Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, August 20, 2018

မဖဲ၀ါဆိုတာ ...


 မဖဲ၀ါအေၾကာင္း အထုပၸတၱိ အျပည့္အစံုကေတာ့ နႏၶာေဒ၀ီဆိုတဲ့ နာမည္နဲ႔ ပါ။ လူ႔ဘ၀က သူ႔မူလနာမည္ဟာ နႏၵာေဒ၀ီျဖစ္ပါတယ္။ ေနာက္ပိုင္း သူ႔ရန္သူေတြက လိုက္လို႔ ေျပးရစဥ္မွာ ဖလာ၀ဟဆိုတဲ့ ပါဠိ အနက္ကို စြဲလို႔ မဖဲ၀ါလို႔ အသံဖလွယ္ၿပီး နာမည္ ယူခဲ့တာ ျဖစ္ပါတယ္။ ဖလာ၀ဟဆိုတာ ပါဠိစကားပါ။ ျမန္မာလို အက်ဳိးကိုေဆာင္သည္လို႔ အဓိပၸါယ္ရပါတယ္။ ဖလာ၀ဟ ကေန ဖဲ၀ါ ျဖစ္လာတာေပါ့။

သူ႔အစ္ကိုကေတာ့ ဖိုးစံမွဲ႕ဆိုတာ သိၾကပါလိမ့္မယ္။ သူ႔အစ္ကိုရဲ႕ လူ႔ဘ၀က မူလနာမည္ဟာ မင္းရဲေက်ာ္ေခါင္ပါ။ ေနာက္ပိုင္းမွ စမၼဆိုတဲ့ ပါဠိ အဓိပၸါယ္နဲ႔ သူ႔ကိုယ္သူ စံမွဲ႕လို႔ ေျပာင္းလိုက္တာ ျဖစ္ပါတယ္။ စမၼဆိုတာ ျမန္မာလို စစ္တိုက္ရာမွာ သံုးေသာည လႊား၊ ကာ စသျဖင့္ အဓိပၸါယ္ရပါတယ္။ သူ႔တစ္ဦးတည္းေသာ ညီမေလး (နႏၵာေဒ၀ီတစ္ျဖစ္လဲ မဖဲ၀ါ) ကို ကာကြယ္ေစာင့္ေရွာက္မယ္ဆိုတဲ့သေဘာေပါ့။

ေနာက္ပိုင္းသူ ဆံုးသြားေတာ့ အုပ္ဂူမွာ ခင္ဖဲ၀ါအျဖစ္ ကမၸည္းထိုးျခင္း ခံလိုက္ရရွာတယ္။ ဒီေတာ့ တစ္ခ်ဳိ႕က ေမးၾကတယ္။

`ခင္စက္ေမဆိုတာ မဖဲ၀ါလား၊ ဒါဆို နႏၵာေဒ၀ီကေရာ ... မဖဲ၀ါနဲ႔ ခင္စက္ေမ ဘယ္လို ပတ္သက္လဲ´
ဆိုတဲ့အေၾကာင္းေတြပါ။ ေနာက္ထပ္ေမးခြန္းတစ္ခုလည္း ရွိပါေသးတယ္။`မဖဲ၀ါဆိုတာ ဘယ္ေခတ္က စေပၚတာလဲ´ တဲ့။က်ေနာ့္အေျဖကို မေပးေသးပဲ ေမးခြန္း၂ခုကို တစ္ဆက္တည္း ေဖာ္ျပရတာက အေၾကာင္းရွိပါတယ္။ အဲဒီ ၂ခုဟာ ဆက္စပ္ေနလို႔မို႔ပါ။
ေနာက္က ေမးခြန္းကို အရင္ေျဖပါ့မယ္။

မဖဲ၀ါေပၚေပါက္ခဲ့တဲ့ ေခတ္ကာလနဲ႔ ပတ္သက္လို႔ ၀ိ၀ါဒကြဲစရာ အမ်ဳိးမ်ဳိးရွိေနပါတယ္။ ပါးစပ္ရာဇ၀င္အဆိုအရ ပုဂံအပ်က္ - ပင္းယေခတ္ ေလာက္ကလို႔ ဆိုၾကတယ္။ ဒါေပမဲ့ က်ေနာ္ မဖဲ၀ါစာအုပ္ေရးျဖစ္ခဲ့ေစေအာင္ အဓိက အခ်က္အလက္ စုေဆာင္းေပးသူျဖစ္တဲ့ မိတ္ေဆြ သုဘရာဇာႀကီးဆီမွာ ရွိတဲ့ ပုရပိုဒ္ေဟာင္းကေလးမွာေတာ့ အင္း၀ေခတ္ေနာက္ပိုင္းက်မွ သုသာန္ေစာင့္ဆိုတဲ့ ေနရာမွာ မဖဲ၀ါနာမည္ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။(အဲဒီ ပုရပိုဒ္အေၾကာင္းနဲ႔ မိတ္ေဆြသုဘရာဇာႀကီးအေၾကာင္း မဖဲ၀ါစာအုပ္က်ေနာ္ေရးျဖစ္ေစခဲ့တဲ့ အေၾကာင္းေတြကို ေနာက္ပိုင္းမွာ သပ္သပ္ဆက္ေျပာပါ့မယ္။ တရွည္တလ်ားေျပာရမွာမို႔ပါ)

ေျပာရရင္ေတာ့ ဒီလို နတ္စိမ္းေတြရဲ႕ အေၾကာင္းဟာ အေထာက္အထား အျပည့္အစံုရွာဖို႔ အေတာ္ခက္ပါတယ္။ ဒါက လူေတြရဲ႕ ပါးစပ္ရာဇ၀င္မွာသာ တစ္ဆင့္စကားတစ္ဆင့္နားနဲ ျပန္႔ပြားတတ္တာကိုး။ ဘာပဲျဖစ္ျဖစ္ မဖဲ၀ါေပၚေပါက္လာျခင္းဟာ အနည္းဆံုး ႏွစ္ ၃၀၀ ေက်ာ္၀န္းက်င္ ရွိၿပီလို႔ ခန္႔မွန္းရပါတယ္။ ေရွ႕ပိုင္းမွာ ေရးထားခဲ့တဲ့ ေမးခြန္းကို ဆက္ေျဖပါ့မယ္။
`ခင္စက္ေမဟာ မဖဲ၀ါနဲ႔ ဘယ္လို ပတ္သက္သလဲ´ ဆိုတဲ့ ေမးခြန္းပါ။ လက္ရွိ မဖဲ၀ါဟာ ခင္စက္ေမျဖစ္ပါတယ္။ ခင္ဖဲ၀ါေပါ့ေလ။
ဘာေၾကာင့္ဆိုတာ ရွင္းျပပါ့မယ္။

ဒီေလာက္ႏွစ္ေတြၾကာမွေတာ့လဲ မူလမဖဲ၀ါ (နႏၵာေဒ၀ီ) ဟာ လြတ္ကၽြတ္ၿပီေပါ့။ အင္မတန္အစြမ္းထက္တဲ့ နတ္၀င္သည္တစ္ေယာက္ကို က်ေနာ္ဆံုခဲ့ဖူးပါတယ္။ မဖဲ၀ါနဲ႔ ဆက္သြယ္ႏိုင္သူလို႔ ဆိုၾကပါတယ္။ (တကယ္ေတာ့ နတ္၀င္သည္ဆိုတာ Medium ပါပဲ။ သူ႔အစြမ္းထက္မႈအလိုက္ ျမင္အပ္ မျမင္အပ္တဲ့ ေလာကအလံုးကို ဆက္သြယ္လို႔ ရတယ္လို႔ သိရပါတယ္) သူ႔ေျပာျပခ်က္အရေတာ့ မူလ မဖဲ၀ါျဖစ္တဲ့ နႏၵာေဒ၀ီဟာ အာကာသစိုး ဆိုလား ျဖစ္သြားၿပီဆိုပါတယ္။ ပရေလာကမွာလဲ အဆင့္တက္သြားတာမ်ဳိး ရွိသတဲ့။ သူ႔ကို ရည္စူးၿပီး အလွဴဒါနျပဳၾကတာမ်ဳိး၊ အမွ်ေ၀တာမ်ဳိးဆို သူတို႔လည္း Promotion တက္သြားႏိုင္တယ္နဲ႔ တူပါရဲ႕။

ဒါေပမဲ့ မဖဲ၀ါဆိုတဲ့ နာမည္ခံယူထားသူကေတာ့ ရွိေနၿမဲ ျဖစ္ေၾကာင္းသိရပါတယ္။ ဒါဟာ ဘြဲ႕တစ္ခုလိုျဖစ္ေနတယ္။ဒီအတြက္ ဥပမာျပစရာလည္း ရွိပါတယ္။ ပုဏၰကတိုက္တယ္တို႔ အာဠာ၀ကစီးတယ္တို႔ ခုထက္ထိ ၾကားဖူးၾကဦးမွာပါ။ ဒါေပမဲ့ မူလ ပုဏၰကတို႔ အာဠာ၀ကတို႔ေတြကေတာ့ ဘုရားရွင္ေတာ္လက္ထက္မွာထဲက သံသရာက လြတ္ေျမာက္ရာလမ္းကို ေရွးရႈကုန္ၾကပါၿပီ။ အခုဆက္ရွိေနတာေတြက မူလ ဘြဲ႕နာမကို ခံယူထားသူေတြသာ ျဖစ္ပါလိမ့္မယ္။မဖဲ၀ါလည္း ဒီလိုပဲျဖစ္လိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။ လက္ရွမဖဲ

မဖဲ၀ါရဲ႕ အလုပ္က သုသာန္ေတြကို ေစာင့္ၾကပ္တာပါ။ သုသာန္ေတြမွာပဲ သူေနတယ္လို႔ သိရပါတယ္။ အင္မတန္ဆိုးရြားတဲ့ အေျခအေနမ်ဳိးမွာမွ ရပ္ထဲရြာထဲ သူ၀င္သတဲ့။ အဲဒီလို ရြာထဲ ၀င္တဲ့အခါ ညဘက္ေတြမွာ သူ၀င္ေလ့ရွိတယ္လို႔ ဆိုပါတယ္။ အဲဒီအခါ ေခြးေတြ အရမ္းေဟာင္တယ္။ သံရွည္ႀကီးေတြဆြဲၿပီး အသည္းယားေလာက္ေအာင္ အူၾကတယ္လို႔ ေျပာၾကတယ္။

ညဘက္ မဖဲ၀ါ၀င္လို႔မို႔ ေခြးေတြအူတဲ့အခါ အဲဒီေခြးကို မေအာ္ရဘူး၊ မေငါက္ရဘူးလို႔ အဆိုရွိပါတယ္။ ဒါကလည္း ေတာေတြဘာေတြ ၀င္ရင္ နာမည္ မေခၚရဘူးဆိုတဲ့ အယူမ်ဳိးနဲ႔ ဆင္ေနတာ ေတြ႕ရပါတယ္။ ေတာ၀င္တဲ့အခါ အခ်င္းခ်င္းနာမည္ေခၚလို႔ ကိုယ့္နာမည္ သိသြားရင္ နာနာဘ၀ေတြက လိုက္ေခၚတတ္သတဲ့။ အဲဒီအခါ ကိုယ္က ထူးမိရင္ ကိုယ္နဲ႔သူ ေနရာလဲခံရတယ္လို႔ ဆိုပါတယ္။ ဒါေၾကာင့္ ေတာထဲမွာဆို နာမည္ေခၚရင္ ေအးတို႔ ဟုတ္ကဲ့တို႔ မထူးပဲ `၀ူး´ လို႔ ထူးၾကတယ္လို႔လဲ ၾကားဖူးပါတယ္။ အခု မဖဲ၀ါနဲ႔ပတ္သက္ရင္လဲ ညဘက္အိမ္ေရွ႕ ေခြးေတြ ေဟာင္တဲ့အခါ ေငါက္မိရင္ သူ႔စက္ကြင္းေအာက္ေရာက္သြားတယ္ ထင္ပါရဲ႕။ နံနက္ပိုင္းမွာ အေခါင္းႀကီးတစ္လံုး အိမ္ေရွ႕လာခ်ထားတာ ေတြ႕ရတယ္လို႔ အဆိုရွိပါတယ္။
 ဒႆေက်ာ္စြာ

#Unicode Version#
 မဖဲဝါအကြောင်း အထုပ္ပတ္တိ အပြည့်အစုံကတော့ နန္ဓာဒေဝီဆိုတဲ့ နာမည်နဲ့ ပါ။ လူ့ဘဝက သူ့မူလနာမည်ဟာ နန္ဒာဒေဝီဖြစ်ပါတယ်။ နောက်ပိုင်း သူ့ရန်သူတွေက လိုက်လို့ ပြေးရစဉ်မှာ ဖလာဝဟဆိုတဲ့ ပါဠိ အနက်ကို စွဲလို့ မဖဲဝါလို့ အသံဖလှယ်ပြီး နာမည် ယူခဲ့တာ ဖြစ်ပါတယ်။ ဖလာဝဟဆိုတာ ပါဠိစကားပါ။ မြန်မာလို အကျိုးကိုဆောင်သည်လို့ အဓိပ္ပါယ်ရပါတယ်။ ဖလာဝဟ ကနေ ဖဲဝါ ဖြစ်လာတာပေါ့။

သူ့အစ်ကိုကတော့ ဖိုးစံမှဲ့ဆိုတာ သိကြပါလိမ့်မယ်။ သူ့အစ်ကိုရဲ့ လူ့ဘဝက မူလနာမည်ဟာ မင်းရဲကျော်ခေါင်ပါ။ နောက်ပိုင်းမှ စမ္မဆိုတဲ့ ပါဠိ အဓိပ္ပါယ်နဲ့ သူ့ကိုယ်သူ စံမှဲ့လို့ ပြောင်းလိုက်တာ ဖြစ်ပါတယ်။ စမ္မဆိုတာ မြန်မာလို စစ်တိုက်ရာမှာ သုံးသောည လွှား၊ ကာ စသဖြင့် အဓိပ္ပါယ်ရပါတယ်။ သူ့တစ်ဦးတည်းသော ညီမလေး (နန္ဒာဒေဝီတစ်ဖြစ်လဲ မဖဲဝါ) ကို ကာကွယ်စောင့်ရှောက်မယ်ဆိုတဲ့သဘောပေါ့။

နောက်ပိုင်းသူ ဆုံးသွားတော့ အုပ်ဂူမှာ ခင်ဖဲဝါအဖြစ် ကမ္ပည်းထိုးခြင်း ခံလိုက်ရရှာတယ်။ ဒီတော့ တစ်ချို့က မေးကြတယ်။

`ခင်စက်မေဆိုတာ မဖဲဝါလား၊ ဒါဆို နန္ဒာဒေဝီကရော ... မဖဲဝါနဲ့ ခင်စက်မေ ဘယ်လို ပတ်သက်လဲ´
ဆိုတဲ့အကြောင်းတွေပါ။ နောက်ထပ်မေးခွန်းတစ်ခုလည်း ရှိပါသေးတယ်။`မဖဲဝါဆိုတာ ဘယ်ခေတ်က စပေါ်တာလဲ´ တဲ့။ကျနော့်အဖြေကို မပေးသေးပဲ မေးခွန်း၂ခုကို တစ်ဆက်တည်း ဖော်ပြရတာက အကြောင်းရှိပါတယ်။ အဲဒီ ၂ခုဟာ ဆက်စပ်နေလို့မို့ပါ။
နောက်က မေးခွန်းကို အရင်ဖြေပါ့မယ်။

မဖဲဝါပေါ်ပေါက်ခဲ့တဲ့ ခေတ်ကာလနဲ့ ပတ်သက်လို့ ဝိဝါဒကွဲစရာ အမျိုးမျိုးရှိနေပါတယ်။ ပါးစပ်ရာဇဝင်အဆိုအရ ပုဂံအပျက် - ပင်းယခေတ် လောက်ကလို့ ဆိုကြတယ်။ ဒါပေမဲ့ ကျနော် မဖဲဝါစာအုပ်ရေးဖြစ်ခဲ့စေအောင် အဓိက အချက်အလက် စုဆောင်းပေးသူဖြစ်တဲ့ မိတ်ဆွေ သုဘရာဇာကြီးဆီမှာ ရှိတဲ့ ပုရပိုဒ်ဟောင်းကလေးမှာတော့ အင်းဝခေတ်နောက်ပိုင်းကျမှ သုသာန်စောင့်ဆိုတဲ့ နေရာမှာ မဖဲဝါနာမည် ဖော်ပြထားတာ တွေ့ရပါတယ်။(အဲဒီ ပုရပိုဒ်အကြောင်းနဲ့ မိတ်ဆွေသုဘရာဇာကြီးအကြောင်း မဖဲဝါစာအုပ်ကျနော်ရေးဖြစ်စေခဲ့တဲ့ အကြောင်းတွေကို နောက်ပိုင်းမှာ သပ်သပ်ဆက်ပြောပါ့မယ်။ တရှည်တလျားပြောရမှာမို့ပါ)

ပြောရရင်တော့ ဒီလို နတ်စိမ်းတွေရဲ့ အကြောင်းဟာ အထောက်အထား အပြည့်အစုံရှာဖို့ အတော်ခက်ပါတယ်။ ဒါက လူတွေရဲ့ ပါးစပ်ရာဇဝင်မှာသာ တစ်ဆင့်စကားတစ်ဆင့်နားနဲ ပြန့်ပွားတတ်တာကိုး။ ဘာပဲဖြစ်ဖြစ် မဖဲဝါပေါ်ပေါက်လာခြင်းဟာ အနည်းဆုံး နှစ် ၃၀၀ ကျော်ဝန်းကျင် ရှိပြီလို့ ခန့်မှန်းရပါတယ်။ ရှေ့ပိုင်းမှာ ရေးထားခဲ့တဲ့ မေးခွန်းကို ဆက်ဖြေပါ့မယ်။
`ခင်စက်မေဟာ မဖဲဝါနဲ့ ဘယ်လို ပတ်သက်သလဲ´ ဆိုတဲ့ မေးခွန်းပါ။ လက်ရှိ မဖဲဝါဟာ ခင်စက်မေဖြစ်ပါတယ်။ ခင်ဖဲဝါပေါ့လေ။
ဘာကြောင့်ဆိုတာ ရှင်းပြပါ့မယ်။

ဒီလောက်နှစ်တွေကြာမှတော့လဲ မူလမဖဲဝါ (နန္ဒာဒေဝီ) ဟာ လွတ်ကျွတ်ပြီပေါ့။ အင်မတန်အစွမ်းထက်တဲ့ နတ်ဝင်သည်တစ်ယောက်ကို ကျနော်ဆုံခဲ့ဖူးပါတယ်။ မဖဲဝါနဲ့ ဆက်သွယ်နိုင်သူလို့ ဆိုကြပါတယ်။ (တကယ်တော့ နတ်ဝင်သည်ဆိုတာ Medium ပါပဲ။ သူ့အစွမ်းထက်မှုအလိုက် မြင်အပ် မမြင်အပ်တဲ့ လောကအလုံးကို ဆက်သွယ်လို့ ရတယ်လို့ သိရပါတယ်) သူ့ပြောပြချက်အရတော့ မူလ မဖဲဝါဖြစ်တဲ့ နန္ဒာဒေဝီဟာ အာကာသစိုး ဆိုလား ဖြစ်သွားပြီဆိုပါတယ်။ ပရလောကမှာလဲ အဆင့်တက်သွားတာမျိုး ရှိသတဲ့။ သူ့ကို ရည်စူးပြီး အလှူဒါနပြုကြတာမျိုး၊ အမျှဝေတာမျိုးဆို သူတို့လည်း Promotion တက်သွားနိုင်တယ်နဲ့ တူပါရဲ့။

ဒါပေမဲ့ မဖဲဝါဆိုတဲ့ နာမည်ခံယူထားသူကတော့ ရှိနေမြဲ ဖြစ်ကြောင်းသိရပါတယ်။ ဒါဟာ ဘွဲ့တစ်ခုလိုဖြစ်နေတယ်။ဒီအတွက် ဥပမာပြစရာလည်း ရှိပါတယ်။ ပုဏ္ဏကတိုက်တယ်တို့ အာဠာဝကစီးတယ်တို့ ခုထက်ထိ ကြားဖူးကြဦးမှာပါ။ ဒါပေမဲ့ မူလ ပုဏ္ဏကတို့ အာဠာဝကတို့တွေကတော့ ဘုရားရှင်တော်လက်ထက်မှာထဲက သံသရာက လွတ်မြောက်ရာလမ်းကို ရှေးရှုကုန်ကြပါပြီ။ အခုဆက်ရှိနေတာတွေက မူလ ဘွဲ့နာမကို ခံယူထားသူတွေသာ ဖြစ်ပါလိမ့်မယ်။မဖဲဝါလည်း ဒီလိုပဲဖြစ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှမဖဲ

မဖဲဝါရဲ့ အလုပ်က သုသာန်တွေကို စောင့်ကြပ်တာပါ။ သုသာန်တွေမှာပဲ သူနေတယ်လို့ သိရပါတယ်။ အင်မတန်ဆိုးရွားတဲ့ အခြေအနေမျိုးမှာမှ ရပ်ထဲရွာထဲ သူဝင်သတဲ့။ အဲဒီလို ရွာထဲ ဝင်တဲ့အခါ ညဘက်တွေမှာ သူဝင်လေ့ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအခါ ခွေးတွေ အရမ်းဟောင်တယ်။ သံရှည်ကြီးတွေဆွဲပြီး အသည်းယားလောက်အောင် အူကြတယ်လို့ ပြောကြတယ်။

ညဘက် မဖဲဝါဝင်လို့မို့ ခွေးတွေအူတဲ့အခါ အဲဒီခွေးကို မအော်ရဘူး၊ မငေါက်ရဘူးလို့ အဆိုရှိပါတယ်။ ဒါကလည်း တောတွေဘာတွေ ဝင်ရင် နာမည် မခေါ်ရဘူးဆိုတဲ့ အယူမျိုးနဲ့ ဆင်နေတာ တွေ့ရပါတယ်။ တောဝင်တဲ့အခါ အချင်းချင်းနာမည်ခေါ်လို့ ကိုယ့်နာမည် သိသွားရင် နာနာဘဝတွေက လိုက်ခေါ်တတ်သတဲ့။ အဲဒီအခါ ကိုယ်က ထူးမိရင် ကိုယ်နဲ့သူ နေရာလဲခံရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် တောထဲမှာဆို နာမည်ခေါ်ရင် အေးတို့ ဟုတ်ကဲ့တို့ မထူးပဲ `ဝူး´ လို့ ထူးကြတယ်လို့လဲ ကြားဖူးပါတယ်။ အခု မဖဲဝါနဲ့ပတ်သက်ရင်လဲ ညဘက်အိမ်ရှေ့ ခွေးတွေ ဟောင်တဲ့အခါ ငေါက်မိရင် သူ့စက်ကွင်းအောက်ရောက်သွားတယ် ထင်ပါရဲ့။ နံနက်ပိုင်းမှာ အခေါင်းကြီးတစ်လုံး အိမ်ရှေ့လာချထားတာ တွေ့ရတယ်လို့ အဆိုရှိပါတယ်။
ဒဿကျော်စွာ

No comments:

Post a Comment