Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 19, 2013

Beauty အလှအပရေးရာ(အလှပြင်ပစ္စည်းများအား ထုတ်လုပ်သည့်ရက်စွဲများကို ကြည့်၍သုံးစွဲပါ )


Health Updates Journal
Vol.2, No.18
အမျိုးသမီးအများစုသည် မိမိတို့သုံးစွဲနေသောအလှပြင်ပစ္စည်းများကို ထုတ်လုပ်သည့်ရက်စွဲ၊ ကုန် ဆုံးမည့်နေ့ကို သေချာစွာစစ်ဆေးပြီး မှဝယ်ယူသုံးစွဲသင့်သည်။ မိမိလက်ဝယ်တွင်ရှိနေသော အလှပြင်ပစ္စည်း များကိုလည်း နှမြော၍ဖြစ်စေ၊ အမှုမဲ့အမှတ်မဲ့ဖြစ်စေ နှစ်ပေါင်းများစွာ ထားပြီးသုံးစွဲလေ့ရှိကြသည်။ မျက် စိနှင့်အနီးဆုံးနေရာတွင် သုံးစွဲရသည့် လိုင်နာမျက်ရစ်ဖော်ဆေးရည်၊ မျက်တောင်ကော့ဆေးရည်၊ မျက်လုံး မိတ်ကပ်ရှဲဒိုးတို့သည် မျက်စိကို ဒုက္ခအပေးဆုံးသောတရားခံများဖြစ်ပြီး မျက်စိစပ်ခြင်း၊ ယားခြင်း၊ မျက်ရည်ကျခြင်း၊ ခုလုခုလုဖြစ်ခြင်း၊ ရောင်ခြင်း၊ မျက်ဝပ်ထွက်ခြင်းတို့ကို ဖြစ်စေသည်။ ဤမျက်လုံးနေရာတစ် ၀ိုက်အလှပြင်ပစ္စည်းများကြောင့် မျက်ခွံတွင် ဘက်တီးရီးယားများ ငြိတွယ်ပြီး မျက်စေ့မကြာခဏ စွံ ခြင်း၊ အဆီကျိတ်များထွက်ခြင်းတို့ဖြစ်စေ သည့်အပြင် Satphylococcus aureus နှင့် Staphylococcus epidermis ကဲ့သို့ ဆိုးရွားသည့်ဘက် တီးရီးယားများကိုပါ ကပ်ငြိစေသည်။ သို့ဖြစ်၍ နှုတ်ခမ်းနီနှင့် မိတ် ကပ်ရည်ကို ထုတ်လုပ်သည့်ရက်စွဲမှ (၃)(၄)နှစ်အထိ၊ မျက်တောင်ကော့ဆေးကို ထုတ်သည့်နေ့မှ (၂)နှစ်အထိ၊ အခြားမျက်နှာလိမ်းပေါင်ဒါ၊ ပါးနီ၊ မျက်နှာအစက်အပြောက်အုပ်သည့် မိတ်ကပ်စသည်တို့အား စထုတ်သည့်နေ့မှ (၁)နှစ်ကျော်ခန့်သာထား ရှိ သုံးစွဲသင့်သည်။

TKD
Credit : Credit : Health Updates Journal


No comments:

Post a Comment