊ အန္တရာယ်ရှိလားဆိုတာ သိချင်ပါတယ်။

အမျိုးသမီးတွေမှာ မှို (ဖန်းဂတ်စ်) ဖြစ်တာ များတယ်။ အပျိုစစ်စစ်တွေမှာလဲ ဖြစ်တတ်ပေမဲ့ အတူနေသူတွေမှာ ပိုဖြစ်တယ်။ ရာသီဥတု စိုထိုင်းချိန်မှာလဲ သူ့အလိုလိုဖြစ်တယ်။ ဆေး ၄-၅-၇ ရက်နဲ့ ပျောက်ပါမယ်။ ပြန်ဖြစ်တတ်တယ်။ အတူနေရင် အပြန်အလှန်လဲ ကူးစေနိုင်တယ်။ တခြား စိုးရိမ်စရာတော့ မရှိပါ။

Pvtil
MP
ICP (Mp) တို့ဆိုတာဘာလဲဆရာ။ တစ်ခုခြင်းအဓိပ္ပါယ်ကိုသိခြင်လို့ပါ။ သွေးလှူဖို့စစ်ထာတာဖြစ်ပါတယ်ဆရာ။

MP = Malaria parasite ဖြစ်မယ်။ ကျန်တာတွေက စာလုံးပေါင်းနဲ့ အဖြတ်အတောက်စစ်ပြီး ပြန်မေးပါ။
ICP = Intracranial pressure ဦးနှောက်ဖိအားဆိုတာတော့ သွေးလှူတာနဲ့မဆိုင်ဘူး။

ကျနော်ကအသက် ၂၄ ရှိပါပြီ။ မိန်းမလဲရှိပါတယ်။ သိချင်တာကလိင်နဲ့ပတ်သက်တဲ့ရောဂါစစ်ဆေးမှုအပိုင်းပါ။ HIV စစ်တာအပြင် ကျန်းမာရေးစစ်ဆေးမှုအနေနဲ့.လိင်အဂါင်္ကြွက်နို့တို့ ကာလသားရောဂါတို့ ရှိမရှိစစ်ချင်ရင် ဘယ်လို စစ်ရမလဲ၊ ဘာတွေကိုစစ်မယ်ဆိုပြောရမလဲ။ သွားစစ်မယ့်ဓါတ်ခွဲခန်းကိုပေါ့။ နောက် ကျနော် လိင်အင်္ဂါရေယုံလဲ ရှိနေပါတယ်။ ဘယ်လိုပျောက်အောင်ကုလို့ရမလဲသိချင်ပါတယ်။

STDs (5) လိင်ကတဆင့် ကူးစက်ရောဂါများ အခြေခံ
ဒီထဲမှာ HIV/AIDS ဆေးစစ်ချက်ပါသလား၊ပါတယ်ဆိုရင် ဘယ်လိုအဖြေလဲဆိုတာ ပြောပြစေချင်ပါတယ်ခင်ဗျာ။
အသဲရောင် (ဘီ) ရှိ။
အသဲရောင် (စီ) မရှိ။
HIV မရှိ။

ကိုယ်ဝန်(၇)လလောက်ရှိပြီဆရာ ရှိနေတဲ့အချိန် ခြေလက်တွေ ဖောရောင်လာတယ်။ ဘာဆေးသောက်ရမလဲ ပြောပြပေးပါအုံး။

ဆေးစစ်ရမယ်ကိုယ်ဝန်အပ်ရမယ်။ ကာကွယ်ဆေး ၂ ခါထိုးရမယ်။ သွေးဖိအားနဲ့ ဆီးထဲမှာ အနယ်ပါမပါစစ်ရမယ်။

အငန်လျှော့စားပါ။ နားတဲ့အချိန်မှာ ခြေထောက်ကို မြှင့်ထားပါ။ မိန်းမက ကလေးအသက် ၇ လ မှာ abortion ဖြစ်သွားပါတယ်။ အခုကလေးက နို့စို့ အရွယ်ပဲ ရှိသေးတာဆိုတော့ နို့ဆက်တက်လို့ ဖြစ်ပါသလားဆိုတာ သိချင်ပါတယ်။ တစ်ခြား ရှောင်ရန် ဆောင်ရန်လေးများ ရှိရင်လဲ သိချင်ပါတယ်။

နို့တိုက်တာမှာ အယူအဆအမျိုးမျိုးရှိတယ်။ အမေရိကန်ဆေးပညာရှင်တွေရဲ့ နောက်ဆုံးအယူအဆကတော့ နို့ထွက်နေသမျှတိုက်လို့ရတယ်။

ကျွန်တော့်အသက်က ၃၆ နှစ်ပါ။့ မှာ့ နဲ့ အလုပ်လုပ်နေပါတယ်။ ကျွန်တော် လည်ပင်းကျီးပေါင်းရောဂါခံစားနေရတာ ၆ နှစ်လောက် ရှိပါပြီ။ ယခုရက်ပိုင်းမှာ ပိုပြီးနာကျင် ကိုက်ခဲမှုဖြစ်လာပါတယ်။ မည်သည့်ဆေးနှင့် မည်သို့ လေ့ကျင့်ခန်းပြုလုပ် ရမည်ကို ပြောပြပေးပါဆရာ။
Cervical Spondylosis လည်ပင်း ကျီးပေါင်းတက်နေပါတယ်

မနေ့ညက ဗိုက်နာတာ ယောက်ကျားလေးပါ။ အခု ဖျားနေလို့ ဘယ်လိုဆက် ဆေးတိုက်ရမလဲရှင့်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

ကျနော်နဲ့ ကျနော့်ကောင်မလေး အတူနေဖြစ်လာတာကြာပါပြီ။ လက်ထပ်ဖို့အထိလည်း ရည်ရွယ်ထားတော့ မကြာခဏ အတူနေဖြစ်ပါတယ်။ အစပိုင်းမှာ ကွန်ဒုံးသုံးပေမဲ့ နောက်ပိုင်းကြတော့ ရက်ရှောင်တဲ့နည်းကို ပိုသုံးဖြစ်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ပဲ ရက်မှားသွားတဲ့တစ်နေ့ကြုံလာရပါတယ်။ သိသိချင်း Postinor ဆိုတဲ့ Easy2 လိုဆေးကို စားခဲ့ပေမဲ့လည်း ၃ ရက်ကျော်သွားတာကြောင့် ထိရောက်မှုမရှိခဲ့ပါဘူး။ ဒါလိုနဲ့ စောင့်ကြည့်လာရင်းကနေ ကိုယ်ဝန်ရှိလာတာကို သိလာရပါတယ်။ နှစ်ယောက်စလုံးအတွက် အခြေအနေတွေက ယူဖို့အတွက် အခက်အခဲတွေဖြစ်နေတော့ နှစ်ဦးသဘောတူကာ ဖျက်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဖျက်ချမဲ့အချိန်မှာ ကိုယ်ဝန်က ၈ ပတ်ထဲမှာ ရောက်နေပြီလို့ Ultrasound result က ဆိုပါတယ်။ ဒါနဲ့ နီးစပ်ရာတွေစုံစမ်းကြည့်တဲ့အခါမှာ ဆေးသောက်ပြီးဖျက်ချဖို့အတွက်က ဘယ်လိုမှ အခြေအနေမပေးခဲ့ပါဘူး။ ဒါနဲ့ပဲ ကိုယ်ဝန်ခြစ်ပြီးဖျက်ချတဲ့နည်းလမ်းကို ရွေးခဲ့ရပါတယ်။ မေးချင်တာက အခုမှစမှာပါဆရာ.။ ခြစ်ချခဲ့အပြီးမှာ ကျနော့်ကောင်မလေးအနေနဲ့ အတော်ခံစားခဲ့ရပါတယ်။ ကိုယ်ပူချိန်တွေတက်ပြီး ဖျားသလိုတောင်ဖြစ်ခဲ့ပါတယ်။ ဒါဟာ ကိုယ်ဝန်ခြစ်ခြင်းရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားပါလားဆရာ။ ပြီးတော့ အဖြူတွေဆင်းလာပါတယ်။ လက်ကျန်သွေးတွေနဲ့အတူဆိုရင် မဲညစ်ညစ်ရောင်တွေထွက်လာပါတယ်။ နောက်တစ်ခုက ကိုယ်ဝန်မရှိတော့ရင် ရာသီသွေးပြန်ပေါ်ရမှာကို အခုခြစ်ချပြီး ၃ ရက်လောက်အထိ ပြန်မပေါ်သေးပါဘူး။ စောင့်ကြည့်ရမလား။ ဒါမှမဟုတ်ရင် ဆရာဝန်ပဲ ပြရမလားဆိုတာ ဝေခွဲမရလည်း ဖြစ်နေပါတယ်ဆရာ။ ကျနော်တို့နိုင်ငံမှာ ဥပဒေလည်းမရှိ၊ ပညာပေးအစီအစဉ်တွေလည်း မရှိတော့ ဘယ်သူ့ကိုမေးလို့မေးရမှန်းမသိဖြစ်နေချိန်မှာ အွန်လိုင်းမှာ တက်ရှာကြည့်ရင်းဆရာ့ ဘလော့ခ်ကိုတွေ့ခဲ့တာပါ။

D and C သားအိမ်ခြစ်ရာကနေ ပိုးဝင်ပုံရတယ်။ ပိုးသေဆေးပေးပါသလား။ အောက်ကစာကိုဖတ်ပြီး လိုပ်အပ်တာ၊ လက်လှမ်းမီတာကို လိုက်နာပါ။ ဆေး ၁-၂ မျိုးနဲ့ကောင်းသွားပါလိမ့်မယ်။ ရာသီက သားအိမ်ခြစ်ပြီးနောက် ၃ ပါတ်ကျော်မှ လာမယ်။ သားအိမ်ခြင်းရက်ကို ရာသီရက်လို့ မှတ်ရသလိုဖြစ်နိုင်တယ်။

Management of Septic Abortion ကိုယ်ဝန် ပျက်ရင်း-ဖျက်ရင်း ပိုးဝင်လာတာကို ဘယ်လိုကုသမလဲ
Serious Gynaecological emergency အရေးပေါ်မီယပ်ရောဂါလို့သတ်မှတ်တယ်။
Antibiotics Tripple Regime ပိုးသေဆေး (၃) မျိုးတွဲပေးရတယ်။
1. Ampicillin 1-2G QID for 24-48 hours
2. Metronidazole 500 mg TDS for 24-48 hours
3. Gentamycin 80 mg TDS for 5 days

Other useful Antibiotics တခြားပိုးသေဆေးတွေကတော့ -
Cephalosporins IV Cefuroxime 750-1500 mg 6-8 hourly for 24-72 hours
Ofloxacin, Ciprofloxacin 400 mg daily
D and C after commencemant of Antibiotics ပိုးသေဆေးပေးပြီး သာအိမ်ခြင်းခြင်း၊
Oral Antibiotics ပိုးသေဆေးပါးစပ်ကပေးခြင်း၊
ERPC should be done under GA
Extreme care for uterine perforation သားအိမ် ပေါက်သွား-မသွားစစ်ဆေးခြင်း၊
IM Pethadine 100 mg 4-6 hourly with IM Promethazine 25 mg 8-12 hourly for 24-48 hours နာတာသက်သာအောင်ပေးသင့်တဲ့ဆေးတွေ၊
ATT 0.5 mg stat + Human Immuno Tetanus Globulin 250-500 IU stat မေးခိုင်ကာကွယ်ဆေး (၂) မျိုး၊
Complications နောက်တွဲဖြစ်နိုင်တာ = Septic Shock caused by Toxins by E. Coli, Klebsiella, Proteous, Bacteroids ဆိုးတဲ့ပိုးတွေကြောင့် (ရှော့ခ်) ဖြစ်ခြင်း၊

ဆီလီကွန်ထိုးရင်ဘာဖစ်နိုင်မလဲဆရာ။ အင်ဂါကြီးအောင်ဘယ်လိုလုဎ်ရင်ကောင်းမလဲဆရာ။

age 21 boy
not married
ကျားလိင်အင်္ဂါကို ဆေးထိုးပြီး လူစဉ်မမီဖြစ်သူတွေကနေ လှမ်းတာ ၃-၄ ယောက်ရှိပါပြီ။

Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html

BETOPIC CREAM Betamethasone 0.1% w/w နဲ့ Axcel UREA CREAM Urea B.p. 10% w/w ဆေးက ဘာလိမ်းတဲ့ဆေးပါလဲဆရာ

Urea cream ဆေးဟာ skin conditions အရေပြားနာတွေအတွက် လိမ်းဆေးဖြစ်တယ်။ hyperkeratotic conditions ခေါ်တဲ့ အရေပြား ထူမာနေတာမျိုး၊ corns အသားမာ၊ calluses; rough, dry skin စတတြွေအတွက်လဲသုံးတယ်။
Betamethasone ဆေးဟာ topical steroid စတီရွိုက်ပါတဲ့ဆေးဖြစ်တယ်။ နီတာ။ နာတာ၊ ရောင်တာတွေ သက်သာစေတယ်။ eczema, and psoriasis နှင်းကူ။ allergic reactions အလာဂျီကြောင့်ဖြစ်တာတွေလဲသုံးတယ်။

ရေဝါးပင်က ကျေက်ကပ် ဆီးအဆိပ် ကျစေတယ်ဆိုတာ မှန်ပါသလားဆရာ။ ကျွန်မအကို တယောက်က အခု ကျောက်ကပ် ဆေးနေရပါတယ်။ လဲဖို့အတွက်လဲအခက်အခဲ အများကြီး ဖြစ်နေပါတာယ်၊ရေဝါးပင်အကြောင်း ဆရာသိရင် ပြောပြပေးပါဆရာ။

ဆရာတို့လို ဆေးပညာသင်ရသူတွေက တိုင်းရင်းဆေး စတာတွေကို သိပ်မသိပါ။ ဆောရီး။

HCV Antibody - negative ဆိုတာရယ် Rh Grouping - Rh (positive) ဆိုတဲ့ရလဒ် ကိုသိပါရစေလားခင်ဗျာ။
ဆေးစာ အဖြေတွေကို scan ဖတ်ပြီး ပို့ပေးရင် အဖြေတွေကို ပြောပြနိုင်ပါသလား။ အဖြေတွေပြေပြနိုင်တယ်ဆို ကျွန်တော်ဆေးစာရွက်တွေပို့ပေးချင်ပါတယ်ခင်ဗျာ။

HCV Antibody - negative ဆိုတာ (စီ) ပိုး မရှိတာပါ။
Rh Grouping - Rh(positive) ဆိုတာ သွေးအုပ်စုခွဲတဲ့ နောက်ဆက်တွဲနည်းပါ။ A, B, O, AB တိုင်းမှာ Rh +ve နဲ့ Rh -ve ရှိတယ်။ ရောဂါ မဟုတ်ပါ။
ဆေးစစ်ခိုင်းတဲ့ဆရာဝန်က ဖတ်ပါမယ်။ ဓါတ်ခွဲခန်းကလဲ အောက်ဆုံးမှာ ရေးပြထားပါမယ်။
ကွန်ပြူတာ ပရင့်ထုတ်ထားရင်တော့ ဖတ်လို့ရပါမယ်။

ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါကအတိုင်းမေးပါ။

ညက ထမင်းနဲ့ကြက်ကြော် စားတာများပြီး ဗိုက်တွေ တင်းပြီးအရမ်းအောင့်နေလို့ပါ ဆရာ မထနိုင်လို့ ဘယ်လိုလုပ်ရမလဲ ဖြေကြားပေးပါ ဆရာ

ဖြစ်တဲ့သူ အသက်၊ ကျား-မ မသိပါ။
Digestzyme or Enzyme ပြား (တောင့်) သောက်ပါ။ သစ်သီး၊ သစ်သီးဖျော်ရည်တခုခုသောက်ပါ။ နားပါ။

ကျွန်တော် အသက် ၃၂ ပါ။ ပုံမှာပါတဲ့အတိုင်း အနီစက်လေး ၂ စက် ဖြစ်နေပါတယ်။ ယားလဲမယားပါ၊ နာလဲမနာပါ။ ဖြစ်နေတာ ၃ ရက် ၄ ရက်ရှိပါပြီ။ ဘာဖြစ်တာလဲသိခြင်ပါတယ်။

STD လိင်ကတဆင့် ကူစက်ရောဂါ ရနိုင်မယ်လို့ ထင်ရတဲ့ ကျန်းမာရေး ရာဇဝင် ရှိပါသလား။

ဆရာ ကျွန်တော်လွန်ခဲ့တဲ့ 5 နှစ်ခန့်အထိတော့ လိင်ကိစ္စရှိခဲ့ပါတယ်။ ထို 5 နှစ်နောက်ပိုင်း မရှိတော့ပါ။ လွန် 2 လမှစကာ ကျွန်တော့် ကောင်မလေးနဲ့ လိင်ကိစ္စရှိခဲ့ပါတယ်ဆရာ။ လွန်ခဲ့တဲ့ 5 ရက်လောက်ကဆေးစစ်ထားတာတော့
HIV Test Non Reactive
VDRL Test Non Reactive ပြပါတယ် ဘာဖြစ်မလဲဆရာ
ဆရာဘာဖြစ်နိုင်လဲ ဘာတွေစစ်ဖို့လိုလဲသိခြင်ပါတယ် တခြားသူတွေကိုကူးမှာစိုးလို့ပါ ကျေးဇူးတင်ပါတယ်
Penile Lesions (1) ကျားအင်္ဂါ အနာများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis_31.html
Penile Lesions (2) ကျားအင်္ဂါ အနာများ (၂) http://dts-medicaleducation-adult.blogspot.in/2012/03/lesions-on-penis.html
ဆရာကျွန်တော့်ဟာကခြင်ကိုက်သလို နီနေတာဖြစ်ပြီဖေါင်းလဲမဖေါင်း ယားလဲမယာပါ အဖုလဲမဖြစ်ပဲဖိရင်လဲအနီက မဖြူသွားသဖြင့် ဘာဖြစ်နိုင်ပါသလဲ။

တိတိကျကျပြောမရသေးပါ။
၁။ စောင့်ကြည့်နိုင်ပါတယ်။
၂။ အရေပြားအထူးကုဆရာဝန်ပြနိုင်ပါတယ်။
၃။ ဆေးအပြင်းတွေ မလိမ်းပါနဲ့။
STDကို စစ်လို့ရပါသလား ဘာတွေစစ်သင့်ပါလဲခင်ဗျာ
VDRL နဲ့ TPHA ကာလသားရောဂါ စစ်ဆေးခြင်း

VDRL testကို လွန်ခဲ့တဲ့ ၅ ရက်ကစစ်တာကတော့ Non Reactive လို့ရေးထားပါတယ်။ ရှိတာလား မရှိတာလားဆရာ။ တခြား ဘာတွေထက်စစ်ရင်ကောင်းပါသလဲ။

= မရှိ။
http://dts-medicaleducation-adult.blogspot.in/ မှာ မာတိကာထဲက ရွေးပါ။

သွေတိုးရှိရင် သွေးလှူလို့ရပါသလား။ သွေးလှူရင် ဘာရောဂါများစစ်ဖို့ လိုပါသလဲ။

Blood donation မြတ်သော နီသော သွေး

ဆရာ Antibody to HIV usually sabtypes 1 & 2 ဆိုတာဘာလဲဆရာ။ ကျွန်တော်တို့ အလုပ်လျှောက်ရင် စစ်တဲ့ HIV test နဲ့ ဘာကွာလဲသိုခြင်ပါတယ်။

HIV ဗိုင်းရပ်စ် HIV-1 and HIV-2 ၂ မျိုးရှိတယ်။ ၂ မျိုးလုံးဟာ လိင်၊ သွေး နဲ့ မိခင်-ကလေး နည်းလမ်း ၃ မျိုးနဲ့ ကူးစက်နိုင်တယ်။ AIDS ဖြစ်လာရင်လဲ ခွဲခြားမရအောင် ဆင်တူကြတယ်။ HIV-2 က ကူးစက်တာ သိပ်မလွယ်ဘူးလို့ ယူဆတယ်။ ကူးပြန်ရင်လဲ ပိုးဝင်ပြီးနောက် ရောဂါပြတဲ့အချိန် ပိုကြာတယ်။ ပိုများတာက HIV-1 ဖြစ်တယ်။

ဆရာ အလုပ်အတွက် HIV Test လုပ်တာ non reactive ပေါ်ပါတယ်။ ထိုသို့ ဆေးစစ်ရာတွင် ၁ ကော ၂ ကော ပါလားဆရာ။ ဒါမှမဟုတ် ၂ ကိုသက်သက် ပြန်စစ်ရလားသိခြင်ပါတယ်။

ဆေးစစ်စာရွက်မှာ စစ်တာကို ရေးထားပါမယ်။ လို-မလိုဆိုတာ အလုပ်ဌာနအပေါ်မူတည်မယ်။

ဒေါက်တာ ဆေးစစ်စာရွက်မှာတော့ HIV Test လို့ပဲရေးထားပါတယ် အဲ့ဒါဆိုရင် 1 ကော 2 ကောပါပါသလား။ (သို့မဟုတ်) 2 ကို သက်သက်စစ်ရပါသလား သိခြင်ပါတယ်။

ဖြေပြီးပါပြီ။

VDRL Test လုပ်ပြီးသွာပါပြီ။ ဆစ်ဖလစ်ကိုသီးခြာုး ထပ်စစ်ရန်လိုပါသလားခင်ဗျာ။
VDRL Test = ဆစ်ဖလစ်ကိုစစ်ခြင်း

Zincovit အားဆေး
UMIDOX-100 (Doxycycline Capsules BP 100mg)
VERIZET (Levocetirizine Dihydrochloride Tablets 5mg) တို့သောက်နေတဲ့အချိန်မှာ HIV နဲ့ VDRL စစ်ရင် မပေါ်တာ ရှိတတ်လား သိခြင်ပါတယ်။

ဆရာလဲ ကြားနေရတယ်။ သုတေသနတွေလိုက်ရှာပါတယ်။ အယုဗေဒဆေး၊ ဟာဗယ်ဆေး၊ ဆရာတို့လို ဆရာဝန်တွေ သုံးတဲ့ဆေးတွေကနေ HIV စမ်းတာ အနုတ်ပြစေသလားဆိုတာအတွက် အမေးနဲ့ အဖြေတွေ မနည်းမနောတွေ့ရတယ်။ အဖြေတခုက မဖြစ်စေပါ။ နောက်တခုက မမှန်တဲ့ အပေါင်းကိုသာပြပြီး မမှန်တဲ့အနုတ်မပြပါလို့တွေ့ရပါတယ်။ ဒါကြောင့် လေ့လာမှုတွေ လုပ်နေဆဲ့လို့သာ ပြောနိုင်တယ်။ ဆေးတမျိုးမျိုးကြောင့် အဖြမှားရစေတယ်လို့တော့ အသေအချာ မပြောနိုင်ပါ။ ပိုသေချာတာတွေ့လာရင် စာတပုဒ်ရေးပါမယ်။

အူမကြီးကန်ဆာကို ဘယ်လိုစစ်ရပါသလဲ သွေးစစ်ရင်ကန်ဆာရှိမရှိသိနိုင်ပါသလား ဘာစစ်ရမလဲသိခြင်ပါတယ်။

Colon Cancer အူမကြီးကင်ဆာ
စမ်းသပ်နည်း (၆) ခု
၁။ stool testing ဝမ်းစစ်ဆေးခြင်း၊
၂။ barium enema ဆေးရည်သွင်းပြီး ဓါတ်မှန်ရိုက်ခြင်း၊
၃။ virtual colonoscopy ကိရိယာနည်း၊
၎။ sigmoidoscopy ကိရိယာနည်း၊
၅။ colonoscopy ကိရိယာနည်း၊
၆။ Colon Biopsy အသားစဖြတ်ယူစစ်ဆေးနည်း။

VITRO capsule
Thymomodulin.80.0mg ကဘာဆေးဘာလဲခင်ဗျာ ဘာအတွက်တောက်ရတာလဲသိခြင်ပါသည် ကျေးဇူးတင်ပါတယ်
Thymomodulin related alternative medicine supplements and vitamins
ဆရာတို့လို ဆရာဝန်တွေ သင်ရတဲ့ ဆေးပညာမဟုတ်တဲ့ နည်းကနေ ဗီတာမင်တွေလို့ ဖတ်ရပါတယ်။

ကျွန်တော် Cholesterol 225 ဖြစ်နေပါတယ်။ ၂၅ လောက်များနေပါတယ်။ အသိတစ်ယောက်က Aztor 10 Atorvastatin tablets 10mgသောက်လို့ပြောပါတယ် စွဲသောက်ရမလား ဘယ်လောက်သောက်ရမလဲသိခြင်ပါတယ်။ ဒီတိုင်း သောက်ရမလား။ အစာစားပြီးမှသောက်ရမလား သိခြင်ပါတယ်။

ဆရာဝန်က ညွှန်တာမဟုတ်ရင် မကောင်းပါ။
Cholesterol (1) ကိုလက်စထော (၁)
Cholesterol (2) ကိုလက်စထော (၂) တွေကို ဖတ်ပါ။

ကျွန်တော့မှာသွေးတိုးရှိပါတယ် ဒါကြောင့်ဆေးကရင်ဘာဆိုက်အဖက်တွေဖြစ်နိုင်ပါသလဲ ၁၄ရက်လောက်သောက်တာနဲ့ အသဲထိနိုင်ပါသလား။ ဟိုတစ်ခါဖြစ်တဲ့လိမ်တံထိပ်ဖူးမှာဖြစ်တဲ့အနီစက်က ၇ရက်လောက်ကြာတော့ တဖြေးဖြေးမှိန်ပြီးပြောက်သွားပါတယ် အခုထက်ပြီးအနီစက်လေး ၄ခုလောက် ခြင်ကိုက်တလိုထက်ပေါ်လာပါတယ် အရင်အတိုင်းပါ နာလဲမနာ ယားလဲမယားပါ ကျွန်တော် CLOTRI-DENK 1% cream လိမ်းနေပါတယ် ဆေးပြင်းလိုဖြစ်တာလား ဘာကြောင့်ဖြစ်တာလဲသိခြင်ပါတယ်။ Clotrimazole ဆေးပါတယ်။ ဖန်းဂတ်စ် (မှို) ကိုနိုင်တယ်။ လိင်အင်္ဂါနေရာမှာဆေးလိမ်းရင် ပါးပါးသာလိမ်းရမယ်။ ဆေးကြေင့်ဖြစ်မယမထင်ပါ။ ဘာကြောင့်ဖြစ်တာလဲ ဒီအတိုင်းထားရမလား ဘာစစ်တင့်ပါသလဲ ဘာဆေးလိမ်းတင့်ပါသလဲ တခြားသူကို ကူးမလားသိခြင်ပါသည်

ဒီအတိုင်းတော့ ပြောမရသေးပါ။ ဆရာဝန်ကိုသာ ပြပါ။

ECEE2 ကို ရာသီလာပြီး ၁၅ ရက်မှာ သောက်ရင် ဘာဖြစ်နိုင်ပါသလဲဆရာ။ ဒီလရာသီမလာတာတွေဖြစ်နိုင်ပါသလား သိခြင်ပါတယ်။

Ecee2 http://dts-medicaleducation-adult.blogspot.in/2013/02/ecee2.html

ယောက်ကျားလေး သုတ်မထွက်မီ ထွက်တဲ့အရည်ကြည်မှတဆင့် သုတ်ပိုးပါပြီး ကိုယ်ဝန်ရှိနိုင်ပါသလား။

Sperm and Semen သုက် နဲ့ သုက်ရည် http://dts-medicaleducation-adult.blogspot.in/2012/04/sperm-and-semen.html
Sperm Color သုက်၏အရောင် နှင့် Hematospermia သုက်ထဲသွေးပါခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/sperm-color-hematospermia.html
Sperm comes from သုက်ရည် ဘယ်ကလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/06/sperm-comes-from.html
Sperm Count သုက်ပိုးများစေနည်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-count.html
Sperm swallowing သုက်ရည် မျိုချခြင်း http://dts-medicaleducation-adult.blogspot.in/2012/07/sperm-swallowing.html
Sperm Viability and Motility သုက်ပိုးအားနည်းခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/sperm-viability-and-motility.html

ECEE2 ကတစ်ခါသောက်ရင် အဲ့ဒီ့တစ်လလုံးအတွက် သန္ဓေတားပေးပါလားဆရာ

ECee2

ECEE2 ကို ၁ ရက်နေညကတစ်လုံးသောက်တယ် ဒုတိယတစ်လုံးကို ၁၂ နာရီခြားဖြစ်တဲ့ ၂ရက်နေ့ မနက်မှာ သောက်တယ်။ ၄ ရက်နေ့ညမှာ ထပ်ဆက်ဆံမိရင် နောက်တစ်ခါ ထက်သောက်ရပါသလားဆရာ။

Emergency Contraception (4) အရေးပေါ်တားဆေး (၄)

ecee2 ကသောက်ပြီး ဘယ်နှစ်ရက်အတွင်း ဆက်ဆံလို့ရပါသလဲဆရာ။

မေးတာကမရှင်းပါ။ ဆက်ဆံတယ်ဆိုတာ စိတ်အလိုအရဖြစ်တယ်။ ခွဲစိတ်ထားသူ၊ ကလေးမွေးထားသူ၊ သားအိမ်ခြင်ထားသူတွေကိုသာ ရှောင်ခိုင်းတယ်။ ကလေးမရချင်သေးတာ ဆိုရင် တမျိုးဖြစ်မယ်။ အရေးပေါ်တားဆေးတိုင်းဟာ ဆေးမသောက်ခင်က ဆက်ဆံထားတာကိုသာ သက်ရောက်မယ်။ နောက်မယူချင်သေးရင် တားဆေး-တားနည်း တခုခုရွေးရမယ်။ သိချင်တာတွေကို ဆရာ့ဆိုက်ထဲမှာ မာတိကာကိုရွေးဖတ်နိုင်ပါတယ်။

HPV ရှိမရှိဘယ်လိုစစ်ရပါသလဲ လိမ်အင်္ဂါကြွက်နို့က ဘယ်လိုကူးပါသလဲ ကြွက်နို့ပေါက်နေတဲ့အချိန်မှာကူးတာလား ကြွက်နို့ကြွေသွားပြီး လိမ်ဆက်ဆံတဲ့အခါမှာကောကူးပါသလား။

Genital Warts (1) လိင်အင်္ဂါကြွက်နို့ (၁)
Genital Warts (2) လိင်အင်္ဂါ ကြွက်နို့ (၂)

လိမ်အင်္ဂကြွက်နို့က ပေါက်တဲ့အချိန်မှာပဲကူးပြီး ပျောက်သွားတဲ့အချိန်မှာကော လိင်အဖေါ်ကို ကူးပါသလားဆရာ။ မရှင်းလို့ပါ။ ကျွန်တော့ မိန်းကလေးကိုကူးမှာစိုးလို့ပါ။ အမြန်ဖြေပေးစေခြင်ပါသည်။

စာထဲမှာပါတယ်။ ပိုးရှိနေရင် မပြောနိုင်ဘူး ကူးနိုင်တယ်။ ဒီပိုးက ဗိုင်းရပ်စ်ဖြစ်တယ်။

ဆရာ သွေးကကူးတာလား တံတွေတို့ကတဆင့် ကူးနိုင်ပါသလား။ ရှိမရှိဘာစစ်ရင်သိနိုင်ပါသလဲ။

HPV test လုပ်ရတယ်။ လိင်ဆက်ဆံရာမှာထွက်တဲ့ အရည်တွေကနေ ကူးနိုင်တယ်။ HIV နဲ့ Hepatitis B တွေလိုနည်းဘဲ။

HPV test ကိုဘယ်မှာလုပ်နိုင်ပါသလဲ ကျွန်တော်ဆေးခန်းမှာ မေးကြည့်တာ ရန်ကုန်မှာ လုပ်လို့မရ ပြောပါတယ်။ ဘယ်နေရာမှာ ဘယ်လိုပြောပြီး စစ်ရင်ရပါသလဲခင်ဗျာ။

မြန်မာပြည်ထဲမှာ ဆရာမသိပါ။ ဆောရီး။

လိင်မှတစ်ဆင့် ကူးစက်တက်တဲ့ရောဂါတွေ အားလုံးကိုစစ်ခြင်လို့ပါ။ VDRL test တော့စစ်ပြီးသွားပါပြီ non reactive ပါ။ တခြား ဘာတွေစစ်ရမလဲသိခြင်ပါတယ်။ စစ်ဖလစ်တို့ဘာတို့က သီးသန့်စစ်ရတာလား။ VDRL test နဲ့တူပါသလားဆရာ (TPHA) ကဘာကိုစစ်တာလဲဆရာ။


ဆစ်ဖလစ်အတွက်ပါ။ http://dts-medicaleducation-adult.blogspot.in/ ထဲမှာ မာတိကာကနေရှာပါ။ အားလုံးရေးထားပါတယ်။

VDRL နဲ့ TPHA စစ်ရင်လုံလောက်ပါသလားဆရာ။
စာတွေအရင်ဖတ်ပါခင်ဗျာ။

Chlamydia Gonorrhea
Syphilis
တို့ကို ဘယ်လိုပြောပြီးစစ်ရမလဲသိခြင်ပါတယ်

အဲဒီအတိုင်းပဲ ပြောပါ။ တချို့ ဓါတ်ခွဲခန်းတွေကတော့ ဆရာဝန်ကနေညွှန်တာလိုချင်တယ်။

trichomonas တို့ကဘာရောဂါလဲဆရာ။

စာတွေမဖတ်သေးဘဲ မမေးသင့်ပါ။ လင့် ပို့ပြီးပါပြီ။ အကုန်လောက်ပါတယ်။

သမီး အလေးသွားရင် ပုံမှန်အရောင်မဟုတ်ပဲ အမဲရောင်တွေဖြစ်နေပါတယ်။ အဲလိုဖြစ်တာ နည်းနည်းတော့ကြာနေပါပြီ။ ဘယ်လိုမှတော့ မနေပါဘူး။ အဲဒါ ဘာနဲ့ဆိုင်ပါလဲရှင့်။ အထဲမှာ ရောဂါတစ်ခုခု ဖြစ်နေတာများလား ဆရာ။

ဝမ်းအရောင်ဆိုတာ စားသောက်တဲ့ အစားအစာနဲ့ ဆေးတွေအပေါ်မူတည်တယ်။ ဥမပာ သွဓါတ်အားဆေးတွေက မဲစေမယ်။ တီဘီဆေးက ဝါစေမယ်။ စိုးရိမ်စရာမရှိပါ။ လူနာ အသက် စတာ တခုမှ မသိပါ။ ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာရှိပါက အတိုင်းမေးပါ။

ကျွန်တော်ဆေးဆိုင်မှာ Ecee2 ဝယ်တာ Duet ဆိုတဲ့ဆေးထုတ်ပေးပါတယ်ဆရာ။ ကျွန်တော်မေးလိုက်တော့ ဆေးဆိုင်က အာနိသင်ရော ပါဝင်တဲ့နှုန်းရော သောက်ပုံသောက်နည်းရော အားလုံး Ecee2 နဲ့အတူတူပါပဲလို့ပြောပါတယ်ဆရာ။ အဲ့တာစိတ်ချယုံကြည်ရပါ့မလားဆရာ။ အဲ့ဆေးနာမည်ကိုမကြားဖူးလို့ပါဆရာ။ သောက်လို့ဖြစ်ပါ့မလားဆရာ။

ဆရာလဲ မသိပါ။ ဆေးထဲမှာပါတဲ့ ဆေးနာမည်သိရင်ပြောပါ။ မီလီဂရမ်လဲသိချင်တယ်။

ဆေးအခွန်ကလွင့်ပစ်လိုက်လို့ဆရာရေ။ ဆရာ့လိုဆရာဝန်ကြီးတစ်ယောက်ကတောင် မသိဘူးဆိုတော့ ဆေးက အတုကြီးများ ဖြစ်နေမလားဆရာ။ ကျွန်တော် တော်တော်စိုးရိမ်နေပြီဆရာ။ ကျွန်တော် အဲ့လိုမျိုးဆေး နောက်တစ်ကဒ် သွားဝယ်ပြီး ဆရာ့ဆီကို မေးလ် ပို့ပေးပါ့မယ်ဆရာ။ ဆေးစာရွက်ထဲမှာက ဆေးတစ်လုံးစီမှာ Levonorgestrel BP 0.75 mg စီ ပါပါတယ်လို့ရေးထားပါတယ်ဆရာ။ ဆေးထုတ်တဲ့ ကုမဏ္ဏီကFamy Care Ltd., INDIA ပါ။ Website: www.famycare.com ပါဆရာ။ Ecee2 နဲ့ အာနိသင်တူတူပဲလားဆရာ။ ပါဝင်တာကတော့ Ecee2 နဲ့အတူတူပဲဆိုတာ ကျွန်တော် လေ့လာပြီးပါပြီဆရာ။ ဒါပေမယ်ဆေးနာမည်ကိုတစ်ခါမှလည်းမကြားဖူး Website ဝင်ကြည့်လို့လည်းမရတော့ ကျွန်တော်စိုးရိမ်မိပါတယ်ဆရာ။ နောက်ထပ်Ecee2 ပဲထပ်ပြီးဝယ်သောက်လိုက်ရမလားဆရာ။ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေနိုင်တဲ့ HPV ပိုးကဘယ်ကနေစတင်ဆင်းသက်လာတာပါလဲဆရာ။ ကျွန်တော်တို့ ဆက်ဆံတာ သူရာသီလာပြီး သုံးရက်မြောက်နေ့ပါ။

Duet နဲ့ Dute ဆိုပြီး ၂ မျိုးဖြစ်နေတယ်မဟုတ်လား။ ဆေးစာမှာ တလုံးအလွဲမခံဘူး။
နောက်ပြောတဲဆေးထဲမှာ ပါတဲ့ဆေးနဲ့ ဆေးအလေးချိန်က မှန်ပါတယ်။
အရေးပေါ်တားဆေးက ဆက်အပြီး ၇၂ နာရီ၊ အလွန်ဆုံး ၁၂ဝ နာရီအတွင်းသောက်မှသာ တတ်နိုင်တယ်။

သမီးက ရာသီလာမမှန်ပါဘူး။ ပုံမှန်ဆို ၂၇ ရက် ၂၈ ဆို ရာသီလာပါတယ်။ အခု ဆယ်ရက်ကျော်ပြီ မလာဘူးဆရာ။ ဘာဆေးတွေ သောက်ရမလဲဆရာ။ သမီးအသက် ၂ဝ ရှိပါပြီဆရာ။ သမီးမှာ ခြေထောက် ကိုက်တက်တဲ့ ရောဂါတော့ ရှိပါတယ်။ အဲ့ဒီအတွက် paracetamol 500 mg ကို့နေ့တိုင်းလိုလို သောက်ရပါတယ်။ ခြေထောက် တဖက်ပဲ ကိုက်တာပါ။ ၃ နှစ်လောက်ရှိပါပြီ။ ခုနောက်ပိုင်းက နေ့တိုင်းလို ကိုက်လို့ ပါရာ သောက်နေရပါတယ်။ ရာသီမလာတာ ပါရာ နေ့တိုင်းသောက်သာနဲ့ ဆိုင်လားဆရာ။ ဆေး နေ့တိုင်းရောသောက်သင့်ပါသလားဆရာ။

အသက်သာသိရတယ်၊ အိမ်ထောင်ရေးနဲ့ အဲဒါနဲ့ဆိုင်တာတွေ မသိရပါ။ ကိုက်တာကို ပါရာစီတမောနဲ့ သက်သာတယ်ဆိုရင် ကံကောင်းတယ်။ ဒီဆေးက ရာသီကို အပြောင်းအလဲ မဖြစ်စေပါ။ ဆရာဝန်ပြဘူးသလား။ ဆေးစစ်ဘူးသလား

သမီးရဲ့ ညီမလေး ကိစ္စကိုမေးချင်လို့ပါဆရာ။ သူ 6 လပိုင်း 1 ရက်နေ့ကတည်းက ရာသီစလာပါတယ်ဆရာ 5 ရက်မြောက်နေ့မှာ ရာသီရပ်ပါတယ်။ ဒါပေမယ့် ရပ်သွားတာက အဖြူမပေါ်ပဲ အညို(သွေးပုတ်)တွေပဲ ဆက်တိုက်ပေါ်ပါတယ်။ 26 ၇က်အထိ ပါပဲဆရာ။ 6 လပိုင်း 27 ရက်နေ့တော့ ရာသီထပ်ပေါ်ပါတယ်ဆရာ 31 ရက် ရာသီရပ်ပါတယ် ဒါပေမယ့် အညိုတွေပဲ ထပ်ပေါ်ပါတယ်ဆရာ။ ဒီစာကိုရေးနေတဲ့နေ့ အထိပါပဲဆရာ။ သမီးညီမလေး သိချင်တာက သူ့သားအိမ်က တခုခုများဖြစ်နေသလား။ ဒါမှ မဟုတ် အဲ့လိုပဲ ရန်ဖန် ရံခါဖြစ်တတ်သလားဆရာ။ ရောဂါတခုခုများ ဖြစ်နေသလားဆိုတာ သိချင်ပါတယ် ဆရာ။ အသက် 30 အိမ်ထောင်မရှိသေးပါဘူးဆရာ။

ဆေးစစ်ဘူး၊ ဆရာဝန်ပြဘူးသလား မသိပါ။ ရာသီဆင်းတာမှာ လမှန်ဘို့က အရေးအကြီးဆုံးဖြစ်တယ်။ နောက်မှာသာ ရက်။ အရောင် အရေးမကြီးပါ။ အိမ်ထောင်မရှိ (ဆက်ဆံမှုလည်းမရှိ) သူတွေမှာ လ-ရက် မမှန်တာ စိုးရိမ်စရာမရှိပါ။ အသက် ၃ဝ ဆိုရင်တော့ ဆေးစစ်သင့်ပြီ။ OG နဲ့ပြသင့်ပါတယ်။ သားအိမ်မှာထက်ပိုဖြစ်နိုင်တာက မျိုးဥအိမ်ဖြစ်မယ်။ အာလ်ထွာဆောင်းရိုက်ရင် သိတယ်။ အပမ်းမကြီးပါ။ လိုသေးရင် မေးပါ။

ကျွန်တော့်ကောင်မလေးကို ezee2 တိုက်လိုက်တာ ဗိုက်နာနေတယ်လို့ပြောလို့ပါ။ စိုးရိမ်ရလားဗျာ။ ဗိုက်နာပျောက်အောင်ဘယ်ဆေးတိုက်လို့ရမလဲသိချင်လို့ပါ။

Ibuprofen တိုက်ပါ။ အစာနဲ့နီးရမယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်။

ကျွန်တော်ဆေးသွားစစ်တာ vdrl တွေ့လိုပါဆရာ။ အဲပာာကို ဘယ်လိုကုရမလဲဆရာ။ ကုရင်ဘယ်လောက်လောက်ကြာမလည်းဆရာ။ ပထမအစစစ်တုံးကတော့ reactive က 8 ရှိပါတယ်။ နောက်ဆေးထိုးပြီး ၇ ရက်ကြာတော့ပြန်စစ်တော reactive က 4 ကျသွားပါတယ်။ အဲက ဆရာဝန်ပြောတာကတော့ ရောဂါက လုံးဝအရှင်းပျောက်ဘို့က တစ်နှစ်ကနေပြီး ၃ နှစ်လောက်ကြတယ်လို့ပြောပါတယ်။ အဲပာာကို အမြန်ပျောက်အောင် ဘယ်လိုကုရင်ရပါသလည်းဆရာ။

Syphilis Treatment (ဆစ်ဖလစ်) အတွက်ဆေးများ

ကျွန်မဆီးစစ်တာအနုတ်သာပြပါတယ်။ ဆီးစစ်တာ ၉၇ ရာခိုင်နှုန်းသေချာတယ်လို့ သိရပါတယ်။ ထို့ ကြောင့် ကိုယ်ဝန်မရှိဟုသာ ယူဆထားပါတယ်။ သို့သော် ကျွန်မအိပ်ရာနိုးနိုးချင်းတွင် ကိုယ်လက်များ အထူးသဖြင့်ခါးနှင့်ကျော မှာနာကျင်နေပါသည် ရင်သားတွင်လည်း အဖြူရောင် အစက်ကလေးများဖြစ်ပေါ်နေပါသည်။ လေ့လာကြည့်သောအခါ ၎င်းတို့ မှာ ကိုယ်ဝန်လက္ခဏာများဟု သိရပါသည်။ ထို့ အပြင် အစာအိမ်နာသလိုမျိုးလည်းဖြစ်တတ်။ သည်ဟုသိရပါသည်။ လောလောဆယ် ကျွန်မလည်း ဝမ်းဗိုက်မကြာမကြာအောင့်နေသဖြင့် လေအောင့်တာထင်ပြီး လေဆေးများသာ သောက်နေပါသည်။ ဆီးစစ်တာအနုတ်ပြသည့်တိုင် ကိုယ်ဝန်ရှိနေတာဖြစ်နိုင်ပါသလားဆရာ။ ကျွန်မ အလွန်စိုးရိမ်နေပါသည်။ ဖြေကြားပေးပါ။

ကိုယ်ဝန်ဆီးစစ်တာ အနုတ်ပြတာ ၂ ခါဆိုရင် မရှိတာသေချာပါမယ်။ ရာသီထိန်နေတာ ဘယ်လောက်ကြာ မသိပါ။ ရင်သားမှာ အဖြူစက်က ကိုယ်ဝန်နဲ့ မဆိုင်လောက်ပါ။ အညိုရောင် အဝိုင်းမှာ အရောင်ရင့်လာမယ်။ ပိုတင်း-ကြီးလာမယ်။ လေဆိုတာ ခဏခဏဖြစ်တတ်တယ်။ ခါးလဲ အဲလိုရှိတတ်ပါသေးတယ်။
Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

ကျွန်တော်နှင့်ကျွန်တော့်ချစ်သူ အသက်က ၂၃ နှစ်ပါခင်ဗျာ။ ကျွန်တော်တို့ချစ်သူဖြစ်တာ တစ်နှစ် ရှိပါပြီ။ ကျွန်တော်တို့နှစ်ယောက်လုံးက ရည်းစားဦး၊ လူပျို အပျိုတွေပါခင်ဗျာ။ လွန်ခဲ့တယ့် နှစ်လလောက်ကတော့ ကျွန်တော်တို့စဖြစ်ခဲ့ကြပါတယ်။ အဲဒီတုန်းက တစ်လတစ်ကြိမ်၊ နှစ်လဆိုတော့ နှစ်ကြိမ်ဖြစ်ဖူးပါတယ်။ အဲဒီတုန်းကတော့ Ecee2 ကိုတိုက်ပါတယ်။ Menstruation က ပုံမှန်ဖြစ်ပါတယ်။ နောက်တော့ အဲဒီဆေးတွေက ထိခိုက်တယ်လို့ သိရပါတယ်။ ဟုတ်ပါသလားခင်ဗျာ။ အဲလိုထင်ပြီးတော့ ဒီ June လ မှာ ကျွန်တော် condom ကိုသုံးကြည့်ပါတယ်ခင်ဗျာ။ ရာသီက ၃-၆-၁၃ မှာ လာပြီးတော့ ကျွန်တော်တို့ ၁၅-၆-၁၃ မှာကျွန်တော်တို့ Condomကို သုံးပြီး သူအိမ်ပြန်တော့ Menstruation ဖြစ်သလို ၂ ရက်လောက် သွေးကျတယ်ခင်ဗျာ။ သွေးကလဲ အရင်သွေးအရောင်လိုပါပဲ။ ကိုယ်လက်ကိုက်ခဲတာ တို့ Menstruation signs တွေလဲပြပါတယ်။ ဘာဖြစ်လို့ပါလဲခင်ဗျ နောက် ၂၈-၆-၁၃ မှာကျွန်တော်တို့ ပထမတစ်ကြိမ်မှာ Condom သုံးပြီး အဲဒီနေ့ပဲ နောက်တစ်ကြိမ်ဆက်မဖြစ်ခင် ကျွန်တော် ဆီးသွားလိုက်ပြီး Condom မသုံးပဲဖြစ်မိပါတယ်။ ကျွန်တော့် sperm ကို အပြင်မှာပဲထုတ်လိုက်ပါတယ် သူအိမ်ပြန်တော့ဆီးသွားရင်း သွေး ၄ (or) ၅ စက်လောက်သွေးကျပါတယ်။ အဲဒါဘာဖြစ်လို့ပါလဲခင်ဗျာ။ လူတစ်ချို့ ဆီကကြားဖူးတာတော့ အဲလိုဆက်ဆံပြီးတိုင်း သွေးကျတဲ့ရောဂါဆိုတာ ရှိပါသလားခင်ဗျာ။ အဲလိုကျရင်ရော ကိုယ်ဝန်ရနိုင်ပါသလားခင်ဗျာ။ ၃-၇-၁၃ မှာတော့သူ Nipple နာသလိုဖြစ်ပြီး အဖြူဆင်းပါသေးတယ်ခင်ဗျာ အဲလို Signs ပြတော့ ကျွန်တော်တို့ Happy မိပါတယ်။ သူ Menstruation ကပုံမှန်ဖြစ်နေကြပါ။ ဒါပေမယ့် ခုထိသူက Menstruation မဖြစ်သေးတော့ ကျွန်တော်တို့နှစ်ယောက် အရမ်းကြောက်လန့်နေရပါတယ်ခင်ဗျာ။ ကိုယ်ဝန်ရှိတာဖြစ်နိုင်ပါသလားခင်ဗျာ။ ကျွန်တော်တို့ကျောင်းပြီးမှယူဖို့စဉ်းစားထားလို့ပါခင်ဗျာ။ ဆီးစစ်နည်းက ဆီးထဲကို လစ်တမတ် စက္ကူ အဖျားလောက် ထည့်ကြည့်လို့ ၁ လိုင်းပေါ်ရင်မရှိ၊ ၂ လိုင်းပေါ်ရင်ရှိ ဆိုတာမှန်ပါသလားခင်ဗျာ။ တကယ်လို့ကိုယ်ဝန်ရှိခဲ့ရင်နုတုန်း ဆေးနဲ့ဖျက်လို့ရပါသလားခင်ဗျာ၊ အန္တရာယ်ကောရှိပါသလားခင်ဗျာ။

http://dts-medicaleducation-adult.blogspot.in/ ကိုဝင်ပြီး၊ အောက်ဆုံးက မာတိကာထဲမှာ သိလိုတဲ့ခေါင်းစဉ်ကိုရွေး ဖတ်ရင် မေးတာအားလုံးအတွက် အဖြေတွေ တွေ့ပါလိမ့်မယ်။

ကျွန်တော်ရော ကျွန်တော့ကောင် မလေးရော အသက် ၂၁ ပါ။ ကျွန်တော်တို့နှစ်ယောက် feb 16 က ပထမဆုံး ဆက်ဆံ ခဲ့ကြပါတယ်။ ဒါ ပေမယ့် ကျွန်တော်က သုတ်လွှတ်မြန်ပါတယ်။ ၁ မိနစ် လောက်တောင် မကြာဘဲ အပြင်မှာဘဲ ပြီးပါတယ်။ နောက် feb ၂ဝ မှာ လဲ အပြင်မှာဘဲ ပြီးပါတယ်။ ကျွန်တော့ကောင်မလေးက March ၅ မှာ menstruation လာပြီး ၅ ရက်ကြာပါတယ်။ နောက်လ April 4 မှာ menstruation လာပြီး ၅ ရက်ဘဲကြာပါတယ်။ အခုသူ့မျက်လုံးက ကြာကြာအာရုံစိုက်လို့ မရဘူးပြောပါတယ်။ tv ကြည့်ပြီး ၁ နာရီလောက်နေရင် မျက်လုံးက အောက်လာတယ်ပြောပါတယ်။ ခေါင်းတွေလဲ အုံနေတယ်ပြောပါတယ်။ကိုယ်ဝန်ရှိလားမရှိလားဆိုတာဖြေကြားပေးပါခင်ဗျာ။

Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-1.html
Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/early-ejaculation-2_09.html
Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-3.html
ECee2 http://dts-medicaleducation-adult.blogspot.in/2013/02/ecee2.html

CYTOTEC ဆေးကိုသောက် ရင်နာကျင်တာသက်သာစေဖို့ Pain killer သောက်လို့ရတယ်ဆိုရင် ဆေးနာမည်လေး တချက်လောက် ညွှန်ပေးပါခင်ဗျာ။ ပြီးတော့ cytotec ရဲ့ side effect တွေထဲမှာ ဘယ်ဟာတွေက အန္တရာယ်ရှိပြီး ဘယ်ဟာတွေက ပုံမှန်ဖြစ်စဉ်ဘဲဆိုတာ ရှင်းပြပေးပါခင်ဗျာ။

Early ejaculation (1) သုက်လွှတ်စောခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-1.html
Early ejaculation (2) သုက်လွှတ်စောခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/early-ejaculation-2_09.html
Early ejaculation (3) သုက်လွှတ်စောခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/03/early-ejaculation-3.html
ECee2 http://dts-medicaleducation-adult.blogspot.in/2013/02/ecee2.html
Abortion Pills ဖျက်ဆေးတွေအကြောင်း 

No comments:

Post a Comment