Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 19, 2013

အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်သုံးစွဲလျှင်ကျန်းမာရေးထိခိုက်နိုင်...

 Photo: အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်သုံးစွဲလျှင်ကျန်းမာရေးထိခိုက်နိုင်...

***********************************************
(19.5.2013, Wednesday)

အမျိုးသမီးများအနေနှင့်အရေးပေါ်ပဋိသန္ဓေတားဆေးများကို ပုံမှန်တားဆေး
ကဲ့သို့အသုံးပြုလျှင်ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်ကြောင်းသိရသည်။
အရေးပေါ်တားဆေးများဖြစ်သော Ecee 2, Pill 72 အစရှိသောဆေးများကို
ပုံမှန်သုံးစွဲနေလျှင်အမျိုးသမီးများတွင် သွေးတိုးရောဂါ၊ နှလုံး ရောဂါ၊
ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ အစရှိသော
ရောဂါများဖြစ်ပွားနိုင်ကြောင်းသိရသည်။အမျိုးသမီးများ၏ ကျန်းမာရေးကို
ဆိုးဝါးစွာထိခိုက်နိုင်သည့်အကြောင်းကို Health Channel ၏အထွေထွေ
မန်နေဂျာဒေါက်တာသန်းထွဋ်က ပြော ကြားခဲ့သည်။ပုံမှန်အနေနှင့် သုံးစွဲ၍
ရသော ပဋိသန္ဓေတားဆေး၊ သောက်ဆေး၊ ထိုးဆေးများကို နှစ်ရှည်လများ
သုံးစွဲလာလျှင် သွေးတိုး၊ နှလုံး၊ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊
သားအိမ်ခေါင်းကင်ဆာရောဂါများရရှိနိုင်ကြောင်းသိရသည်။နှစ်ရှည်လများ
ပဋိသန္ဓေတားဆေးများကို သုံးစွဲလျှင်ကလေးမရှိနိုင်၍မြုံသော အခြေအနေ
များအထိ ဖြစ်ပွားနိုင်ကြောင်းသိရသည်။အရေးပေါ်ပဋိသန္ဓေတား ဆေး
သောက်သုံးထားသောအမျိုးသမီးများအနေနှင့်နေရောင်ခြည်ကို တိုက်ရိုက်
ထိတွေ့မည်ဆိုလျှင် ခရမ်းလွန်ရောင်ခြည် A ကြောင့်မျက်နှာတွင် အညိုအမည်းကွက်များထွက်လာနိုင်ကြောင်း သတင်းရရှိသည်။

SkyNet TV Browser

No comments:

Post a Comment