Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 14, 2013

အသက် ၁၈ နှစ်ပြည့်မှဖတ်ပါဆေးစာများ - Breast Cancer Chemotherapy ရင်သား-ကင်ဆာကို ဆေးပေးကုသခြင်း

Sat, Sep 14, 2013 at 9:40 AM
ကျွန်မအမေမှာ ရင်သားမှာ အကျိတ်တွေ့တာကနေ ရင်သားခွဲစိတ်လိုက်ရပါတယ်။ အမေက 58 နှစ်ပါ။ ခွဲစိတ်ရင်းနဲ့ အကျိတ်က နက်လို့ဆိုပြီး တခုလုံးလှီးထုတ်လိုက်ပါတယ်။ အသားစ အဖြေရတော့ အဆင့် 2 ရှိတယ်လို့ပြောတယ်ဆရာ။ အဲဒါ ဆေးသွင်းရမယ်တဲ့။ ဆေးသွင်းပြီးရင် ရန်ကုန်ကိုသွားပြီး ဓာတ်ကင်ရမယ်ပြောတယ်။ သူများတွေ ပြောသံကြားတာတော့ ဓာတ်ကင်တာ မကောင်းဘူးလို့ ပြောသံကြားတယ်ဆရာ။ ဆေးသွင်းရုံတဲ့ ပျောက်နိင်မလားဆရာ။ ခုကျွန်မအမေ ဆေးကုနေတာ့ မှာပါ။ ရန်ကုန်မှာ လာကုရင်ကောင်းမလားဆရာ။ ရန်ကုန်က ကင်ဆာအထူးကုဆရာ ကောင်းကောင်းနဲ့ ပြပြီးကုရင် ကောင်းမလားဆရာ။ ဆေးက မသွင်းရသေးဘူး။ ဆေးသွင်းရင်ကောင်းမလား။ ရန်ကုန်လာပြီး ဆရာတယောက်နဲ့ ပြကြည့်ရင်ကောင်းမလား။ ဘယ်လိုဆက်လုပ်ရမလဲ၊ အကြံလေးပေးပါအုံးဆရာ။ သမီးတို့မှာလဲ အဲလိုရောဂါ အတွေ့အကြူံမရှိတော့ ဘယ်လိုလုပ်ရမှန်းမသိဘူး ဖြစ်နေတယ်။ အသားစအဖြေကလဲ ခွဲထုတ်လိုက်ရတဲ့ ရင်သားကအကျိတ်က ဘာမှမတွေ့ဘူးတဲ့။ ချိုင်းအောက်မှာ ကင်ဆာဆဲတွေ့လို့ ရောဂါကို ဘယ်လိုနာမည်တတ်ရမှန်းတောင် မသိဘူးလို့ ကင်ဆာဆရာဝန်က ပြောနေတယ်တဲ့။ ခုတော့ ရင်သား ကင်ဆာလို့ပဲ နာမည်တတ်ထားတယ်ပြောတယ်။ ပြီးတော့ က အသားစအဖြေတွေက တခါတခါ မှားတတ်တယ်လို့ ဖြစ်ဖူးတဲ့သူတွေကလဲ ပြောနေကြတယ်ဆရာ။ အဲဒါ သမီးဘယ်လိုဆက်လုပ်ရမလဲ အင်္ကြလေးပေးပါအုံးဆရာ။

Sat, Jul 21, 2012 at 3:14 PM
သမီးရဲ့ ညာဘက် ရင်သားမှာ အကျိတ်တွေ့ပြီးနောက် တစ်နှစ်ခွဲကြာတဲ့အချိန် ကိုယ်ဝန် ၆လ ရတဲ့အချိန်မှာ အကျိတ်က သိသိသာသာ လျှင်မြန်စွာ ကြီးထွားလာတဲ့အတွက် ULTRASOUND ရိုက်ပါတယ်။ နောက် BIOPSY စစ်ပြီး (Left breast: Infiltrating ductal carcinoma, grade 2) ဆိုပြီး ရင်သားကင်ဆာလို့ ပြောလာပါတယ်။ နောက် သမီးရဲ့ ကိုယ်ဝန်ကြောင့် အမြန် ခွဲစိတ်ရမယ်ဆိုပြီး ကိုယ်ဝန် ၃ဝ ပတ်ရောက်တဲ့အချိန်(့) နိုင်ငံ (့) မြို့ ရှိ (့) ဆေးရုံကြီးမှာ ရင်သား တခုလုံးကို ထုတ်ပြစ်တဲ့ ခွဲစိတ်မှုကို ခံယူခဲ့ရပါတယ်။ ရင်ညွှန့်နေရာကနေ ချိုင်းအောက်နားထိအောင် တဖြောင့်ထဲခွဲစိတ်ပြီး အစနဲ့အဆုံး နှစ်ဖက်ကို ထုံးထားတယ်။ အသားချုပ်လို့ ပြောပါတယ်။ အကြောတွေ ဖြတ်ခံထားရသလို လက်က လှုပ်လို့မရဘူး။ ခုဖြည်းဖြည်းချင်း လေ့ကျင့်ခန်း လုပ်နေရပါတယ်။

သမီးရဲ့ကိုယ်ဝန် ဂျုးဒိတ်က (့) ပါ။ ဆေးရုံက ခွဲစိတ်ဖို့နဲ့ Chemotherapy ပေးဖို့ Professor က ညွှန်ကြားခဲ့တာလို့ ပြောပါတယ်။ ခီမိုပေးရင် ဖြစ်လာနိုင်တဲ့ ဘေးထွက် ဆိုးကျိုးတွေအပြင် အထဲကကလေးကို ထိခိုက်မှု ရှိမရှိ အသေအချာ သိပါရစေ။ ကလေးမွေးပြီးမှ ပေးလို့ ရ-မရ သိချင်ပါတယ်။ ဒီခီမိုဆေးသွင်းပြီးရင် ဘယ်လိုနေထိုင် စားသောက်ရမလဲ၊ အသက်ရှင်နေသမျှ ကာလပတ်လုံး ဘယ်လို အစားအသောက်တွေကို စားသုံးပြီး ဘယ်လို ရှောင်သင့်ပါသလဲ။ ကျန်ရှိတဲ့ ရင်သားတဖက်ကနေ မွေးလာမယ့် ကလေးကိုရော နို့တိုက်နိုင်ပါသလား။ တိုက်ခဲ့ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲ။ ကလေးကို ထိခိုက်မှု ရှိပါသလား။ တိုက်သင့်ပါသလား။ ဒီနိုင်ငံကရော ဆေးဆက်ကုဖို့ စိတ်ချရတဲ့ နိုင်ငံမှာ ပါပါသလား။ သမီးက အစထဲက အစားအစာတွေကို ဆီမပါတဲ့အပြုတ်တွေ၊ စွတ်ပြုတ်တွေ၊ ဆန်ပြုတ်တွေနဲ့ ပူပူနွေးနွေးကြော်တဲ့ အသီးအရွက်ကြော်တွေပဲ စားတယ်။ အသားငါးတွေကို မဖြစ်မနေမှ စားတယ်။ ခေါက်ဆွဲတွေ ပေါင်မုန့်တွေလဲ အစားများတယ်။ အသက် ၃၂ နှစ်။

ရင်သားကင်ဆာကိုခွဲရင် ရင်သားတခုလုံးရော၊ အောက်ခံ ကြွက်သား နှစ်ခုရောနဲ့ ချိုင်းက တက်စေ့လေးတွေကိုပါ ထုတ်ပြစ်လေ့ရှိပါတယ်။ ကင်ဆာမှန်ရင် (၁) ခွဲစိတ်တာ၊ (၂) ဓါတ်ကင်တာနဲ့ (၃) ဆေးပေးကုသတာတွေ လုပ်ရပါတယ်။ အသားစဖြတ်ထုတ်စစ်ဆေးတာမှာ မမှားနိုင်ဘူးလို့တော့ ဆရာက မပြောနိုင်ပါ။ ဆရာဝန်တဦးရဲ့အဆုံးအဖြတ်ကို နောက်တဦးက လေးစားရပါတယ်။ အမျိုးသမီတဦး ဒီအသက်မှာ ရင်သားကင်ဆာ ဖြစ်နိုင်ပါတယ်။ နယ်တွေမှာ ဆေးကုသမှုခံယူရတာ အခက်အခဲတွေများတာမှန်ပါတယ်။ မြန်မာပြည်က ကျန်းမာရေးမှာလဲ အဆင့်မတက်သေးပါ။ ဓါတ်ကင်တာရော၊ ကင်ဆာဆေးပေးရတာတွေမှာ ဘေးထွက်-ဆိုးကျိုးတွေများပါတယ်။ ချင့်ချိန်ပြီး ဆုံးဖြတ်ကြရတယ်။ ဆုံးဖြတ်ချက်ကို အထောက်အကူရအောင် ဆရာရေးထာတဲ့စာ ပို့လိုက်ပါတယ်။

Chemotherapy (ခီမို) လို့ အတိုခေါ်နေတာက (ခီမိုသာရာပီ) ဖြစ်တယ်။ တိုက်ရိုက်ဘာသာပြန်ရင် ဆေးပေးတာ မှန်သမျှကို ခေါ်ပေမဲ့ တကယ်တော့ ကင်ဆာအတွက် ဆေးပေးကုသတာကိုသာ အဲလိုခေါ်တယ်။ (ကင်ဆာ-ဆဲလ်) တွေ ဆက်မပွါးစေမဲ့ ဆေးတွေဖြစ်တယ်။ သွေးပြန်ကြောထဲထိုးတာ နဲ့ သောက်ဆေးတွေ ရှိတယ်။ ၂ မျိုးလုံး ပေးတာလဲ ရှိတယ်။ ဆေးတွေက မနည်းဘူးရှိတယ်။

ရည်ရွယ်ချက် ၃ ခုအတွက် ဆေးပေးကုသနည်း လုပ်ပါတယ်။
1. Adjuvant therapy ခွဲစိတ်ပြီးနာက်မှာဖြစ်ဖြစ်၊ ဓါတ်ကင်ပြီးနောက်မှာဖြစ်ဖြစ် ကင်ဆာ ထပ်ပေါ်မလာအောင် လုပ်တယ်။ တကယ်လို့ ရင်သားကင်ဆာက ရင်သား နဲ့ တက်စေ့မှာသာ ရှိနေသေးရင် ခွဲစိတ်ပြီးနောက် ဆေးပေးတယ်။ ကင်ဆာ ပြန်ပေါ်လာမှာကို တားတာဖြစ်တယ်။
2. Neo-adjuvant therapy ကင်ဆာ အကျိတ်ကကြီးမယ်ဆိုရင် မခွဲစိတ်ခင် အရင်ပေးတယ်။ ဆေးနဲ့သေးသွားရင် mastectomy ရင်သားတခုလုံး ထုတ်တာ မလုပ်ရဘဲ lumpectomy အကျိတ်ကိုသာထုတ်တာနဲ့ ရနိုင်မယ်။
3. To treat metastatic disease တကယ်လို့ ကင်ဆာ တခြားဆီပြန့်နေတဲ့အဆင့် ရောက်နေမှ သိရရင် ဆေးကုနည်းကို အဓိက ကုသနည်းအဖြစ်သုံးမယ်။

ဆေးရွေးရတာ လူနာတယောက်ချင်းကို ကြည့်ရတယ်။ Personalized Breast Cancer Treatment Report တဦးချင်းဆီမှာ ရှိရမယ်။ အသုံးများတဲ့ ရင်သား-ကင်ဆာဆေးတွေ-
• Anthracyclines = Adriamycin, Ellence, Doxil
• Taxanes = Taxotere, Taxol, Protein-bound Abraxane
• Cytoxan
• Xeloda and 5 fluorouracil (5 FU)
• Navelbine
• Gemzar
• Herceptin (HER-2 gene ရှိသူတွေအတွက်သာ)
• Other drugs = Ixempra, Halaven, Methotrexate (Rheumatrex, Trexall), Tykerb

အများအားဖြင့် ၂-၄ ပတ် အစီအစဉ်နဲ့ပေးတယ်။ တချို့ကို ၁ ပတ် တခါပေးတာလဲရှိတယ်။ Adjuvant နဲ့ Neo-adjuvant အတွက်ဆိုရင် ဆေး ၂ မျိုး၊ ၂ မျိုးမက တွဲပေးတတ်တယ်။ ဆေးတမျိုးထဲ သုံးတာက နောက်ကျနေတဲ့ အဆင့်အတွက် ဖြစ်တယ်။ ဆေးများလေလေ ရလဒ်ကောင်းလေလေဖြစ်သလို၊ ဘေးထွက်-ဆိုးကျိုး များလေလေလဲဖြစ်မယ်။ Adjuvant chemotherapy အတွက်ဆိုရင် ခွဲစိတ်ပြီးနောက် ဓါတ်ကင်တာမလုပ်ခင်မှာ စပေးပြီး ၃-၆ လကြာနိုင်တယ်။ ဆေးပေးနေတုံး သွေးစစ်နေမယ်။ သွေးနီဥ၊ သွေးဖြူဥ နဲ့ သွေးမှုံတွေ အရေအတွက်သိချင်တယ်။ သွေးမှုံသွင်းဘို့ လိုရင် သွင်းရတယ်။

Side Effects ဘေးထွက်-ဆိုးကျိုးတွေကို ဆရာဝန်ကို မေးထားပါ၊ လက်ခံနိုင်အောင် ကိုယ့်စိတ်ကိုပြင်ဆင်ထားပါ။
• Nausea and vomiting ပျို့ချင်၊ အန်ချင်၊
• Loss of appetite အစာမစားချင်၊
• Fatigue အားယုတ်၊
• Mouth soreness ပါးစပ်နာပေါက်၊
• Hair loss ဆံပင်ကျွတ်၊
• Weight gain ကိုယ်အလေးချိန်တက်၊
• Premature menopause သွေးဆုံးတာစော၊
• Lowered resistance to infections ကူးစက်ရောဂါကို မခံနိုင်၊
• Increased bleeding သွေးထွက်လွယ်။
• Diarrhea ဝမ်းပျက်ခြင်း၊
• Feelings of fear, sadness and isolation ဝမ်းနည်းခြင်း၊ အထီးကျန်စိတ်ဖြစ်ခြင်း၊ ကြောက်စိတ်ဝင်ခြင်း၊

Long-term side effects ရေရှည် ဘေးထွက်-ဆိုးကျိုးများ -
• Infertility ကလေးမရနိုင်ခြင်း၊ ဆေးကုသနေတုံး ကိုယ်ဝန်လာရှိရင် ကလေးကို ထိခိုက်နိုင်လို့ ဆရာဝန်နဲ့ တားနည်း ဆွေးနွေးပါ။
• Nerve damage အာရုံကြောတချို့ ထိခိုက်ခြင်း၊ ခြေ-လက် ထုံကျင်ခြင်း၊
• Osteoporosis အရိုးအားနည်းခြင်း၊
• Cognitive function ဦးနှောက်အသိနည်းခြင်း၊ ရေတိုမှတ်ဥာဏ်နည်းခြင်း၊ နှစ်ကြာရင် ပြန်ကောင်းတယ်။
• Heart damage နှလုံးထိခိုက်ခြင်း၊ Doxorubicin (Adriamycin), Epirubicin (Ellence) ဆေးများ၊
• Leukemia (လူကီးမီးယား) ဖြစ်ခြင်း၊

ကိုယ်တိုင် သတိထားစရာတွေ -
• Get plenty of rest ကောင်းကောင်း အနားယူပါ၊
• Eat a balanced diet အစာအာဟာရ လုံလောက်မျှတအောင်စားပါ၊
• Minimize stress စိတ်ဖိအား လျှော့ချပါ၊
• Avoid infections ရောဂါပိုးမကူးစက်အောင် ဆင်ခြင်ပါ။

Dr. တင့်ဆွေ
၂၁-၇-၂ဝ၁၂
၁၄-၉-၂ဝ၁၃

No comments:

Post a Comment