Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 21, 2022

မန်ကျည်းချဉ် သိပ်နည်း




♥️မန်ကျည်းချဉ်လေး ခုတလော ခေတ်စားနေတာမို့
♥️ မန်ကျည်းချဉ် သိပ်နည်းလေး ပြောပြပေးလိုက်ပါတယ်။
ခု ကျမ ပြတဲ့ နည်းက ရေမပါဘဲ
ဆားတစ်မျိုးတည်းနဲ့ မန်ကျည်းရွက်ကို နယ်ပြီး သိပ်တဲ့ မန်ကျည်းချဉ် သိပ်နည်းပါ။
ပုလင်းနဲ့ သိပ်သိပ်, စဉ့်အိုးနဲ့ သိပ်သိပ် ရပါတယ်။
မန်ကျည်းရွက်ကို ဆားနဲ့ နယ်ပြီး သိပ်ပြီးရင်
ပုလင်း ( သို့ ) စဉ့်အိုးကို
နေရောင်ခြည်တိုက်ရိုက် မကျတဲ့
နေပူရှိန်ရတဲ့ နေရာလေးမှာ ထားပေးပါ။
သိပ်ပြီး တစ်ပတ်နေရင် မန်ကျည်းချဉ်စားလို့ရပါပြီ။
လိုသလောက်ကို ခြောက်သွေ့တဲ့ ဇွန်းသန့်သန့်နဲ့ ခပ်ယူပြီး အဖုံး ပြန်အုပ်ထားပါ။
မန်ကျည်းချဉ်ကို
ကြက်သွန်နီ ပါးပါးလှီးထည့်ပြီး
မြေပဲဆီစစ်စစ် များများထည့်ကာ
ဟင်းချိုမှုန့် နဲ့ သုပ်ပြီး ထမင်းစားရင်
ခံတွင်းမြိန်စေပါတယ်။
ငရုတ်သီးစိမ်း, ငရုတ်သီးအကြတ်မှုန့်
မြေပဲဆန်ထောင်း , ပဲအကြတ်မှုန့် ,
ပုစွန်ခြောက်မှုန့် စသဖြင့်
မိမိနှစ်သက်ရာ ထည့်သုပ်လို့လည်း ရပါတယ်။
ပုစွန်ခြောက်မှုန့် , ပုစွန်စိမ်းတို့နဲ့ ရောကြော်စားလို့လဲ ရပါတယ်။
မန်ကျည်းချဉ် ငါးပိကြော်လဲ ကြော်စားလို့ရပါတယ်။
ကြက်, ဝက်, ဆိတ်, ပုစွန်, ငါး အစရှ်ိသဖြင့်
ဟင်းချက်ရာမှာလည်း ထည့်ချက်လို့ရပါတယ်။
မှတ်ချက်
*********
ခု ပြထားတာက လူကြီးတွေပါ စားလို့ရအောင်
မန်ကျည်းရွက် ၁၅ ကျပ်သားကို
ဆား ၁ ကျပ်သားနှုန်းနဲ့ ပါ။
မန်ကျည်းရွက် ၁၀ သားကို
ဆား ၁ ကျပ်သားနှုန်းနဲ့ နယ်လည်း ရပါတယ်။
မန်ကျည်းချဉ် ဖြစ်သွားပြီးရင်တော့
ရေခဲသေတ္တာထဲတွင် သိမ်းဆည်းပါ။
Credit: Bago Daw Htwe Yee ပဲခူး ဒေါ်ထွေးရီ

No comments:

Post a Comment