Latest News

Wednesday, June 5, 2013

ရင်သွေးမွေးဖွားမှု ထိန်းချုပ်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်




ကုလသမဂ္ဂသည် ရဲဝံ့ပြီး တိုးတက် သည့် ခြေလှမ်း အနေဖြင့် ရင်သွေးမွေး ဖွားမှုကို ထိန်းချုပ်ခြင်းသည် လူ့အခွင့် အရေး တစ်ခုဟု ကြေညာခဲ့သည်။ ကမ္ဘာ ပေါ်မှ လူတိုင်းသည် ဘယ်အချိန် ကလေး မွေးမည် သို့မဟုတ် မမွေးချင်လျှင် မမွေး မည်ကို မိမိကိုယ်တိုင် ပြဋ္ဌာန်းခွင့် ရှိသည်ဟု ဆိုသည်။ ကမ္ဘာ့ လူဦးရေ အခြေအနေ အစီရင် ခံစာတွင် ခေါင်းစဉ်ငယ်ကို ''အခွင့် အရေးအရ မဟုတ်ဘဲ ရွေးချယ် ခွင့်အရ ယူနိုင်သည်။ မိသားစု စီမံကိန်း၊ လူ့အ ခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု''ဟု ပေး ထားသည်။

ကုလသမဂ္ဂက ရှင်းပြရာ တွင် ပဋိသန္ဓေ တားဆီးရေးသည် ဖွံ့ဖြိုး ဆဲနိုင်ငံ များ၏ လူမှုရေးနှင့် ကျန်းမာရေး အတွက် မရှိမဖြစ် အရေးကြီး သည်ဟု ဆိုသည်။ ''မိသားစု စီမံကိန်းကို အကောင် အထည်ဖော်ခြင်းက ဆင်းရဲမှုကို လျှော့ ချနိုင်တယ်။ ကျန်းမာရေး တိုးတက်စေ တယ်။ လိင်တန်းတူ ရည်တူမှုကို တိုးမြင့် စေတယ်။

လူငယ်တွေ ကျောင်းပြီးတဲ့ အထိ လွတ်လွတ်လပ်လပ် နေနိုင်တယ်။ လုပ်အား စွမ်းပကားကို ပိုပြီးပြနိုင်စေ တယ်'' ''အမျိုးသမီး တစ်ယောက်ဟာ သူ့ ရဲ့ ရင်သွေးမွေးဖွား မှုကို ထိန်းချုပ် လုပ်ဆောင် လာနိုင်တယ်ဆိုရင် သူ့ရဲ့တခြား အခွင့်အရေး တွေကိုလည်း အကျိုးခံစား နိုင်မှာပဲ။ ပညာသင်ကြား ခွင့်စတဲ့ အခွင့် အရေးမျိုး တွေပေါ့။ ရလဒ်အနေနဲ့က ဝင်ငွေပိုလာမယ်။ သူနဲ့သူ့ကလေးတွေ အတွက် ကျန်းမာရေး ပိုကောင်းလာ မယ်။ သူ့အတွက် အဆုံးအဖြတ်စွမ်း အင်ပိုလာမယ်။ အိမ်မှုကိစ္စ အတွက်ရော၊ လူမှုအသိုင်းအဝိုင်းအတွက်ပါ ပိုအလုပ် အကျွေးပြုလာနိုင်မယ်''

''ဒီနေ့အချိန်အခါမှာ မိသားစု စီ မံကိန်းကို စစ်မှန်တဲ့အခွင့်အရေး အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထား ပါ တယ်''ဟု အစီရင်ခံစာ တွင် ဖော်ပြထား ၏။ ပဋိသန္ဓေတားဆီးမှုကို လူပုံ အ လယ်တွင် ဖွင့်မပြောရဲစရာမလို။ ကမ္ဘာ ပေါ်မှ အဖွဲ့အစည်းများစွာက ပဋိ သန္ဓေတားခြင်းသည် စစ်မှန်သော လူ့ အခွင့်အရေးအဖြစ် အသိအမှတ်ပြုထား ကြပြီဖြစ်သည်။ ဖိလစ်ပိုင်တွင် လူဦးရေ များပြားခြင်းနှင့် ဆင်းရဲခြင်းတို့သည် အဓိက ပြဿနာများ ဖြစ်နေ၏။

သို့ သော် ကက်သလစ် အသင်းတော်က ဆင်းရဲနွမ်းပါးသော အမျိုးသမီးများ ပဋိ သန္ဓေတားဆီးမှုကို ခွင့်မပြု၍ အစိုးရ ကို ဖိအားပေးနေဆဲဖြစ်၏။ ဤအစီရင်ခံစာထဲတွင် ဖွံ့ဖြိုး သော နိုင်ငံမှ လူတိုင်းသည် ပဋိသန္ဓေ တားဆီးမှုကို အသိအမှတ်ပြုထားကြရာ ဖွံ့ဖြိုးဆဲနိုင်ငံများက တိုးတက်မှုလိုချင် လျှင် ဤကိစ္စကို လိုက်နာသင့်ကြကြောင်း ဖော်ပြထား၏။

သားသမီးမလိုချင်ဘဲ သားသမီး ရသွားသော အမျိုးသမီးများမှာ ဒုက္ခ ရောက်ကြရ၏။ မိသားစုအတွက်လည်း မကောင်း။ လူမှုပတ်ဝန်းကျင်အတွက် လည်း မကောင်း။ ဤအကြောင်းအချက် များစွာကို အစီရင်ခံစာတွင် ဖော်ပြ ထား၏။ သို့သော် နိုင်ငံတကာအားလုံး က လက်ခံနိုင်အောင်ကား စည်းရုံးဖို့ မလွယ်လှသေး။ ပဋိသန္ဓေ တားဆီးမှု ကိစ္စနှင့် ပတ်သက်၍ လှုံ့ဆော်ပညာ ပေးမှုများစွာ ပြုလုပ်ခဲ့သော်လည်း အားလုံး သဘောတူ လက်ခံနိုင်ရေးမှာ ရိုးရာအစွဲအလမ်းများ၊ ဘာသာရေးကန့် သတ်ချက်များ၊ မသိနားမလည်မှုများ ကြောင့် ထင်သလောက် မပေါက်မြောက် သေး။

အထူးသဖြင့် ဤကိစ္စမှာ ရှက်စ ရာကိစ္စ၊ လူကြားထဲ ထုတ်ဖော်ပြောဆို ရန် ခက်ခဲသောကိစ္စဟု ထင်နေကြဆဲ လူတွေ များစွာရှိနေဆဲ။ ဘာသာရေး အုပ်စုများစွာတို့က မူ ပဋိသန္ဓေဖျက်ချမှုကို အကြီးအ ကျယ် ဆန့်ကျင်နေကြ၏။ ဤနေရာတွင် လူမှု ရေး ဖောက်ပြန်မှုအရ ပဋိသန္ဓေဖျက်ချ ခြင်းနှင့် ကလေးမလိုချင်ဘဲ မတော်တ ဆ ကလေးရှိလာ၍ ဖျက်ချခြင်းမျိုးကား ခွဲခွဲခြားခြား သိနားလည်ထားရန်လို၏။ မိသားစုစီမံကိန်းစနစ်တကျ လုပ် ကိုင်လျှင် မလိုအပ်ဘဲ သားသမီးရသူ ၅၄ သန်းထိ လျှော့ပေါ့နိုင်မည် ဖြစ်၏။ ကိုယ်ဝန်ပျက်ကျခြင်းသည် ၂၆ သန်း လျော့ကျသွားနိုင်သည်။

''သုတေသနတွေအရ သိရတာ က မိသားစုစီမံကိန်းပညာပေးတွေ၊ သတင်း အချက်အလက်တွေ၊ ဝန်ဆောင်မှုတွေ ကိုထိထိရောက်ရောက် လုပ်နိုင်ရင် မတော် တဆကိုယ်ဝန်ပျက်ကျမှု လျော့နည်းလာ မှာအမှန်ပဲ'' ဟုအစီရင်ခံစာတွင် ဖော်ပြ ထား၏။ အကယ်၍ ဘာသာရေးအသင်း အဖွဲ့များအနေဖြင့် မလိုလားအပ်သော ကိုယ်ဝန်ဆောင်ရမှုနှင့် ကိုယ်ဝန်ပျက်ကျ မှုကို ရှောင်ရှားလိုလျှင် နောက်တစ်နည်း ကိုရွေးသင့်သည်။ သို့သော် သူတို့က ဒါ လည်းမလုပ်ကြ။ အမေရိကရော၊ ဖိလစ် ပိုင်တွင်ပါ ဘာသာရေးခေါင်းဆောင် များက ပဋိသန္ဓေတားဆေး မသုံးကြရန် တရားဟောနေကြ၏။ တစ်ခု စဉ်းစားဖို့ ကောင်းသည်။

အချို့သော မလိုလားအပ် သည့်ကိုယ်ဝန်များသည် အိမ်ထောင်ရှင် အမျိုးသမီးများတွင် ဖြစ်ထွန်းသည်ဟု ဆိုပါစို့။ မည်သို့လုပ်မည်နည်း။ သို့မဟုတ် ယနေ့က ၂၁ရာစုခေတ်။ လက်မထပ်သေး သော အမျိုးသမီးများတွင်လည်း ကိုယ် ဝန်ရှိနိုင်သေးသည်။ ဒါကိုကော မည်သို့ ဖြေရှင်းကြမလဲ။ တစ်ခုခက်သည်ကား ဘာသာရေး ခေါင်းဆောင်များသည် နိုင်ငံရေးတွင် တစ်စုံတစ်ရာသော အတိုင်းအတာ တစ်ခုအထိ သြဇာညောင်းကြ၏။ ဖိလစ် ပိုင်တွင်သာမဟုတ်။ အမေရိကမှာလည်း ထိုနည်းတူ။

ထို့ကြောင့် တော်ရုံတန်ရုံ နိုင်ငံရေးသမားများက ဘာသာရေးဆရာ များကို စောဒကမတက်ရဲကြ။ မည်သို့ ဆိုစေ ဆင်းရဲနွမ်းပါးသူများအတွက် ကား မလိုအပ်ဘဲကိုယ်ဝန်ဆောင်ရခြင်း၊ သားသမီးမလိုချင်ဘဲနှင့် ရခြင်းတို့သည် ကားသူတို့ဘဝကို ဆင်းရဲတွင်းပိုနက်စေ မည့်အတွက် စဉ်းစားသင့်ပါသည်။ ''ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာလည်း မလို ချင်ဘဲ ကိုယ်ဝန်ဆောင်မှုတွေက အရေ အတွက်တွေ များလာနေပြီ။ အများအား ဖြင့် မြီးကောင်ပေါက်တွေမှာပေါ့။ ဆင်း ရဲနွမ်းပါးသူတွေ၊ တိုင်းရင်းသားမျိုးနွယ် စုထဲက လူနည်းစုတွေမှာပေါ့'' ဟု အစီ ရင်ခံစာက ဆို၏။

''မိသားစု စီမံကိန်းကို နိုင်ငံတိုင်း မှာလုပ်သင့်တယ်။ ဆင်းရဲချမ်းသာမရွေး အခွင့်အရေးရှိသူ၊ မရှိသူမရွေးဘဲ လူ့ အခွင့်အရေးဆိုတာ လူတိုင်းမှာ ရှိကိုရှိရ မယ်။ သားသမီးလိုချင်တဲ့သူ သူ့ဖာသာ သူ ယူခွင့်ရှိတယ်။ သားသမီးမယူချင်တဲ့ သူလည်း သူ့သဘောနဲ့သူ တားဆီးပိုင် ခွင့်ရှိတယ်'' ဟု ဆက်လက်ရေးသား ထားသည်။ အမေရိကတွင် ပုဂ္ဂလိကတစ်ဦး ချင်း အခွင့်အရေးများက အမြောက် အမြားရှိ၏။ အမြင့်ဆုံးရှိ၏။ ပဋိသန္ဓေ တားခြင်းကို အားပေးခြင်းဟုကား မဆို လိုပါ။

သို့သော်ပဋိသန္ဓေတားဖို့ ငွေကြေး မရှိ၍၊ ဆေးအလွယ်တကူမရ၍၊ သူ တစ်ပါးခြိမ်းခြောက်၍ ကိုယ်ဝန်မဆောင် ချင်ဘဲဆောင်လိုက်ရ သည်ဆိုသည်ကား မဖြစ်သင့်မဖြစ်ထိုက်သောကိစ္စ။ မည်သို့ဆိုစေ ဖွံ့ဖြိုးဆဲ နိုင်ငံများ ၏ တိုးတက်မှုဖြစ်စဉ်တွင် ပဋိသန္ဓေ တားဆီးမှုက မရှိမဖြစ် အရေးကြီး သည်ကား သေချာ၏။ ကျန်းမာကောင်း မွန်သောလူ့အဖွဲ့အစည်းတွင် ပဋိသန္ဓေ တားဆီးခြင်းသည် လူ့အခွင့်အရေးတစ်ရပ် ဖြစ်သည်ကား သေချာ၏။ သို့သော် အမေရိကလို နိုင်ငံမျိုးတွင်ဤကိစ္စလွတ် လပ်ပျံ့နှံ့မှုမရှိသေးသည်ကား အံ့သြစရာ ကောင်းလှသည်။

ဟိန်းလတ်