Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 5, 2013

ပါးစပ်ဖြင့်လိင်မှုဆက်ဆံခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် လည်ချောင်းကင်ဆာရောဂါပိုမိုဖြစ်ပွားစေနိုင်

 ( ဆေးပညာ အသိဖြင့် )

ပါးစပ်ဖြင့်လိင်မှုဆက်ဆံခြင်းဟာဆေးလိပ်သောက်ခြင်းထက်လည်ချောင်းကင်ဆာရောဂါပိုမိုဖြစ်ပွာစေနိုင် တယ်လို့ ဆိုပါတယ်...
သဘာဝကိုဆန့်ကျင်သူတွေအတွက် သဘာဝရဲ့ ဒဏ်ခတ်ချက်.... သဘာဝနှင့် ဆန့် ကျင်စွာ ပါးစပ်ဖြင့်  လိင် မှုဆက်ဆံခြင်းဟာ ဆေးလိပ်သောက်ခြင်းထက် လည်ချောင်းကင်ဆာရောဂါပိုမိုဖြစ်ပွားစေနိုင်တယ် လို့ ဆိုပါတယ်...ပါးစပ်ဖြင့် ချစ်သူကြင်ဖက်( အခကြေးငွေပေးပြီးပျော်ပါးသူ )၏ပန်းအစုံကို နမ်းငုံခြင်းဟာ ယခုအခါတွင် အသက် ၅၀အောက်အရွယ်များတွင် ခံတွင်းအတွင်းရောဂါပိုးကူးစက်ပျံ့ ပွားပြီး ( papillomavirus ရောဂါပိုး )လည်ချောင်းကင်ဆာဖြစ်ရခြင်း၏ အဓိကအချက်အလက်၊ အကြောင်း တရားဖြစ်နေ ပါသည်ဟုအင်္ဂလန်နိုင်ငံထုတ် ဒေလီမေးလ် သတင်းစာကြီးကဖော်ပြခဲ့ ပါတယ်...

HPV ( Human Papillomavirus ) ဟုခေါ်သည့်  အဆိုပါ ခံတွင်းအတွင်းပျံ့ ပွားသည့် ရောဂါပိုးဟာ လွန်ခဲ သည့် ဆယ်စုနှစ်များအတွင်း အသက်အန္တရယ် ထိခိုက်စေသည် အထိဖြစ်နိုင်သောပါးစပ်နှင့် လည်ချောင်း ဆိုင်ရာကင်ဆာရောဂါများ တိုးပွားရခြင်း၏ အဓိကအကြောင်းအရာ ဖြစ်လာခဲ့ပါတယ်...ကိုလံဘတ်မြို့ မှ အို ဟိုင်ယိုပြည်နယ်တက္ကသိုလ်ပါမောက္ခ မော်ရာဂစ်ဘဆွန်က ( ပါးစပ်ခံတွင်းဖြင့် ) လိင်ဆက်ဆံမှုကြောင့် ဖြစ် ပွားသည့် လည်ချောင်း၊ ခံတွင်းကင်ဆာဟဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် ဖြစ်ပွားရခြင်းထက် ပိုမို အဓိက ကျတဲ့ အချက်ဖြစ်နေပါတယ် လို့ ပြောကြားခဲ့ ပါတယ်...

ဆရာဝန်များကတော့ ယောကျာင်္းလေးများ ( အမျိုးသားများ ) ဟာလည်း မိန်းကလေးများကဲ့ သို့ အဆိုပါ ကင်ဆာရောဂါပိုးပြန့် ပွားခြင်းမှတားဆီးကာကွယ်ရန် HPV ပိုးကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းခဲ့ ပါ တယ်....
ဗြိတိန်နိုင်ငံမှာတော့ အသက် ၁၂ နှစ်နဲ့ အသက် ၁၃ နှစ်အရွယ်ရှိမိန်းကလေးများကို သားအိမ်ကင် ဆာ ကာကွယ်ဆေး ထိုးပေးဖို့ အမျိုးသား ကျန်းမာရေးဌာနမှ စီစဉ်ပေးလေ့ ရှိပါတယ်...
အဆိုပါရော ဂါကြောင့် နှစ်စဉ်အမျိုးသမီး ၁၀၀၀ ခန့် ဗြိတိန်နိုင်ငံမှာသေဆုံးလျှက်ရှိပါတယ်...

အလွယ်တကူကြည့် ရှုနိုင်နေတဲ့ အွန်လိုင်းမဖွယ်မရာဆိုဒ်များ၊ ဗီဒီယိုကလစ်များကြောင့် လူငယ် များအကြားအလွန်ပျံ့ နှံ့ ရေပန်းစားနေတဲ့ အလေ့ အထတစ်ခုဖြစ်နေတဲ့ အရာအတွက် သဘာဝတရားရဲ့ဒါဏ်ခတ်မှုအကြောင်းအခုလိုသတိပေးချက် ထွက်ပေါ်လာတာကို သတိပြုဆင်ခြင်သင့်ပါတယ်...တစ်ခဏတာ သာယာမှုအတွက် သူတစ်ပါးအန္တရယ်ဖြစ်စေတာမျိုးတော့ရှောင်ကြဉ်သင့်ပါသည်။

ခင်ငြိမ်းသစ်
Mg Mandalay

  Reference and Credit to
ကျန်းမာရေးစာတိုများစုစည်းမှု


No comments:

Post a Comment