Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 19, 2013

အသက္ (၁၈) ႏွစ္ျပည့္မွဖတ္ပါ - အခ်စ္နဲ႔ လိင္



အခ်စ္နဲ႔ လိင္
အခ်စ္ဟာ ဘ၀အတြက္ အဓိက လိုအပ္ခ်က္မဟုတ္ေပမဲ႔ အခ်စ္မရိွရင္ ဘ၀မွာေပ်ာ္ရႊင္မႈဆိုတာေတြလည္း ေပ်ာက္ဆံုးကုန္ေရာ။ အခ်စ္နဲ႔ပတ္သက္လာရင္ လူတိုင္းမွာ ခံစားခ်က္ကိုယ္စီရိွၾကတယ္။ ထင္ျမင္ခ်က္ ကိုယ္စီလည္း ရိွၾကပါတယ္။ က်ေနာ္အခုေျပာျပခ်င္တာက ဘာလို႔ ေယာက်ာ္းေလးမိန္းကေလး ေတာ္ေတာ္မ်ားမ်ားဟာ ခ်စ္သူတစ္ဦးတည္းကို တသက္လံုး ဘာလို႔မခ်စ္ႏိုင္တဲ႔အေပၚ သံုးသပ္ၾကည္႔မိတဲ႔ အေၾကာင္းအရာေတြပါ။

ေဖာက္ျပန္ၾကတယ္ဆိုတဲ႔အသံေတြကို ေနရာတိုင္းမွာၾကားေနရတယ္။ အရြယ္ေရာက္ၿပီးၾကတဲ႔လူတိုင္း ဒီလိုအျဖစ္မ်ိဳး ၾကံဳခဲ႔ဖူးတာမ်ားပါတယ္။ ကိုယ္႔ရည္းစားကရႈပ္တယ္ ဆိုၿပီး ျပတ္သြားၾကတဲ႔ သမီးရည္းစားေတြကလည္းမနည္းပါဘူး။ ဘာလို႔လဲ။ အခ်စ္ အခ်စ္ ဆိုတဲ႔ အေၾကာင္းကို ေသခ်ာမသိၾကလို႔ေလ။ အခ်စ္နဲ႔ လိင္ကို ေသခ်ာမသိၾကလို႔ ေဖာက္ျပန္ေနၾကတာေပါ႔။ ငယ္ငယ္က မိဘအခ်စ္ငတ္ခဲ႔ရသူ၊ အခ်စ္ဦးက ရက္ရက္စက္စက္အသည္းခြဲၿပီး အပစ္ခံခဲ႔ရသူ ေတာ္ေတာ္မ်ားမ်ားဟာ ရႈပ္တတ္ၾကတယ္။ ေဖာက္ျပန္တတ္ၾကတယ္။ ဘာလို႔လဲဆိုေတာ႔ သူတို႔မွာ အခ်စ္ဆိုတဲ႔အရာကို မယံုၾကေတာ႔ဘူးေလ။ အခ်စ္က လံုျခံဳမႈ တည္ျမဲမႈကိုမေပးႏိုင္ဘူးလို႔ထင္ေနၾကတယ္ေလ။ ကိုယ္႔လိုပဲ ျမာေပြတဲ႔သူေတြ ခ်ည္းပဲလို႔ ထင္မွတ္ေနၾကတယ္ေလ။ ရည္းစားေတြထည္လဲတြဲ ၿပီး သူတို႔မွာလိုအပ္ေနတဲ႔အခ်စ္ေတြကို ျဖည္႔ၾကတာေပါ႔။ ဒါကအခ်စ္ရွာေနတာ မဟုတ္ပါဘူး။လိင္ပါ။

တခ်ိဳ႕က်ေတာ႔ အခ်စ္စစ္နဲ႔ကို ခ်စ္ၾကတာပါ။ ဒါေပမဲ႔ သူ႔တို႔ ေရွ႕ဆက္ေလွ်ာက္ဖို႔ အခ်စ္လမ္းခရီးက အခက္အခဲေတြရင္ဆိုင္ၾကတဲ႔အခါမွာ နားလည္မႈေတြ၊ ယုယမႈေတြ၊ ခ်စ္စၾကင္စကလို တက္ၾကြမႈေတြကို ခ်စ္သူႏွစ္ဦးစလံုးက ပ်ိဳးေထာင္ေပးဖို႔ေမ႔ေနၾကေတာ႔ အထီးက်န္မႈေတြ သိမ္ငယ္မႈေတြေပၚလာေတာ႔တာေပါ႔။ ဒါကလည္း လူတိုင္းမွာ ခ်စ္သက္တမ္းရွည္လာသမွ် ၿငီးေငြ႔မႈေတြ ျဖစ္လာတတ္ၾကတာ သဘာ၀ပဲေလ။ အထူးသျဖင္႔ လိင္အမႈကို ဦးစားေပးတဲ႔ သမီးရည္းစားေတြဆို ပိုၿပီးကြဲဖို႔အခြင္႔အေရးမ်ားတယ္။ ခ်စ္သူရဲ႕ ကိုယ္သင္းနံ႔၊ လွပမႈအဆင္း၊ ကိုယ္လံုးကိုယ္ေပါက္၊ လိင္ဆက္ဆံမႈ၊ ဟန္အမူအရာ၊ စကားသံေလးေတြဟာ ခ်စ္စခင္စက ဘယ္ေလာက္ပဲခ်စ္ဖို႔ေကာင္းပါတယ္ ေျပာေျပာ ၾကာရင္ အီသြားၾကတာပဲ။ ရိုးသြားၾကတာပဲ။ ေပါက္စီ ဘယ္ေလာက္ေကာင္းေကာင္း မနက္တိုင္း သားေရစာကို ဒါပဲစားေနရေတာ႔ ေျပာင္းၿပီးစားခ်င္လာၾကတယ္ေလ။ ဒါေတြဟာ လူေတြရဲ႕သဘာ၀ပဲေလ။ အေျပာင္းအလဲေလးေတြကို အေခ်ာင္ရရင္ အားလံုး ေျပာင္းစားၾကည္႔ခ်င္ၾကတာပါပဲ။ ခိုးစားၾကည္႔ၾကတယ္ေလ။ကာယံကံအမႈနဲ႔ မဟုတ္တာေတာင္ ၀စီကံေလးေတြ၊ မေနာကံေလးေတြနဲ႔ ခံစားၾကည္႔တတ္ၾကတယ္။ မမိေသးသေရြ႕ေတာ႔ ခ်စ္သူနဲ႔ အဆင္ေျပေနတာေပါ႔။ မိသြားၾကေတာ႔ ကြဲၾကျပဲၾကေတာ႔တာပဲ။မိန္းကေလးေကာ ေယာက်ာ္းေလးေတြအားလံုးလုပ္ေနၾကတာပါ။ ရွက္လို႔တာဖံုးထားၾကတာ။ လိမ္ေနၾကတာပါ။ က်ေနာ္ေျပာတာမယံုရင္ ေန႔တိုင္းတက္ေနတဲ႔ အြန္လိုင္းကို ၾကည္႔ေလ။ လင္ရိွမယားရိွ ရည္းစားရိွ ပိုင္ရွင္ရိွၿပီးသားေတြေတာင္ ကိုယ္ၾကိဳက္တဲ႔ ေခ်ာေခ်ာလွလွ ေကာင္ေလး(သို႔)ေကာင္မေလးေတြနဲ႔ မိတ္ေဆြျဖစ္ေနရရင္ ေပ်ာ္လို႔ကို မဆံုးၾကပါဘူး။ အျဖဴေရာင္ခင္မင္မႈေတြလို႔တာေျပာေနၾကတာပါ။ သူတို႔နဲ႔ စာေပးစာယူ စကားေျပာေနရတဲ႔အခ်ိန္ဟာ ကိုယ္႔ခ်စ္သူနဲ႔ ေျပာတဲ႔အခ်ိန္ေတြထက္ေတာင္ပိုၿပီး ေပ်ာ္ေနၾကတယ္၊ ရင္ခုန္ေနၾကတယ္၊ စိတ္ခ်မ္းသာေနၾကတယ္ဆိုရင္ ဒါဟာလည္း ကာယကံ မေနာကံေတြနဲ႔ ကိုယ္႔ခ်စ္သူအေပၚေဖာက္ျပန္ေနတာပဲေလ။ ေပါက္စီမစားေတာ႔ပဲ ဟန္ဘာကာေျပာင္းစားၾကည္႔တာနဲ႔အတူတူပဲေလ။

ကိုယ္႔ရည္းစားအေပၚ ဘယ္ေလာက္ခ်စ္တာပါလို႔ ပဲ ေျပာေျပာ ဒီလိုေဖာက္ျပန္ေနၾကတဲ႔သူေတြ အမ်ားၾကီးပါ။ မိန္းကေလးေတြက က်ေနာ္ ဒီလိုေျပာတာကို ကပ္သီးကပ္သတ္ေျပာေနတယ္လို႔ထင္ၾကမွာပဲေနာ္။ မင္းသားေတြအဆိုေတာ္ေတြကိုၾကိဳက္ေနၾကတာ၊ ေဘာလံုးသမားေတြ အားကစားသမားေတြကို ၾကိဳက္ေနၾကတာလည္း ေဖာက္ျပန္ေနတာပဲေလ။ သူတို႔က ျပန္မၾကိဳက္ၾကလို႔တာ ကိုယ္႔ခ်စ္သူနဲ႔ ဘာမွမျဖစ္ၾကတာ။ တဖက္က တကယ္ျပန္ၾကိဳက္ပါတယ္လို႔တာ ေျပာၾကည္႔ပါ။ ကိုယ္႔ခ်စ္သူကို ပစ္ၿပီး ေကာက္ေကာက္ပါေအာင္ လိုက္သြားၾကမည္႔သူေတြ အမ်ားၾကီးပါ။ အေနေ၀းတယ္ လြမ္းတယ္ အထီးက်န္ဆန္ေနတယ္ ဆိုတဲ႔ ခံစားခ်က္ေတြကိုဦးစားေပးၿပီး ငါ႔ခ်စ္သူမသိပါဘူးဆိုၿပီး ေဖာက္ျပန္ေနၾကတဲ႔သူေတြလည္း အမ်ားၾကီးပါပဲ။ ေရေဆးလိုက္ရင္ ၿပီးတာပဲဆိုတာမ်ိဳးေတြေပါ႔။ ကိုယ္႔ခ်စ္သူက သိတာမွမဟုတ္တာ။ တခါခိုးစား ေနာက္လည္း အခြင္႔ရတိုင္း ခိုးစားတတ္လာၾကတယ္ေလ။ ခိုးစားတတ္ေနတုန္းေတာ႔ အဆင္ေျပေနဦးမွာပါ။ အရိုးေတာ႔ မဆူးေစနဲ႔ေပါ႔။ ခ်စ္သူထက္အေပးေကာင္းတဲ႔သူနဲ႔ေတြ႔ သြားလို႔ကေတာ႔ ခ်စ္သူကို ပစ္သြားၿပီး တျခားသူဆီလိုက္ၾကေတာ႔တာပဲေလ။ ၾကားဖူးတာမ်ားေနလို႔ေျပာေနတာေနာ္။ေကာင္မေလးေတြ.ေတာ္ေတာ္မ်ားမ်ားက .... က်ေနာ္တို႔ေယာက်ာ္းေလးေတြကပဲ မေကာင္းဘူးထင္ေနမွာစိုးလို႔ပါ။

ေယာက်ာ္းေလးေတာ္ေတာ္မ်ားမ်ားကေတာ႔ အေခ်ာင္ရရင္ အကုန္စားမွာပဲေလ။ E majorကေကာင္မေလး ၁၈ႏွစ္ပဲရိွေသးတယ္။ သူ႔မွာ ရည္းစားလည္းရိွတယ္။ သူနဲ႔သူ႔ရည္းစားက ရြယ္တူေတြ။ သူက အင္းစိန္မွာေနတာေလ။ ေတာ္ေတာ္ေလး ေခ်ာတာပါ။က်ေနာ္႔အသိ လမ္း၄၀နားက(လမ္းအတိအက်မေျပာခ်င္လို႔ပါ)အသက္၄၀ေက်ာ္ဘုိးေတာ္တစ္ေယာက္နဲ႔ခင္သြားတယ္။ သူ႔မွာ မိန္းမလည္းရိွ၊ သားကလည္း ဒီေကာင္မေလးနဲ႔ ရြယ္တူပဲေလ။ေကာင္မေလးက ရည္းစားနဲ႔အဆင္မေျပတိုင္း ဘုိးေတာ္ဆီလာတယ္ေလ။ ဘိုးေတာ္က အေခ်ာ႔လည္းေကာင္း အေျပာလည္းေကာင္း နာမည္လည္းၾကီးတဲ႔သူဆိုေတာ႔ ေကာင္မေလးက ခင္တာေပါ႔။မၾကာပါဘူး ၃လေလာက္ပဲရိွေသးတယ္။ ဘုိးေတာ္နဲ႔ ျဖစ္ၾကေရာ။ ေနာက္ပိုင္း ဘုိးေတာ္ဆီကို အျမဲလာတယ္။ သူ႔ရည္းစားက သူ႔ေလာက္အေပးမေကာင္းဘူးဆိုပဲ။ သိပ္မၾကာပါဘူး သူက သူ႔ရည္းစားကို ျဖတ္လိုက္တယ္။ မေပ်ာ္ေတာ႔လို႔တဲ႔။ သူ႔ေကာင္ေလးမွာ အသည္းကြဲၿပီး ရူးမတတ္က်န္ခဲ႔တာပါ။ အခ်စ္ဦးကို။ ေကာင္မေလးကေတာ႔ ဘုိးေတာ္နဲ႔ေပ်ာ္ေနလိုက္တာ။ သူတို႔ေနတဲ႔ပံုေတြေတာင္ အမွတ္တရ ရိုက္ထားၾကတာ။ အေပၚကခ်ည္းပဲ။ အားလံုးရင္သပ္ရႈေမာပါပဲ။ လိင္လိင္လိင္ေတြပါ။ လူေတြဟာ အခ်စ္အခ်စ္လို႔ ေျပာေနၾကၿပီး လိင္ကိုရွာေဖြေနၾကတာပါ။ အခ်စ္ဆိုတာ အလြန္သန္႔ရွင္းတဲ႔အရာပါ။ ဒီလို အခ်စ္ေရးမွာအဆင္မေျပတိုင္း ေနာက္ရည္းစားအသစ္ရွာေနၾကတာေတာ႔မေကာင္းပါဘူး။ ကိုယ္႔ခ်စ္သူက ရႈပ္ေန ေပြေနတာတကယ္မွန္လို႔ ရည္းစားသစ္ ေျပာင္းရွာတာ ကုိေတာ႔ အျပစ္မေျပာပါဘူး။ ျမန္ျမန္ျဖတ္ေလ ေကာင္းေလပါပဲ။ ဒီလိုလူနဲ႔ ျပတ္သြားတာ ကိုယ္႔အတြက္ပိုေကာင္းတယ္ေလ။ ေနာင္ေရးအတြက္လည္း စိတ္ဆင္းမရဲရေတာ႔ဘူးေပါ႔။အလိုမလိုက္လို႔၊ နားလည္မႈမရိွလို႔၊ အေခ်ာ႔မေကာင္းလို႔၊ သူမ်ားလို အေပ်ာ္ေတြမေပးႏိုင္လို႔၊ Romanticမရိွလို႔၊ ေရခဲတံုးၾကီးမလို႔ဆိုၿပီးေတာ႔ ရည္းစားကိုျဖတ္တာကေတာ႔ မေကာင္းပါဘူး။ ခ်စ္သူတိုင္း နားလည္ထားဖုိ႔က ကိုယ္ကလည္း မေဖာက္ျပန္ေအာင္ေနတတ္ၾကဖို႔ပါ။ အခ်ိန္တိုင္း ကုိယ္႔ခ်စ္သူကို ခ်စ္ေနတတ္ၾကဖို႔ပါ။ ေပါက္စီ စားရတာ အီလာလို႔ ဟမ္ဘာကာေျပာင္း စားခ်င္ရင္ ခ်စ္သူကို ပြင္႔ပြင္႔လင္းလင္းေျပာၿပီး ဟမ္ဘာကာျဖစ္ေအာင္ အမိ်ဳးမိ်ဳးေျပာင္းၿပီးလုပ္စားၾကေပါ႔။ လိင္ကိုခ်ည္း ဦးစားမေပးၾကပါနဲ႔။

၀ါသနာ၊ အလုပ္၊အားကစားေတြမွာလည္း ခ်စ္သူႏွစ္ဦးလံုး အၾကိဳက္တူေအာင္ ညိွႏိုင္ၾကရင္ပိုေကာင္းပါတယ္။ အားလပ္ခ်ိန္တုိင္းမွာ ခ်စ္သူႏွစ္ဦးအတူ ခံစားေပ်ာ္ရႊင္ႏိုင္လို႔ေလ။ လိင္ထက္ေတာင္ ပိုၿပီးၾကာရွည္တည္ျမဲပါတယ္။ေပ်ာ္ရႊင္မႈေတြကို ပိုၿပီးေပးႏိုင္ပါတယ္။ ဒါေတြက အရြယ္ေရာက္လာေလ ခ်စ္သူႏွစ္ဦးပိုခ်စ္လာေအာင္ဖန္တီးေပးႏိုင္ၾကေလပါပဲ။ ကိုယ္႔ခ်စ္သူနဲ႔အတူ က်န္းမာေရးလိုက္စားတတ္ေအာင္ ပိ်ဳးေထာင္ထားၾကပါ။ အားလပ္ခ်ိန္မွာ ၀ါသနာပါရာေလးေတြကို အတူ ခံစားႏိုင္ေအာင္ ညိွထားၾကပါ။ သီခ်င္းၾကိဳက္ရင္ သီခ်င္းနားေထာင္ေပါ႔။ ရုပ္ရွင္ၾကိဳက္ရင္ ရုပ္ရွင္ၾကည္႔ၾကေပါ႔။ အခ်က္အျပဳတ္ၾကိဳက္ရင္ ႏွစ္ေယာက္အတူတူ ခ်က္ျပဳတ္ၿပီးစားၾကေပါ႔။ ခရီးထြက္တာၾကိဳက္ရင္ အတူခရီးထြက္ၾကေပါ႔။ ဒါေပမဲ႔ ဒါေတြလုပ္ဖို႔ အရမ္းၾကီး ဖိအားေပးမလုပ္ၾကပါနဲ႔။အၾကိဳက္ခ်င္းတူေအာင္ လုပ္ဖို႔က နည္းနည္းခက္တယ္ေလ။ အခ်စ္ေတြပိုၿပီးတိုးလာခ်င္လို႔တာ လုပ္ေနၾကတာေလ။ တခါတေလ အလုပ္မအားလို႔ အေရးေပၚအေၾကာင္းေတြရိွလာလို႔ ဆိုၿပီး အစီအစဥ္ေတြျပတ္သြားတာေတြရိွႏိုင္တယ္ေလ။ဒါကို ငါထက္ပိုၿပီး ဦးစားေပးရမည္႔အရာေတြရိွေနတယ္ေပါ႔လို႔ စိတ္ဆိုးသြားၿပီး ခ်စ္သူေတြရန္ပြဲျဖစ္ၾကရတာလဲ ခဏခဏပါပဲ။ ဒီလိုအခ်ိန္မွာလည္း နားလည္မႈတည္ေဆာက္ႏိုင္ေအာင္ ၾကိဳးစားၾကပါ။ အခ်စ္ဆိုတာ နားလည္မႈပါ။ ကိုယ္႔ခ်စ္သူအေပၚ နားလည္တတ္မႈပါ။ ကိုယ္႔အခ်စ္အေပၚမွာလည္း နားလည္တတ္မႈပါ။

အခ်စ္စစ္နဲ႔ ခ်စ္မိၾကတာမွန္ရင္ နားလည္မႈကို အရင္တည္ေဆာက္ၾကပါ။ ဘာပဲလုပ္လုပ္ အခ်စ္ကို ေရွ႔တန္းတင္ပါ။ လိင္ကို ေလွ်ာ႔ပါ။ သိမ္ငယ္မႈ၊ အထီးက်န္ဆန္မႈျဖစ္ေနတယ္ဆိုတဲ႔အေတြးေတြကို ေလွ်ာ႔ပါ။ ကိုယ္႔အခ်စ္ကို တန္ဖိုးထားပါ။ ကိုယ္႔အခ်စ္ကို တန္ဖိုးရိွလာေအာင္လုပ္ၾကပါ။ ခ်စ္စၾကင္စကလို အခ်စ္စိတ္ေတြမေပ်ာက္သြားေအာင္ ျမတ္ႏိုးၾကပါ။ ေဖာက္ျပန္ခ်င္တဲ႔စိတ္ေတြေပၚလာတိုင္း ကိုယ္႔ခ်စ္သူေလးမ်က္ႏွာကို ျပန္ျမင္ၾကပါ။ ခ်စ္သူအေပၚ ေျပာခဲ႔တဲ႔ စကားေတြ၊ ခ်စ္မိခဲ႔တဲ႔အျဖစ္ေလးေတြကို ျပန္စဥ္းစားၾကည္႔ၾကပါ။ ခ်စ္သူမ်ားေန႔မွာ ကိုယ္႔ခ်စ္သူေတြကို ေမးၾကည္႔ပါ။ ကိုယ္႔ကို ဘာလို႔ခ်စ္တာလဲ။ အေပ်ာ္သေဘာအတြက္လား။ တသက္လံုးအတြက္လားလို႔။ တသက္လံုးအတြက္လို႔ အေျဖေပးရင္ တုိ႔ဒီေန႔ကစၿပီး တေယာက္ကို တေယာက္ တေန႔တျခား ပိုခ်စ္ျမတ္ႏိုးတတ္လာေအာင္ ၾကိဳးစားၾကမယ္ေနာ္ ဆိုၿပီးေျပာလိုက္ပါ။ ေရွ႕ဆက္ရမည္႔အခ်စ္ခရီးလမ္းမွာ ေဖာက္ျပန္ခ်င္တဲ႔စိတ္ေတြမျဖစ္လာေအာင္လို႔ေလ။ ကိုယ္႔ဘက္က ေဖာက္ျပန္တဲ႔စိတ္ေတြျဖစ္လာတိုင္း ဒီစကားေလးကို သတိရၾကပါ။ အခ်စ္လိုေနတာလား။ လိင္လိုေနတာလားလို႔။ ကိုယ္႔မွာ အခ်စ္ပိုင္ဆိုင္ထားရင္ ဘာနဲ႔မွ မလဲႏိုင္တဲ႔ လိင္အရသာကို ပိုင္ဆိုင္ထားတာပဲဆိုတဲ႔အခ်က္ကိုလည္း မေမ႔ၾကပါနဲ႔။ လိင္က အခ်စ္ကို မေပးႏိုင္ပါဘူး။ အခ်စ္စစ္အခ်စ္မွန္က အခ်စ္ေတြ အၾကင္နာေတြ ယုယမႈေတြ လိင္ေပ်ာ္ရႊင္မႈေတြ အရာရာအားလံုးကိုေပးႏိုင္ပါတယ္။ ေဖာက္ျပန္စိတ္ဟာ တခဏပါ။ ဒီအတြက္နဲ႔ကိုယ္႔မွာရိွေနတဲ႔ တန္ဖိုးရိွတဲ႔အခ်စ္ေတြ ဆံုးရွဴံးသြားႏိုင္တယ္ဆိုတာကိုလည္း မေမ႔ၾကပါနဲ႔။ ညစ္ပတ္သြားတုိင္း ေရေဆးလိုက္ရင္ သန္႔သြားတာပဲဆိုတဲ႔ အရာေတြထဲမွာ အခ်စ္စစ္အခ်စ္မွန္မပါပါဘူး။ အခ်စ္စစ္အခ်စ္မွန္ဆိုတာ အခ်စ္ကုိ တန္ဖိုးထားနားလည္တတ္တဲ႔ ခ်စ္သူေတြၾကားမွာတာရိွတာပါ။ တကယ္ခ်စ္မိရင္ နားလည္ၾကမွာပါ။ အခ်စ္စစ္ဆိုတာ သူမ်ားနဲ႔ ေ၀ခြဲလို႔လဲမရဘူး။ ေဖာက္ျပန္တာကိုလည္း ခြင္႔မလႊတ္ႏိုင္ဘူးေလ။ ကိုယ္႔ခ်စ္သူက ကိုယ္႔အေပၚ ျမတ္ျမတ္ႏိုးႏိုးေပးေနတဲ႔ အခ်စ္စစ္အခ်စ္မွန္ေတြကို ကိုယ္ကလည္း ျမတ္ႏိုး တန္ဖိုးထား တတ္ရမယ္ေလ။ ယံုၾကည္မႈတည္ေဆာက္ႏိုင္ေအာင္ ေဖာက္ျပန္ေနတဲ႔စိတ္ေတြကို အခ်ိန္တိုင္းထိန္းသိမ္းႏိုင္ရမယ္ေလ။ အတိတ္က ေပြခဲ႔ ရႈပ္ခဲ႔ မွားခဲ႔တာေတြကို ခြင္႔လႊတ္ႏိုင္ေပမဲ႔ အခ်စ္စစ္နဲ႔ စခ်စ္မိၿပီဆိုကတည္းက ထပ္မေဖာက္ျပန္ေအာင္ ထိန္းသိမ္းႏိုင္ရမယ္ေလ။အခ်စ္စစ္ဆိုတာ အတိတ္က အမွားေတြကို ခြင္႔လႊတ္ႏိုင္ေပမဲ႔ လက္ရိွ ထပ္က်ဴးလြန္ေနတဲ႔ ေဖာက္ျပန္မႈအမွားေတြကိုေတာ႔ ခြင္႔မလႊတ္ႏိုင္ဘူးေလ။
waihninsong.blogspot.com
အချစ်ဟာ ဘဝအတွက် အဓိက လိုအပ်ချက်မဟုတ်ပေမဲ့ အချစ်မရှိရင် ဘဝမှာပျော်ရွှင်မှုဆိုတာတွေလည်း ပျောက်ဆုံးကုန်ရော။ အချစ်နဲ့ပတ်သက်လာရင် လူတိုင်းမှာ ခံစားချက်ကိုယ်စီရှိကြတယ်။ ထင်မြင်ချက် ကိုယ်စီလည်း ရှိကြပါတယ်။ ကျနော်အခုပြောပြချင်တာက ဘာလို့ ယောကျာ်းလေးမိန်းကလေး တော်တော်များများဟာ ချစ်သူတစ်ဦးတည်းကို တသက်လုံး ဘာလို့မချစ်နိုင်တဲ့အပေါ် သုံးသပ်ကြည့်မိတဲ့ အကြောင်းအရာတွေပါ။ ဖောက်ပြန်ကြတယ်ဆိုတဲ့အသံတွေကို နေရာတိုင်းမှာကြားနေရတယ်။ အရွယ်ရောက်ပြီးကြတဲ့လူတိုင်း ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးတာများပါတယ်။ ကိုယ့်ရည်းစားကရှုပ်တယ် ဆိုပြီး ပြတ်သွားကြတဲ့ သမီးရည်းစားတွေကလည်းမနည်းပါဘူး။ ဘာလို့လဲ။ အချစ် အချစ် ဆိုတဲ့ အကြောင်းကို သေချာမသိကြလို့လေ။ အချစ်နဲ့ လိင်ကို သေချာမသိကြလို့ ဖောက်ပြန်နေကြတာပေါ့။ ငယ်ငယ်က မိဘအချစ်ငတ်ခဲ့ရသူ၊ အချစ်ဦးက ရက်ရက်စက်စက်အသည်းခွဲပြီး အပစ်ခံခဲ့ရသူ တော်တော်များများဟာ ရှုပ်တတ်ကြတယ်။ ဖောက်ပြန်တတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့မှာ အချစ်ဆိုတဲ့အရာကို မယုံကြတော့ဘူးလေ။ အချစ်က လုံခြံုမှု တည်မြဲမှုကိုမပေးနိုင်ဘူးလို့ထင်နေကြတယ်လေ။ ကိုယ့်လိုပဲ မြာပွေတဲ့သူတွေ ချည်းပဲလို့ ထင်မှတ်နေကြတယ်လေ။ ရည်းစားတွေထည်လဲတွဲ ပြီး သူတို့မှာလိုအပ်နေတဲ့အချစ်တွေကို ဖြည့်ကြတာပေါ့။ ဒါကအချစ်ရှာနေတာ မဟုတ်ပါဘူး။လိင်ပါ။ တချို့ကျတော့ အချစ်စစ်နဲ့ကို ချစ်ကြတာပါ။ ဒါပေမဲ့ သူ့တို့ ရှေ့ဆက်လျှောက်ဖို့ အချစ်လမ်းခရီးက အခက်အခဲတွေရင်ဆိုင်ကြတဲ့အခါမှာ နားလည်မှုတွေ၊ ယုယမှုတွေ၊ ချစ်စကြင်စကလို တက်ကြွမှုတွေကို ချစ်သူနှစ်ဦးစလုံးက ပျိုးထောင်ပေးဖို့မေ့နေကြတော့ အထီးကျန်မှုတွေ သိမ်ငယ်မှုတွေပေါ်လာတော့တာပေါ့။ ဒါကလည်း လူတိုင်းမှာ ချစ်သက်တမ်းရှည်လာသမျှ ငြီးငွေ့မှုတွေ ဖြစ်လာတတ်ကြတာ သဘာဝပဲလေ။ အထူးသဖြင့် လိင်အမှုကို ဦးစားပေးတဲ့ သမီးရည်းစားတွေဆို ပိုပြီးကွဲဖို့အခွင့်အရေးများတယ်။ ချစ်သူရဲ့ ကိုယ်သင်းနံ့၊ လှပမှုအဆင်း၊ ကိုယ်လုံးကိုယ်ပေါက်၊ လိင်ဆက်ဆံမှု၊ ဟန်အမူအရာ၊ စကားသံလေးတွေဟာ ချစ်စခင်စက ဘယ်လောက်ပဲချစ်ဖို့ကောင်းပါတယ် ပြောပြော ကြာရင် အီသွားကြတာပဲ။ ရိုးသွားကြတာပဲ။ ပေါက်စီ ဘယ်လောက်ကောင်းကောင်း မနက်တိုင်း သားရေစာကို ဒါပဲစားနေရတော့ ပြောင်းပြီးစားချင်လာကြတယ်လေ။ ဒါတွေဟာ လူတွေရဲ့သဘာဝပဲလေ။ အပြောင်းအလဲလေးတွေကို အချောင်ရရင် အားလုံး ပြောင်းစားကြည့်ချင်ကြတာပါပဲ။ ခိုးစားကြည့်ကြတယ်လေ။ကာယံကံအမှုနဲ့ မဟုတ်တာတောင် ၀စီကံလေးတွေ၊ မနောကံလေးတွေနဲ့ ခံစားကြည့်တတ်ကြတယ်။ မမိသေးသရွေ့တော့ ချစ်သူနဲ့ အဆင်ပြေနေတာပေါ့။ မိသွားကြတော့ ကွဲကြပြဲကြတော့တာပဲ။မိန်းကလေးကော ယောကျာ်းလေးတွေအားလုံးလုပ်နေကြတာပါ။ ရှက်လို့တာဖုံးထားကြတာ။ လိမ်နေကြတာပါ။ ကျနော်ပြောတာမယုံရင် နေ့တိုင်းတက်နေတဲ့ အွန်လိုင်းကို ကြည့်လေ။ လင်ရှိမယားရှိ ရည်းစားရှိ ပိုင်ရှင်ရှိပြီးသားတွေတောင် ကိုယ်ကြိုက်တဲ့ ချောချောလှလှ ကောင်လေး(သို့)ကောင်မလေးတွေနဲ့ မိတ်ဆွေဖြစ်နေရရင် ပျော်လို့ကို မဆုံးကြပါဘူး။ အဖြူရောင်ခင်မင်မှုတွေလို့တာပြောနေကြတာပါ။ သူတို့နဲ့ စာပေးစာယူ စကားပြောနေရတဲ့အချိန်ဟာ ကိုယ့်ချစ်သူနဲ့ ပြောတဲ့အချိန်တွေထက်တောင်ပိုပြီး ပျော်နေကြတယ်၊ ရင်ခုန်နေကြတယ်၊ စိတ်ချမ်းသာနေကြတယ်ဆိုရင် ဒါဟာလည်း ကာယကံ မနောကံတွေနဲ့ ကိုယ့်ချစ်သူအပေါ်ဖောက်ပြန်နေတာပဲလေ။ ပေါက်စီမစားတော့ပဲ ဟန်ဘာကာပြောင်းစားကြည့်တာနဲ့အတူတူပဲလေ။ ကိုယ့်ရည်းစားအပေါ် ဘယ်လောက်ချစ်တာပါလို့ ပဲ ပြောပြော ဒီလိုဖောက်ပြန်နေကြတဲ့သူတွေ အများကြီးပါ။ မိန်းကလေးတွေက ကျနော် ဒီလိုပြောတာကို ကပ်သီးကပ်သတ်ပြောနေတယ်လို့ထင်ကြမှာပဲနော်။ မင်းသားတွေအဆိုတော်တွေကိုကြိုက်နေကြတာ၊ ဘောလုံးသမားတွေ အားကစားသမားတွေကို ကြိုက်နေကြတာလည်း ဖောက်ပြန်နေတာပဲလေ။ သူတို့က ပြန်မကြိုက်ကြလို့တာ ကိုယ့်ချစ်သူနဲ့ ဘာမှမဖြစ်ကြတာ။ တဖက်က တကယ်ပြန်ကြိုက်ပါတယ်လို့တာ ပြောကြည့်ပါ။ ကိုယ့်ချစ်သူကို ပစ်ပြီး ကောက်ကောက်ပါအောင် လိုက်သွားကြမည့်သူတွေ အများကြီးပါ။ အနေဝေးတယ် လွမ်းတယ် အထီးကျန်ဆန်နေတယ် ဆိုတဲ့ ခံစားချက်တွေကိုဦးစားပေးပြီး ငါ့ချစ်သူမသိပါဘူးဆိုပြီး ဖောက်ပြန်နေကြတဲ့သူတွေလည်း အများကြီးပါပဲ။ ရေဆေးလိုက်ရင် ပြီးတာပဲဆိုတာမျိုးတွေပေါ့။ ကိုယ့်ချစ်သူက သိတာမှမဟုတ်တာ။ တခါခိုးစား နောက်လည်း အခွင့်ရတိုင်း ခိုးစားတတ်လာကြတယ်လေ။ ခိုးစားတတ်နေတုန်းတော့ အဆင်ပြေနေဦးမှာပါ။ အရိုးတော့ မဆူးစေနဲ့ပေါ့။ ချစ်သူထက်အပေးကောင်းတဲ့သူနဲ့တွေ့ သွားလို့ကတော့ ချစ်သူကို ပစ်သွားပြီး တခြားသူဆီလိုက်ကြတော့တာပဲလေ။ ကြားဖူးတာများနေလို့ပြောနေတာနော်။ကောင်မလေးတွေ.တော်တော်များများက .... ကျနော်တို့ယောကျာ်းလေးတွေကပဲ မကောင်းဘူးထင်နေမှာစိုးလို့ပါ။ ယောကျာ်းလေးတော်တော်များများကတော့ အချောင်ရရင် အကုန်စားမှာပဲလေ။ E majorကကောင်မလေး ၁၈နှစ်ပဲရှိသေးတယ်။ သူ့မှာ ရည်းစားလည်းရှိတယ်။ သူနဲ့သူ့ရည်းစားက ရွယ်တူတွေ။ သူက အင်းစိန်မှာနေတာလေ။ တော်တော်လေး ချောတာပါ။ကျနော့်အသိ လမ်း၄၀နားက(လမ်းအတိအကျမပြောချင်လို့ပါ)အသက်၄၀ကျော်ဘိုးတော်တစ်ယောက်နဲ့ခင်သွားတယ်။ သူ့မှာ မိန်းမလည်းရှိ၊ သားကလည်း ဒီကောင်မလေးနဲ့ ရွယ်တူပဲလေ။ကောင်မလေးက ရည်းစားနဲ့အဆင်မပြေတိုင်း ဘိုးတော်ဆီလာတယ်လေ။ ဘိုးတော်က အချော့လည်းကောင်း အပြောလည်းကောင်း နာမည်လည်းကြီးတဲ့သူဆိုတော့ ကောင်မလေးက ခင်တာပေါ့။မကြာပါဘူး ၃လလောက်ပဲရှိသေးတယ်။ ဘိုးတော်နဲ့ ဖြစ်ကြရော။ နောက်ပိုင်း ဘိုးတော်ဆီကို အမြဲလာတယ်။ သူ့ရည်းစားက သူ့လောက်အပေးမကောင်းဘူးဆိုပဲ။ သိပ်မကြာပါဘူး သူက သူ့ရည်းစားကို ဖြတ်လိုက်တယ်။ မပျော်တော့လို့တဲ့။ သူ့ကောင်လေးမှာ အသည်းကွဲပြီး ရူးမတတ်ကျန်ခဲ့တာပါ။ အချစ်ဦးကို။ ကောင်မလေးကတော့ ဘိုးတော်နဲ့ပျော်နေလိုက်တာ။ သူတို့နေတဲ့ပုံတွေတောင် အမှတ်တရ ရိုက်ထားကြတာ။ အပေါ်ကချည်းပဲ။ အားလုံးရင်သပ်ရှုမောပါပဲ။ လိင်လိင်လိင်တွေပါ။ လူတွေဟာ အချစ်အချစ်လို့ ပြောနေကြပြီး လိင်ကိုရှာဖွေနေကြတာပါ။ အချစ်ဆိုတာ အလွန်သန့်ရှင်းတဲ့အရာပါ။ ဒီလို အချစ်ရေးမှာအဆင်မပြေတိုင်း နောက်ရည်းစားအသစ်ရှာနေကြတာတော့မကောင်းပါဘူး။ ကိုယ့်ချစ်သူက ရှုပ်နေ ပွေနေတာတကယ်မှန်လို့ ရည်းစားသစ် ပြောင်းရှာတာ ကိုတော့ အပြစ်မပြောပါဘူး။ မြန်မြန်ဖြတ်လေ ကောင်းလေပါပဲ။ ဒီလိုလူနဲ့ ပြတ်သွားတာ ကိုယ့်အတွက်ပိုကောင်းတယ်လေ။ နောင်ရေးအတွက်လည်း စိတ်ဆင်းမရဲရတော့ဘူးပေါ့။အလိုမလိုက်လို့၊ နားလည်မှုမရှိလို့၊ အချော့မကောင်းလို့၊ သူများလို အပျော်တွေမပေးနိုင်လို့၊ Romanticမရှိလို့၊ ရေခဲတုံးကြီးမလို့ဆိုပြီးတော့ ရည်းစားကိုဖြတ်တာကတော့ မကောင်းပါဘူး။ ချစ်သူတိုင်း နားလည်ထားဖို့က ကိုယ်ကလည်း မဖောက်ပြန်အောင်နေတတ်ကြဖို့ပါ။ အချိန်တိုင်း ကိုယ့်ချစ်သူကို ချစ်နေတတ်ကြဖို့ပါ။ ပေါက်စီ စားရတာ အီလာလို့ ဟမ်ဘာကာပြောင်း စားချင်ရင် ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြီး ဟမ်ဘာကာဖြစ်အောင် အမျိုးမျိုးပြောင်းပြီးလုပ်စားကြပေါ့။ လိင်ကိုချည်း ဦးစားမပေးကြပါနဲ့။ ၀ါသနာ၊ အလုပ်၊အားကစားတွေမှာလည်း ချစ်သူနှစ်ဦးလုံး အကြိုက်တူအောင် ညှိနိုင်ကြရင်ပိုကောင်းပါတယ်။ အားလပ်ချိန်တိုင်းမှာ ချစ်သူနှစ်ဦးအတူ ခံစားပျော်ရွှင်နိုင်လို့လေ။ လိင်ထက်တောင် ပိုပြီးကြာရှည်တည်မြဲပါတယ်။ပျော်ရွှင်မှုတွေကို ပိုပြီးပေးနိုင်ပါတယ်။ ဒါတွေက အရွယ်ရောက်လာလေ ချစ်သူနှစ်ဦးပိုချစ်လာအောင်ဖန်တီးပေးနိုင်ကြလေပါပဲ။ ကိုယ့်ချစ်သူနဲ့အတူ ကျန်းမာရေးလိုက်စားတတ်အောင် ပျိုးထောင်ထားကြပါ။ အားလပ်ချိန်မှာ ၀ါသနာပါရာလေးတွေကို အတူ ခံစားနိုင်အောင် ညှိထားကြပါ။ သီချင်းကြိုက်ရင် သီချင်းနားထောင်ပေါ့။ ရုပ်ရှင်ကြိုက်ရင် ရုပ်ရှင်ကြည့်ကြပေါ့။ အချက်အပြုတ်ကြိုက်ရင် နှစ်ယောက်အတူတူ ချက်ပြုတ်ပြီးစားကြပေါ့။ ခရီးထွက်တာကြိုက်ရင် အတူခရီးထွက်ကြပေါ့။ ဒါပေမဲ့ ဒါတွေလုပ်ဖို့ အရမ်းကြီး ဖိအားပေးမလုပ်ကြပါနဲ့။အကြိုက်ချင်းတူအောင် လုပ်ဖို့က နည်းနည်းခက်တယ်လေ။ အချစ်တွေပိုပြီးတိုးလာချင်လို့တာ လုပ်နေကြတာလေ။ တခါတလေ အလုပ်မအားလို့ အရေးပေါ်အကြောင်းတွေရှိလာလို့ ဆိုပြီး အစီအစဉ်တွေပြတ်သွားတာတွေရှိနိုင်တယ်လေ။ဒါကို ငါထက်ပိုပြီး ဦးစားပေးရမည့်အရာတွေရှိနေတယ်ပေါ့လို့ စိတ်ဆိုးသွားပြီး ချစ်သူတွေရန်ပွဲဖြစ်ကြရတာလဲ ခဏခဏပါပဲ။ ဒီလိုအချိန်မှာလည်း နားလည်မှုတည်ဆောက်နိုင်အောင် ကြိုးစားကြပါ။ အချစ်ဆိုတာ နားလည်မှုပါ။ ကိုယ့်ချစ်သူအပေါ် နားလည်တတ်မှုပါ။ ကိုယ့်အချစ်အပေါ်မှာလည်း နားလည်တတ်မှုပါ။ အချစ်စစ်နဲ့ ချစ်မိကြတာမှန်ရင် နားလည်မှုကို အရင်တည်ဆောက်ကြပါ။ ဘာပဲလုပ်လုပ် အချစ်ကို ရှေ့တန်းတင်ပါ။ လိင်ကို လျှော့ပါ။ သိမ်ငယ်မှု၊ အထီးကျန်ဆန်မှုဖြစ်နေတယ်ဆိုတဲ့အတွေးတွေကို လျှော့ပါ။ ကိုယ့်အချစ်ကို တန်ဖိုးထားပါ။ ကိုယ့်အချစ်ကို တန်ဖိုးရှိလာအောင်လုပ်ကြပါ။ ချစ်စကြင်စကလို အချစ်စိတ်တွေမပျောက်သွားအောင် မြတ်နိုးကြပါ။ ဖောက်ပြန်ချင်တဲ့စိတ်တွေပေါ်လာတိုင်း ကိုယ့်ချစ်သူလေးမျက်နှာကို ပြန်မြင်ကြပါ။ ချစ်သူအပေါ် ပြောခဲ့တဲ့ စကားတွေ၊ ချစ်မိခဲ့တဲ့အဖြစ်လေးတွေကို ပြန်စဉ်းစားကြည့်ကြပါ။ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူတွေကို မေးကြည့်ပါ။ ကိုယ့်ကို ဘာလို့ချစ်တာလဲ။ အပျော်သဘောအတွက်လား။ တသက်လုံးအတွက်လားလို့။ တသက်လုံးအတွက်လို့ အဖြေပေးရင် တို့ဒီနေ့ကစပြီး တယောက်ကို တယောက် တနေ့တခြား ပိုချစ်မြတ်နိုးတတ်လာအောင် ကြိုးစားကြမယ်နော် ဆိုပြီးပြောလိုက်ပါ။ ရှေ့ဆက်ရမည့်အချစ်ခရီးလမ်းမှာ ဖောက်ပြန်ချင်တဲ့စိတ်တွေမဖြစ်လာအောင်လို့လေ။ ကိုယ့်ဘက်က ဖောက်ပြန်တဲ့စိတ်တွေဖြစ်လာတိုင်း ဒီစကားလေးကို သတိရကြပါ။ အချစ်လိုနေတာလား။ လိင်လိုနေတာလားလို့။ ကိုယ့်မှာ အချစ်ပိုင်ဆိုင်ထားရင် ဘာနဲ့မှ မလဲနိုင်တဲ့ လိင်အရသာကို ပိုင်ဆိုင်ထားတာပဲဆိုတဲ့အချက်ကိုလည်း မမေ့ကြပါနဲ့။ လိင်က အချစ်ကို မပေးနိုင်ပါဘူး။ အချစ်စစ်အချစ်မှန်က အချစ်တွေ အကြင်နာတွေ ယုယမှုတွေ လိင်ပျော်ရွှင်မှုတွေ အရာရာအားလုံးကိုပေးနိုင်ပါတယ်။ ဖောက်ပြန်စိတ်ဟာ တခဏပါ။ ဒီအတွက်နဲ့ကိုယ့်မှာရှိနေတဲ့ တန်ဖိုးရှိတဲ့အချစ်တွေ ဆုံးရှူံးသွားနိုင်တယ်ဆိုတာကိုလည်း မမေ့ကြပါနဲ့။ ညစ်ပတ်သွားတိုင်း ရေဆေးလိုက်ရင် သန့်သွားတာပဲဆိုတဲ့ အရာတွေထဲမှာ အချစ်စစ်အချစ်မှန်မပါပါဘူး။ အချစ်စစ်အချစ်မှန်ဆိုတာ အချစ်ကို တန်ဖိုးထားနားလည်တတ်တဲ့ ချစ်သူတွေကြားမှာတာရှိတာပါ။ တကယ်ချစ်မိရင် နားလည်ကြမှာပါ။ အချစ်စစ်ဆိုတာ သူများနဲ့ ဝေခွဲလို့လဲမရဘူး။ ဖောက်ပြန်တာကိုလည်း ခွင့်မလွှတ်နိုင်ဘူးလေ။ ကိုယ့်ချစ်သူက ကိုယ့်အပေါ် မြတ်မြတ်နိုးနိုးပေးနေတဲ့ အချစ်စစ်အချစ်မှန်တွေကို ကိုယ်ကလည်း မြတ်နိုး တန်ဖိုးထား တတ်ရမယ်လေ။ ယုံကြည်မှုတည်ဆောက်နိုင်အောင် ဖောက်ပြန်နေတဲ့စိတ်တွေကို အချိန်တိုင်းထိန်းသိမ်းနိုင်ရမယ်လေ။ အတိတ်က ပွေခဲ့ ရှုပ်ခဲ့ မှားခဲ့တာတွေကို ခွင့်လွှတ်နိုင်ပေမဲ့ အချစ်စစ်နဲ့ စချစ်မိပြီဆိုကတည်းက ထပ်မဖောက်ပြန်အောင် ထိန်းသိမ်းနိုင်ရမယ်လေ။အချစ်စစ်ဆိုတာ အတိတ်က အမှားတွေကို ခွင့်လွှတ်နိုင်ပေမဲ့ လက်ရှိ ထပ်ကျူးလွန်နေတဲ့ ဖောက်ပြန်မှုအမှားတွေကိုတော့ ခွင့်မလွှတ်နိုင်ဘူးလေ။

4 comments:

  1. စာထည္းမွာ ၁၈ ႏွစ္ျပည့္မွဖတ္လိုေျပာတာ က်ြန္ေတာ္ကေတာ့ဖတ္ျပီးသြားျပီ ဟယ္ဟယ္ဟယ္ ၁၈ ႏွစ္ေတာ့မျပည့္ေသးဘူး

    ReplyDelete
  2. က်ဳပ္ကေတာ့ျပည့္ပီဗ် ဒါေပမ့ဲ ရွင္းရွင္းလင္းလင္းေလးေတြေရးပါဗ်ာ တခ်ိဳ႕ဟာေတြကမရွင္းဘူးဗ်

    ReplyDelete
  3. အရမ္းႀကိဳက္သြားၿပီဗ်ာ

    ReplyDelete