Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 29, 2013

Penile Penicillin Injection ကျားလိင်အင်္ဂါ ဆေးထိုးခြင်း (၂)


Sat, Jan 26, 2013 at 1:21 PM
လိင်အင်္ဂါကြီးအောင် ကျားအင်္ဂါထဲကို ဆီလီကွန်တို့ ပန်းပေါင်းဆီတို့အစား နောက်ပိုင်း ပင်နယ်စလင်ထိုးဆေးအဆီကို ထိုးထည့်ကြတာ သိပ်များလာပါတယ်။ (၃)ခါထိုးရပါတယ်။ ပင်နင်စလင်အဆီက တခါတလေ ခဲနေရင် မီးဝန်းလိုက်ပါသေးတယ်။ ပထမတစ်ခါထိုးပြီး အသားနုလေးတစ်လွာ တက် လာအောင်စောင့်ပြီး မှ ဒုတိယ အကြိမ်ပြန်ထိုးရပါတယ်။ တတိယအကြိမ်ထိုးပြီးရင် ဆေးအောင်တယ်လို့ ဆိုပါတယ်။ ပင်နင်စလင် ဆေးက ကျားအဂ်ါအထဲသို့ရောက်လျင် ပန်းပေါင်းလိုမဟုတ်ဘဲ့ အသား ဆဲလ်တွေပြန်ဖြစ်သွားပြီး သူကအထဲမှာ ဘာမှဒုက္ခ မပေးဘူးလို့ ဆိုပါတယ်။ ဟုတ်ပါသလား။ ကျားကင်္ဂါကြီးချင်ကျလို့ ပင်နင်စလင်အဆီကို တော်တော်များများ ထိုးနေကြတာတွေ့ရပါတယ်ဆရာ။ ဘာအန္တရာယ်မှမရှိတာ သေချာလားဆရာသိချင်ပါတယ်။

Penicillin G procaine in oil ပနယ်စလင်အဆီထိုးဆေး ၁ စီစီထဲမှာ Penicillin G procaine 100,000 units နဲ့ Peanut ပဲဆီ၊ ဒါမှမဟုတ် Sesame နှမ်းဆီ၊ ဒါမှမဟုတ် Soybean oils ပဲပုပ်ဆီတွေရောထားတယ်။ ဒီထိုးဆေးကိုတော့ သုံးနိုင်တာ နေရာတကာလို့ပြောနိုင်တယ်။ Cellulitis ပိုးဝင်ပြီး ရောင်ရမ်းတာ၊ Infective endocarditis နှလုံးပိုးဝင်လို့ရောင်တာ၊ Gonorrhea ဂနိုးရီးယား၊ Meningitis ဦးနှောက် မြှေရောင်၊ Aspiration pneumonia, lung abscess အဆုပ်ပြည်တည်နာ နဲ့ အန်ဖတ်ဝင်လို့ဖြစ်တဲ့ နူမိုးနီးယား၊ Community-acquired pneumonia လူအုပ်ကနေရလာတဲ့ နူမိုးနီးယား၊ Syphilis ဆစ်ဖလစ်၊ Septicemia in children ကလေးတွေသွေးထဲပိုးဝင်တာ၊ Septic Arthritis ပိုးဝင်လို့အဆစ်နာရောဂါ၊ Gangrene သွေးမလျှောဘဲပုတ်ဆွေးတဲ့အနာ နဲ့ Diphtheria ဆုံဆို့နာတွေအတွက် သုံးတယ်။

အခုနောက်ပိုင်းမှာ Benzathine benzylpenicillin ခေါ်တဲ့ တာရှည်ခံ ပနယ်စလင်ထိုးဆေးကိုသာ သုံးပါတော့တယ်။ Prophylaxis of rheumatic fever ရူမက်တစ်အဖျား (လေးဘက်နာ) ကိုကာကွယ်ဘို့နဲ့ Early or latent syphilis ဆစ်ဖလစ်စောဖြစ်တာနဲ့ နောက်ကျဖြစ်တာတွေအတွက်သုံးတယ်။ ကျန်တဲ့ရောဂါတွေကို နောက်ပေါ်စားဆေးတွေ နဲ့ တခြားပိုးသေဆေးတွေက ပိုကောင်းလို့ သုံးရတယ်။

ပနယ်စလင်အဆီကို တင်ပါးနဲ့ လက်မောင်းအိုးမှာသာ ထိုးရတယ်။ ထိုးရင်နာတယ်။ အဆီဖြစ်လို့ ဆေးထိုးတာလဲ သတိထားရသေးတယ်။ ဒီဆေးထိုးလိုက်ရင် ဆေးထိုးရာနေရာမှာ ဘာတွေဖြစ်လာသလဲဆိုတာကို Histological Reactions to Injections of Procaine Penicillin in Oil စစ်ဆေးမှု လုပ်တဲ့အခါ ဒီလိုဟာတွေ တွေ့လာရတယ်ဆိုတာ သုတေသနစာတမ်းတခုကို St. Bartholomew's Hospital ဆေးရုံက Demonstrator of Pathology, Peter Story, M.D. ကနေ ရေးထားတာရှိတယ်။

• ဆေးဝင်ရာကြွက်သားတွေ Oedematous ဖေါင်းရောင်နေတယ်။
• အထဲမှာ Oily giobules အဆီခဲလေးတွေတွေ့ရတယ်။ အဆီခဲဟာ သေသေးလေးတွေကနေ ၂ မီလီမီတာအထိ ကြီးတယ်။
• အဆီခဲကြောင့် ဘေးမှာရှိတဲ့ Connective tissue တွယ်ဆက် တစ်ရှူးတွေမှာ Cellular reaction တုံ့ပြန်မှုတွေ ဖြစ်နေတာလဲတွေ့ရတယ်။
• Muscle bundles ဆက်စပ်နေတဲ့ ကြွက်သားအစိုင်အခဲဟာလဲ Degeneration ပျက်စီးဖြစ်စဉ်ရှိနေတယ်။
• တချို့နေရာမှာ Disappearance of muscle fibres ကြွက်သား ဖိုက်ဘာတွေပျက်စီးသွားပြီး Cellular fibrous tissue အမာရွတ်ဖြစ်စဉ် ဝင်လာတယ်။
• Cellular reaction ဆဲလ်တုံ့ပြန်မှုက အမျိုးမျိုးရှိတယ်။ Round cells ဆဲလ်ဝိုင်းဝိုင်းသေးသေးလေးတွေကနေ တချို့နေရာတွေမှာ Mononuclear phagocytes အကြီးစားတွေရှိတယ်။
• Eosinophils သွေးဖြူဥတမျိုးများများနဲ့ Multinucleate giant cells ဆဲလ်ဧရာမတွေ နည်းနည်းလဲတွေ့တယ်။
• ဒါပေမဲ့ Acute inflammatory reaction ယုတ်ရက်ရောင်ရမ်းဖြစ်စဉ်မျိုးမှာတွေ့ရမဲ့ Neutrophil leucocytes ဆိုတာ နည်းနည်းပါးပါးလေးသာတွေ့ရတယ်။
• ဆေးထိုးတဲ့နေရာနဲ့ သက်ဆိုင်ရာ တက်စေ့တွေမှာလဲ အပြောင်းအလဲတွေတွေ့သေးတယ်။ ရောဂါဗေဒလို Sinus catarrh လို့ခေါ်တယ်။ Foam cells ဆဲလ်တမျိုးတွေတွေ့ရတယ်။
• ဒီလိုဖြစ်လာတာတွေဟာ ဆေးထဲမှာပါနေတဲ့ Procaine penicillin နဲ့ Arachis oil အဆီကြောင့် ဖြစ်တာတွေလို့ ယူဆနိုင်တယ်။
• ပနယ်စလင်ကို အဆီလုပ်ထားရတဲ့သဘောက သွေးထဲစုပ်ယူမှာကိုနှေးစေဘို့ဖြစ်တယ်။ ဆေးကကြာကြာနေမယ်။ Suspension of calcium penicillin ကို Beeswax ပျားဖယောင်း နဲ့ဖြစ်ဖြစ် Peanut oil မြေပဲဆီနဲ့ဖြစ်ဖြစ် လုပ်တယ်။

အခုမေးတာက ကျားလိင်အင်္ဂါကိုထိုးကြတာဖြစ်နေတယ်။ သူများနိုင်ငံတွေမှာ အဲလိုထိုးလို့ ဘာတွေဖြစ်သလဲဆိုတဲ့ သုတေသန ခုထိတော့ မတွေ့သေးပါ။ လုပ်လဲမလုပ်ကြပါ။ ဒါကြောင့် ဆရာဝန်တယောက်အနေနဲ့ စိတ်ချရတယ်လို့ မပြောနိုင်ပါ။ မှန်းဆချက်ပေးတာမျိုးဟာ သိပ္ပံနည်းမကျပါ။

ကျားလိင်အင်္ဂါထဲမှာ ရှိတာက ကြွက်သားမဟုတ်ပါ။ Corpora Cavernosa Penis အသားပွက အဓိက အများဆုံး ဖြစ်တယ်။ ဆေးထိုးရင် အဲဒီထဲရောက်မှာများတယ်။ သူ့ကို Fibrous envelope အရွှတ်လွှာ ၂ မျိုးနဲ့ဖုံးထားတယ်။ Corpus Cavernosum Urethræ ဆိုတာက ဆီးထွက်လမ်း ဖြစ်တယ်။ ကျန်တာက သွေးလွှတ်ကြော၊ သွေးပြန်ကြောနဲ့ အာရုံကြောတွေ ရှိတယ်။

Penile self-injection of cocaine ကျားလိင်တံထဲကို ကိုယ့်ဖါသာ (ကိုကိန်း) ဆေးထိုးသူတွေမှာ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖြစ်တာကိုတော့ လေ့လာမှုလုပ်ထားတာရှိတယ်။ အထူးသဖြင့် ကိုကိန်းအဆီက ပိုပြီးဒုက္ခပေးတယ်။ JAMA 1950 ဆေးပညာဂျာနယ်မှာ ပနယ်စလင်အဆီထိုးရာကနေ Pulmonary Embolism အဆုပ်ထဲက သွေးကြော ပိတ်တဲ့အကြောင်း ရေးထားတယ်။ ကျွန်တော်ကတော့ လုံးဝအားမပေးပါ။

Penile Injection Therapy ကျားလိင်အင်္ဂါ ဆေးထိုးခြင်း http://dts-medicaleducation-adult.blogspot.in/2012/03/penile-injection-therapy.html
Penis enlargement (1) ကျားအင်္ဂါ ကြီးစေခြင်း (၁) General ယေဘုယျ http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-1.html
Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂) Injection ဆေးထိုးနည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-2.html
Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃) Andropenis နည်း http://dts-medicaleducation-adult.blogspot.in/2012/04/penis-enlargement-3.html
Penis enlargement (4) ကျားအင်္ဂါ ကြီးစေခြင်း (၄) Analysis သုံးသပ်ချက် http://dts-medicaleducation-adult.blogspot.in/2012/05/penis-enlargement-4.html
Penis enlargement (5) ကျားအင်္ဂါ ကြီးစေခြင်း (၅) Pump and others လေစုပ်ကရိယာ http://dts-medicaleducation-adult.blogspot.in/2012/04/penis-pump.html
Penis enlargement (6) ကျားအင်္ဂါ ကြီးစေခြင်း (၆) Complications ဆိုးကျိုးတွေ http://dts-medicaleducation-adult.blogspot.in/2012/08/penis-enlargement-5-complications.html
Penis Life Cycle ယောက်ျား-အင်္ဂါ အသက်ကြောင့် ဘယ်လိုပြောင်းလာသလဲ http://dts-medicaleducation-adult.blogspot.in/2012/03/life-cycle-of-penis.html ဒေါက်တာတင့်ဆွေ
၂၆-၁-၂ဝ၁၃ 


No comments:

Post a Comment