Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 23, 2013

သန္ဓေတားဆေးနှင့် အသားအရေ

သန္ဓေတားနည်း အမျိုးမျိုးဟာ ဘေး ထွက်ဆိုးကျိုး အနည်းနဲ့ အများ ဆိုသလို  ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် သန္ဓေတား ဆေးတွေဟာ ရင်သားတွေကို ပိုကြီးမား တာ ဖြစ်စေနိုင်သလို ကိုယ်အလေးချိန် အနည်းငယ် မြင့်တက် တာမျိုးလည်း ဖြစ် နိုင်ပါတယ်။ အလားတူ အသားအရေ အပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။ အရင်က ရာသီလာချိန်မှာ ဝက်ခြံ ပေါက်တာမျိုး ဖြစ်ဖူးပါသလား။ ဒါက သင်တစ်ယောက် တည်းဖြစ်တာ မဟုတ် ပါဘူး။
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အန်ဒရိုဂျင်ဟော်မုန်း ရှိပါတယ်။ ရာသီမ လာခင်မှာ ဒီဟော်မုန်းဟာ အဆီပိုတွေ ထွက်ရှိအောင် ခန္ဓာကိုယ်ကို လှုံ့ဆော်ပါ တယ်။ ပုံမှန်အားဖြင့် အဆီဆိုတာ သင့် အသားအရေအတွက် ကောင်းပါတယ်။ သင့်အသားအရေ ကျန်းမာလှပစေဖို့ အ ဆီတွေကို အဆက်မပြတ် ထုတ်ပေးနေပါ တယ်။ ဒါပေမဲ့ အဆီတွေကို အလွန်အ မင်းထုတ်လိုက်ရင် အဆီတွေက ချွေး ပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံဖြစ် စေနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။
သန္ဓေတားဆေး သောက်တဲ့အခါ အဆီပို အများအပြား ထွက်ရှိစေတဲ့ အန်ဒရိုဂျင်ဟော်မုန်းကို သွားတားနိုင်တာ ကြောင့် ဝက်ခြံနဲ့ တခြားအဖုအပိမ့်ထွက် FDA အတည်ပြုထားတာ ဖြစ်ပါ တယ်။ တချို့ အမျိုးသမီး တွေမှာတော့ သန္ဓေတားဆေး သောက်တာကြောင့် အ သားအရေကို ပြောင်းပြန် အကျိုးသက် ရောက်မှု ရှိသွားပါတယ်။ သန္ဓေတားဆေး တွေက ဝက်ခြံ အဖုအပိမ့်ကို ကင်းစင်စေ တယ်ဆိုပေမယ့် သင့်အရေပြားဟာ နေ ရောင်ခြည်ဒဏ်အပေါ် ပိုပြီး ထိခိုက် လွယ်သွား တတ်ပါတယ်။ ဒါကြောင့် မျက်နှာပေါ် အမည်းကွက်တွေ ပေါ်လာ တာမျိုး ဖြစ်တတ် ပါတယ်။

ဇွန်

No comments:

Post a Comment