Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 22, 2013

အသက် ၁၈ နှစ်ပြည့်မှဖတ်ပါဆေးစာများ - Pregnancy H mole စပျစ်သီး-ကိုယ်ဝန်

Hydatidiform mole Treatment စပျစ်သီး-ကိုယ်ဝန်

Feb 26, 2011 at 9:16 AM
H mole ဆိုရင် သားအိမ် ၂ ခါ ခြစ်ရတယ်ဆိုတာ ဆက်တိုက်ခြစ်ရတာလား ရက်ခြားပြီးမှခြစ်ရတာလား။ ကျမကတော့ ဘာဖြစ်တယ် ဆိုတာ အခုထိ မသိရသေးပါဘူး။ ဆရာ့စာထဲမှာ H mole ဆိုရင် နောက်ပိုင်းမှာ ကင်ဆာ Risk ရှိတယ်လို့ တွေ့ရလို့ သိချင်လို့ပါ။

ဘာလို့ဖြစ်ရသလဲ
ရောဂါဗေဒအရဆိုရင် အချင်းဖြစ်မဲ့ (တစ်ရှူး) တွေက လိုတာထက်ပိုပြီး ဖြစ်လာလို့ပါ။ ပုံမှန်မဟုတ်ပါ။ ဘာလို့ ဒီကိုယ်ဝန်မှာလာဖြစ်သလဲ မသိပါ။ အမျိုးအစား (၂) ခုရှိတယ်။
(၁) Partial molar pregnancy တစိတ်တပိုင်း၊ သန္ဓေသားလဲဖြစ်တယ်။
(၂) Complete molar pregnancy သန္ဓေသားဖြစ်မလာ။

ပျို့-အန်မယ်။ ဆေးရုံတက်ရတဲ့အထိ ဆိုးနိုင်တယ်။ မွေးလမ်းကြောင်းကနေ သွေးဆင်းမယ်။ Hyperthyroidism လည်ပင်းကြီးဟော်မုန်းများတဲ့လက္ခဏာတွေလဲ တွေ့နိုင်တယ်။ ပူတာမခံနိုင်၊ ဝမ်းပျက်၊ နှလုံးခုန်မြန်၊ ဂနာမငြိမ်ဖြစ်၊ စိတ်တို၊ အသားအရေ ပူနေ၊ လက်တုံ၊ ပိန်လာ။ Preeclampsia ခေါ်တဲ့ ကိုယ်ဝန်သွေးဆိပ်တက်တဲ့ လက္ခဏာတွေလဲ ရှိနိုင်တယ်။ ကိုယ်ရောင်၊ သွေးဖိအားတက်၊ ဆီးအနယ်ပါ။

စမ်းသပ်မှုများ
ဗိုက်စမ်းရင် ကိုယ်ဝန်ကိုစမ်းရင် သားအိမ်အမြင့်က ရှိသင့်တာထက် မြင့်နေမယ်။ တဝက်လောက်မှာ အလွန်မြင့်နေပြီး ၃ ပုံ ၁ ပုံမှာ သေးနေတယ်။ Ultrasound (အာလ်ထွာဆောင်း) ရိုက်ရင် သိမယ်။ HCG blood test သွေးစစ်ရင် များနေမယ်။

• စပျစ်သီး-ကိုယ်ဝန် ဖြစ်ရင် Dilation and curettage (D and C) အထဲရှိတာ အားလုံးထွက်အောင် သားအိမ်ခြစ်ရမယ်။
• သိပ်ရှားရှားပါးပါး Hysterectomy သားအိမ် ထုတ်ရတယ်။
• အသားစကို ဓါတ်ခွဲစစ်တာ Histopathologic diagnosis (Biopsy) လုပ်မယ်။
• သားအိမ်ခြစ်ပြီးနောက် သွေးထဲက Human chorionic gonadotropin (HCG) အနည်း-အများ စစ်တယ်။ ကျန်နေသးတာ သိအောင်လို့ လုပ်တာပါ။ ၁ ပါတ် ၂ ခါစစ်ကြတယ်။ ၁ဝ ပါတ်နေရင် ပုံမှန်ဖြစ်နေတာ တွေ့မယ်။
• ပုံမှန်မဟုတ်တာ တွေ့လာရင် ဦးနှောက်၊ ရင်ပတ်၊ ဗိုက်၊ တင်ပါးဆုံနေရာတွေကို Computed Tomography (CT) ရိုက်စစ်မယ်။ အဆုပ်မှာ ရောဂါရှိ-မရှိသိအောင် Chest x-ray ရင်ပတ် ဓါတ်မှန်ရိုက်မယ်။
• လိုအပ်သူတွေကိုမှ Methotrexate နဲ့ Chemotherapy ဆေးပေးမယ်။ တချို့ကို Dactinomycin ဆေး စတာတွေပါ ပေးတယ်။
• စပျစ်သီး-ကိုယ်ဝန် ဖြစ်ထားသူတွေကို နောက်ထပ် ၁ နှစ်အတွင်း ကိုယ်ဝန်မဆောင်သေးဘို့ အကြံပေးတယ်။ ဘာလို့လဲ ဆိုတော့ ကိုယ်ဝန်ကြောင့် HCG levels မြင့်လာစေလို့ အရင်ရောဂါကို ဆန်းစစ်ရင် လွဲမှာစိုးရတယ်။ နောက်တခါ ထပ်ဖြစ်မှာလဲ စိုးရိမ်လို့ဖြစ်တယ်။
• နောင်အလားအလာ ကောင်းပါတယ် ၈ဝ% ဘာမှ မဖြစ်ပါ။ ၁% က ဒါမျိုး ပြန်ဖြစ်နိုင်တယ်။
• တခါ အဲလိုဖြစ်ဘူးပေမဲ့ နောက်ကိုယ်ဝန်တွေ ပုံမှန်ဖြစ်ပါတယ်။
• သားအိမ် ၂ ခါခြစ်ရတာကို အရင်က ပုံသေနည်းနဲ့ သတ်မှတ်ခဲ့တယ်။ ခုခေတ်လို ဓါတ်ခွဲတာ၊ စစ်ဆေးတာတွေ သိပ် မကောင်းသေးချိန်ကပါ။ ဒါတောင်မှ ခေတ်မီ-ခေတ်ပေါ်ဆိုတာ နေရာတကာက လက်လှမ်း မမီကြသေးပါ။ ဒီတော့ ကုသပေတဲ့ OG ကနေ အကောင်းဆုံး ဆုံးဖြတ်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၁
၂၂-၈-၂ဝ၁၃

No comments:

Post a Comment