Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 23, 2018

အိမ္ေထာင္ရွိ (၇၁) ႏွစ္အရြယ္ အမ်ိဳးသမီးကို သရုပ္ေဆာင္တစ္ဦးမွ ခ်စ္ဟန္ေဆာင္ျပီး ေငြလိမ္လည္လွည့္ျဖား၍ ခ်ဴျခင္း


လင္ေယာက္်ားေနာက္ကြယ္တြင္ အိမ္ ေထာင္ရိွ အမ်ိုဳးသမီးတစ္ဦးမွ အရွက္မဲ့စြာ ေနာက္မီးလင္းၿပီး ထိုအမ်ိဳးသမီးႀကီးအား သရုပ္ေဆာင္ တစ္ဦးမွ facebook ကြန္ယက္မွတစ္ဆင့္ ခ်စ္ဟန္ေဆာင္၍ ေငြလိမ္လွည့္ျဖား၍ ခ်ဴျခင္း

ယခု post စာတင္ရျခင္း၏အဓိကရည္ရြယ္ခ်က္မွာ-မိမိႏွင့္မိမိ၏ဇနီးတို႔၏ဒုကၡဆင္းရဲေရာက္ရေသာအလားတူျဖစ္စဥ္မ်ိဴးတစ္ျခားေသာသူမ်ားမျဖစ္ေစရန္၊ လူယုတ္မာ လူလိမ္တစ္ေယာက္၏ လွည့္စားမႈအႏၲရာယ္မွကင္းလြတ္ရန္၊ သတိထား၍ေရွာင္ၾကဥ္ႏိုင္ရန္ရည္ရြယ္ပါသည္။

ကၽြန္ေတာ္ဦးမင္းလြင္တင္(၅၄)ႏွစ္ ႏွင့္ ဇနီးျဖစ္သူ ေဒၚတူးတူးတင္(ေခၚ) ေဒၚျဖဴျဖဴတင္(၇၁)ႏွစ္ တို႔သည္ယခုလက္ရွိအခ်ိန္တြင္ဒိန္းမတ္ႏိုင္ငံတြင္ အတူတကြေပါင္းသင္းေနထိုင္လ်က္ရွိပါသည္။ ကၽြန္ေတာ္တို႔၏အိမ္ေထာင္သက္တမ္းမွာ ၁၇ႏွစ္ရွိၿပီး သားသမီးထြန္းကားျခင္းမရွိပါ။ လြန္ခဲ့ေသာ၂ႏွစ္ခန္႔၂၀၁၆ခုႏွစ္မွစ၍ ကၽြန္ေတာ္၏ဇနီးေဒၚတူးတူးတင္သည္facebook လူမႈကြန္ယက္ကို စတင္အသံုးျပဳခဲ့ပါသည္။

ထိုမွတဆင့္ မိတ္ေဆြ အေပါင္းအသင္းမ်ားထားရွိရာမွ အကၽြန္ေတာ္၏အသက္(၇၁)ႏွစ္အရြယ္ဇနီးသည္မွ မထင္မရွား ဗီဒီယိုမင္းသားညီဘြားညီ ဆိုသူႏွင့္အကၽြမ္းတဝင္ျဖစ္ကာ အခင္အမင္ပို၍ online ခ်စ္သူရည္းစားဘဝသို႔ တစ္ဆင့္တက္လွမ္း၍ ကၽြန္ေတာ္၏ေနာက္ကြယ္၊ ကၽြန္ေတာ္အလုပ္သြားခိုက္တြင္ online ခ်စ္ပြဲႀကီးကို နည္းမ်ိဴးစံုျဖင့္ ဆင္ႏႊဲေနၾကပါသည္။ ထိုမွ် ျဖင့္ မတင္းတိမ္မေရာင့္ရဲႏိုင္ပဲတစ္ဆင့္တက္၍ ၂၀၁၈ဧၿပီလတြင္ ျမန္မာျပည္တြင္ကိုယ္ေတြ႕ ေတြ႕ၾကံဳႏိုင္ရန္စီစဥ္ၿပီး ကၽြန္ေတာ္႔၏ေနာက္ကြယ္တြင္ ကၽြန္ေတာ္၏ဇနီးျဖစ္သူႏွင့္သားမယားအျဖစ္ေပါင္းသင္းေနထိုင္ခဲ့ပါသည္။


အက်ႌဆင္တူဝတ္၍ပုဂံသို႔အတူတူသြားရင္းေဖာက္ျပန္ေနပံု

ယခုအပိုင္းတြင္ အဓိကတင္ျပေပးခ်င္သည့္အေၾကာင္းအရာမွာ အသက္ (၇၁)ႏွစ္အရြယ္ ကၽြန္ေတာ္၏ဇနီးကို ခ်စ္ႀကိဳက္ဟန္ေဆာင္သည့္ ဗီဒီယိုမင္းသားညီဘြားညီ၏အေၾကာင္းႏွင့္ သစၥာမဲ့၍အရွက္ကင္းမဲ့ၿပီး မိမိေယာက္်ား၏ ေနာက္ေက်ာကိုဓားနဲ႔တစ္ဆံုးထိုးခဲ့ေသာ ကၽြန္ေတာ္၏ဇနီးအသက္(၇၁)ႏွစ္အရြယ္၏ လွည့္စားမႈ ၊ ယုတ္မာမႈမ်ားကို ေရးသားေဖာ္ျပပါမည္။

အသက္(၇၁)ႏွစ္အရြယ္ အမ်ိဴးသမီးတစ္ဦးကို အသက္(၄၀)ခန္႔အမ်ိဴးသားတစ္ဦးက ခ်စ္ခင္ႏွစ္သက္ကၽြမ္းဝင္ၿပီး သားမယားအျဖစ္ရက္အနည္းငယ္ခန္႔ ေပါင္းသင္းေနထိုင္ရန္ဆႏၵရွိျခင္းမွာ ခ်စ္ျခင္းေမတၱာေၾကာင့္မဟုတ္ဘဲ ေငြေၾကးပမာဏႀကီးႀကီးမားမား ရရွိျခင္းေၾကာင့္သာ ျဖစ္ပါသည္။ ကၽြန္ေတာ္၏ဇနီးေဒၚတူးတူးတင္သည္ ပင္စင္စားတစ္ဦးမွ်သာ ျဖစ္ပါသည္။ သို႔ရာတြင္ ညီဘြားညီအားမိမိသည္ ဒိန္းမတ္ႏိုင္ငံတကၠသိုလ္တစ္ခုမွ ကထိကဆရာမတစ္ေယာက္ျဖစ္ၿပီး ပညာတတ္ လူခ်မ္းသာအမ်ိဴးသမီး အသက္(၃၅)ႏွစ္ဝန္းက်င္ခန္႔ အပ်ိဳႀကီးတစ္ဦးအျဖစ္မိမိကို ညီဘြားညီမွ အထင္ႀကီးခ်စ္ခင္လာေစရန္ လိမ္လည္ေျပာဆိုခဲ့ပါသည္။ မည္သို႔ပင္ျဖစ္ေစကာမူ ၎တို႔သည္ online viber မွေန၍ video call မ်ားျဖင့္ေခၚဆိုေျပာၾကရာ၊ ေဒၚတူးတူးတင္သည္ အသက္(၇၀)ေက်ာ္အမ်ိဴးသမီးတစ္ဦးျဖစ္သည္ကို သိသာစြာျမင္ႏိုင္ပါသည္။

အသက္ႀကီးအမ်ိဴးသမီးတစ္ဦးမွန္းသိပါေသာ္လည္း ညီဘြားညီမွမက္ေလာက္ေသာ ေငြေၾကးပမာဏရရွိေနေသာေၾကာင့္ မႏွင့္ေမာင္ ဇာတ္လမ္းကို ေရွ႕ဆက္ခဲ့ပါသည္။ ေဒၚတူးတူးတင္သည္ ကၽြန္ေတာ္ႏွင့္သူမတို႔ဒိုးတူေဘာင္ဖက္ အတူတကြစုေဆာင္းခဲ့ေသာေငြေၾကးမ်ားကို ျမန္မာျပည္တြင္ အိမ္ဝယ္မည္ဟု ကၽြန္ေတာ့္အား လိမ္လည္၍ ၎၏onlineခ်စ္သူ၊ ခင္ပြန္းအား western union မွတစ္ဆင့္ေငြမ်ားကို လႊဲ၍ပို႔ေပးခဲ့ပါသည္။ ထိုသို႔ေပးပို႔ရာတြင္ ညီဘြားညီ၏ နာမည္ျဖင့္ေပးပို႔ျခင္းကို မျပဳလုပ္ဘဲ၎၏ဒ႐ိုင္ဘာအမည္ကို အစားထိုးအသံုးျပဳ၍ ေငြမ်ားကိုလက္ခံေစၿပီးမွ ၎မွတစ္ဆင့္ရယူပါသည္။ ေငြေၾကးမ်ားေတာင္းခံရာတြင္ အေၾကာင္း ျပခ်က္မ်ားမွာ အလွဴဒါနမ်ားျပဳလုပ္ေပးရန္ႏွင့္သာသနာေဘာင္ဝင္ရန္ဟု အေၾကာင္းျပ၍ ေတာင္းခံခဲ့ပါသည္။

ငယ္ရြယ္ေသာေယာက္်ား၏ ခ်ိဳသာေသာျဖားေယာင္းေသာစကားမ်ားေပၚတြင္ သာယာႏွစ္မြွန္းေနေသာေဒၚတူးတူးတင္သည္ အမွားအမွန္ကို ခြဲျခားႏိုင္စြမ္းမရွိေလာက္ေအာင္ပင္ ေမာဟအေမွာင္မ်ားဖံုးလႊမ္းၿပီး မိမိအားအထင္ေသးသြားမည္ကို စိုးရိမ္၍မိမိတို႔ႏွစ္ဦးစုေဆာင္းထားေသာ ေငြေၾကးမ်ားအားလံုးကို အႀကိမ္မ်ားစြာခြဲ၍ လႊဲေပးခဲ့ပါသည္။ ထိုမွသာ ေဒၚတူးတူးတင္အေနျဖင့္ ေန႔စဥ္ ညီဘြားညီႏွင့္စကားေျပာခြင့္၂နာရီခန္႔ရရွိႏိုင္မည္ျဖစ္သည္။ ေငြေၾကးပို႔ေပးမႈရပ္လိုက္ပါကလည္း ၎မွအေၾကာင္းျပခ်က္တစ္မ်ိဳးမ်ိဳးျပ၍ ထပ္မံေတာင္ဆိုကာ မရရွိပါက ေဒၚတူးတူးတင္ကို အရွက္ခြဲမည္ မုန္း၍ထားသြားမည္ဟုနည္းမ်ိဳးစံုျဖင့္ လွည့္ဖ်ား၍ေတာင္းခံခဲ့ပါသည္။

ညီဘြားညီအေနျဖင့္လည္း ေဒၚတူးတူးတင္ေက်နပ္ေပ်ာ္ရႊင္ေစရန္ ညီဘြားညီႏွင့္ဇနီးျဖဴျဖဴတင္ ေကာင္းမႈဟုအလွဴတြင္ဆိုင္းဘုတ္ေရးထိုးေပးခဲ့ၿပီး online မွတဆင့္ဇနီးေမာင္ႏွံဘဝကို အရွက္မဲ့စြာခံယူခဲ့ၿပီး ေနာက္ပိုင္းတြင္ တဆင့္တက္ကာ စစ္မွန္ေသာလင္မယားဘဝျဖင့္ အတူေနထိုင္ႏိုင္ရန္ ေဒၚတူးတူးတင္ဘက္မွ ေမွ်ာ္လင့္စိတ္ကူးယဥ္ခဲ့ၿပီး ညီဘြားညီဘက္မွ ေငြေၾကးရယူလိုမႈသာ အဓိကျဖစ္ခဲ့သည္။

ကၽြန္ေတာ္ႏွင့္ဇနီးေဒၚတူးတူးတင္

ယခုအျဖစ္အပ်က္မ်ားအားကၽြန္ေတာ္မွ ရိပ္စားမိ၍ မူမမွန္ျဖစ္ေနေသာဇနီးျဖစ္သူအား ရပ္တန္းကရပ္ပါဟု သတိေပးတားျမစ္ေသာ္လည္း ၎မွအသိတရားမရွိဘဲ ဆက္လက္၍ေရွ႕ဆက္တိုးကာ မိုက္ၿမဲဆက္မိုက္ေနသည္။ ဇနီးသည္ေဒၚတူးတူးတင္သည္မိမိတို႔ႏွစ္ဦးပိုင္ဆိုင္မႈမ်ားကုန္၍ ဆက္၍ပို႔ေပးရန္ေငြေၾကးမက်န္ေသာအခါ ဒိန္းမတ္ႏိုင္ငံအတြင္းမွ မိတ္ေဆြမ်ားထံမွလည္ေကာင္း၊ အေမရိကႏွင့္ UK ႏိုင္ငံတြင္ေနထိုင္ေသာ မိတ္ေဆြမ်ားထံမွလည္းေကာင္း ေငြေၾကးအေျမာက္အမ်ားေခ်းငွားယူ၍ ညီဘြားညီအထင္ေသးမခံရေစရန္အတြက္ ေငြေၾကးမ်ားကိုဆက္လက္ပို့ ေပးေနခဲ့သည္။ ေဒၚတူးတူးတင္သည္ မိတ္ေဆြမ်ားထံတြင္ ေငြေၾကးေခ်းငွားမႈ လြယ္ကူေစရန္အတြက္ ကၽြန္ေတာ္မင္းလြင္တင္က သူမအားအႏိုင္က်င့္ၿပီး နွိပ္စက္သည္ဟု လိမ္လည္ေျပာဆိုခဲ့ပါသည္။ ေဒၚတူးတူးတင္၏ ေငြေၾကးေပးပို႔မႈမ်ားေၾကာင့္ ညီဘြားညီသည္ ယခင္ယုဇနဥယ်ာဥ္ၿမိဳ႕တြင္ အိမ္ငွားေနထိုင္ရာမွ ယခုအခါတြင္ သာေကတၿမိဳ႕တြင္ကိုယ္ပိုင္အိမ္ျဖင့္ ေနထိုင္ၿပီး “စံပယ္ဦး” ဗီဒီယိုထုတ္လုပ္ေရးကိုပါ တည္ေထာင္ႏိုင္သည့္အဆင့္ထိပံ့ပိုးကူညီမႈ ရရွိခဲ့သည္။ ၂၀၁၈ ဧၿပီလတြင္ ေဒၚတူးတူးတင္သည္ ၎ဝယ္ယူထားေသာ အိမ္ျခံမ်ားကို သြားေရာက္ၾကည့္ရႈမည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ျမန္မာျပည္သို႔သြားေရာက္လည္ပတ္ၿပီး ညီဘြားညီႏွင့္ေတြ႕ဆံုကာ ျမန္မာျပည္အႏွံ႕လည္ပတ္ၿပီး ေဒၚတူးတူးတင္မွ တာဝန္ယူကုန္က်ခံခဲ့ပါသည္။

ယခုလက္ရွိအခ်ိန္တြင္ ကၽြန္ေတာ္တို႔တြင္ စုေဆာင္းထားေသာေငြေပါင္းသိန္းေထာင္ေက်ာ္ ကုန္ဆံုးၿပီးရံုမကဘဲ ေဒၚတူးတူးတင္အေနျဖင့္ မိတ္ေဆြမ်ားထံမွ ေခ်းငွားထားေသာေငြပမာဏ သိန္း(၅၀၀) ေက်ာ္ခန္႔ပါရွိေနသျဖင့္ အေႂကြးမ်ားျဖင့္ပတ္လည္ဝိုင္းေနၿပီး ဒုကၡေရာက္လွ်က္ရွိပါသည္။ ထိုကဲ့သို႔ေသာ အျဖစ္အပ်က္မ်ိဳး ေနာက္ထပ္အိမ္ေထာင္သည္လင္မယားမ်ား ထပ္မံမျဖစ္ေစရန္ရည္ရြယ္၍ အသိေပးအပ္ပါသည္။ ကၽြန္ေတာ္တို႔ထံ၌ ေငြေၾကးလႊဲေျပာင္းထားေသာ western union account ႏွင့္ပတ္သက္ေသာ စာရြက္စာတန္းမ်ား၊ ေဒၚတူးတူးတင္၏ဖုန္းထဲမွ ဓာတ္ပံုမ်ား၊ အေထာက္အထားမ်ား အားလံုးရွိပါသည္။

သူေတာင္းသည့္ေငြကိုခ်က္ခ်င္းမေပးႏိုင္သျဖင့္အရွက္ခြဲ၍ post တင္၍ ခ်ိန္းေျခာက္
ျမန္မာ့႐ုပ္ရွင္အစည္းအရံုးအေနျဖင့္ လူမႈေရး သိကၡာမဲ့လုပ္ရပ္မ်ားေၾကာင့္ သ႐ုပ္ေဆာင္ညီဘြားညီအား လိုအပ္သလို အေရးယူေဆာင္ရြက္ေပးရန္ တင္ျပအပ္ပါသည္။ အေသးစိတ္သိလိုပါက ကၽြန္ေတာ္မင္းလြင္တင္ (facebook) minlwintin (သို႔မဟုတ္) minlwintin@gmail.com ကို ဆက္သြယ္ေမးျမန္းႏိုင္ပါသည္။ လွည့္ျဖားမႈမ်ားမွ ကင္းေဝးႏိုင္ပါေစ။
၂၀-၅-၂၀၁၈

ေလးစားစြာျဖင့္ ဦးမင္းလြင္တင္ (ဒိန္းမတ္)

က်ြန္ေတာ္၏ ျဖစ္ရပ္မွန္ အေၾကာင္းအရာမ်ားကို share လုပ္ေပးျခင္းျဖင့္ အလားတူ ျဖစ္စဥ္မ်ား မျဖစ္ေစရန္ ကူညီေပးၾကပါ ခင္ဗ်ား။
Credit: Min Lwin Tin Facebook အေကာင့္မွ တဆင့္ကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။
.......................................................................

#Unicode Version#

လင်ယောက်ျားနောက်ကွယ်တွင် အိမ်ထောင်ရှိ အမျိုုးသမီးတစ်ဦးမှ အရှက်မဲ့စွာ နောက်မီးလင်းပြီး ထိုအမျိုးသမီးကြီးအား သရုပ်ဆောင် တစ်ဦးမှ facebook ကွန်ယက်မှတစ်ဆင့် ချစ်ဟန်ဆောင်၍ ငွေလိမ်လှည့်ဖြား၍ ချူခြင်း

ယခု post စာတင်ရခြင်း၏အဓိကရည်ရွယ်ချက်မှာ-မိမိနှင့်မိမိ၏ဇနီးတို့၏ဒုက္ခဆင်းရဲရောက်ရသောအလားတူဖြစ်စဉ်မျိူးတစ်ခြားသောသူများမဖြစ်စေရန်၊ လူယုတ်မာ လူလိမ်တစ်ယောက်၏ လှည့်စားမှုအန္တရာယ်မှကင်းလွတ်ရန်၊ သတိထား၍ရှောင်ကြဉ်နိုင်ရန်ရည်ရွယ်ပါသည်။

ကျွန်တော်ဦးမင်းလွင်တင်(၅၄)နှစ် နှင့် ဇနီးဖြစ်သူ ဒေါ်တူးတူးတင်(ခေါ်) ဒေါ်ဖြူဖြူတင်(၇၁)နှစ် တို့သည်ယခုလက်ရှိအချိန်တွင်ဒိန်းမတ်နိုင်ငံတွင် အတူတကွပေါင်းသင်းနေထိုင်လျက်ရှိပါသည်။ ကျွန်တော်တို့၏အိမ်ထောင်သက်တမ်းမှာ ၁၇နှစ်ရှိပြီး သားသမီးထွန်းကားခြင်းမရှိပါ။ လွန်ခဲ့သော၂နှစ်ခန့်၂၀၁၆ခုနှစ်မှစ၍ ကျွန်တော်၏ဇနီးဒေါ်တူးတူးတင်သည်facebook လူမှုကွန်ယက်ကို စတင်အသုံးပြုခဲ့ပါသည်။

ထိုမှတဆင့် မိတ်ဆွေ အပေါင်းအသင်းများထားရှိရာမှ အကျွန်တော်၏အသက်(၇၁)နှစ်အရွယ်ဇနီးသည်မှ မထင်မရှား ဗီဒီယိုမင်းသားညီဘွားညီ ဆိုသူနှင့်အကျွမ်းတဝင်ဖြစ်ကာ အခင်အမင်ပို၍ online ချစ်သူရည်းစားဘဝသို့ တစ်ဆင့်တက်လှမ်း၍ ကျွန်တော်၏နောက်ကွယ်၊ ကျွန်တော်အလုပ်သွားခိုက်တွင် online ချစ်ပွဲကြီးကို နည်းမျိူးစုံဖြင့် ဆင်နွှဲနေကြပါသည်။ ထိုမျှ ဖြင့် မတင်းတိမ်မရောင့်ရဲနိုင်ပဲတစ်ဆင့်တက်၍ ၂၀၁၈ဧပြီလတွင် မြန်မာပြည်တွင်ကိုယ်တွေ့ တွေ့ကြုံနိုင်ရန်စီစဉ်ပြီး ကျွန်တော့်၏နောက်ကွယ်တွင် ကျွန်တော်၏ဇနီးဖြစ်သူနှင့်သားမယားအဖြစ်ပေါင်းသင်းနေထိုင်ခဲ့ပါသည်။

အကျႌဆင်တူဝတ်၍ပုဂံသို့အတူတူသွားရင်းဖောက်ပြန်နေပုံ

ယခုအပိုင်းတွင် အဓိကတင်ပြပေးချင်သည့်အကြောင်းအရာမှာ အသက် (၇၁)နှစ်အရွယ် ကျွန်တော်၏ဇနီးကို ချစ်ကြိုက်ဟန်ဆောင်သည့် ဗီဒီယိုမင်းသားညီဘွားညီ၏အကြောင်းနှင့် သစ္စာမဲ့၍အရှက်ကင်းမဲ့ပြီး မိမိယောက်ျား၏ နောက်ကျောကိုဓားနဲ့တစ်ဆုံးထိုးခဲ့သော ကျွန်တော်၏ဇနီးအသက်(၇၁)နှစ်အရွယ်၏ လှည့်စားမှု ၊ ယုတ်မာမှုများကို ရေးသားဖော်ပြပါမည်။

အသက်(၇၁)နှစ်အရွယ် အမျိူးသမီးတစ်ဦးကို အသက်(၄၀)ခန့်အမျိူးသားတစ်ဦးက ချစ်ခင်နှစ်သက်ကျွမ်းဝင်ပြီး သားမယားအဖြစ်ရက်အနည်းငယ်ခန့် ပေါင်းသင်းနေထိုင်ရန်ဆန္ဒရှိခြင်းမှာ ချစ်ခြင်းမေတ္တာကြောင့်မဟုတ်ဘဲ ငွေကြေးပမာဏကြီးကြီးမားမား ရရှိခြင်းကြောင့်သာ ဖြစ်ပါသည်။ ကျွန်တော်၏ဇနီးဒေါ်တူးတူးတင်သည် ပင်စင်စားတစ်ဦးမျှသာ ဖြစ်ပါသည်။ သို့ရာတွင် ညီဘွားညီအားမိမိသည် ဒိန်းမတ်နိုင်ငံတက္ကသိုလ်တစ်ခုမှ ကထိကဆရာမတစ်ယောက်ဖြစ်ပြီး ပညာတတ် လူချမ်းသာအမျိူးသမီး အသက်(၃၅)နှစ်ဝန်းကျင်ခန့် အပျိုကြီးတစ်ဦးအဖြစ်မိမိကို ညီဘွားညီမှ အထင်ကြီးချစ်ခင်လာစေရန် လိမ်လည်ပြောဆိုခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့သည် online viber မှနေ၍ video call များဖြင့်ခေါ်ဆိုပြောကြရာ၊ ဒေါ်တူးတူးတင်သည် အသက်(၇၀)ကျော်အမျိူးသမီးတစ်ဦးဖြစ်သည်ကို သိသာစွာမြင်နိုင်ပါသည်။

အသက်ကြီးအမျိူးသမီးတစ်ဦးမှန်းသိပါသော်လည်း ညီဘွားညီမှမက်လောက်သော ငွေကြေးပမာဏရရှိနေသောကြောင့် မနှင့်မောင် ဇာတ်လမ်းကို ရှေ့ဆက်ခဲ့ပါသည်။ ဒေါ်တူးတူးတင်သည် ကျွန်တော်နှင့်သူမတို့ဒိုးတူဘောင်ဖက် အတူတကွစုဆောင်းခဲ့သောငွေကြေးများကို မြန်မာပြည်တွင် အိမ်ဝယ်မည်ဟု ကျွန်တော့်အား လိမ်လည်၍ ၎င်း၏onlineချစ်သူ၊ ခင်ပွန်းအား western union မှတစ်ဆင့်ငွေများကို လွှဲ၍ပို့ပေးခဲ့ပါသည်။ ထိုသို့ပေးပို့ရာတွင် ညီဘွားညီ၏ နာမည်ဖြင့်ပေးပို့ခြင်းကို မပြုလုပ်ဘဲ၎င်း၏ဒရိုင်ဘာအမည်ကို အစားထိုးအသုံးပြု၍ ငွေများကိုလက်ခံစေပြီးမှ ၎င်းမှတစ်ဆင့်ရယူပါသည်။ ငွေကြေးများတောင်းခံရာတွင် အကြောင်း ပြချက်များမှာ အလှူဒါနများပြုလုပ်ပေးရန်နှင့်သာသနာဘောင်ဝင်ရန်ဟု အကြောင်းပြ၍ တောင်းခံခဲ့ပါသည်။

ငယ်ရွယ်သောယောက်ျား၏ ချိုသာသောဖြားယောင်းသောစကားများပေါ်တွင် သာယာနှစ်မွှန်းနေသောဒေါ်တူးတူးတင်သည် အမှားအမှန်ကို ခွဲခြားနိုင်စွမ်းမရှိလောက်အောင်ပင် မောဟအမှောင်များဖုံးလွှမ်းပြီး မိမိအားအထင်သေးသွားမည်ကို စိုးရိမ်၍မိမိတို့နှစ်ဦးစုဆောင်းထားသော ငွေကြေးများအားလုံးကို အကြိမ်များစွာခွဲ၍ လွှဲပေးခဲ့ပါသည်။ ထိုမှသာ ဒေါ်တူးတူးတင်အနေဖြင့် နေ့စဉ် ညီဘွားညီနှင့်စကားပြောခွင့်၂နာရီခန့်ရရှိနိုင်မည်ဖြစ်သည်။ ငွေကြေးပို့ပေးမှုရပ်လိုက်ပါကလည်း ၎င်းမှအကြောင်းပြချက်တစ်မျိုးမျိုးပြ၍ ထပ်မံတောင်ဆိုကာ မရရှိပါက ဒေါ်တူးတူးတင်ကို အရှက်ခွဲမည် မုန်း၍ထားသွားမည်ဟုနည်းမျိုးစုံဖြင့် လှည့်ဖျား၍တောင်းခံခဲ့ပါသည်။

ညီဘွားညီအနေဖြင့်လည်း ဒေါ်တူးတူးတင်ကျေနပ်ပျော်ရွှင်စေရန် ညီဘွားညီနှင့်ဇနီးဖြူဖြူတင် ကောင်းမှုဟုအလှူတွင်ဆိုင်းဘုတ်ရေးထိုးပေးခဲ့ပြီး online မှတဆင့်ဇနီးမောင်နှံဘဝကို အရှက်မဲ့စွာခံယူခဲ့ပြီး နောက်ပိုင်းတွင် တဆင့်တက်ကာ စစ်မှန်သောလင်မယားဘဝဖြင့် အတူနေထိုင်နိုင်ရန် ဒေါ်တူးတူးတင်ဘက်မှ မျှော်လင့်စိတ်ကူးယဉ်ခဲ့ပြီး ညီဘွားညီဘက်မှ ငွေကြေးရယူလိုမှုသာ အဓိကဖြစ်ခဲ့သည်။

ကျွန်တော်နှင့်ဇနီးဒေါ်တူးတူးတင်

ယခုအဖြစ်အပျက်များအားကျွန်တော်မှ ရိပ်စားမိ၍ မူမမှန်ဖြစ်နေသောဇနီးဖြစ်သူအား ရပ်တန်းကရပ်ပါဟု သတိပေးတားမြစ်သော်လည်း ၎င်းမှအသိတရားမရှိဘဲ ဆက်လက်၍ရှေ့ဆက်တိုးကာ မိုက်မြဲဆက်မိုက်နေသည်။ ဇနီးသည်ဒေါ်တူးတူးတင်သည်မိမိတို့နှစ်ဦးပိုင်ဆိုင်မှုများကုန်၍ ဆက်၍ပို့ပေးရန်ငွေကြေးမကျန်သောအခါ ဒိန်းမတ်နိုင်ငံအတွင်းမှ မိတ်ဆွေများထံမှလည်ကောင်း၊ အမေရိကနှင့် UK နိုင်ငံတွင်နေထိုင်သော မိတ်ဆွေများထံမှလည်းကောင်း ငွေကြေးအမြောက်အများချေးငှားယူ၍ ညီဘွားညီအထင်သေးမခံရစေရန်အတွက် ငွေကြေးများကိုဆက်လက်ပို့ ပေးနေခဲ့သည်။ ဒေါ်တူးတူးတင်သည် မိတ်ဆွေများထံတွင် ငွေကြေးချေးငှားမှု လွယ်ကူစေရန်အတွက် ကျွန်တော်မင်းလွင်တင်က သူမအားအနိုင်ကျင့်ပြီး နှိပ်စက်သည်ဟု လိမ်လည်ပြောဆိုခဲ့ပါသည်။ ဒေါ်တူးတူးတင်၏ ငွေကြေးပေးပို့မှုများကြောင့် ညီဘွားညီသည် ယခင်ယုဇနဥယျာဉ်မြို့တွင် အိမ်ငှားနေထိုင်ရာမှ ယခုအခါတွင် သာကေတမြို့တွင်ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်ပြီး “စံပယ်ဦး” ဗီဒီယိုထုတ်လုပ်ရေးကိုပါ တည်ထောင်နိုင်သည့်အဆင့်ထိပံ့ပိုးကူညီမှု ရရှိခဲ့သည်။ ၂၀၁၈ ဧပြီလတွင် ဒေါ်တူးတူးတင်သည် ၎င်းဝယ်ယူထားသော အိမ်ခြံများကို သွားရောက်ကြည့်ရှုမည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာပြည်သို့သွားရောက်လည်ပတ်ပြီး ညီဘွားညီနှင့်တွေ့ဆုံကာ မြန်မာပြည်အနှံ့လည်ပတ်ပြီး ဒေါ်တူးတူးတင်မှ တာဝန်ယူကုန်ကျခံခဲ့ပါသည်။

ယခုလက်ရှိအချိန်တွင် ကျွန်တော်တို့တွင် စုဆောင်းထားသောငွေပေါင်းသိန်းထောင်ကျော် ကုန်ဆုံးပြီးရုံမကဘဲ ဒေါ်တူးတူးတင်အနေဖြင့် မိတ်ဆွေများထံမှ ချေးငှားထားသောငွေပမာဏ သိန်း(၅၀၀) ကျော်ခန့်ပါရှိနေသဖြင့် အကြွေးများဖြင့်ပတ်လည်ဝိုင်းနေပြီး ဒုက္ခရောက်လျှက်ရှိပါသည်။ ထိုကဲ့သို့သော အဖြစ်အပျက်မျိုး နောက်ထပ်အိမ်ထောင်သည်လင်မယားများ ထပ်မံမဖြစ်စေရန်ရည်ရွယ်၍ အသိပေးအပ်ပါသည်။ ကျွန်တော်တို့ထံ၌ ငွေကြေးလွှဲပြောင်းထားသော western union account နှင့်ပတ်သက်သော စာရွက်စာတန်းများ၊ ဒေါ်တူးတူးတင်၏ဖုန်းထဲမှ ဓာတ်ပုံများ၊ အထောက်အထားများ အားလုံးရှိပါသည်။

သူတောင်းသည့်ငွေကိုချက်ချင်းမပေးနိုင်သဖြင့်အရှက်ခွဲ၍ post တင်၍ ချိန်းခြောက်
မြန်မာ့ရုပ်ရှင်အစည်းအရုံးအနေဖြင့် လူမှုရေး သိက္ခာမဲ့လုပ်ရပ်များကြောင့် သရုပ်ဆောင်ညီဘွားညီအား လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် တင်ပြအပ်ပါသည်။ အသေးစိတ်သိလိုပါက ကျွန်တော်မင်းလွင်တင် (facebook) minlwintin (သို့မဟုတ်) minlwintin@gmail.com ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။ လှည့်ဖြားမှုများမှ ကင်းဝေးနိုင်ပါစေ။
၂၀-၅-၂၀၁၈

လေးစားစွာဖြင့် ဦးမင်းလွင်တင် (ဒိန်းမတ်)

ကျွန်တော်၏ ဖြစ်ရပ်မှန် အကြောင်းအရာများကို share လုပ်ပေးခြင်းဖြင့် အလားတူ ဖြစ်စဉ်များ မဖြစ်စေရန် ကူညီပေးကြပါ ခင်ဗျား။
Credit: Min Lwin Tin Facebook အကောင့်မှ တဆင့်ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment